မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Monday, February 24, 2014
သာသနာတု တွေ ပေါ်နေတယ်
သာသနာအတုအယောင်တွေဟာ သာသနာစစ်ယောင်ဆောင်လို့ တကမ္ဘာလုံးမှာ ပေါ်နေလေရဲ့။
ဘာသာအသီးသီးမှာကို ပေါ်နေလောက်ပါရဲ့။
ဒါကြောင့် ကိုးကွယ်သူ၊ ယုံကြည်သူတွေအနေနဲ့ တဆင့်ခံ မီဒီယာဘုန်းတော်ကြီးအသီးသီး(ဘာသာအသီးသီးက) ဆရာအသီးသီး တို့ ပြောသမျှ ကို မျက်စိမှိတ်မယုံကြဘဲ၊ အသုံးချခံ အဖြစ်မခံကြဘဲ ချင့်ချိန်စဉ်းစား ပြီး၊ ယုံကြဖို့ လိုပါတယ်။
ဆိုပါတော့ အလာရ် ကိုယုံတယ် ဆိုတာ၊ အလာရ်ကို ယုံတာ ဟုတ်ရဲ့လား၊ တဆင့်ခံ ဗလီဆရာက ပြောသမျှကို ယုံနေတာများဖြစ်နေမလား လို့ပါ။
ဒီလိုပဲ ဗုဒ္ဓ ကို ယုံတာလား၊ ဗုဒ္ဓ တရားကို တဆင့်ခံဟောတဲ့ ဘုန်းကြီး စကားကို ယုံနေသလား ဆိုတာ သေချာ ပိုင်းခြားစိတ်ဖြာ ကြည့်ကြဖို့လိုပါပြီ။
ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ မြန်မာပြန် ပိဋိကတ်သုံးပုံ လွယ်လင့်တကူ ရနေပါပြီ။ ခင်ဗျားတို့ ၀ယ်နေကျ လမ်းဘေးက ကိုရီးယားခွေအရောင်းပုံတွေထဲမှာကို ပိဋိကတ်သုံးပုံ မြန်မာပြန်ဒီဗီဒီခွေ တွေရနိုင်မယ် ထင်တယ်။ အဲဒါတွေကို ၀ယ်ပါ၊ နာပါ။ လေ့လာပါ။ ကိုယ့်အိမ်ကို ဆွမ်းခံကြွနေတဲ့ ကိုယ်တော်ကအစ၊ ရဟန်းဝတ် ညီမညီ၊ ဟောတဲ့စကား ဗုဒ္ဓတရား နဲ့ ညီမညီ ချင့်ချိန်ဆုံးဖြတ်ပြီး၊ သာသနာကို ၀ိုင်းဝန်းစောင့်ထိန်းရမယ့် အချိန်ကာလ ကျရောက်နေပါပြီ လို့ သတိပေးနှိုးဆော်ချင်ပါတယ်။
ချိုတူးဇော်
No comments:
Post a Comment