မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Thursday, February 20, 2014
"ဘာသာရေးပဋိပက္ခဖြစ်စေရန်ကြံစည်လုပ်ဆောင်"
၂၀၁၄ ခုနှစ်၊ဖေဖော်ဝါရီလ ၁၈ ရက်၊အင်္ဂါနေ့
ညနေပိုင်းအချိန်တွင်မအူကုန်းလမ်းကျယ်၊
တာမွေမြို့နယ်သို့မင်းကိုဦး(ဘ)ဦးသောင်းစိန် ၃၉ နှစ်
တော်ဝင်လမ်း၊မရမ်းကုန်းမြို့နယ်နေသူနှင့်
အပေါင်းပါလူတစ်စုတို့သည်ကြိုတင်တိုင်ပင်
ညှိနှိုင်း၍ ဘာသာခြားများအားရန်စဆဲဆိုရန်
မင်းကိုဦးအားသင်္ဃန်းဝတ်စေ၍သွားရောက်ခဲ့ပြီး
၎င်းအပေါင်းပါတစ်စုတို့သည်စိတ်မနှံ့ချင်ယောင်ဆောင်၍
သင်္ဃန်းဝတ်ဖြင့်မင်းကိုဦးဆဲဆိုရန်စနေသည့်အနီးတဝိုက်
ရုပ်ဖျက်လူခွဲပြီးအခြေနေကိုစောင့်ကြည့်လျက်ရှိနေခဲ့ကြကြောင်း
အကယ်၍မိမိတို့ကြံစည်ထားသည့်အတိုင်း
ရပ်ကွက်အတွင်းရှိဘာသာခြားများက
သင်္ဃန်းဝတ်ဖြင့်ဆဲဆိုရန်စနေသည့်မင်းကိုဦးအား
တစ်စုံတစ်ခုပြန်လည်ရန်ရှာတုံ့ပြန်ခဲ့ပါက
" ကုလားများသံဃာတစ်ပါးကိုစော်ကားအနိုင်ကျင့်ရိုက်နှက်နေသည် "ဟုသတင်းဓါတ်ပုံများရိုက်ပြီး
၎င်းတို့၏အဖွဲ့အစည်းများ၊အွန်လိုင်းဘလော့ဂ်နှင့်
facebook သတင်းpageများမှတဆင့်သတင်းလွှင့်ပြီး
ရခိုင်ပြည်နယ်၊မိတ္ထီလာနှင့်အခြားသောမြို့များတွင်
်ဖြစ်ပွားခဲ့သောမီးရှို့အကြမ်းဖက်မှုများကဲ့သို့
ရန်ကုန်တွင်ဖြစ်ပွားလာစေရန်ရည်ရွယ်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း
သို့သော်၎င်းတို့ရည်ရွယ်ကြံစည်ထားသည့်အတိုင်း
ရပ်ကွက်တွင်းရှိဘာသာခြားများက
မည်သို့မျှမတုန့်ပြန်ခဲ့သည့်အတွက်
်မူလအကြံအစည်ပျက်သွားပြီး
အထွက်ကောင်းစေရန် မင်းကိုဦးအားအချက်ပြလိုက်ကာ
စိတ်ပေါ့သွပ်သူအဖြစ်သရုပ်ပိုမိုတူစေရန်ဟန်ဆောင်စေခဲ့သည်။
မြို့နယ်ရဲတပ်ဖွဲ့မှူးမှလာရောက်ဖမ်းဆီးသည့်အခါ
စိတ်မနှံ့သူအဖြစ်စစ်ဆေးတွေ့ရှိဟုဆိုကာရွာသာကြီး
စိတ်ကျန်းမာရေးဆေးရုံသို့ပို့ဆောင်စေခဲ့ကြောင်း
၎င်းတို့၏အတွင်းစည်းမှပေါက်ကြား
ှရရှိလာသောသတင်းဖြစ်ပါသည်။
အသိရှိရှိနဲ့ဆုံးဖြတ်ရပါဖို့
ငါရို့တိကိုသွီးခွဲလို့မရ ငါရို့တိကစီးလုံးပြီးသား
ပေးပို့သူ - ကျော်ပုယေ
(ကျောက်မြောင်း၊တာမွေမြို့နယ်တွင်နေထိုင်သူ)
=====================================
မှတ်ချက်။ ။အလားတူဖြစ်ရပ်မျိုးလွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်က
ဘာသာခြားအများစုနေထိုင်သောအပိုင်း
သင်္ဃန်းကျွန်းမြို့နယ်အတွင်းတွင်လည်းဖြစ်ခဲ့ဖူးကြောင်း
ယခုကဲ့သို့သင်္ဃန်းဝတ်ဖြင့်ပင်ရန်စဆဲဆိုမှုရှိခဲ့ပြီး
သက်ဆိုင်ရာရဲစခန်းမှထိုသင်္ဃန်းဝတ်ဖြင့်
့်ဆဲဆိုရန်ရှာနေသူကိုစိတ်မမှန်သောကြောင့်ဟုဆိုကာ
ိုရွာသာကြီးစိတ်ကျန်းမာရေးဆေးရုံသို့ပို့ဆောင်ရမည်ဟူ၍
ခေါ်ဆောင်သွားခဲ့ဖူးသည်ဟုထပ်မံသတင်းရရှိပါသည်။
်
No comments:
Post a Comment