မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Saturday, February 22, 2014
*** အပိုးကျိုးသွားတဲ့ သူရ ဦးရွှေမန်း ***
========================
ဒီနေ့ အမှတ်မထင် လွှတ်တော် ချန်နယ် ကိုဝင်ကြည့်မိတာ
စံချိန် စံညွှန်း သတ်မှတ်ရေး ဥပဒေ ကိုအတည်ပြုပြီးနောက် ဥက္ကဋ္ဌကြီး သူရ ဦးရွှေမန်းက စကားပြောတော့ စံချိန်စံညွှန်း သတ်မှတ်ရေး ဥပဒေ ကို အခုလို အတည်ပြု လိုက်နိုင်တာ သူအရမ်းအရမ်းဝမ်းသာ ကြောင်း။ ဒီလို ဥပဒေတွေ မရှိခဲ့လို့ ပုံမှန်ဆို ဆန်တစ်တင်းကို 46 ကီလို သတ်မှတ်ထားပေမယ့်
တစ်ချို့နေရာ မှာ 48 ကီလို တစ်ချို့နေရာ မှာ 50 ကီလို ဆိုပြီးဝယ်နေကြလို့
" တောင်သူလယ်သမား များဟာ နားလှည့်ပြီး ပါး ဟိုဟာ အလုပ်ခံနေကြရကြောင်း " ပြောကြားသွားပါတယ် ။
အစိုးရ အဖွဲ့ဝင် လူကြီးတွေကြား ခေတ်စားနေတဲ့ ပါးရိုက်တယ်လို့ ပြောရမှာတွန့်နေပြီး တောင်သူလယ်သမား များဟာ ပါး ဟိုဟာ အလုပ်ခံနေကြရကြောင်းပြောနေတုန်း ဗြုန်းဆို ဘာမဆိုင်ညာမဆိုင် နယ်လှည့်ပါးရိုက်ခဲ့တဲ့ ဟိုဝန်ကြီးဦးအုန်းမြင့်ကိုသွားပြီးမြင်ယောင်လိုက်မိတယ် ။ ဘာပဲပြောပြော အခုလို အစိုးရ အဖွဲ့ဝင် လူကြီးတွေရဲ့ ခေါင်းထဲ ရောက်သွားတာ တော့အရမ်းကျေနပ်မိပါကြောင်း ။
အရမ်းကျေနပ်နေတဲ့
( Admin )
No comments:
Post a Comment