မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Sunday, February 23, 2014
အဘ ဦးဝင်တင်က လက်အုပ်လေး ချီပြီး လာဘ်ထိုးလိုက်တော့ ... ဇာတ်လမ်းက ပြီးသွားတာပဲ မဟုတ်လား။
NLD နဲ့ ဒေါ်အောင်ဆန်းစုကြည် မကောင်းကြောင်း လျှောက်ပြောတာ တချို့ ရပ်သွားလိမ့်မယ်လို့ ယုံကြည်ပါတယ်။ အရိုးထဲ စွဲနေတဲ့ ကုလား မုန်းတီးရေး ကတော့ လွယ်လွယ်နဲ့ ပျောက်သွားလိမ့်မယ် မထင်။
ခက်တာက ကျော်ကြားချင်လို့ ဗလောင်းဗလဲ ပေါက်ကရ ပြောနေတဲ့ အကျင့်ကလည်း လွယ်လွယ်နဲ့ ပျောက်မယ် မထင်ဘူး။ ဥပမာဗျာ .... ယှဉ်ကြည့် ... နိုင်ငံရေး အကျဉ်းသားတွေ အကုန် မလွှတ်မခြင်း ထောင်အဝတ်အစား ပုံစံနဲ့ နေမယ်လို့ ဦးဝင်တင်က ပြောတယ်။ ပြောတဲ့အတိုင်း နေတယ်။ အခုအထိ ဝတ်ထားတယ်။ အလားတူ ထင်ပေါ်အောင် တုပြောတာမျိုး "ပိတ်ဖြူ" နဲ့ နေမယ် ဆိုလား။ မနေနိုင်ခဲ့ပါဘူး။ မဖြစ်နိုင်ရင် အစကတည်းက လေ မကျယ်နဲ့ပေါ့။ ဟုတ်ဘူးလား။
ဖြစ်နိုင် မဖြစ်နိုင် မတွေးဘဲ ... ထင်ပေါ်ချင်လို့ လေကျယ်တာတွေ၊ စကားလုံး ကြီးကြီးကျယ်ကျယ် အစွန်းရောက်အောင် ပြောတာတွေကြတော့ ... ကိုယ့်စကား ကိုယ် မတည်တဲ့ ဗလောင်းဗလဲ ဖြစ်ရော။
ဘာပဲ ဖြစ်ဖြစ် ဦးဝင်းတင်ရဲ့ လုပ်ရပ်က ... တပူတော့ ငြိမ်းစေပါတယ်လေ။
သာဓု .. သာဓု ... သာဓု ပါ ... အဘ။
(ကိုထိုက်)
No comments:
Post a Comment