မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Sunday, February 23, 2014
ဒုချီးရားတန်းကျေးရွာ စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ မြို့မိမြို့ဖများကို တစ်ဦးချင်းစီ စစ်ဆေး
.......................................................................................
[ ညိုသဏ်း ၊ မောင်တော၊ ]
ဒုချီးရားတန်းကျေးရွာတွင် ရဲတပ်ကြပ်ကြီးတစ်ဦးနှင့် ¤င်းကိုင်ဆောင်ခဲ့သော လက်နက်တစ် လက်ပျောက်ဆုံးနေမှုနှင့် မီးလောင်မှုဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့်ပတ်သက်၍ မောင်တောနယ်စပ်သို့ရောက်ရှိနေသော စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့က ဖေဖော်ဝါရီ ၁၆ ရက်မှစတင်ကာ စုံစမ်းစစ်ဆေးမှုများကို ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
မြို့မိမြို့ဖများကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင်ဖေဖော်ဝါရီ ၁၆ ရက် နံနက်၁ဝနာရီမှစတင်ကာ တစ်ဦးချင်းစီစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
''အဖွဲ့သုံးဖွဲ့ခွဲထားပါတယ်။ တစ်ကြိမ်မှာ သုံးဦးကိုတွေ့ပြီး သုံးေ နရာခွဲပြီးမေး ပါတယ်။ မနက် ၁ဝ နာရီကတည်းက မေးမြန်းတာ ညနေ ၄နာရီလောက် မှပြီးပါတယ်'' ဟု စုံစမ်းမေးမြန်းခြင်းခံခဲ့ရသူ မြို့မိမြို့ဖတစ်ဦး က ပြောကြားသည်။
စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့သည် ဖေဖော်ဝါရီ ၁၇ ရက်တွင် ဒုချီးရား တန်းကျေးရွာသို့ သွားရောက်ပြီး မောင်တောနယ်စပ်ဒေသတွင်
ငါးရက်ကြာ စုံစမ်းစစ်ဆေးမှုများကိုပြုလုပ်သွားမည်ဖြစ်ကာ တွေ့ရှိချက်
များ၊ အကြံပြုချက်များကို ဖေဖော်ဝါရီ ၂၈ ရက်တွင် နိုင်ငံတော်သမ္မတ
ထံသို့ တိုက်ရိုက်အစီရင်ခံတင်ပြရမည်ဖြစ်ကြောင်း သိရသည်။
''ရဲတပ်ကြပ်ကြီးတစ်ဦး ဘင်္ဂါလီတွေရဲ့ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို
ခံလိုက်ရတဲ့ ရာဇဝတ်မှုဖြစ်စဉ်ကပဋိပက္ခအသွင်ဆောင်ပြီး စုံစမ်းစစ်
ဆေးရေးကော်မရှင်တွေဖွဲ့ စစ်ဆေးရတာတော့ မဟုတ်မမှန်သတင်းထုတ်
လွှင့်ချက်တွေကြောင့် ဖြစ်ပါတယ်။ဘယ်အဖွဲ့အစည်းပဲလာစစ်စစ် အ
မှန်တရားဟာ အမှန်တရားအတိုင်းရှိနေမှာပဲ''ဟု မြို့ခံတစ်ဦးက သုံးသပ်
ပြောကြားသည်။
==================
Post By Yangon Media Group
==================
No comments:
Post a Comment