Thursday, February 20, 2014

ပထမပိုင်း ***********ခဲအို************* ======================== #လိင်ဆိုင်ရာစာပေ, မေမိုးတစ်ယောက် မောပန်းနွမ်းလျခြင်း၊ ဝမ်းနည်းကြေကွဲခြင်း၊ မကျေနပ်ခြင်းများစွာတို့ဖြင့် ဝတ်စားထားသော အဝတ်များကိုပင်မလဲနိုင်တော့ပဲ အိပ်ယာပေါ် သို့လှဲချလိုက်ပါတယ်။မျက်ရည်တစ်ချို့က ပါးပြင်ပေါ်ကို အလိုလိုစီးဆင်းကျလာတာမို့ သုတ်တောင်မသုတ်တော့ပဲ ဝမ်းနည်းစွာနဲ့ ခေါင်းအုံးပေါ်ကို မျက်နှာအပ်လိုက်ကာ ငိုချလိုက်ပါတော့တယ်။အကြောင်းကတော့….. ဒီနေ့ သူ့ရဲ့တစ်ဦးတည်းသော အစ်မဖြစ်သူ မေစိုးတစ်ရောက် သူ့ချစ်သူနဲ့လက်ထပ်သွားလို့ဖြစ်ပါတယ်။ အချိန်တန်အရွယ်ရောက်လို့ အိမ်ထောင်ပြုတာမှန်ပေမယ့် သူ့ထက်ငါးနှစ်လောက်ကြီးပြီး အရာရာကို လိမ္မာရေး ခြားရှိအောင် မိဘလိုသွန်သင်ခဲ့တဲ့ အစ်မတစ်ယောက်ကိုတော့ မေမိုးဒီနေ့ကစလို့ ဆုံးရှုံးလိုက်ရပါပြီ။ ငယ်ငယ်လေးကတည်းက အခုမေမိုး ဆယ်တန်းရောက်တဲ့အထိ ညီအစ်မနှစ်ယောက်တခန်းထဲ အတူ တူအိပ်နေလာခဲ့ကြတာ။ဒီညကစလို့ သူတို့ညီအစ်မအိပ်တဲ့အခန်းလေးကိုပါပေးလိုက်ရတာမို့ မေမိုးတစ်ယောက် ခြေရင်းဖက်ကအခန်းကိုပြောင်းပေးလိုက်ရပြီး တစ်ယောက်တည်းအထီးကျန်စွာ ဖြတ်သန်းရတော့မှာကြောင့် အားငယ်စိတ်တွေဖြစ်နေပါတယ်။ မမကတော့ သူ့ချစ်သူရင်ခွင်မှာ ပျော်နေရချိန်တွေမှာ မေမိုးကတော့ တစ်ယောက်တည်း ဖြတ်သန်းရ တော့မှာပါ။ဒါကြောင့်လည်း မေမိုးရင်ခွင်ထဲကနေ မမကိုဆွဲထုတ်သွားတဲ့ မမချစ်သူ ကိုသက်ကို မေမိုး စိတ်ထဲက အလိုလိုမုန်းတီးနေမိပါတယ်။အစ်မနဲ့ ပတ်သက်လို့ အစ်ကိုတော်ရမှာဖြစ်ပေမယ့် မေမိုးတစ်ယောက် အမုန်းတရားတွေကြောင့် အစ်ကိုတစ်ယောက်လို ဘယ်လိုမှလက်ခံလို့မရဖြစ်နေပါတယ်။ မမတို့က ဘယ်လောက်တောင်ပိရိကြသလဲဆိုရင် မေမိုးတစ်စွန်းတစ်စလောက်တောင်မရိပ်မိလိုက်ပါ ဘူး။တက္ကသိုလ်မှာကတည်းက ချစ်သူတွေဖြစ်လာကြပြီး ဘွဲ့ရတော့မှ လူကြီးစုံရာနဲ့လာရောက်တောင်းရမ်း ကာ ကမန်းကတန်း လက်ထပ်လိုက်ကြတာဖြစ်ပါတယ်။မမတို့ လက်ထပ်တော့မယ်ဆိုတာသိလိုက်ရတဲ့အချိန် မေမိုးတစ်ယောက် မမရင်ခွင်ထဲမျက်နှာအပ်ကာ ငိုကြွေးခဲ့ရပါတယ်။မမကိုတော့ အားနာပါတယ်။သူ့ချစ်သူနဲ့ ပေါင်းရမှာမို့ ပျော်နေတဲ့အချိန် မေမိုးကြောင့် သူတို့အပျော်တွေ အပြည့်အဝမပျော်နိုင်ခဲ့ပါဘူး။ အားရအောင်ငိုပြီးတဲ့နောက် မေမိုးအဝတ်အစားလဲကာ အခန်းပြင်ထွက်လာတော့ သူတို့လင်မယား ခန်းမကနေပြန်လာကြပါတယ်။အပေါင်းအသင်းတွေ တရုန်းရုန်း စကြ နောက်ကြနဲ့မမတစ်ယောက် ခေါင်းလေးတောင်မဖော်နိုင်လောက်အောင် ရှက်နေတုန်း သူကတော့အောင်ပွဲခံတဲ့မျက်နှာနဲ့ အားလုံးကို နှုတ်ဆက် ပြီးနောက် သူတို့မင်္ဂလာအခန်းထဲကို မမခါးလေးကိုဖက်ကာဝင်သွားကြတာကို မေမိုးတစ်ယောက် ဆွေးမြည့်စွာ ကြည့်လိုက်ကာ ခေါင်းငိုက်စိုက်ချလို့ အခန်းထဲဝင်လိုက်ပါတယ်။ နောက်တော့ ကိုယ့်ဖာသာအားတင်းကာ စာကျက်မယ်လို့ဆုံးဖြတ်လိုက်ရင်း စာအုပ်တစ်အုပ်ကို ကောက်ကိုင်လိုက်ကာ

No comments:

Post a Comment