မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Tuesday, January 21, 2014
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉ ဟာ စစ်သားပဲ သမ္မတဖြစ်အောင်ရေးဆွဲထားတယ် လို့ပြောတဲ့သူများဟာ
အရပ်သားဒုသမ္မတ တစ်ဦးဖြစ်သူ ဆရာဝန်ဘွဲ့ရ ဒေါက်တာစိုင်းမောက်ဝ်ခမ်း ကို ထည့်စဉ်းစားပုံမရဘူး။ပုဒ်မ ၅၉ ဟာ
မျိုးချစ်စိတ် အမျိုးသားအကျိုးစီးပွား နဲ့ အမျိုးစောင့်တရားတွေကို အခြေခံပြီးခေါင်းဆောင်တစ်ယောက်ကို အရည်အချင်းစစ်ထုတ်ထားတာပါ။
လူတစ်ဦးတစ်ယောက်ကို ရည်ရွယ်သည်မဟုတ်ပဲ အနာဂါတ် နိုင်ငံ့ခေါင်းဆောင်ကိုရည်ရွယ်သတ်မှတ်ထားတာပါ။
ဆားကဆားအာနိသင်ပဲ ရှိပါတယ် လူတိုင်းလက်ထဲထည့်လို့ရပါတယ် အနာရှိတဲ့လူကပဲ စပ်ပါလိမ့်မယ်။
ကိုယ့်လက်အနာရှိလို့စပ်တာကို ဆားကြောင့်ဆိုပြီး ဆားအိုးကြီးရိုက်မယ်ခွဲမယ် သဘောတူပါသလား လုပ်နေတာကတော့ လူမိုက်ဆန်ပါတယ်။
ဆန်းသစ်
စိုးပြည့်မှူး
No comments:
Post a Comment