မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Sunday, January 19, 2014
စိတ်ရှိ
စိတ်မပျက်ပေမဲ့ စိတ်မကောင်းစရာပဲ။
ဘာပြောရမှန်းမသိအောင် . . .အံ့သြနာကျင် ရတယ်
သိန်းရာချီထောင်ချီ လှူတဲ့ ခရိုနီနဲ့စစ်ဗိုလ်ချုပ်တွေရဲ့ ဒါန ကိုမှ မမြင်ပါနဲ့။
ကိုယ်တော်တို့ သပိတ်ထဲ ဆွမ်းခွက်ထဲမှာ မနက်တိုင်း ပါပါ လာတဲ့ အဲဒီ မစိုးရိမ် ၀န်းကျင် က လောင်းလိုက်တဲ့ မန်းပဲကြော်လေးတွေ၊ ကြက်သွန် ကြော်လေးတွေ ကိုလည်း အားနာပါဦး။
ဒါ မရှိ ရှိတဲ့ကြားက ထောင်ချီစာသင်သားတွေ လာသမျှ မလစ်ဟင်းရအောင် လှူကြ၊ လောင်းကြတဲ့ သဒ္ဓါတရားကြည်ညိုမှုတွေကို ကိုယ်စားပြုပါတယ်။
တကယ့်ကို နဖူးကချွေး ခြေမ ကျ အောင် စင်စင်ကြယ်ကြယ် ရှာဖွေ လောင်းလှူထားတာပါလေ။
ရွှေဝါရောင် တုန်းက သာကေတကျောင်းတွေကို စစ်ကားတွေ မောင်းသွား တော့၊ အနီးဝန်းကျင် ရပ်ကွက်ထဲက မိန်းမကြီးတွေဟာ ထမီမနိုင်၊ ဘိနပ်မပါ အိမ်ကပြေးထွက်ပြီး ရင်ခေါင်းထဲက အသံနက်ကြီးတွေနဲ့
"သားတို့ရေ. . . ဘုန်းကြီးတွေကို မလုပ်ပါနဲ့" လို့အော်ဟစ်ငိုကြွေးခဲ့ကြတယ်။
လုပ်ရက်လေခြင်းဗျာ
ချိုတူးဇော်
No comments:
Post a Comment