မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Saturday, December 14, 2013
နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နှစ် (၄၀) ပြည့် အာဆီယံ - ဂျပန် အထိမ်း အမှတ် ထိပ်သီး အစည်းအဝေး နှင့် ဂျပန် - မဲခေါင် ထိပ်သီး အစည်းအဝေး တို့သို့ တက်ရောက် ရန် နေပြည်တော် မှ လေကြောင်း ခရီး ဖြင့် ထွက်ခွာ
နှစ် (၄၀) ပြည့် အာဆီယံ - ဂျပန် အထိမ်း အမှတ် ထိပ်သီး အစည်းအဝေး နှင့် ဂျပန် - မဲခေါင် အစည်း အဝေး တို့သို့ တက်ရောက် မည့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် သည် အဖွဲ့ဝင်များ နှင့် အတူ ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက် (၉) နာရီ တွင် နေပြည်တော် မှ ရန်ကုန်မြို့ သို့ လေကြောင်း ခရီးဖြင့် ထွက်ခွာ ရာ ဒုတိယ သမ္မတများ ဖြစ်ကြသော ဒေါက်တာ စိုင်းမောက်ခမ်း နှင့် ဦးဥာဏ်ထွန်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စု ဝန်ကြီးများ နှင့် တာဝန်ရှိ သူများ က နေပြည်တော် လေဆိပ်၌ ပို့ဆောင် နှုတ်ဆက် ကြသည်။
No comments:
Post a Comment