မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Sunday, November 3, 2013
လူ့အခွင့်အရေး
လူ့အခွင့်အရေးဂျီးတော်နဲ့သူ့ရဲ့ဗိုက်မနာသားကုလားဘောမတွေ ဖတ်စေချင်တယ်
သီတဂူဆရာတော်ဘုရားကြီးမှ ၂၀၁၃ခုနှစ် ဇွန်လ ၂၇ ရက်နေ့တွင် အင်းစိန် အောင်ဆန်း တပ်ဦးကျောင်းအတွင်းပြုလုပ်ခဲ့သော သံဃာ့ညီလာခံကြီးမှ ကောက်နှုတ်တင်ပြချက်
ယနေ့နိုင်ငံရေးလောကတွင် လူ့အခွင့်အရေး ဟူသောစကားကို ကျယ်လောင်စွာပြောကြားနေကြသည်။ ထို လူ့အခွင့်အရေးဟူသော စကားလုံး၏ အတိမ်အနက်ကို နက်နက်ရှိုင်းရှိုင်း စဉ်းစားဖို့လိုအပ်ပါသည်။ အပေါ်ယံလောက်ကိုသာကြည့်ပြီး လူ့အခွင့်အရေး ကို နေရာတကာရှေ့တန်းတင်လျင် ထိုလူ့အခွင့်အရေးသည် မိမိတို့နိုင်ငံအတွက် အဆိပ်ခွက်ဖြစ်သွားမည်။
ဘာကြောင့်နည်း= အမျိုးသားအကျိုးစီးပွား ပျက်သွားမည်ဖြစ်သောကြောင့် ဖြစ်သည်။ လူ့အခွင့်အရေးဟုမြန်မာနိုင်ငံတွင် တစာစာအော်နေကြသော်လည်း အမေရိကန်ကဲ့သို့သော နိုင်ငံကြီးသည် ကုလသမဂ္ဂ၏ခွင့်ပြုချက်မရရှိဘဲ အီရတ်နိုင်ငံအား ကျူးကျော်စစ်ဆင်နွဲခဲ့သည်။
လူ့အခွင့်အရေးစာတမ်းနှင့် တိုက်ဆိုင်ကြည့်လျင် အမေရိကန်သည် လူ့အခွင့်အရေးအား ချိုးဖောက်ခြင်းပင်ဖြစ်သည်။ သို့သော် အမေရိကန်တို့ကတော့ အမျိုးသားအကျိုးစီးပွားကို စောင့်ရှောက်ကာကွယ်ရန်အတွက် အီရတ်ကို စစ်တိုက်ရခြင်းဖြစ်ပါသည်ဟု ကြေညာချက်ထုတ်ပြန်ခဲ့ပါသည်။
နောက်ဆုံးပြောရရင် လူ့အခွင့်အရေးပြောနေကြသူများသည် "ငါ့အခွင့်အရေး" အတွက်သာ ဖြစ်ကြပေတော့သည်။
အမေရိကန်ကဲ့သို့သော ဒီမိုကရေစီရင့်ကျက်သော နိုင်ငံကြီးများပင် လူ့အခွင့်အရေးကို နောက်တန်းမှာထားနေပါလျက် ဒီမိုကရေစီစနစ်နုနယ်သော မြန်မာနိုင်ငံမှ နိုင်ငံရေးသမားအများစုက လူ့အခွင့်အရေးစကားကို အစာစာအော်ပြီး အတွေ့အကြုံနုနယ်သောပြည်သူကို ရှေ့တန်းတင်အော်နေကြသည်မှာ နိုင်ငံရေးသင်ပုန်းဖတ်စာပင် မကျေကြသေးသူများဖြစ်ကြောင်း ဖေါ်ပြနေခြင်းပင်ဖြစ်ပါသည်။
ထို့ကြောင့် မြန်မာနိုင်ငံအတွင်းရှိ တော်လှပါသည်ဆိုသောနိုင်ငံရေးသမားခေါင်းဆောင်ကြီး ဦးဆောင်သော လူ့အခွင့်အရေးဟုအော်နေသော လူစုကြီးသည် အခုတော့ ဆရာတော်ဘုရားကြီး မိန့်ခဲ့သလို "ငါ့အခွင့်အရေးသမား" များပင်ဖြစ်ကြတော့ကြောင်း ကျွန်တော် မှတ်ယူသဘောပေါက်မိပါတော့သည်။
Credit to >> Zaw Htet Aung
No comments:
Post a Comment