မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Wednesday, October 2, 2013
မန္တလေးမှာသုံးဦးအသတ်ခံရ
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် အတွင်းရှိ Panasonic ဘတ္ထရီဂိုထောင် မှာ မနေည(၁.၁၀.၂၀၁၃)က လူသုံးဦးအသတ်ခံခဲ့ရတဲ့အမှုဖြစ်ပွားခဲ့တယ်လို့ အမှတ်(၁၁)ရဲစခန်းကနေ သိရပါတယ်။
"အခုရောက်လာတဲ့ အလောင်းတွေက အသတ်ခံရတဲ့လက္ခဏာရှိတယ်" လို့ မန္တလေးမြို့အထွေထွေရောဂါကုဆေးရုံကြီး ၊ ရဲမှုခင်းဌာနမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
အမျိုးသားနှစ်ဦးနဲ့အမျိုးသမီးတစ်ဦး သေဆုံးနေတာကို ယနေ့မနက် (၆)နာရီ က သက်ဆိုင်ရာရဲစခန်းကို ကုမ္ပဏီတာဝန်ရှိသူက အကြောင်းကြားခဲ့တာဖြစ်ပြီး ကနဦးစစ်ဆေးချက်တွေအရ ဦးခေါင်းကို အုတ်ခဲနဲ့ရိုက်နှက်လက္ခဏာတွေတွေ့ရှိရတယ်လို့ အဲ့သည်အမှုကို စစ်ဆေးနေတဲ့ အမှုစစ်ရဲအရာရှိက ပြောပါတယ်။ အမှုကို တာဝန်ရှိရဲတပ်ဖွဲ့ဝင်တွေ ဆက်လက်စုံစမ်းဖော်ထုတ်နေတယ်လို့ ဆိုပါတယ်။
ယခုလို လူသုံးဦးသေဆုံးတဲ့ အောက်တိုဘာလ ၁ ရက်နေ့ဟာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့နဲ့ တိုက်ဆိုင်နေပါတယ်။
အေးချမ်းမွန် Credit To > The Modern News Journal
No comments:
Post a Comment