NLD ပါတီ ဆိုတာ ဒေါ်အောင်ဆန်းစုကြည် သာမရှိရင် ကိုယ့်ရှူးတောင် ကိုယ်နိုင်ကြမှာ မဟုတ်ဘူး။ ----- ----- ----- ----- ----- ဟုတ်တယ် ... လူတွေကပြောနေကြတယ် NLD က ကောပဲ လွှတ်တော်ထဲက အစိတ်သားက အရုပ်တွေ ဒါပေမဲ့ NLD အမတ်တွေကိုတော့မေ့နေကြတယ်။ အဲ့ပါတီက အမတ်တွေလဲ အိပ်ပျော်နေကြတာပါပဲ။ ဘာကြောင့် အိပ်နေတာလဲတော့ မသိဘူး။ နောက်တစ်ခုက NLD ကို လူတွေက ဒေါ်အောင်ဆန်းစုကြည် ကြောင့် လက်ခံနေတာ NLD ထဲမှာ အားကိုးအားထားပြုနိုင်တဲ့ လူငယ်တွေ ခုချိန်ထိမရှိသေးဘူး။ ခေါင်းဆောင်ပိုင်းကလဲ လူငယ်တွေကို နေရာပေးမှုမှာ အားနဲနေသေးတယ်။ လူထုက ဒေါ်စု ကိုချစ်တာ ... NLD ကိုချစ်တာမဟုတ်ဘူး။ ဒေါ်စု ရှိနေတဲ့ပါတီ ကိုယုံကြည်မှုလွန်ကဲနေတာ ၊ ခုနေဒေါ်စုသာ သေသွားရင် NLD ဟာ မြောင်းထဲကိုရောက်သွားမှာ အသေအချာပဲ။ လက်ရှိမှာ ဦးသိန်းညွန့် က အရမ်းအလုပ်လုပ်နေတယ် ... ဒါလဲမှန်တာပါပဲ။ NLD ထဲမှာက ခုချိန်ထိ ပြည်သူက ကျေနပ်လောက်အောင် အဆိုတင်သွင်းမှု မေးခွန်းမေးမြန်းမှု မရှိသေးဘူး။ နာမည်ကျော် ဖာလိုင်စင် တော့ ရှိပါတယ်။ အင်မတန် ကိုမှကို ကောင်းပါတယ်။ ထိုင်းနိုင်ငံရဲ့ စီးပွားရေး ထဲက တစ်ခု အဖြစ်ကမ္ဘာက အသိအမှတ်ပြုထားတာကို မြန်မာမှာလည်း လုပ်ခြင်ပုံရပါတယ်။ လူတွေကပုဂ္ဂိုလ်စွဲကြီးလို့သာ NLD သက်ဆိုးရှည်တာ။ တနေ့နေ့တချိန်ချိန် ပြေလည်ကြတဲ့တနေ့ လူတွေရဲ့အမြင်တွေလည်းတဖြေးဖြေးရင့်ကျက်လာမှာပါ။ NLD ဆိုတာလည်း ဒေါ်စုသာမရှိရင် ကိုယ့်ရှူးတောင်ကိုယ်နိုင်ကြမှာမဟုတ်ဘူး။ ( Myint Sandar )
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
No comments:
Post a Comment