မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Thursday, September 26, 2013
စည်ပင်ရာထူးကိုပြည်သူကရွေှးရမည်
စည်ပင် ဥက္ကဋ္ဌ ရာထူးကို ပြည်သူက ရွေးချယ်ဖို့ ရန်ကုန်တိုင်းမှာ အတည်ပြုလိုက်ပါတယ်။
ပြည်သူက ရွေးချယ်ဖို့ကို အတည်ပြုပေမယ့် ဘယ်လို ရွေးချယ်မယ် ဆိုတဲ့ နည်းဥပဒေကို ပြဋ္ဌာန်းရဦးမှာ ဖြစ်ပါတယ်။
တိုင်းနဲ့ ပြည်နယ် အားလုံးမှာ စည်ပင် ဥက္ကဋ္ဌကို ပြည်သူက ရွေးချယ်ရမယ်လို့ သဘောတူထားပေမယ့် နည်းဥပဒေကိုတော့ သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်း ဒေသကြီးတွေက ကိုယ့်တိုင်း၊ ကိုယ့်ပြည်နယ်နဲ့ သင့်တော် ဆီလျော်တဲ့ နည်းဥပဒေကို ပြဋ္ဌာန်းကြမယ်လို့ ဆိုပါတယ်။
တချို့ပြည်နယ်၊ တိုင်းတွေမှာတော့ စည်ပင် ဥက္ကဋ္ဌ ရာထူးကို ရွေးချယ် ပြီးစီးကြပြီလို့ သိရပါတယ်။
မွန်ပြည်နယ်မှာ ရွေးချယ်ရာမှာ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ မဲပေးပြီး စည်ပင် ဥက္ကဋ္ဌကို ရွေးချယ်ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။
ရပ်ကွက် ကျေးရွာ၊ အုပ်ချုပ်ရေးမှူးတွေဟာ ပြည်သူတွေက ရွေးချယ်ထားတာ ဖြစ်တဲ့အတွက် စည်ပင် ဥက္ကဋ္ဌကို ရပ်၊ ကျေး အုပ်ချုပ်ရေးမှူးတွေက ရွေးချယ်မှုဟာ ပြည်သူကနေ သွယ်ဝိုက်တဲ့နည်းနဲ့ ရွေးချယ်တာနဲ့ အတူတူပဲလို့ မွန်ပြည်နယ် စည်ပင် သာယာရေး ဝန်ကြီး ဒေါက်တာ တိုးတိုးအောင်က ဘီဘီစီကို ပြောပါတယ်။

စည်ပင် ဥက္ကဋ္ဌ ပြည်သူက ရွေးမယ်
www.bbc.co.uk
ရန်ကုန်မှာ စည်ပင် ဥက္ကဋ္ဌ ရာထူးကို ပြည်သူတွေက မဲပေး ရွေးချယ်တော့မယ်။
--
Sent from my Android phone with EMAIL 4 MM.
No comments:
Post a Comment