မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Sunday, September 22, 2013
မိတ်ကောင်းဆွေကောင်း
မိတ်ကောင်းဆွေမွန်...
ယနေ့ တိုးတက်ပြောင်းလဲနေတဲ့ ခေတ်ထဲမှာ ကျမတို့တတွေက အမြဲတမ်း အမီလိုက်နေရတယ်၊ စိန်ခေါ်မှုတွေကလည်း နေ့စဉ်ကြုံတွေ့နေရတတ်တယ်။
ဒီလို နေထိုင်ရှင်သန်နေရတဲ့ ဘ၀ထဲမှာ အသက်မွေးဝမ်းကျောင်းဖို့၊ ဘ၀တိုးတက်မြင့်မားဖို့၊ မိသားစုဘ၀၊ လူမှုရေး ကိစ္စတွေကြားမှာ အချိန်ရှားပါးခြင်းတွေကြောင့်မိတ်ဆွေ သူငယ်ချင်းတွေနဲ့ ထိတွေ့ဖို့ဆို တာ အချိန်မရှိသလောက် ဖြစ်နေပါပြီ။
ဒါပေမဲ့ အဲဒီလို အခြေအနေမျိုးမှာ မိတ်ဆွေဆိုတာ တကယ့်ကို အရေးကြီးလှပါလား ဆိုတာကိုလည်း တစ်နေ့တစ်ခြား နားလည်လာရပါတယ်။
တကယ်တော့ မိတ်ကောင်းဆွေမွန်ဆိုတာက
-အကူအညီလိုနေပြီဆိုရင် အမြဲတမ်း အကူအညီပေးတဲ့ သူ။
-ကိုယ့်ရဲ့ အောင်မြင်မှုကို ကြားရချိန် မြင်တွေ့ရချိန်မှာ မုဒိတာပွားနိုင် ပြီး ပျော်ရွှင်မှုတွေကို မျှဝေခံစားနိုင်တဲ့ သူ။
-ပြီးတော့..၀မ်းနည်းကြေကွဲမှုကိုလည်း ဂရုဏာသက်စွာနဲ့ နားလည်စာနာပေးတတ်တဲ့ သူ။
-ဒါ့အပြင် မျှာ်လင့်ချက်တွေကို နားထောင်ပေးပြီး အကြံဥာဏ်ကောင်းပေးတတ်တဲ့သူ။
-ကိုယ်က မွေးနေ့လက်ဆောင်စကားပါးဖို့ ပျက်ကွက်ခဲ့ရင်တောင်မှ
အမြဲတမ်း အခင်အမင်မပျက်ဘဲ လေးစားမြဲလေးစားနေတတ်တဲ့ သူ။...တဲ့သူလို့ မှတ်သားခဲ့ဖူးပါတယ်။
အဲဒီလို မိတ်ကောင်းဆွေမွန်ရှိတယ်ဆိုရင် အကြံပေးပါရစေ၊ ဖုန်းနဲ့ ဖြစ်ဖြစ်၊ စာနဲ့ ဖြစ်ဖြစ်ဆက်သွက် လိုက်ပါနော်။
အချိန်များများ မပေးနိုင်တဲ့တိုင် ရသမျှ အချိန်တိုလေးအတွင်းမှာ ဖုန်းဆက်စေကားပြောပါ၊ သတိတရ စာရေး လိုက်ပါ။ ပွင့်လင်း ရိုးသားစွာ ဆက်ဆံခြင်းကလည်း ခင်မင်မှုကိုပိုပြီး ခိုင်မြဲစေနိုင်ပါတယ်။
ခုလို မိတ်ဆွေရှိတဲ့ မျှဝေစရာရှိတဲ့ အတွက်
ကိုယ့်ရဲ့ ပူပင်မှုတွေကို နားထောင်ပေးမဲ့ သူ ရှိတဲ့ အတွက် စိတ်ပူပင်မှုလည်း လျော့နည်းစေပါတယ်တဲ့...။
အဲဒါကြောင့် မိတ်ဆွေရှိတဲ့ သူက ပိုပြီး ကျန်းမာတယ်၊ ပိုပြီး စိတ်ချမ်းသာရတယ်၊ ပိုပြီး စိတ်ကျရောဂါသက်သာစေတယ်လို့ စိတ်ပညာရှင် လီလီယန်ရူဘင်ရဲ့ Just Friends ထဲမှာ ရေးသားခဲ့ဖူးတယ်။
မိတ်ဆွေများအားလုံးကို လေးစားချစ်ခင်လျက်ပါ။
မေသင်္ကြန်ဟိန်(မြစ်မခ)
No comments:
Post a Comment