Tun Lwin စက်တင်ဘာလကုန်- အောက်တိုဘာလဆန်းအထိ မြန်မာနိုင်ငံအလယ်ပိုင်း၊ မြစ်ဝကျွန်းပေါ် နဲ့ တောင်ပိုင်းဒေသတွေမှာ မိုးကောင်းနေပါဦးမယ်။ Weather News Update 25-9-2013 4:04 am စက်တင်ဘာလ(၂၅)ရက်မှ အောက်တိုဘာလ(၁)ရက်အထိ ရက်သတ္တပတ်အတွက် နဲ့ အောက်တိုဘာလ(၂)ရက်မှ အောက်တိုဘာလ(၈)ရက်ရက်သတ္တပတ်အတွက် နှစ်ပတ်စာ မိုးလေ၀သခန့်မှန်းချက်တွေမှာ (၁) မြန်မာနိုင်ငံအလယ်ပိုင်း၊ မြေလတ်ပိုင်း၊ မြစ်ဝကျွန်းပေါ် နဲ့ တောင်ပိုင်းဒေသတွေ အားလုံး မိုးရွာသွန်းမှုဟာ ရွာသွန်းမြဲထက်ပိုမယ်။ (၂) တောင်တရုတ်ပင်လယ်ပြင်မှာ မုန်တိုင်းတွေ ပုံမှန်ထက် သိသိသာသာ ပိုဖြစ်မယ် လို့ခန့်မှန်းထားပါတယ်။ လုံလောက်ပါပြီ။ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ တတိယရေကြီးကာလကို သတိကြီးစွာနဲ့ ကျော်ဖြတ်ရပါလိမ့်မယ်ဆိုတာကိုသာ လက်တို့ပြီးတော့ ကြိုပြောထားပါရစေတော့...။ ဒေါက်တာထွန်းလွင် (MCCW)
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
No comments:
Post a Comment