မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Tuesday, September 24, 2013
အမျိုးသားရေးစိတ်ဓါတ်ရှိသူဆိုတာ
အမျိုးသားရေးစိတ်ဓါတ်ရှိသူဆိုတာက မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ တိုင်းရင်းသားအားလုံးကို ကျောသား , ရင်သားမခွဲခြားပဲချစ်ခင်,မြတ်နိုးတာကိုပြောတာဗျ.....
သူကိုထိရင်နာတယ် ,ငါ့ကိုထိရင်နာတယ်ဆိုတဲ့ ခွဲခြားတဲ့စိတ်ရှိတဲ့သူကို အမျိုးသားရေးစိတ်ဓါတ်ရှိသူလို့ ပြောလို့မရပါဘူး....
(ဥပမာပေါ့ဗျာ)ဦးသိန်းစိန်ကိုထိရင် နာတတ်ပြီး ဒေါ်စုကြည်ကိုထိရင် မနာတတ်ပဲ ဝမ်းသာနေသူ...
တနည်း...ဒေါ်စုကြည်ကိုထိရင် နာတတ်ပြီး ဦးသိန်းစိန်ကိုထိရင် မနာတတ်ပဲ ဝမ်းမြောက်နေသူ ....
ဒီလိုစိတ်ရှိတဲ့သူကို အမျိုးသားရေးစိတ်ရှိသူလို့ ပြောမရပါဘူး...
(ဒါကအကျဉ်းအားဖြင့် ခွဲခြားပြတာပါ)
အမျိုးသားရေးစိတ်ဆိုတာက သိမ်မွေ့လွန်းတယ်.......
နှစ်ဖက်စလုံးကို မှားရင်မှားသလို ပြောရဲသူသာ အမျိုးသားရေးစိတ်ရှိသူလို့ပြောလို့ရပြီး နှစ်ဖက်ညီမျှသူလို့လဲ ဆိုလို့က ဆိုလို့ရပါတယ်.......
ဦးစံရှား
No comments:
Post a Comment