မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Monday, September 30, 2013
တစ်ဖက်သက်ဆန္ဒပြနေတာတွေရပ်
ယခုစက်တင်ဘာ၂၁ရက်နေ့ က ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ ဆိုကာဆန္ဒတွေထုတ်ဖော်နေလိုက်ကြတာ
ကချင်ပြည်နယ်ကစစ်ပွဲတွေကိုရပ်ဖို့၊ တစ်နိုင်ငံလုံးငြိမ်းချမ်းရေးဖို့
ဆိုတဲ့ဆန္ဒပြတာကိုပြောချင်တာပါ။ စစ်တိုက်တာတို့ ၊ ရန်ဖြစ်တာတို့ ဆိုတာက
လက်ခုပ်တီးသလိုပါပဲ။တစ်ဖက်တီးလို့ မမြည်နိုင်ပါဘူး။
အခုဆန္ဒပြနေကြတာက အစိုးရ ဖက်ကိုပဲ တစ်ဖက်သတ် ဆန္ဒပြတာတွေ့ နေရပါတယ်။အမှန်တကယ်
ဆန္ဒပြရမှာက အစိုးရ အပါအ၀င် ငြိမ်းချမ်းရေးကို လစ်လျူရှုကာ
ဆက်လက်တိုက်ပွဲဝင်နေကြ တဲ့ လက် နက်ကိုင်အဖွဲ့ အစည်းတွေကို ပါ
ဆန္ဒထုတ်ဖော်ရမှာဖြစ်ပါတယ်။ဘာကြောင့်လဲ ဆိုတော့ အစိုးရ
အနေဖြင့်တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးအတွက်အားသွန်ခွန်စိုက်ဆောင်ရွက်နေချိန်မှာ
ငြိမ်းချမ်းရေးကိုလိုလားသောလက်နက်ကိုင်အဖွဲ့ အစည်းအသီးသီး ငြိမ်းချမ်းရေးအတွက်
ဆောင်ရွက်နေကြသလိုသမိုင်းဝင်တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးအတွက်လည်းဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်နေကြသည်ကို
တွေ့ မြင်နေရပါသည်။
ယခုလိုအချိန်မျိုးတွင် ငြိမ်းချမ်းရေးကို ပစ်ပယ်ကာ ဆက်လက်တိုက်ပွဲ
ဝင်နေကြသည်ကို ကြည့်လျှင် အစိုးရဘက်မှ မှားနေသလား။မငြိမ်းချမ်းနိုင်သေးတဲ
့လက်နက်ကိုင်တွေ ဘက်မှ မှားနေသလားဆို တာ မေးခွန်းမေးစရာမလိုဘဲ
အဖြေပေါ်နေပါပြီ။ဒါ့ကြောင့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ မှာ ဆန္ဒပြကြတဲ
့ဆန္ဒပြသမားများကို ဘာကြောင့် ရန်ကုန်မြို့ မှာ လာပြီးဆန္ဒထုတ်ဖော်ကြသလဲ။ အမှန်တ
ကယ် ငြိမ်းချမ်းရေးကို လိုလားတောင့်တတယ်ဆိုလျှင် ကချင်ပြည်နယ်တွင်ပါ
သွားရောက်ကာ ဆန္ဒ ထုတ်ဖော်သင့်တယ်လို့ ထင်ပါတယ်။။ဒါမှလဲ
ငြိမ်းချမ်းရေးမလိုလားသေးတဲ့ KIA/KIOက လူတွေလဲ သိကြ မှာဖြစ်ပါတယ်။
ကချင်ပြည်နယ်တွင် ဆန္ဒမထုတ်ဖော်ဘဲ အစိုးရနှင့်တပ်မတော်ကိုသာဦးတည်ပြီး
ရန်ကုန်မှာ ဆန္ဒဖော် ထုတ်တယ်ဆိုတာကတော့ တစ်ဖက်သတ် ဆန်လွန်းရာကျပါတယ်။
နှစ်ဖက်စလုံးက ပန်း နှင့် ပေါက်နေ ကြတာမဟုတ်ဘဲ သေနတ်များဖြင့် ပတ်ခတ်နေကြတာပါ။
တစ်ဖက်တည်း ကငြိမ်းချမ်းရေး ဆိုပြီး သူများ ပစ်တာကိုပြန်မပစ်ဘဲ
နေလို့ရတာမှမဟုတ်တာ။ ကျနော့် အနေဖြင့် တပ်မတော်ဘက်ကသာ "ထိုးစစ်များ
ရပ်နားထားပါ"လို့ အမိန့်ထုတ်တာတွေ့ ဖူးတယ်။KIA/KIO ဘက်မှ
"ထိုးစစ်များရပ်နားထားပါ" လို့ အမိန့် ထုတ်တာ တစ်ခါမှ မတွေ့ ဖူးသေးပါ။
ဒါဆိုKIA/KIOဘက်ကိုပါ ဆန္ဒပြသင့်တယ်ဆိုတာ သဘောပေါက် ကြမှာပါ။
ငြိမ်းချမ်းရေးလိုလားသော ဆန္ဒပြသမားများအနေဖြင့် အစိုးရနှင့် သက်ဆိုင်သော
ရုံးစိုက်ရာနေရာများတွင် ဆန္ဒပြရန် ကြိုးစားအားထုတ်ကြသော်လည်း KIA/KIO နှင့်
သက်ဆိုင်ရာနေရာများတွင် ဆန္ဒပြရန်ကြိုး ပမ်းဆောင်ရွက်ခြင်းမရှိခဲ့ကြပေ။
အဲ့ဒီအတွက် ကျနော့်အနေဖြင့် တောင်းဆိုချင်တာက လက်ခုပ်ဆိုတာနှစ်ဖက်တီးမှ
မြည်တယ်ဆို သလိုမျိုးအစိုးရတစ်ဖက်တည်းကိုသာ ဦးတည်ဆန္ဒပြနေကြမည့်အစည်း
နှစ်ဖက်မျှတစေရန် KIA/KIO အဖွဲ့ဝင်များသိရှိရလေအောင်
ငြိမ်းချမ်းရေးလိုလားသူကြီးများအနေဖြင့် ကချင်ပြည်နယ်သို့ လည်း
သွားရောက်ဆန္ဒပြသကာငြိမ်းချမ်းရေးအတွက်ကြိုးပမ်းဆောင်ရွက်စေချင်မိပါသည်။
ဝေဠု
No comments:
Post a Comment