မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Friday, September 27, 2013
အကောင်းဆုံးသမ္မတ
Our President
ဗိုလ်ချုပ်နဲ့မနှိုင်းပါဘူး
နှိုင်းလဲမနှိုင်းဝံ့ပါဘူး
နှိုင်းစရာအကြောင်းလဲ နဲနဲမှမရှိပါဘူး
ဘယ်လိုမှလဲနှိုင်းလို့မဖြစ်နိုင်ပါဘူး
ဖြစ်စရာအကြောင်းလဲမရှိပါဘူး
ဒါပေမဲ့
ဗိုလ်ချုပ်နောက်ပိုင်း ခေါင်းဆောင်ဆိုတာထက်
မြန်မာနိုင်ငံကိုအုပ်ချုပ်တဲ့သူတွေထဲမှာ
ရိုးသားကြိုးစား
ဖြောင့်မတ်တည်ကြည်
ကိုယ်ကျင့်တရား ကောင်းမွန်စွာဖြင့်
သာမန် ပြည်သူလူထုမှ ပေါက်ဖွား
အခက်အခဲတွေအများကြီးထဲမှ
ဝေဖန်မှုတွေအများကြီးရှိနေသော်လဲ
သူလုပ်စရာရှိတာကို ဆက်လုပ်နေတယ်
သူ့လို့အသက်အရွယ်
နှလုံးခုန်အကူစက်နဲ့
တခြားသူတွေသာဆိုရင်
ကိုယ့်ကြိုးအတွက်ပဲ ကြည့်ကြမှာပါ
တာကြောင့်မို့လို့ ကျွန်တော်ကတော့
လွတ်လပ်စွာပြောပိုင်ခွင့်
လွတ်လပ်စွာရေးပိုင်ခွင့်
လွတ်လပ်စွာတွေနိုင်ခွင့် ရှိနေတဲ့ခေတ်မှာ
လွတ်လပ်စွာပဲပြောချင်ပါတယ်
အဲ့ဒါကတော့
မြန်မာနိုင်ငံမှာ ဒုတိယအကောင်းဆုံးခေါင်းဆောင်ဟာ
ကျွန်တော်တို့ (သမ္မတ) ပါပဲခင်ဗျာ
No comments:
Post a Comment