Sunday, November 19, 2017

နဝတအစိုးရကို- ပြည်ခိုင်ဖြိုးအစိုးရတို့ကို ကလောင်သွားဖြင့် ထိုးနှက်ခဲ့သော နာမည်ကျော်ဆောင်းပါးဆရာ လက်စောင်းထက်၏ လက်ရှိအစိုးရအပေါ်သုံးသပ်မှု


--------------
အစိုးရအနေဖြင့် မျက်မှန်စိမ်းကို ဖြုတ်ရမည့် အချိန်ရောက်ပြီ
---------------
- လက်စောင်းထက်
စစ်အစိုးရလက်ထက်တွင် နိုင်ငံတကာမှ ပိတ်ဆို့ထားသော်လည်း အောက်ခြေမှစ၍ လူတန်းစားအားလုံး စားဝတ်နေရေး အဆင်ပြေခဲ့ကြသည်။ အဓိကမှာ အလုပ်အကိုင်အခွင့်အလမ်းများ ပြည်တွင်း၌ ရှိနေသောကြောင့် ဖြစ်သည်။ ထိုစီးပွားရေး အဆင်ပြေမှုသည် ဦးသိန်းစိန်အစိုးရလက်ထက်တွင်လည်း ဆက်လက်တည်မြဲခဲ့သည်။ သို့သော် ယခုအစိုးရလက်ထက်တွင် စီးပွားရေးလုပ်ငန်းများ ရပ်တန့်သည်ကရပ်တန့်၊ လေးလံထိုင်းမှိုင်းသည်က လေးလံထိုင်းမှိုင်းဖြစ်ကုန်သည်။ ထို့အပြင် မည်သည့်လုပ်ငန်းလုပ်လုပ်၊ မည်သည့်စီမံကိန်းလုပ်လုပ် ဖျက်လိုဖျက်ဆီးလုပ်လိုသော အင်အားစုအဖွဲ့အစည်းများက တစ်နေ့တခြား များလာသည်။ ထိုအဖွဲ့အစည်းများက ပြည်ပမှ အဖွဲ့အစည်းတချို့၏ ထောက်ပံ့ငွေများဖြင့် ပြည်တွင်းတွင် တိုင်းပြည်အတွက် အကျိုးရှိမည့် စီမံကိန်းလုပ်ငန်းများကို အကြောင်းအမျိုးမျိုးပြပြီး ပိတ်ပင်ကန့်ကွက် တားဆီးနေသဖြင့် အစိုးရသစ်အတွက် လုပ်ရကိုင်ရခက်ခဲလာခဲ့သည်။

တစ်ချိန်တည်းတွင် ဒေသဆိုင်ရာဝန်ကြီးချုပ်များကလည်း သူတို့ဒေသအတွင်း အကောင်အထည်ဖော်လက်စ စီးပွားရေးလုပ်ငန်းများ၊ အခြေခံအဆောက်အအုံဆောက်လုပ်သည့် လုပ်ငန်းများကို အကြောင်းအမျိုးမျိုးပြ ရပ်တန့်စေခဲ့သည်။ နောက်ဆက်တွဲ အကျိုးဆက်ကား ထိုလုပ်ငန်းများတွင် မှီခိုလုပ်ကိုင်နေသော အခြေခံလူတန်းစားများ အလုပ်လက်မဲ့ဖြစ်ကုန်ခြင်းပင်ဖြစ်သည်။ ဘေးထွက်ဆိုးကျိုးကား တစ်နေ့လုပ်မှ တစ်နေ့စားရသူတို့အတွက် အလုပ်လက်မဲ့ဖြစ်လာသောအခါ မထူးဇာတ်ခင်းပြီး ရာဇ၀တ်မှုများ ကျူးလွန်ခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ရာဇ၀တ်မှုများ မြင့်တက်လာသလို ငွေလွယ်လွယ်ရသော မူးယစ်ဆေးဝါး ရောင်းဝယ်ရေး လုပ်ငန်းက တဖြည်းဖြည်း ကြီးထွားလာတော့သည်။

အစိုးရအနေဖြင့် ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများပေးနေသည့် လုပ်ငန်းရှင်များကို အခွန်အကောက်ဖြင့် နှိပ်ကွပ်ခြင်း၊ မည်သည့် အခွင့်အလမ်းမှ ဖန်တီးမပေးခြင်းတို့အပြင် ယခုအခါ ပုဂ္ဂလိကဘဏ်များကိုပါ ထပ်မံတင်းကျပ်နေသည်ဟု ဘဏ်လုပ်ငန်းရှင်များထံမှ ကြားသိရသည်။ အရပ်သုံး စကားဖြင့်ပြောရလျှင် လူအများသည် စီးပွားရေးလုပ်ငန်းများ အဆင်မပြေသဖြင့် သူတို့၏ ငွေများကို ဘဏ်များအတွင်း ထည့်ထားပြီး ဘဏ်တိုးမှငွေကိုသာ ထုတ်ယူစားသုံးနေကြသည်။ တစ်ဖန် မည်သည့်စီးပွားရေးလုပ်ငန်းမှ အသစ်မရှိသဖြင့် မည်သူမှလည်း ဘဏ်မှငွေကို လာမချေးကြ။ ထို့ကြောင့် ဘဏ်များနောက် ခြောက်လခန့်အကြာတွင် ပေးစရာ အတိုးမရှိသဖြင့် ယိုင်လဲတော့မည်ဟူသော အသံများ ထွက်လာပြီဖြစ်သည်။

တိုင်းပြည်တစ်ပြည် စီးပွားရေး နှေးကွေးလာလျှင် ဘဏ်များတွင် အပ်ထားသောလူအများ၏ ငွေများကို ပြန်ထုတ်ပြီး ဈေးကွက်အတွင်း သုံးစွဲစေရန် ဘဏ်အတိုးနှုန်း လျှော့ချခြင်းနှင့် အစိုးရက စီမံကိန်းများဖန်တီးပြီး လှည့်လည်စီးဆင်း ငွေများအောင် လုပ်ရမည်ဖြစ်သည်။ သို့သော် အစိုးရအနေဖြင့် အခွန်အကောက် မည်မျှ ကောက်ခံရရှိသည်ဟူသော အချက်ပေါ်တွင်သာ သာယာကြည်နူးနေသည်ကို တွေ့ရသည်။ ယခုအချိန်အထိ မည်သည့်လွှတ်တော်တွင်မှ “အခြေခံလူတန်းစားများ စီးပွားရေးကျပ်တည်းနေပါပြီ။ အလုပ်အကိုင် အခွင့်အလမ်းများ ဆုံးရှုံးနေပါသည်” ဟူသည့်အဆိုကို မည်သည့် လွှတ်တော်ကိုယ်စားလှယ်ကမှ မတင်သွင်းခြင်းကလည်း ထူးခြားလှသည်။ အစိုးရကို အကျပ်အတည်းတွေ့စေမည့် မေးခွန်းများ မမေးနှင့်ဟု ညွှန်ကြားချက် ထုတ်ထားသည်ဟုလည်း ကြားရရာ ထိုအတိုင်းသာ မှန်ပါက မြန်မာနိုင်ငံမှ ပြည်သူများအဖို့ စစ်အာဏာရှင်အောက်မှ ရွေးကောက်ခံ အာဏာရှင်လက်အောက်သို့ ကူးပြောင်းကျရောက်သည်နှင့် မခြားတော့ပေ။

အစိုးရအဖွဲ့တွင်လည်း အသက်အရွယ်ကြီးရင့်သော ၀န်ကြီးများက အဓိကကျသောနေရာကို ကိုင်တွယ်ထားသည့်အတွက် စိတ်သွားတိုင်း ကိုယ်မပါ ဖြစ်နေကြသည်ဟု အစိုးရအရာရှိကြီးများ ညည်းညူသံကို ကြားဖူးပါသည်။ “အစည်းအဝေးသာ လုပ်တယ်။ ဘာဆုံးဖြတ်ချက်မှလည်း မချဘူး။ ဘာလုပ်ရမှန်းလည်း မသိဘူး။ အခုတော့ အရင်အစိုးရလက်ထက်က လုပ်လက်စလေးတွေပဲ ဆက်လုပ်နေရတာရှိတယ်”ဟု ပြောသူက ပြောသည်။ အစိုးရ၀န်ကြီးမင်းများအဖို့ အလုပ်လုပ်ပြရန်ထက် နိုင်ငံတော်အတိုင်ပင်ခံ အငြိုငြင် မခံရရေးသာ ဦးစားပေးနေကြသည်။ ယခင်အစိုးရလက်ထက်နှင့် ယှဉ်ပါက ယခုအစိုးရအဖွဲ့ဝင်များသည် လာဘ်ပေးလာဘ်ယူ ကင်းရှင်းသည်မှာ ငြင်းစရာမလိုပါ။ သို့သော် လာဘ်ပေးလာဘ်ယူ ကင်းရှင်းသော်လည်း နိုင်ငံတော်အတွက် ၀န်ကြီးဌာနမှ သတ်မှတ်တာဝန်များ မထမ်းဆောင်နိုင်လျှင်လည်း နိုင်ငံ၏ စီးပွားရေးကျဆင်းမည်ပင်ဖြစ်ပြီး တာဝန်ကျေသည်ဟု မယူဆနိုင်ပါ။

လက်ရှိတွင် မြန်မာနိုင်ငံအရပ် ဒေသအသီးသီးမှ ကုန်သည်ကြီးများ၊ စက်မှုလက်မှု လုပ်ငန်းရှင်ကြီးများကို စီမံဘဏ္ဍာဝန်ကြီးကသာ လိုက်လံတွေ့ဆုံနေပြီး စီးပွားကူးသန်းဝန်ကြီးက ပျောက်ချက်သား ကောင်းနေသည်။ စီမံဘဏ္ဍာဝန်ကြီးက လိုက်လံတွေ့ဆုံနေသော်လည်း မည့်သည့်အဖြေမှ ထွက်ပေါ်လာခြင်းမရှိ။ နိုင်ငံတော်အတွက်လည်း နှစ်တိုနှစ်ရှည် စီးပွားရေးအရအစီအမံကလည်း မရှိသောကြောင့် နိုင်ငံ့စီးပွားရေးမှာ တစ်နေ့တခြား ရင်လေးစရာ ဖြစ်နေသည်။

ယခုအခါ မြန်မာနိုင်ငံဒေသ အသီးသီးတွင် ရေကြီးနေသည်။ ပြင်းထန်ရာသီတုပ်ကွေး ဖြစ်ပွားနေသည်။ သို့သော် မည်သည့် ပရဟိတအဖွဲ့မှ ထွက်ပေါ်မလာသလို မည်သည့်စီးပွားရေးလုပ်ငန်းရှင်ကမှ ကူညီထောက်ပံ့ခြင်း မပြုသည်မှာ ထူးခြားချက်တစ်ရပ် ဖြစ်လာသည်။ ဆိုရလျှင် စီးပွားရေးလုပ်ငန်းရှင်များက ဆိတ်ဆိတ်နေခြင်းဖြင့် အစိုးရကို မလိုလားသည့် အရိပ်အယောင်များ စတင်ပြသလာပြီ ဖြစ်သည်။ စီးပွားရေးလုပ်ငန်းရှင်များကို “ခရိုနီတွေပါ၊ အရင်အစိုးရနဲ့ ပေါင်းစားနေသူတွေပါ၊ သူတို့ကို ဘာလုပ်ငန်းမှ ချမပေးနဲ့၊ သူတို့ဆီက အခွန်အကောက်တွေ တိုးကောက်၊ ဒီလူတွေက အစိုးရဆီက နို့သက်ခံစို့နေတာပဲ”ဟု ပြောနေမည့်အစား မြင်နေမည့်အစား၊ ထိုသူများဖြင့် တိုင်းပြည်စီးပွားရေးကို မောင်းနှင်ရန် စည်းရုံးရမည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် တိုင်းပြည်စီးပွားရေးကို မောင်းနှင်နိုင်မည့် ဓနအင်အား၊ အတွေ့အကြုံနှင့် လူသားအရင်းအမြစ်များသည် ထိုသူများထံတွင်သာ ရှိသောကြောင့်ဖြစ်သည်။ “ဒီအစိုးရက ပြောတော့သာ ဒီမိုကရေစီအစိုးရ၊ လုပ်နေတာက ကွန်မြူနစ်အတိုင်းပဲ”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပြဖူးပါသည်။

မိမိတို့သည် လက်ရှိ အစိုးရဖြစ်နေပြီဖြစ်သည်။ အတိုက်အခံ မဟုတ်တော့ပါ။ ထိုအချက်ကိုလည်း သတိပြုသင့်ပါသည်။ အစိုးရအနေဖြင့် လက်ဝယ်တွင် နိုင်ငံတော်၏ အာဏာရှိသဖြင့် အစိုးရ၏ လုပ်ဆောင်ချက်သည် ပြည်သူပြည်သားများကို ဆင်းရဲတွင်းမှ ကယ်တင်နိုင်သလို ဆင်းရဲတွင်းသို့လည်း ထိုးချနိုင်သည်ကို ရှေးယခင် အတွေ့အကြုံများအရ ပြည်သူများ ခံစားပြီးဖြစ်ပါသည်။ မျှော်မှန်းချက်ကြီးစွာဖြင့် ပြည်သူများက ရွေးချယ်လိုက်သော အစိုးရအနေဖြင့် ပြည်သူများ၏ တစ်နေ့တခြား ကျပ်တည်းလာသော နိစ္စဒူဝ စားဝတ်နေရေးကို ဖြေရှင်းရန် အချိန်ကျရောက်နေပြီ ဖြစ်ပါသည်။ ထို့ကြောင့် ယခင်က တပ်ထားသော မျက်မှန်စိမ်းများကို ဖြုတ်ပြီး တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် စီးပွားရေး စီမံချက်များ အမြန်ရေးဆွဲ လုပ်ဆောင်ရန် အချိန်ကျရောက်နေပြီဖြစ်ပါကြောင်း လေးလေးနက်နက် တိုက်တွန်းလိုက်ပါသည်။
Tomorrow Journal

NCA ထိုးထားသည့် လက်နက်ကိုင်အဖွဲ့ ရုံး ရန်ကုန်တွင် ပထမဆုံးဖွင့် .

.......................................
ရန်ကုန်၊ နိုဝင်ဘာ ၁၈

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ကို လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ရုံးကို ရန်ကုန်တွင် ပထမဆုံး စတင် ဖွင့်လှစ်ခဲ့သည်။ (J-08)

the voice

ဆင်းရဲနိမ့်ကျသော ရပ်ကွက်များ ဖွံ့ဖြိုးရေးစီမံကိန်းအတွက် ကန်ဒေါ်လာ တစ်သန်း သုံးမည်


-------  အောင်သူရိန်  -------
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒလမြို့နယ်နှင့် လှိုင်သာယာမြို့နယ်ရှိ ရပ်ကွက်အချို့တွင် ဆင်းရဲနိမ့်ကျသော ရပ်ကွက်များရှိနေသဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် အာရှဖွံ့ဖြိုးရေးဘဏ် ADB ၏ ကူညီထောက်ပံ့မည့် ကန်ဒေါ်လာတစ်သန်းဖြင် ရှေ့ နှစ် ဇန်န၀ါရီလတွင် စီမံကိန်းကို စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒလမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်က အကုန်သိသတင်းဌာနကို ပြောသည်။

ဘွန်ဒက်စ်လီဂါပွဲ၅၀၀နိုင်ပွဲရ နည်းပြအဖြစ် ဘိုင်ယန်မြူးနစ်နည်းပြဂျက်ဟေး နက်စ် စံချိန်တင်နိုင်ခဲ့ပြီဖြစ်


================================================
ဘိုင်ယန်မြူးနစ်အသင်းအား တစ်ကျော့ပြန်တာဝန်ယူကိုင်တွယ်လျက်ရှိ သ ည့် ၀ါရင့်နည်းပြဂျက်ဟေးနက်စ်သည် အော့စ်ဘတ် အသင်းအား ၃ဂိုးပြတ် အနိုင်ရရှိခဲ့သည့်ပွဲစဉ်အပြီးတွင် ဘွန်ဒက်စ်လီဂါနိုင်ပွဲပေါင်း၅၀၀ပြည့်မြောက် သည့် နည်းပြအဖြစ် စံချိန် မှတ်တမ်းတင်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ဘွန်ဒက်စ်လီဂါနိုင်ပွဲပေါင်း ၅၀၀ပြည့်မြောက်ခဲ့သည့် ဂျာမနီဝါရင့် နည်းပြဂျက်ဟေးနက်စ်အနေဖြင့် မိုချင်ဂလတ်ဘ တ်အသင်းနှင့်အတူ ပထ မဦးဆုံးနိုင်ပွဲရယူနိုင်ခဲ့ခြင်းဖြစ်ပြီး ဘွန်ဒက်စ်လီဂါပွဲပေါင်း ၈၅၄ပွဲ တာဝန်ယူ ကိုင်တွယ်ခဲ့သည့် ပွဲစဉ်လ ည်းဖြစ်လာခဲ့သည်။

နည်းပြအန်စလော့တီအား ရာထူးမှထုတ်ပယ်ခဲ့ပြီး ဘိုင်ယန်မြူးနစ်အသင်း အား လေးကြိမ်မြောက်အဖြစ်တာဝန်ယူကိုင်တွယ်ခဲ့သည့် အသက် ၇၂နှစ် အရွယ်ရှိ ဂျက်ဟေးနက်စ်သည် သမိုင်းတစ်လျှောက် အသက်အကြီးဆုံး န ည်းပြအဖြစ် မှတ်တမ်းတင်နိုင် ရန် နီးစပ်နေခဲ့သူလည်းဖြစ်သည်။

လုပ်ဖော်ကိုင်ဖက်ကောင်းဆိုတာ ..............................


ဘယ်လုပ်ငန်းခွင်မျိုးမဆို ပျော်ရွှင်ချမ်းမြေ့စရာ ကောင်းတဲ့ လုပ်ငန်းခွင်တစ်ခုကို အလုပ်သမားတွေ၊ ဝန်ထမ်းတွေ၊ အမှုထမ်းတွေ အားလုံး တောင့်တကြတာချည်းပါပဲ။ ကပ်စေးနှဲပြီး ပေးကမ်းရမှာ နှမြောတွန့်တိုတဲ့ လုပ်ငန်းရှင်လက်အောက်တွင်ဖြစ်စေ၊ ဝန်ထမ်းတွေအပေါ် ညီအစ်ကို မောင်နှမသဖွယ် သဘောထားပြီး ပေးကမ်းရက်ရောတတ်တဲ့ လုပ်ငန်းရှင်လက်အောက်တွင်ဖြစ်စေ လုပ်ဖော်ကိုင်ဖက်ကောင်းတွေ ရှိခြင်း မရှိခြင်းကသာ အလုပ်မှာ ပျော်သလား၊ မပျော်ဘူးလား ဆိုတဲ့ကိစ္စကို ယေဘုယျ ဆုံးဖြတ်ပေးနိုင်တာပါ။

လစာနည်းလို့၊ ခံစားခွင့် မရှိလို့၊ ကိုယ့်ဝါသနာနဲ့ ကိုက်ညီမှု မရှိလို့စတဲ့ အကြောင်းပြချက်တွေနဲ့ အလုပ်ပြောင်းကြတာထက် လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်မပြေလို့၊ အထူးသဖြင့် အနီးကပ် စီနီယာတွေနဲ့ အဆင်မပြေလို့ အလုပ်ပြောင်းကြရတဲ့ ဝန်ထမ်းဦးရေက ပိုများတယ် ဆိုတာကို အလုပ်အကိုင်နဲ့ ပတ်သက်တဲ့ စစ်တမ်းတွေမှာ မကြာခဏ တွေ့ရသလို အဲဒီအချက်ကပဲ လုပ်ငန်းထင်သလောက် အောင်မြင်ပေါက်မြောက် မဖြစ်ရတဲ့ အကြောင်းတွေထဲမှာ ရှေ့ဆုံးကပါနေ တတ်တာကိုလည်း တွေ့ရပါတယ်။

တကယ်တမ်းတော့ မန်နေဂျာနဲ့ ဝန်ထမ်း၊ စီနီယာနဲ့ ဂျူနီယာ စတဲ့အခေါ် အဝေါ်တွေ ဘယ်လိုပဲခေါ်ခေါ် လုပ်ဖော်ကိုင်ဖက်ဆိုတာ မိသားစုတစ်စုထဲက မိသားစုတွေလိုပါပဲ။ နိုင်ငံရေးပါတီ တစ်ခုမှာပဲဖြစ်ဖြစ်၊ အစိုးရဝန်ကြီးဌာနမှာပဲ ဖြစ်ဖြစ်၊ ကုမ္ပဏီ ဒါမှမဟုတ် စက်ရုံတစ်ခုထဲမှာပဲဖြစ်ဖြစ် အလုပ် လုပ်ကြပြီဆိုရင် လုပ်ဖော်ကိုင်ဖက်တွေဆိုတာ မိသားစုဝင်တွေထက် မပိုလျှင်သော်လည်း မိသားစု ဝင်တွေလို အမြဲတစေ ထိတွေ့ဆက်ဆံနေကြရတဲ့သူတွေပါပဲ။ တချို့တွေဆိုရင် ညီအစ်ကို မောင်နှမ အရင်းအချာနဲ့တောင် နေ့စဉ်နေ့တိုင်း မတွေ့ဖြစ်ကြဘူး မဟုတ်လား။

အဲဒါကြောင့် လုပ်ဖော်ကိုင်ဖက်တွေကို မိသားစုဝင် အရင်းအချာလို သဘောထားနိုင်လေ ပျော်ရွှင်စရာ ကောင်းတဲ့ အလုပ်ခွင်တစ်ခုကို ဖန်တီးနိုင်ရုံ သာမက ကိုယ့်ရဲ့လုပ်ငန်းခွင်ပါ အောင်မြင်ဖြစ်ထွန်းမှုတွေရလေ ဆိုတဲ့အချက်ကို အထူးပဲ သတိပြုသင့်ပါတယ်။ ရမယ့်အခွင့်အရေးလေးတွေကို ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေအတွက် အမြဲ စဉ်းစားပေးတာတို့၊ အုပ်စုလိုက်၊ နှစ်ဦးတည်းအလိုက် လက်ဖက်ရည်ဆိုင် ထိုင်တဲ့အချိန်မှာ သူတို့ရဲ့ လုပ်ငန်းခွင် အခက်အခဲလေးတွေနဲ့ ပုဂ္ဂိုလ်ရေး ပြဿနာလေးတွေကို နားထောင်ပေးတာတို့ စတာတွေဟာ လုပ်ဖော် ကိုင်ဖက်တွေနဲ့ ဝန်ထမ်းတွေကို လစာဆိုတာထက် ကြီးမားတဲ့ ခွန်အားပေးစွမ်းနိုင်ပါတယ်။

မိသားစုတစ်စုမှာ မိဘကောင်းတွေဆိုတာ သားသမီးတွေရဲ့ လုပ်ဆောင်ချက် ကောင်းလေးတွေကို အမြဲတစေ ဖော်ထုတ်ချီးမွမ်းပြီး စဉ်းစဉ်းစားစား ချင့်ချင့်ချိန်ချိန်နဲ့ ကိုယ့်မိသားစု အရေးကိစ္စကို ပြန်ပြီး ဝေဖန်ဆန်းစစ်တတ်အောင် သင်ပေးတတ်ကြသူတွေပါ။ အဲဒီလိုပဲ လုပ်ဖော်ကိုင်ဖက်ကောင်းဆိုတာလည်း ကိုယ့်အဖွဲ့အစည်း၊ ကိုယ့် Team ထဲက ဝန်ထမ်းတွေရဲ့ ကြိုးစားမှုတွေ၊ အောင်မြင်ဖြစ်ထွန်းအောင် စွမ်းဆောင်နိုင်မှုတွေကို အားတက်စေမယ့် စကားတွေနဲ့ ချီးမွမ်း အသိအမှတ်ပြုပြီး ကိုယ့်အဖွဲ့အစည်းရဲ့အပေါ် လက်ရှိ အခြေအနေထက် ပိုကောင်းတဲ့ အကြံဉာဏ်တွေ ထွက်လာအောင် ဖန်တီးပေးနိုင်ရပါမယ်။ မိသားစုထဲမှာ ဘယ်သူမှ တသီးတခြား ဖြစ်အောင် မထားတတ်ကြပါဘူး။ တစ်လှေတည်းစီး တစ်ခရီးတည်းသွားနေကြရတဲ့ လုပ်ငန်းခွင်ထဲမှာလည်း လုပ်ဖော်ကိုင်ဖက်တွေ တစ်ယောက်နဲ့တစ်ယောက် ခပ်စိမ်းစိမ်းကြီး နေကြမယ်ဆိုရင်၊ ခေတ်စကားအရ ပညာပြကြမယ်ဆိုရင် လုပ်ငန်းတစ်ခုလုံး အနုတ်လက္ခဏာ ပြတဲ့ဘက်ရောက်ပြီး နောက်ဆုံးမှာ ကိုယ်ထိုင်နေတဲ့ သစ်ကိုင်းကို ကိုယ်ချိုင်ချပစ်တဲ့ကိန်းပဲ ဆိုက်မယ်ဆိုတာ သတိပြုသင့်ပါတယ်။

သည်နေ့ခေတ် အထူးပင် ရေပန်းစားနေတဲ့ စကားလုံးဖြစ်တဲ့ ပဒေသာစုံ ယဉ်ကျေးမှုဆိုတာကို အသာထားပြီး မိသားစုတစ်စုကိုပဲ စဉ်းစားကြည့်ပါ။ မိဘဖြစ်သူ အဖေနဲ့ အမေလည်း အကျင့်စရိုက်ချင်း တူချင်မှ တူသလို၊ သားသမီးတွေ ဆိုတာလည်း အကျင့်စရိုက် အမြဲမတူတတ်ပါဘူး။ ဒါပေမဲ့လည်း တစ်ဦးနဲ့တစ်ဦး နားလည်မှု၊ အသိအမှတ်ပြု လက်ခံမှု စတာတွေနဲ့ ရှေ့ဆက်ကြရတာပဲ မဟုတ်လား။ လုပ်ငန်းခွင်တစ်ခုထဲမှာ အကျင့်စရိုက်မတူတဲ့ လုပ်ဖော်ကိုင်ဖက်တွေရှိ လာတိုင်း စိတ်ညစ်စရာ မဟုတ်ပါဘူး။ တစ်ယောက်ချင်းစီရဲ့ မတူညီတဲ့ အကျင့်စရိုက်တွေကို နားလည်လက်ခံပြီး အဲဒီလို မတူတဲ့အကျင့်စရိုက်က ကိုယ့်လုပ်ငန်းခွင် တိုးတက်မှု ရရှိအောင် ဘယ်လို ဖန်တီးပေးနိုင်မလဲ ဆိုတာကိုပဲ စဉ်းစားရမှာပါ။

တကယ်တော့ လူဆိုတာ မျှော်လင့်ချက်၊ တောင့်တချက် စတဲ့ လိုအင်ဆန္ဒတွေနဲ့ အသက် ဆက်နေကြသူတွေချည်းပါပဲ။ ငယ်ငယ်ကတည်းက မိသားစုတွေထဲမှာ မိဘတွေက သားသမီးတွေကို ဘယ်လိုက်ပို့မယ်၊ ဘာဝယ်ပေးမယ်ဆိုပြီး စာကျက်ခိုင်းတာ၊ အိမ်အလုပ် ကူလုပ်ခိုင်းတာမျိုးတွေနဲ့ ကြိုးစားချင်စိတ်၊ ဝိုင်းဝန်း အလုပ်လုပ်ပေးချင်စိတ် ပေါက်လာအောင် မက်လုံး ပေးတတ်ကြတယ် မဟုတ်လား။ အဲဒီလိုပါပဲ။ လုပ်ဖော်ကိုင်ဖက်ကောင်းတွေ၊ မန်နေဂျာကောင်းတွေ၊ စီနီယာကောင်းတွေ ဆိုတာလည်း ကိုယ့်အဖွဲ့အစည်းထဲက တခြား လုပ်ဖော်ကိုင်ဖက်တွေ အလုပ်ကြိုးစားချင်စိတ်တွေ၊ တီထွင်ဆန်းသစ်မှုတွေ လုပ်ချင်လာအောင် စစ်မှန်တဲ့ မျှော်လင့်ချက်ကောင်းတွေ ပေးနိုင်ကြရပါမယ်။ အခွင့်အရေး ကောင်းမှန် သမျှ ငါအရင်ရ၊ ငါအရင်ယူလို့ သဘောထားမျိုးထားမယ်ဆိုရင်၊ မျှော်လင့်ချက် တွေပေးပြီး တကယ်ဖန်တီးမပေးဘဲထားမယ်ဆိုရင် ရေရှည်လုပ်ငန်းခွင်မှာ အပြန် အလှန်ယုံကြည်မှုဆိုတာ ကွယ်ပျောက်ဖို့ပဲ ရှိမှာပါ။ လိုရင်းပြောရမယ်ဆိုရင် လုပ်ဖော်ကိုင်ဖက် ကောင်းဆိုတာ မိတ်ဆွေကောင်းလည်း ဖြစ်သလို မိသားစုဝင် ကောင်းသဖွယ်လည်းဖြစ်ပြီး ငါ၊ သူတစ်ပါး နှစ်ဖြာသော အကျိုးကို သာမက လုပ်ငန်းအောင်မြင်ဖြစ်ထွန်းမှု ဆိုတဲ့အကျိုးကိုပါ သယ်ပိုးနိုင်တဲ့သူတွေလည်း ဖြစ်တယ်ဆိုတာကို ပြောလိုတာပါ။

အယ်ဒီတာ (၁၈-၁၁-၂၀၁၇)
..........................
Editorial, The Voice Daily, Vol-5/No-189 (#voiceeditorial)

ချောင်းသာကမ်းခြေအနီးရှိ ငါးလှမ်းစင်များကြောင့် ဒေသခံများနှင့် ခရီးသွား ဧည့်သည်များ ငါးပုပ်နံ့ ခံစားနေရ


------ အောင်သူရိန် ------
ချောင်းသာကမ်းခြေအနီးရှိ ချောင်းသာရွာတွင် ငါးလှမ်းသည့်စင်များမှ ထွက်လာသည့် ငါးပုပ်နံ့များကြောင့် ရွာသားများအပါအ၀င် လာရောက်လည်ပတ်သူများ စိတ်ညစ်နေကြရကြောင်း သိရသည်။

ခရီးသည်တင်ကားတင်သွင်းသည့် ကုမ္ပဏီများ ယာဉ်လိုင်းပြေးဆွဲခွင့် မလျှောက်ထားပါက အရေးယူခံရမည်


-------  စုသက်နှင်း  ------
ခရီးသည်တင်ဘတ်စ်ကားတင်သွင်းရောင်းချသည့် ကုမ္ပဏီများအနေဖြင့် အာဏာပိုင်အဖွဲ့ထံ ယာဉ်လိုင်းပြေးဆွဲခွင့် မလျှောက်ထားပါက အရေးခံရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲရေးအာဏာပိုင်အဖွဲ့က အသိပေးပြောကြားလိုက်သည်။

Saturday, November 18, 2017

အင်တာနက်သုံးရင်း အပိုဝင်ငွေရှာနိုင်မယ့် နည်းလမ်း (၃) ခု

#Advertorial

.........................................

အင်တာနက် သုံးတယ်ဆိုတာ ပိုက်ဆံကုန်တဲ့ကိစ္စလို့ လူတော်တော်များများက သိထားကြပေမယ့် တကယ်တော့ လုပ်တတ်၊ ကိုင်တတ်ရှိမယ်ဆိုရင် အွန်လိုင်းပေါ်ကနေပဲ အပိုဝင်ငွေရှာလို့ရမယ့် နည်းလမ်းတွေ ရှိနေပါတယ်။ ဒီနည်းလမ်းတွေကတော့ ချက်ချင်း၊လက်ငင်း သိန်းနဲ့ချီပြီးရှာလို့ရမယ့်နည်းလမ်းတွေ မဟုတ်ပေမယ့် ကိုယ်ပိုင်ကျွမ်းကျင်မှုလည်းရှိမယ်၊ ကြိုးကြိုးစားစားလည်း လုပ်မယ်ဆိုရင်တော့ တဖြည်းဖြည်းနဲ့ အားကိုးလောက်တဲ့ ဝင်ငွေမျိုးဖြစ်လာနိုင်တဲ့ နည်းတွေပဲဖြစ်ပါတယ်။

၁။ Freelancer
သင့်မှာ ဘာသာပြန်တာ၊ စာရေးသားတာ၊ ဗွီဒီယို တည်းဖြတ်တာ၊ Graphic Design ရေးဆွဲတာ စတဲ့ကျွမ်းကျင်မှုမျိုးတွေထဲက တစ်ခုခု ရှိထားတယ်ဆိုရင် အင်တာနက်ကနေတစ်ဆင့် အိမ်မှာနေရင်း အလွတ်တမ်းကျွမ်းကျင်သူ(Freelancer) တစ်ဦးအဖြစ် ရပ်တည်လို့ ရပါတယ်။ ဒီလို Freelancer တစ်ဦးအဖြစ် ရပ်တည်မယ်ဆိုရင် ကိုယ်လုပ်ကိုင်မယ့် အလုပ်အမျိုးအစားအလိုက် လိုအပ်မယ့် ကွန်ပျူတာ၊ အင်တာနက်နဲ့ အခြားပစ္စည်းတွေကို လိုအပ်မှာပဲ ဖြစ်ပါတယ်။ လိုအပ်တဲ့ပစ္စည်းတွေရှိပြီဆိုရင် အင်တာနက်ပေါ်ကနေ အလုပ်အပ်မယ့်သူတွေ ရှာဖွေရမှာဖြစ်ပါတယ်။ ကိုယ့်ရဲ့လူမှုကွန်ယက် အကောင့်ကနေပဲ ကိုယ့်ကိုယ်ကိုယ် ကြော်ငြာပြီး Client တွေရှာဖွေဖို့လိုအပ်သလို Freelancer တွေနဲ့ အလုပ်အပ်ချင်သူတွေကို ချိတ်ဆက်ပေးနေတဲ့ ဝက်ဘ်ဆိုဒ်တွေ၊ Facebook Group တွေကို ဝင်ရောက်ပြီးတော့လည်း ရှာဖွေရမှာ ဖြစ်ပါတယ်။

၂။ Blogger / Social Influencer

Facebook ပေါ်မှာ ခရီးသွားဖို့ လမ်းညွှန်ရေးတဲ့ Travel Blogger တွေ၊ အလှပြင်နည်းတွေ ပြသ၊ ရေးသားတဲ့ Beauty Blogger တွေလို Blogger တွေနဲ့ ကဏ္ဍအလိုက် ပရိသတ်အများကြီးအပေါ် လွှမ်းမိုးမှုရှိတဲ့ Social Influencer တွေဟာ နာမည်ကျော် Cele လည်းဖြစ်သလို၊ ဝင်ငွေလည်း တကယ်ရကြပါတယ်။ သူတို့လိုဖြစ်ဖို့ဆိုရင်တော့ လိုအပ်ချက်တွေက နည်းနည်းမြင့်ပါတယ်။ ကိုယ်ဝါသနာပါပြီး ကျွမ်းကျင်တဲ့ကဏ္ဍ တစ်ခုခုမှာ နှံ့စပ်မှုရှိဖို့လိုသလို၊ လူတွေ စိတ်ဝင်စားအောင်၊ ကိုယ့်ကို ခင်မင်အောင်လည်း ရေးတတ်၊ သားတတ်၊ နေတတ်၊ ထိုင်တတ်ဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ သင့်မှာသာ အရည်အချင်း ရှိမယ်ဆိုရင် ဒါဟာလည်း အင်တာနက်ပေါ်ကနေ ဝင်ငွေရှာဖွေဖို့အတွက် ရွေးချယ်လို့ရနိုင်တဲ့နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။

၃။ Online Store

ဒီနည်းလမ်းကတော့ အထူး ကျွမ်းကျင်မှု တစ်မျိုးမျိုး မလိုအပ်ပါဘူး။ ဒါပေမဲ့ဈေးရောင်း၊ ဈေးဝယ်တတ်တဲ့ အမြင်နဲ့ အရင်းအနှီး အနည်းငယ်ရှိဖို့တော့ လိုပါတယ်။ အွန်လိုင်းစတိုး ဖွင့်တယ်ဆိုတဲ့နေရာမှာ သူများတွေ အွန်လိုင်းမှာရောင်းနေတဲ့ပ စ္စည်းမျိုးတွေကိုပဲ လိုက်ရောင်းမယ်ဆိုရင်တော့ ထူးထူးခြားခြား အောင်မြင်မှာမဟုတ်ပါဘူး။ လူတွေ သိပ်သတိမပြုမိသေးဘဲ လူအများစု ကြိုက်မယ့်၊ လိုအပ်မယ့်ပစ္စည်းမျိုးကို ဈေးကွက်ထဲမှာရှာဖွေတတ်ဖို့ လိုပါတယ်။ အွန်လိုင်းစတိုးဆိုတာနဲ့ နိုင်ငံခြားကနေ ပစ္စည်းမှာပြီးပဲ ရောင်းရမယ်လို့လည်း ပုံသေမှတ်မထားသင့်ပါဘူး။ ပြည်တွင်းမှာပဲ လက်ကားဝယ်ပြီး လက်လီပြန်ရောင်းရင် ကိုက်မယ့် ပစ္စည်းမျိုးတွေလည်း ရှိပါတယ်။ လက်ရှိမှာတော့ အွန်လိုင်းစတိုး ဖွင့်မယ်ဆိုရင် Facebook ပေါ်မှာ Page ထောင်ပြီးရောင်းတာက အမြန်ဆုံးနဲ့ အလွယ်ဆုံး နည်းလမ်းပါပဲ။ ဒါကြောင့် Facebook မှာ Page ထောင်တာ၊ များများ ရောင်းရအောင် Boost လုပ်တာတွေကိုတော့ အရင် လေ့လာထားဖို့ လိုပါတယ်။

ဒါတွေကတော့ အွန်လိုင်းကနေ ဝင်ငွေရှာလို့ ရနိုင်တဲ့နည်းလမ်းတွေ အများကြီး ရှိတဲ့အထဲက လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ အဆင်ပြေနိုင်ဆုံး နည်းလမ်း ၃ ခုကိုဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။ အွန်လိုင်းပေါ်ကနေ ဝင်ငွေရှာဖို့အတွက် အရေးကြီးဆုံး လိုအပ်ချက်က အင်တာနက်လိုင်းဆိုတာတော့ အထူး ပြောဖို့လိုမယ်မထင်ပါဘူး။ အင်တာနက်လိုင်းက ကောင်းဖို့လိုသလို ဈေးနှုန်းကလည်း သက်သာမှ တွက်ချေကိုက်မှာပါ။ ဒီအတွက်ဆိုရင်တော့ Ooredoo ရဲ့ 4G နက်ဝပ်နဲ့ ဖလန်းဖလန်း အစီအစဉ်တို့ကို စိတ်ချ လက်ချသုံးဖို့ အကြံပေးချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Ooredoo ရဲ့ 4G ကွန်ယက်ဟာဆိုရင် လက်ရှိမြန်မာနိုင်ငံရဲ့ အမြန်ဆုံးနဲ့ အကြီးဆုံးကွန်ယက်ဖြစ်ပြီး စဉ်ဆက်မပြတ် တိုးချဲ့မှုတွေ လုပ်ဆောင်လျက်ရှိသလို ဖလန်းဖလန်း အင်တာနက် Package ကလည်း 1 MB ကို ၅ ကျပ်သာ ကျသင့်တဲ့ လက်ရှိ ဈေးကွက်ထဲမှာ အသက်သားဆုံး အစီအစဉ်ဖြစ်နေလို့ပါပဲ။