Sunday, May 29, 2016

မုတ်သုံလေအားကောင်း၍ ရန်ကုန်နှင့် ဒေသအချို့ မိုးကြီးမည် --------------------------------

မုတ်သုံလေအားကောင်း၍ ရန်ကုန်နှင့် ဒေသအချို့ မိုးကြီးမည် ----------------------------------------------- ရန်ကုန်၊ မေ ၂၈ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် မုတ်သုံလေ အားအလွန်ကောင်းနေသည့်အတွက် ရန်ကုန်အပါအဝင် ဒေသအချို့ မိုးကြီးမည်ဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ကြေညာချက်ထုတ်ပြန်သည်။ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် နေရာအနှံ့အပြားမှ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး မိုးကြီးမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်အချက်အရ သိရသည်။ နေရာကွက်၍ မိုးကြီးနိုင်သည့်အပြင် မုတ်သုံလေအားကောင်းသည့်အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းများကျရောက်ပြီး မိုးလေ၀သအခြေအနေ ဆိုးရွားနိုင်သည့်အတွက် သတိပြုရန်လိုအပ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြား မှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။ ယခုသီတင်းပတ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လောင်းလုံးမြို့တွင် ၄ ဒသမ ၂၅ လက်မ၊ မြိတ်မြို့တွင် ၂ ဒသမ ၆၄ လက်မ၊ ထားဝယ်မြို့တွင် ၂ ဒသမ ၃၆ လက်မ၊ ကော့သောင်းမြို့တွင် ၂ ဒသမ ၂၈ လက်မ၊ ညောင်တုန်းမြို့တွင် ၁ ဒသမ ၉၃ လက်မ၊ ကျိုက္ခမီမြို့တွင် ၁ ဒသမ ၈၅ လက်မ၊ ရန်ကုန်(ဒဂုံမြောက်ပိုင်း)တွင် ၁ ဒသမ ၅ လက်မနှင့် မိုးကုတ်မြို့တွင် ၁ ဒသမ ၄၆ လက်မအထိ မိုးရေချိန်ရရှိခဲ့ကြောင်း အဆိုပါဌာနထံမှ သိရသည်။

အဆင့်အတန်းခွဲခြားမှုကိုဆန့်ကျင်သည့် ကိုဟ်တုံးလုံးကမ္ဘာပတ် စက်ဘီးစီးအသင်း မြန်မာနိုင်ငံသို့ရောက်ရှိမည်


အဆင့်အတန်းခွဲခြားမှုကိုဆန့်ကျင်သည့် ကမ္ဘာပတ်စက်ဘီးစီး အသင်း Nude of love သည် ထိုင်းနိုင်ငံ ဘန်ကာက်မြို့ကိုဖြတ်ကာမကြာခင်မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိတော့မည်ဖြစ်ကြောင်းသတင်းရရှိပါသည်။

၎င်းအသင်းသည် ၂၀၁၅ ခုနှစ် မတ်လတွင် နယ်သာလန်နိုင်ငံမှ ထွက်ခွာခဲ့ပြီး ယခုအခါမြန်မာနိုင်ငံအတွင်းစက်ဘီးဖြင့်လှည့်လည်သွားလာဦး မည်ဖြစ်ပါသည်။ အသင်းတွင်အမျိုးသမီး ၅၀ ဦး အမျိုးသား ၂၃၀ ဦးပါဝင်ပြီး မြန်မာနိုင်ငံမှလိုက်ပါလိုသူရှိပါက စက်ဘီး, နိုင်ငံကူးလက်မှတ်အပြင် စားစရိတ် နေစရိတ်ပါဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
#copyယူပြီးတင်ပါသည်။

Yoyolay ကတော့ လုံးဝကန့်ကွက်ပါတယ်
ဘယ့်နဲ့ဗျာ တခြားနည်းတွေနဲ့ အဆင့်အတန်းခွဲခြားမှု ဆန့်ကျင်လို့မရတော့ဘူးလား ဒီအတိုင်းလုပ်နေတာကတကယ်အရူးတွေပဲလို့ထင်မြင်မိတယ်။

Credit -Yoyo lay

ဦးဌေးဦး လမ်းကြောင်း လုံခြုံရေးယာဉ်ပေးထားသည့် ကိစ္စ တိုင်းအစိုးရအဖွဲ့ကို မေးမြန်းထားဟုဆို ------------------------------------------


ကြံ့ခိုင်ရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး၏ ဟင်္သာတမြို့နယ်တွင်း ခရီးစဉ်များတွင် လမ်းကြောင်း လုံခြုံရေးယာဉ်တန်းပေးအပ်ထားသည့် ကိစ္စရပ် နှင့် ပတ်သက်ပြီး ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ထံသို့ တင်ပြ မေးမြန်းထားကြောင်း ဟင်္သာတမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကိုကို ကပြောကြားသည်။

“ဦးဌေးဦးက အစိုးရအဖွဲ့ဝင်တစ်ယောက်လည်း မဟုတ်သလို နိုင်ငံအကြီးအကဲတစ်ယောက်လည်း မဟုတ်ဘူး။ အဲဒီ ကိစ္စကို သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြထားတယ်။ တိုင်းအစိုးရအဖွဲ့က ဆောင်ရွက်ပေးသွားမှာပါ” ဟု ဦးအောင်ကိုကိုက ဆိုသည်။

ဟင်္သာတခရိုင်အတွင်း ဒေသဖွံဖြိုးရေးလုပ်ငန်းများလုပ်ကိုင်ရန် သွားလာလျက်ရှိသော ဦးဌေးဦး၏ လမ်းကြောင်း ခရီးစဉ်များတွင် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော လုံခြုံရေး ယာဉ်တန်းကို အသုံးပြုလျက်ရှိသောကြောင့် ဒေသခံ အချို့၏ ကန့်ကွက်ဝေဖန်မှုများလည်း ထွက်ပေါ်လျက်ရှိသည်။

ယင်းကိစ္စရပ် နှင့် ပတ်သက်ပြီး ဟင်္သာတမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည် ဖြေဆိုခြင်းမရှိခဲ့ပေ။

သို့သော် ဟင်္သာတ မြို့နယ် ရဲသတင်းတပ်ဖွဲ့ထံ ထပ်မံမေးမြန်းရာ တွင် တာဝန်ရှိသူတစ်ဦးက “သူ့ယာဉ်တန်းနဲ့ သူ သွားနေတာပါ။ ကျန်တာတော့မသိဘူး” ဟုဆိုသည်။

ဦးဋ္ဌေးဦးသည် တပ်မတော်တွင် ဗိုလ်ချုပ်အဆင့် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ပြီး ကြံ့ခိုင်ရေးပါတီ ထိပ်ပိုင်းခေါင်းဆောင် တစ်ဦးဖြစ်ကာ၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ရွေးကောက်ခံခဲ့ရသူဖြစ်သည်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ဟင်္သာတမြို့နယ်မှ ထပ်မံ ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်ရရှိခဲ့ခြင်းမရှိပေ။

The voice


ကချင်မန္တလာ ကားလေး ယာဉ်တိုက်မှုဖြစ် (၂)ဦးသေဆုံး (၉)ဦး ဒဏ်ရာရ


ရွှေဘို-မြစ်ကြီးနား ဗျူ ဟာလမ်း ပင်ဝယ်ကျေးရွာအနီးတွင် ပင်ဝယ်ရွာနှင့်ပင်းတင် ရွာကြား (၂၈.၅.၂၀၁၆) ရက်နေ့ ယနေ့ နံနက် ၃း၃၀ အချိန်ခန့်တွင် လမ်းဘေးခေတ္တ ရပ်နားထားသော ၆ဘီးကားယာဉ်ကို မြစ်ကြီးနားမှ မန္တလေးဘက်သို့ မောင်းနှင်လာသော ကချင်မန္တလာ ကားလေး နှင့် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ကားလေးမှာ ခရီးသည်နှင့်ယာဉ်မောင်းသူ အပါအဝင် ၁၆ဦးလိုက်ပါလာရာ ယာဉ်မောင်းမှာ ရန်ကုန် မှော်ဘီ စမ်းချောင်းရွာနေ အငယ်လေးခေါ် ဒိုဘီ နှင့် ခရီးသည် နတ်မောက်နယ် ဂွေးချိုရွာနေ ကိုမြတ်သူ မှာ ပွဲချင်းပြီး သေဆုံးကြသည်။

ကျန်ခရီးသည်များထဲက (၉)ဦးမှာ ပြင်းထန်ဒဏ်ရာရကြ၍ မော်လူးမှ မေတ္တာအားမာန် ပရဟိတလူမှုကူညီရေးအဖွဲ့ ၊ ပုညဂါရဝလူမှုကူညီရေးအဖွဲ့ ၊ စိတ္တသုခလူမှုကူညီရေးအဖွဲ့ ၊ ပင်ဝယ်ရွာမှ ကရုဏာရှင် လူမှုကူညီရေးအသင်း၊ အင်းတော်မြို့မှ ဒါနသုခလူမှုကူညီရေးအသင်း ၊ မြတ်စေတနာလူမှုကူညီရေးအသင်း တို့ ပါဝင်ကူညီဆောင်ရွက်ပေးကြကြောင်းသိရှိရပါသည်။

Chake Kwl


Saturday, May 28, 2016

“ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံသွားမည်”

“ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံသွားမည်”

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဒေါ်အောင် ဆန်းစုကြည် သည် ဇွန်လအတွင်း တွင် ထိုင်းနိုင်ငံသို့ သွားရောက် မည်ဖြစ်ကြောင်း သမ္မတရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက 7Day သတင်းစာသို့ အတည်ပြုပြောကြားသည်။
အဆိုပါခရီးစဉ်အတွင်းသွားရောက်မည့် နေရာများနင့်အချိန်ဇယားကို နှစ်ဖက်ညှိနှိုင်းနေဆဲဖြစ်ပြီး ခရီးစဉ်အတွင်း ဆွေးနွေးမည့် အကြောင်းအရာများကိုမူ ဦးဇော်ဌေးက ပြောကြားခဲ့ခြင်းမရှိပေ။ ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံကို ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်အတွင်း ကမ္ဘာစီးပွားရေးညီလာခံတက်ရောက်ရန် သွား ရောက်ခဲ့ပြီးထိုခရီးစဉ်မှာ သူမအတွက် နှစ်ပေါင်း ၂၄ကြာပြီးနောက် ပထမဆုံးပြန်လည်သွားရောက်သည့် ပြည်ပခရီးစဉ်လည်းဖြစ်ခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့ပြီးနောက်တွင် လာအိုနိုင်ငံသို့ တစ်နေ့တာ ခရီးသွားရောက်ခဲ့အပြီးနောက် ယခုထိုင်းနိုင်ငံခရီးစဉ်သည် ဒေါ်အောင်ဆန်းစုကြည်၏ ဒုတိယမြောက်ပြည်ပခရီးစဉ်ဖြစ်လာမည်ဖြစ်သည်။
ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)


ဖားကန့်မြေပြိုမှုကြောင့် အလောင်းများ ဆယ်ယူမှု အပြီးသတ် ရပ်ဆိုင်း ------------------------------

ဖားကန့်မြေပြိုမှုကြောင့် အလောင်းများ ဆယ်ယူမှု အပြီးသတ် ရပ်ဆိုင်း
------------------------------

ဖားကန့်မြို့နယ်တွင် ဖြစ်ပွားခဲ့သော မြေပြိုမှုမှ အလောင်းများ ရှာဖွေဆယ်ယူနေခြင်းကို မေလ ၂၈ ရက်နေ့တွင် အပြီးသတ် ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း အလောင်းများ ရှာဖွေဆယ်ယူရေး ကော်မတီအဖွဲ့ထံမှ သိရသည်။

"ဆက်ဖေါ်တာ အလောင်း မတွေ့ဘူး။ မတွေ့ဘူးဆိုတာက အောက်မှာ ရေများလို့။ ပြီးတော့ အန္တရာယ်ရှိတဲ့ နေရာတွေ။ မြေက ဆက်ပြိုမယ့် နေရာတွေ များနေတယ်" ဟု ယင်းကော်မတီ တာဝန်ခံ ဦးစိုးလွင်က ပြောဆိုသည်။

ဝှေခါကျေးရွာတွင် မေလ ၂၃ ရက်နေ့က ဖြစ်ပေါ်ခဲ့သည့် မြေပြိုမှုကြောင့် ရေမစေးကျောက်ရှာဖွေသူ ၇၀ ခန့် မြေစာပိမိနေသည်ဟု ဒေသခံများက ပြောဆိုနေသည့်အတွက် မေလ ၂၆ ရက်နှင့် ၂၇ ရက်နေ့တို့က ကော်မရှင်ဖွဲ့၍ ဖော်ယူခဲ့သော်လည်း လက်ရှိတွင် အန္တရာယ်ရှိ အနေအထား ဖြစ်နေသောကြောင့် အပြီးသတ် ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်ဟု ၄င်းက ပြောကြားသည်။

အလောင်းများ ရှာဖွေဆယ်ယူမှုကို မေ၂၅ ရက်နေ့က ပထမအကြိမ် ရပ်ဆိုင်းခဲ့သော်လည်း သေဆုံးသူများ၏ ဆွေမျိုးများနှင့် ဒေသခံများ၊ ကုမ္ပဏီများက ဆက်လက်ဖော်ထုတ်ရန် တောင်းဆိုသောကြောင့် ခွင့်ပြုပေးခဲ့ကြောင်း၊ လက်ရှိတွင်မူ ကော်မတီဝင်များ၏ ဆုံးဖြတ်ချက်ဖြင့် အပြီးသတ် ရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့ရုံးထံမှ သိရသည်။

ဖားကန့်မြို့နယ် ဆိတ်မူကျေးရွာအုပ်စု ဝှေခါကျေးရွာတွင် မြေပြိုမှုကြောင့် အလောင်း ၁၉ လောင်း တွေ့ရှိထားပြီး ဒဏ်ရာရသူ ၁၄ ဦးကို ဖော်ထုတ် ကယ်ဆယ်နိုင်ခဲ့ကြောင်း၊ မြေပြိုမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူ တစ်ရာခန့် သေဆုံးပြီး ၇၀ ကျော် မြေစာပုံအောက်၌ ကျန်ရှိနေသေးကြောင်း ဒေသခံများက ပြောဆိုသည်။


နိုင်ငံတော် အလျင်အမြန်တိုးတက်လိုပါသလား? ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳


ဝင်ငွေခွန်အမြန်ဆုံးကောက်ခံလိုက်ပါ
ပြည်သူများ ကိုယ်စား အနုပညာရှင်များအား
ဝင်ငွေခွန်ပိုမိုကောက်ခံသင့်သည်။
တစ်နှစ်တာ နာမည်ကျော် အနုပညာရှင်များဖြစ်ကြသော
သရုပ်ဆောင်များမှာ သိန်းပေါင်းများစွာသော ဝင်ငွေများရရှိနေတာ လူတိုင်အသိပင်ဖြစ်သည်။
အနောက်ဥရောပမှာလဲ အနုပညာရှင်တွေရော ဘောလုံးသမား နဲ့
စီးပွားရေး လုပ်ငန်းရှင်တွေဟာ နှစ်စဉ် oင်ငွေရဲ့ ရာခိုင်နှုန်း အလိုက်အခွန်ပေးဆောင်ရပါတယ်။
ဒီတော့ဖွံ့ဖြိုးဖို့အားယူနေတဲ့ မြန်မာနိုင်ငံတော်ကြီး ကို
အထောက်အကူပြုဖို့ရာ စီးပွားရေး လုပ်ငန်းရှင်များနဲ့
ဝင်ငွေအဆမတန်ရရှိနေတဲ့ အနုပညာရှင်များရှိနေတာကြောင့်
ဝင်ငွေရာခိုင်နှုန်းအလိုက်အခွန်ကောက်ယူခြင်းဖြင့်
နိုင်ငံတော်ရဲ့ ဘဏ္ဍာရေး အခြေအနေကို တစ်ဖက်တစ်လမ်းမှ
အထောက်အကူပြုလိမ့်မယ်လို့ ကျုပ်ထင်တယ်။
ပြည်သူတွေ ဆင်းရဲ နေပါတယ် ဆိုတဲ့ သူများလဲ ရှိနေတော့
ခင်ဗျားတို့ ရနေတဲ့အထဲက တစ်ဝက်လောက်များအခွန်ဆောင်ကြမလားလို့ပါ။
ဒီကိစ္စ ကို လွှတ်တော်ကလဲ တရားဝင်ပြဒါန်းစေခြင်ပါတယ်။
ဒီမိုကရေစီ နိုင်ငံတိုင်းမှာလဲ ဒီအလေအထ ဥပဒေတွေရှိနေတယ်ဆိုတာ သိနေလောက်ပြီထင်ပါတယ်။
လွှတ်တော်ကသိအောင်Shareခြင်းဖြင့်ကူညီပါ။
အလင်းရောင် ရေးသည်။
အဆက်ပြေရာပုံတွေထည့်ထားပါသည်။

အလင်းရောင် (ကြံခင်း)

အင်းတော်မြို့နယ်တွင် ခရီးသည်တင်ယာဉ်တစ်စီး ယာဉ်တိုက်မှု ဖြစ်ပွားရာ နှစ်ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိ

အင်းတော်မြို့နယ်တွင် ခရီးသည်တင်ယာဉ်တစ်စီး ယာဉ်တိုက်မှု ဖြစ်ပွားရာ နှစ်ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် ရွှေဘို-မြစ်ကြီးနား မဟာဗျူဟာ ကားလမ်း ပင်ဝယ်ရွာနှင့် ပင့်တင်ရွာကြားတွင် မေလ ၂၈ ရက် နံနက် ၃ နာရီ ၁၅ မိနစ်အချိန် ကချင်မန္တလာ ခရီးသည်ယာဉ်တစ်စီး ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ရာ နှစ်ဦးသေဆုံး ၁၁ ဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မေလ ၂၈ ရက် နံနက် ၃ နာရီ ၁၅ မိနစ်အချိန် ရဲအုပ်မင်းသိန်းထွန်းသည် ပင်ဝယ်ရဲကင်းမှူး တာဝန် ဆောင်ရွက်နေစဉ် ရွှေဘို-မြစ်ကြီးနား မဟာဗျူဟာကားလမ်း ပင်ဝယ်ရွာနှင့် ပင့်တင်ရွာကြားတွင်
ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ရွှေဘို-မြစ်ကြီးနား မဟာဗျူဟာကားလမ်း မိုင်တိုင်အမှတ် ၁၅၀/၄ နှင့် ၅ ကြားတွင် အရှည်ကြီး မောင်းနှင်လာသော 5H/---- (၆)ဘီး UD ယာဉ်သည် လမ်း၏ယာဘက်တွင် မန္တလေးဘက်သို့ ဦးခေါင်းလှည့်ပြီး ရပ်နားထားစဉ် မြစ်ကြီးနားဘက်မှ မန္တလေးဘက်သို့ အငယ်လေး(ခ)နိုဘီ မောင်းနှင်လာသော 5G/---- အန်စာတုံး ကချင်မန္တလာ ခရီးသည်ယာဉ်မှ ရပ်ထားသော 5H/---- ယာဉ်၏ နောက်ဘက်ခြမ်းသို့ ဝင်တိုက်ရာ ယာဉ်မောင်း အငယ်လေး(ခ)နိုဘီနှင့် ခရီးသည် ကိုမြတ်သူတို့ သေဆုံးခြဲ့ပီး ကျန်ခရီးသည် (၁၁)ဦးမှာ ဒဏ်ရာများ ပြင်းထန်စွာ ရရှိခဲ့ခြင်း ဖြစ်သည်။

အင်းတော်ဆေးရုံးတွင် တက်ရောက်ကုသမှု ခံယူနေသော ဦးစံဖြိုး(၆၅) ဘ ဦးသာကြည် ကြုံကတုတ်ရွာ ကန်ကြီးဒေါင့်မြို့နယ်နေသူ၊ ရန်နိုင်အေး (၂၇) ဘ ဦးအေး ပြင်ဦးလွင်မြို့နေသူနှင့် ကိုဝင်းနိုင် (၄၃) ဘ ဦးဈေးသာရွာ နတ်မောက်မြို့နယ် နေသူတို့မှာ (စိုးရိမ်ရ) ဒဏ်ရာများ ရရှိခဲ့သဖြင့် မန္တလေးသို့ ဆက်လက် ပို့ဆောင်ရန် စီစဉ်နေကြောင်း အင်းတော်ဆေးရုံမှ စုံစမ်းသိရှိရသည်။

ထို့ကြောင့် ယာဉ်အား မဆင်မခြင်မောင်းနှင်သူ အငယ်လေး (ခ) နိုဘီ (၂၈) ဘ ဦးဂျူလိုင် စမ်းချောင်းရွာ မှော်ဘီမြို့နယ် ရန်ကုန်တိုင်းနေသူအား အင်းတော်မြို့နယ် မော်လူးနယ်မြေ ရဲစခန်းမှ လူသေဆုံး ထိခိုက်ဒဏ်ရာ ရရှိအောင် ယာဉ်အား မဆင်မခြင် မောင်းနှင်မှု ယာဉ်(ပ)၈/၂၀၁၆ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၇/၃၃၈ အရ အမှုဖွင့် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

Website Link -----> http://news-eleven.com/crime/19608 news-eleven.com


ရွှေဘို-မြစ်ကြီးနား ဗျူ ဟာလမ်း ပင်ဝယ်ကျေးရွာအနီးတွင် (၂၈.၅.၂၀၁၆)ရက်နေ့ နံနက် ၄း၃၀ အချိန်ခန့်တွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ လူ၂ဦးသေဆုံးကြောင်းသိရ

ရွှေဘို-မြစ်ကြီးနား ဗျူ ဟာလမ်း ပင်ဝယ်ကျေးရွာအနီးတွင်
(၂၈.၅.၂၀၁၆)ရက်နေ့ နံနက် ၄း၃၀ အချိန်ခန့်တွင်
ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ လူ၂ဦးသေဆုံးကြောင်းသိရ

(သတိလေးထား မေ့ကာမသွားနဲ့ တစ်ချက်မှားမူ အသက်များစွာ
သင့်လက်ထဲမှာ)

Soe Nyein
Via Yin Yin Thein Naba

ပြည်နယ်နှင့်တိုင်းဝန်ကြီးချုပ် ၁၄ ဦးကို ဒေါ်အောင်ဆန်းစုကြည် မှာကြားသော အချက် ၈ ချက်မှာ


■ နိုင်ငံသားများ၏ လွတ်လပ်စွာဆန္ဒဖော်ထုတ်ခွင့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပြည်သူများ၏ ဒီမိုကရေစီအခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးကို ချိန်ခွင်လျှာ ညီမျှအောင် စီမံ ဆောင်ရွက်ရန်၊

■ ပြည်သူများထံမှ မြေယာပြဿနာဆိုင်ရာ တင်ပြချက်များကို ဖြေရှင်း ဆောင်ရွက်ကြရာတွင် တရားမျှတခြင်းကို ကရုဏာဖြင့် တတ်နိုင်သမျှ ဖြေရှင်းဆောင်ရွက်ရန်၊
■ ဒုတိယသမ္မတ ဦးဆောင်သည့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်း ခံရမှုများ ပြန်လည်စိစစ်ရေးဗဟို ကော်မတီ ဖွဲ့စည်းထားပြီး ဖြစ်သည့်အပြင် မြေယာ သိမ်းဆည်းမှုများ ရပ်ဆိုင်းထားရေး ညွှန်ကြားချက်များအတိုင်း လိုက်နာ ဆောင်ရွက်ကြရန်၊

■ အုပ်ချုပ်ရေးကိစ္စရပ်များ ဆောင်ရွက်ရာတွင် ဥပဒေအရာရှိချုပ်နှင့် ဥပဒေပညာရှင်များ၏ သဘောထားကို အလေးထား ဆောင်ရွက်ကြရန်၊

■ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားနေမှုများ လျော့နည်းပပျောက်စေရန်အတွက် အုပ်ချုပ် ရေးနှင့် လုံခြုံရေးအဖွဲ့အစည်းများသာမက လူငယ်လူရွယ်များနှင့် ၄င်းတို့၏ မိဘများ ပါဝင် လာရေး အလေးထားဆောင်ရွက်ကြရန်၊

■ လူငယ်လူရွယ်များအကြား မူးယစ်ဆေးဝါး သုံးစွဲမှု တွင်ကျယ်နေခြင်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အစီအမံတစ်ခု ချမှတ်ဆောင်ရွက်ရန်၊

■ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး မဏ္ဍိုင်ကြီးသုံးရပ်အကြား ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်သော်လည်း လုပ်ပိုင်ခွင့် ကျော်လွန်၍ ဆောင်ရွက်သည့် အနေ အထားမျိုး မဖြစ်စေရေး သတိပြုဆောင်ရွက်ရန်၊

■ နိုင်ငံတကာအဖွဲ့အစည်းများ သွားလာမှုနှင့် ပတ်သက်၍ တိုင်းဒေသကြီး/ပြည်နယ်အစိုးရများနှင့် ပြည်ထောင်စုအစိုးရအကြား ထိထိ ရောက်ရောက် ညှိနှိုင်းဆောင်ရွက်ကြရန် တို့ဖြစ်ကြောင်း သိရှိရသည်။