Sunday, February 28, 2016
ဒေါ်အောင်ဆန်းစုကြည်နှင့် ကာ/ချုပ် ညှိနှိုင်းမှု ပြီးစီး၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်ပြီ ------ ------ ------ ------ ------
ဒေါ်အောင်ဆန်းစုကြည်နှင့် ကာ/ချုပ် ညှိနှိုင်းမှု ပြီးစီး၊
ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်ပြီ
------ ------ ------ ------ ------
- ဒေါ်အောင်ဆန်းစုကြည်သည် သူမသမ္မတဖြစ်ရေး ဆက်လက် ကြိုးပမ်းတော့မည်မဟုတ်ဘဲ အစိုးအဖွဲ့ဝင်တဦးနေဖြင့် အစိုးရကို ကိုင်တွယ်ထိန်းသိမ်းသွားမည်
- ယခင်က ပြောဆိုထားသည့်အတိုင်း NLD က ရုပ်ပြသမ္မတ တဦးကိုရွေးကောက်တင်မြှောက်ပြီး သူမက သမ္မအထက်မှာ ရှိနေမည်
- ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံခြားရေးဝန်ကြီးနေရာ ရယူမည့် အလားအလာ အားကောင်း
- တရားဝင် ထုတ်ဖော်ပြောကြားမထားသော်လည်း NLD အနေနှင့် ဖွဲ့စည်းပုံပြင်ဆင်ရေးကို ဆက်လက် မကြိုးပမ်းတော့ဟု သိရ
- ဒေါ်အောင်ဆန်းစုကြည်သည် အနည်းဆုံး ၂ နှစ် ဖွဲ့စည်းပုံကို လက်ရှိအတိုင်း ဆက်လက်ထားရှိမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ကတိပေးခဲ့သည်ဟု တပ်မတော်နှင့်ရော NLD နှင့်ပါ နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရ
- ၅၉ (စ) မှအပ ပြည်တွင်းငြိမ်းချမ်းရေးအပါအ၀င် အခြားသော ကိစ္စရပ်များကို ဧပြီလွန်မှ ဆက်လက်ဆွေးနွေးမည်ဟု ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ သဘောတူထား
- ဖွဲ့စည်းပုံးအခြေခံဥပဒေ အခန်း ၄ အပိုဒ် ၉၈ အရ လွှတ်တော်အနေနှင့် ပုဒ်မ ၅၉ (စ) ကို ဆိုင်းငံ့နိုင်သည့် အထူးအခွင့်အာဏာရှိပြီး ဒေါ်အောင်ဆန်းစုကြည်အနေနှင့် ထိုနည်းလမ်းကို အသုံးပြုရန် လေးလေးနက်နက် စဉ်းစားခဲ့သော်လည်း တပ်နှင့်ထိပ်တိုက် တွေ့ဆုံနိုင်သောကြောင့် ခြေ/ဥ ပြင်ဆင်းရေး မကြိုးစားတော့ရန် ဆုံးဖြတ်
- ဒေါ်အောင်ဆန်းစုကြည်နှင့် ကာ/ချုပ် တွေ့ဆုံခဲ့သည့် ၃ ကြိမ်စလုံးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်သည့် အဖွဲ့အစည်းဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်
(ယနေ့ ၂၇-၂-၂၀၁၆ ဘန်ကောက်ပို့စ်က ဖော်ပြသော Larry Jagan ၏ Suu Kyi and army commander strike deal ဆောင်းပါးမှ ထုတ်နုတ်ချက်)
Saturday, February 27, 2016
ပြားကိုးဆယ် ပုဂံ မဲဆန္ဒနယ် ဒေါ်ခင်စန်းလှိုင် *******************************************
ပြားကိုးဆယ် ပုဂံ မဲဆန္ဒနယ် ဒေါ်ခင်စန်းလှိုင် 
*******************************************
          လွှတ်တော်တွင်းမှာ ပထမဆုံးအကြိမ် တပ်မတော်သားများ မတ်တပ်ရပ် ကန့်ကွက်မှု ဖြစ်ပေါ်ခဲ့ပါတယ်။ ဆက်လက်ပြီး တပ်မတော်သား တစ်ဦးက ဥက္ကဌ ဦးဝင်းမြင့် ကြီး ချွေးပြန်ပြီး မျက်လုံးပြုးအောင်ထိ detail ကျကျ  ရှင်းပြဆွေးနွေးသွားခဲ့သည်ကိုလည်း တွေ့ရှိရပြန်ပါတယ်။ မီဒီယာများက တရုတ် စီးပွားရေး ကာကွယ်သည် ဘာညာ ဖုံးဖိကြတာပေါ့။ အမှန်က ဒေါ်ခင်စန်းလှိုင် သာမက ဒီချုပ် ပါတီ တစ်ခုလုံး လွှတ်တော်ထဲ ပက်ပက်စက်စက် အရှက်ကွဲ ခဲ့တာဗျ။ ဖြစ်ပုံက -
          တပ်မတော်သား တစ်ဦးရဲ့ ပြောင်မြောက်တဲ့ တင်ပြချက် က ဒီလို ဖြစ်ပါတယ်။ ကြေးနီတောင် စီမံကိန်းကို ဆက်လက်လုပ်ဆောင် နေ မှု နဲ့ပက်သက်ပြီးခဲ့တဲ့ လွှတ်တော် သက်တမ်းကာလ က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အကြံပြုချက်အရ သာ လုပ်ဆောင်နေကြောင်း ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်ပေးတဲ့ ထောက်ပံ့ကြေး၊ လျော်ကြေး၊ ကျေးလက်ဖွံ့ဖြိုးရေး နဲ့ လယ်ယာမြေ ငွေပမာဏ ကအစ တိတိကျကျ အထောက်အထားနဲ့ မှတ်တမ်းတင်ထားရှိမှုတွေပါ နှုတ်တိုက်ရွတ်ဆို ရှင်းပြ ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဝမ်ပေါင် ကုမ္မဏီ သဘောတူညီချက်တွေ ရွတ်ဖတ်ပြီးတဲ့နောက်မှာ ၄င်း အချက်တွေအရ လုပ်ဆောင်နေမှု အခြေနေ လယ်ယာမြေကိစ္စ အကြောင်းအရာများ ရှင်းလင်းတဲ့အခါ ဥက္ကဌကြီး ဦးဝင်းမြင့် ကိုယ်တိုင် တော်ပါတော့လို့ ပြောယူခဲ့ရပါတယ်။
          စေတုတ္တရာ မဲဆန္ဒနယ်   ဦးကျော်အောင်လွင် ရဲ့ မြေသိမ်းမှုရောက်လိုက် လက်ပံတောင်းရောက်လိုက် ပေါက်ကရလေးဆယ် ဝင်ရောက် ထောက်ခံဆွေးနွေးမှု လည်း ပါးစပ်ပိတ်သွားပါတယ်။ ဒေါ်ခင်စန်းလှိုင် ပြောတဲ့ ပြဿနာတွေက ဒေါ်အောင်ဆန်းစုကြည် ကော်မရှင် အကြုံပြုချက်တွေအရ လုပ်ဆောင်မှုနဲ့  တူညီနေတာကိုးဗျ။ သူကိုင်တဲ့ ကိစ္စ သူလက်မှတ်ထိုးလို့ ဖြစ်လာတာတွေလေ။  အထောက်အထားနဲ့ မှတ်တမ်းတင် လုပ်ဆောင်တဲ့ လွှတ်တော် စနစ်ဆိုတော့ အပြင်မှာလို ငါ့စကားနွားရ စွပ်စွဲလို့လည်း မရတော့ ဘူးပေါ်သလို အသုံးမကျမှုတွေ ကွက်ကွက်ကွင်းကွင်းကြီး ပေါ်သွားတာပေါ့ဗျာ။ အဟက်အဟက်
           ဒါ့အပြင် အဆိုပါ တပ်မတော်သားက အစအဆုံး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် အကြံပြုချက်အရ ချည်းပဲ ဒေါ်အောင်ဆန်းစုကြည်ကို ပါးစပ်က မချဘဲ စက်သေနတ် ပစ်သလို ရွတ်နေတဲ့အခါ အဆိုတင်သွင်းတဲ့ ဒေါ်ခင်စန်းလှိုင် အပါအဝင် ထောက်ခံဆွေးနွေးတဲ့ ဦးကျော်အောင်လွင်ပါ မျက်နှာ ဇီးရွက်လောက်ပဲ ကျန်ပါတော့တယ်။ ကြေးနီတောင် မှာ လုပ်သမျှက ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဆုံးဖြတ်ချက်တွေချည်း ဖြစ်နေတော့ ကိုယ့်ပေါင်ကိုယ် လှန်ထောင်းသလို ဖြစ်တော့တာပေါ့ ။ ငြင်းလို့လည်း မရဘူးလေ ။ ဝမ်ပေါင်နဲ့ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ထိုး အတည်ပြုထားတဲ့ သဘောတူညီမှု စာချုပ်တွေ က အထောက်အထား အတိအကျ ရှိနေတာကိုးဗျ။ ဒါမှ ငြင်းလည်း ဒီချုပ်အစိုးရကြီးက ဗလောင်းဗလဲ ဖြစ်တော့မယ်။ ရပ်ကွက်ထဲက ဖဲဝိုင်း မဟုတ်တော့ ။ မုဆိုးမ ဘုန်းတော်ဘွဲ့တွေ ပေါက်ကရ ရွတ်လို့လည်း မရဖြစ်နေတယ်လေ။ စည်းနဲ့ဘောင်နဲ့ ကျတော့ ငါးစိမ်းသည်အုပ်စု ရဲ့ ငါ့စကားနွားရ စကားတွေက ဘောင်မဝင်တော့ဘူး။ ခွေးအကြီး ထော်လာဂျီ ကြိတ်သလို ဖြစ်နေတော့တာပေါ့။
            နောက်ဆုံး လဒူ ငပိန်း ထမိန်ခြုံတွေ အရှက်ပြေအောင် မီဒီယာတွေကနေ တပ်မတော်ကို တရုတ်စီးပွား ကာကွယ်ရေး ပုံဖော်ပေး လိုက်တော့ အပြင်မှာတော့  အရှက်ပြေနိုင်ပါသေးတယ်။ သို့သော် လွှတ်တော်တွင်းမှာတော့ နောက်နောင် တပ်မတော်သားတွေ ရှေ့မှာ ဘူမသိ ကိုးမသိ ငါ့စကားနွားရ ပေါက်ကရ ပြောရဲတော့မယ် မထင်ဘူးဗျ။ ကျုပ်သာ ဒေါ်ခင်စန်းလှိုင် နေရာ မှာဆိုရင် ရှက်လို့ ကိုယ့်မျက်နှာ ကိုယ် ဓါးနဲ့လှီးပစ်မှာ ဟီးဟီး ။
           ပညာရှိ အဖွဲ့အစည်းနဲ့ လဒူ အဖွဲ့အစည်း တွေ့တဲ့အခါ ဒါမျိုး အရှက်ကွဲတာ မဆန်းပါဘူး။ ဒါပေမယ့် ထမိန်အားကိုးနဲ့ ကျပ်မပြည့်တွေက မျက်နှာပြောင်တိုက် လွှတ်တော် တက်နေဦးမှာပါပဲ။ ဒါလည်း မှန်ပါတယ်။ ဝက်ဖြစ်မှတော့ ချီးမကြောက် သင့်တော့ တာကိုးဗျ။ စစ်သားတွေကို ကျောက်ရုပ်တွေ မှတ်နေကြတယ်လေ ။ တစ်ချက်တည်း ဆော်ထည့်လိုက်တာ ဂိန် လို့တောင် အော်မသွားနိုင်ရှာဘူး ဟီးဟီး ။ အိမ်ကခွေးကို ပြောတာပါ။
#ဗိုလ်ဗြောင်ဟွန်း
မနေ့က ပြည်သူ့လွှတ်တော်ထဲမှာ ပုလဲမဲဆန္ဒနယ်က ဒေါ်ခင်စန်းလှိုင် (NLD)တင်သွင်းတဲ့အဆိုကို ထောက်ခံဆွေးနွေးတဲ့
မနေ့က ပြည်သူ့လွှတ်တော်ထဲမှာ ပုလဲမဲဆန္ဒနယ်က
ဒေါ်ခင်စန်းလှိုင် (NLD)တင်သွင်းတဲ့အဆိုကို
ထောက်ခံဆွေးနွေးတဲ့
စေတုတ္တရာ မဲဆန္ဒနယ်မှ ဦးအောင်ကျော်လွင်(NLD) ရဲ့
ဆွေးနွေးမှုဟာ အချက်အလက်အမှားတွေနဲ့ ယခင်အစိုးရနဲ့
တပ်မတော်အပေါ် ပုတ်ခတ်ထားတဲ့အတွက် တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှုးကြီးမိုးကျော်ဦးက
အချက်အလက်အပြည့်အစုံနဲ့ ပြန်လည်ကန့်ကွက်ချေပခဲ့တာ
အရည်အချင်းကွာဟမှုကို ဖော်ပြလိုက်တာပဲ။
ဗီဒီယိုဖိုင်ကို  May Yuya Paing
တင်ထားတယ်။ဝင်ကြည့်ဖြစ်အောင် ကြည့်လိုက်ကြဦး။
Photo-FB
ခက်တော့လဲ ခက်တယ်ဗျာ ..... ဖေ့စ်ဘွခ်ပေါ်ကစာဖတ်ပြီး လွှတ်တော်ထဲအဆိုသွင်း ဖေ့စ်ဘွခ်ပေါ်ကစာဖတ်ပြီး အဆိုထောက်ခံ လက်ခုပ်တွေဝိုင်းတီးကြ... ဦးရှင်ကြီးတင်သလိုလို ကွက်စိပ်ဟောဆရာလိုလို နိဗ္ဗာန်ဆော်လေသံနဲ့  အပြစ်တွေပဲ ပြောနေလို့  မရတော့ဘူးခင်ဗျ....
ခက်တော့လဲ ခက်တယ်ဗျာ .....
ဖေ့စ်ဘွခ်ပေါ်ကစာဖတ်ပြီး လွှတ်တော်ထဲအဆိုသွင်း
ဖေ့စ်ဘွခ်ပေါ်ကစာဖတ်ပြီး အဆိုထောက်ခံ
လက်ခုပ်တွေဝိုင်းတီးကြ...
ဦးရှင်ကြီးတင်သလိုလို ကွက်စိပ်ဟောဆရာလိုလို
နိဗ္ဗာန်ဆော်လေသံနဲ့  အပြစ်တွေပဲ ပြောနေလို့ 
မရတော့ဘူးခင်ဗျ....
ကိုယ့်အလှည့်ရောက်နေပြီ
လုပ်ပိုင်ခွင့်တွေလဲရတော့မယ် လုပ်လဲလုပ်ရတော့မယ်
ဒီချိန်ထိ အငြှိုးအာဃာတနဲ့ တိုက်ခိုက်နေရင်တော့
နောက်တစ်ကြိမ်ဆို ဟိုဆရာတွေက
အားလုံးမတ်တပ်ရပ်ကြတော့မယ်မထင်ဘူး
ထပြန်လာကြရင် ကိုယ်ကျိုးတွေနဲကုန်ကြလိမ့်မယ်....
နှစ်ပေါင်း၃၀ပြည့်တော့မယ်.....မမောသေးဘူးလား
အပြောတွေလျော့ပြီး ဘယ်အချိန် အလုပ်လုပ်ကြမတုန်း...
ဘာနဲ့ အလားသဏ္ဍန်တူနေသလဲဆိုတော့....
အမဲရိုးချီလာတဲ့ ခွေးအိုကြီးလိုပဲ...
အသက်ကလည်းကြီး တုန်တုန်ရီရီနဲ့ ပေါ့...
ပါးစပ်ထဲကအမဲရိုး ခွေးပျို ခွေးနုလေးတွေလုမှာလဲစိုးရိမ်ရ
သွားတွေကမကောင်းရှာတော့ ကိုက်ချင်တိုင်းလဲကိုက်မရ
သူများလုမှာလဲကြောက်ရ....
မာန်တွေပဲလှိမ့်ဖီနေရတာနဲ့ တင်
ခွေးအိုကြီး အမော့ဆို့ နေတာနဲ့ တူနေပြီ
(ဥပမာပါဗျာ တကယ်ပြောတယ်ထင်ပြီး ပျော်မနေကြပါနဲ့ )
ခင်ဗျားတို့ သိထားဖို့ က
ကိုယ့်မြေကိုယ့်ရေနဲ့ အပ်စပ်တဲ့ အမျိုးသားရေးဝါဒကိုဦးစားပေးတဲ့
ဒီမိုကရေစီဖြစ်အောင်အားထုတ်ကြစမ်းပါ....
ခင်ဗျားတို့ ဆရာများဖြစ်ကြတဲ့... ဗြိတိန်နဲ့  အမေရိကန် ဆိုတာ
ဒီမိုကရေစီကိုခုတုန်းလုပ် အမျိုးသားရေးနဲ့ ဘာသာရေးအမြတ်ထုတ်နိုင်ငံတွေပါ..
ဒီမိုကရေစီ စစ်လားမစစ်လားလေ့လာခြင်ရင် ထဲထဲဝင်ဝင်လေ့လာကြပါဦးလေ....
ဆရာတင်မှားရင် ဒုက္ခရောက်ရမှာက ကိုယ့်လူတွေပါ
ကိုယ့်အချင်းချင်းကြ ရန်သူထင်
အဖေနဲ့  ပထွေးကို ကွဲပြားစေချင်တယ်ဗျာ......
ခင်ဗျားဟာ လူတစ်ယောက်ကိုအမျက်ဒေါသတွေထားနေသမျှ
ထိုလူ့ ဆီက မေတ္တာတရားကို မျှော်လင့်လို့ မရပါဘူး
ယုံကြည်မှုဆိုတာ အပြန်အလှန်တည်ဆောက်ကြမှ ခိုင်မာတဲ့အရာမျိုးပါ...
ငါ့အရိုးလာလုမှာပဲအထင်နဲ့  မြင်မြင်သမျှမာန်ဖီနေရင်တော့
သေခြာတယ်....ခွေးအိုကြီး ဖြစ်နေမှာပဲ....
(ဥပမာ.....ဥပမာ  ပြောတာပါ)
ညီသုတ(ပြည်)
ကချင်ပြည်နယ်စစ်ကိုင်းနယ်စပ်မော်လူးဒီပင်္ကရာ ဘုရားပွဲမြင်ကွင်းများ
ကချင်ပြည်နယ်စစ်ကိုင်းနယ်စပ်မော်လူးဒီပင်္ကရာ ဘုရားပွဲမြင်ကွင်းများ
photo by
Net sayar
"တန်အောင်နေ တန်အောင်ပြောတတ်ဖို့လိုတယ်"
"တန်အောင်နေ တန်အောင်ပြောတတ်ဖို့လိုတယ်"
=================================
အကြောင်းအရာတွေကတော့ သူများတွေရေးပြီးသားမို့လို့ မပြောတော့ဘူး။
တစ်ခုပဲပြောချင်တယ်။ မြန်မာနိုင်ငံဟာ ဒီမိုကရေစီနိုင်ငံစစ်စစ်မဖြစ်သေးဘူး။
အားလုံး ညှိနှိုင်းပြီး စမ်းသပ်ခုတ်မောင်းနေတဲ့ အဆင့်ပဲရှိသေးတယ်။
လွှတ်တော်ထဲမှာ တပ်မတော်သားကိုယ်စားလှယ်က ဆွေးနွေးဖို့ ခလုတ်နှိပ်
တာကို ဥက္ကဌကမသိချင်ယောင်ဆောင်နေလို့ တပ်မတော်သားကိုယ်စားလှယ်
အားလုံး မတ်တပ်ထရပ်ပြတယ်ဆိုတာ သတင်းကောင်းတော့မဟုတ်ဘူး။
နောက်ပြီးတော့ တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးတစ်ဦး
ရဲ့ ဆွေးနွေးမှုကို မိုက်ပိတ်ပစ်တဲ့အထိ ဟန့်တားခဲ့တယ်ဆိုတာ အတော်ရိုင်း
စိုင်းတဲ့အပြုအမူဖြစ်တယ်။
ဒီကနေ့ ဒီလမ်းကိုခင်းပေးလိုက်တာ တပ်မတော်ပါဆိုတာကို ကျွန်တော်အထပ်
ထပ်ပြောခဲ့ပြီးဖြစ်ပါတယ်။ ခင်ဗျားတို့ ကြိုက်ကြိုက်/ မကြိုက်ကြိုက် ဒါဟာအမှန်
တရားပဲ။
လွှတ်တော်ထဲမှာ တပ်မတော်သားကိုယ်စားလှယ် ၂၅% ထည့်ထားတာဟာ
အားအားယားယား လာထိုင်နေတာမဟုတ်ပါ။ ခေတ်အဆက်ဆက် သမိုင်း
အဆက်ဆက် အတွေ့အကြုံတွေကို အခြေခံပြီး မဖြစ်သင့်တာတွေ မဖြစ်ရ
အောင် တပ်မတော်အနေနဲ့ ထိန်းညှိပေးဖို့ ဒီမိုကရေစီနဲ့မညီမှန်းသိပေမဲ့ ၂၅%
ယူထားတာပါ။
တပ်မတော်ရဲ့သမိုင်းကို မြန်မာ့သမိုင်းထဲက ဖယ်ထုတ်ပစ်ဖို့ကြိုးစားသူဟာ
မဟာအမှားကြီးတစ်ခုကို ကျူးလွန်သူဖြစ်သွားပါလိမ့်မယ်။ ထို့အတူပဲ တပ်မ
တော်က လိုအပ်လို့ထည့်သွင်းထားတဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စား
လှယ် ၂၅% ကို မထီမဲ့မြင်ပြုတာဟာလည်း အမှားတစ်ခုကို ကျူးလွန်လိုက်
တာဖြစ်ပါတယ်။
ကျွန်တော်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်စေချင်တဲ့သူထဲမှာပါ
တဲ့သူတစ်ယောက်ပါ။ ဒါပေမဲ့ နေရာတကာ NLD လုပ်သမျှထောက်ခံနေတဲ့
သူတော့မဟုတ်ပြန်ဘူး။
လက်ရှိ ၂၅% ကို ချွင်းချက်မရှိထောက်ခံတယ်။ ဘာ့ကြောင့်လဲ။ သမိုင်းကြောင်း
အတွေ့အကြုံပေါ်မူတည်ပြီး အမျိုးသားရေးလိုအပ်ချက်အရ ထည့်သွင်းထားတာ
ဖြစ်တယ်။ တပ်မတော်သား ၂၅% ထည့်သွင်းစရာမလိုလောက်တော့အောင်
မြန်မာ့ဒီမိုကရေစီ ရင့်ကျက်လာတဲ့တစ်နေ့ အဲဒီတပ်တော်သားတွေ လွှတ်တော်
ထဲက ပြန်ထွက်သွားလိမ့်မယ်။
ဒီလိုမဟုတ်ဘဲ "ငါတို့သာ ပြည်သူရွေးထားတာ။ ငါတို့ပြည်သူ့လွှတ်တော်ကိုယ်
စားလှယ်စစ်စစ်တွေရဲ့စကားကိုပဲ အလေးထားနိုင်မယ်" ဆိုတဲ့အပေါက်မျိုးချိုး
ရင်တော့ အခုအများပြောနေကြသလို တပ်မတော်သားတွေဟာ အိတ်ဆွဲထွက်
သွားပြီး စစ်ထွက်ဝတ်စုံနဲ့ ပြန်ရောက်လာလိမ့်မယ်။
ခင်ဗျားတို့ရဲ့ ရိုင်းစိုင်းမှု၊ မရိုးသားမှုတွေကြောင့် တပ်မတော်သားတွေ စစ်ထွက်
ဝတ်စုံနဲ့ပြန်လာခဲ့ရင်လည်း ကျွန်တော့်အနေနဲ့တော့ တပ်မတော်ဘက်ကသာ
ထောက်ခံမှာပဲဖြစ်တယ်။
ဘာဖြစ်လို့လဲဆိုတော့ မြန်မာ့သမိုင်းတစ်လျှောက်လုံးမှာ တိုင်းပြည်တစ်ခုလုံး
ဝရုန်းသုန်းကားဖြစ်နေချိန်မှာ ဘယ်ပါတီဝင်၊ ဘယ်နိုင်ငံရေးသမားကမှ လာ
မကယ်နိုင်ဘဲ တပ်မတော်တစ်ခုတည်းကသာ ထိန်းသိမ်းစောင့်ရှောက်ခဲ့လို့
ဖြစ်တယ်။
ဒီလိုပြောလိုက်လို့ ကျွန်တော်ဟာ စစ်သားလူထွက်မို့ စစ်အုပ်ချုပ်ရေးကို အား
ပေးနေတာတော့ မထင်လေနဲ့။ ကျွန်တော်ဟာ ဒီမိုကရေစီစနစ်ကို နှစ်ခြိုက်သ
ဘောကျလို့ မဲပေးရင်တောင် ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးဖြစ်မှာပါလို့ပြော
ခဲ့သူဖြစ်တယ် (ရန်ကုန်မှာ အိမ်ထောင်စုစာရင်းမရှိလို့ ဘယ်သူ့မှ မဲမပေးခဲ့ဘူး)
တိုင်းပြည်ဟာ ဒီမိုကရေစီစနစ်ကို ကျင့်သုံးမှသာ တိုးတက်မယ်ဆိုတာလည်း
လက်ခံတယ်။ ကျွန်တော့်လိုပဲ အများပြည်သူဆန္ဒကလည်း ဒီအတိုင်းပဲဖြစ်တယ်။
ဒါပေမဲ့ မြန်မာ့နိုင်ငံရေးဟာ သိပ်ရှုပ်ထွေးတယ်။ အခု အများသိတဲ့ Pajasan အ
ဖွဲ့သတင်းတွေကိုပဲကြည့်။ ဒီကာလမှာမှ Patjasan ဒီလိုလုပ်တာဟာ ရည်ရွယ်
ချက်ပေါင်းများစွာ ရှိနိုင်တယ်။
NCA လက်မှတ်ထိုးပြီးလို့ Political Dialogue လုပ်နေတဲ့အချိန်မှာ အားလုံး
ဆွေးနွေးညှိနှိုင်းကြရမယ့် အချိန်ဖြစ်တယ်။ အားလုံးဆိုတဲ့အတိုင်း အဲဒီအထဲ
မှာ မြန်မာ့နိုင်ငံရဲ့ အမျိုးသားရေးကဏ္ဍမှာ ပစ်ပယ်ထားလို့မရတဲ့ တပ်မတော်
လည်း အဓိက အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။
ခင်ဗျားတို့ဘက်က မလိမ္မာ၊ မပါးနပ်လို့ ဒါမှမဟုတ် မိုက်ရိုင်းလို့ တပ်မတော်
သားတွေ စစ်ထွက်ဝတ်စုံတွေ၊ တင့်ကားတွေနဲ့လွှတ်တော်ကို ပြန်ရောက်လာ
မယ်ဆိုရင် ကျွန်တော့်အနေနဲ့ တပ်မတော်ကို အပြစ်မြင်မှာ မဟုတ်ဘူးလို့
ပြောခဲ့ပေမဲ့ ပျော်နေမှာတော့ မဟုတ်ဘူး။ အတော့်ကို စိတ်ဆင်းရဲနေမှဖြစ်
ပါတယ်။
တိုင်းပြည်ကို ထိန်းကျောင်းမောင်းနှင်တဲ့အခါ ခင်ဗျားတို့ရဲ့ ညံ့ဖျင်းမှုကြောင့်
စစ်အုပ်ချုပ်ရေးဆိုတာ ပြန်ပေါ်လာခဲ့ရင် အဲဒီဒဏ်ကိုခံရမယ့်သူတွေဟာ မြန်
မာပြည်သူတစ်ရပ်လုံးဖြစ်တယ်။ သရက်ပင်က လိမ္မော်သီး မသီးသလို ဘယ်
အချိန် အာဏာသိမ်းသိမ်း စစ်အုပ်ချုပ်ရေးဟာ စစ်အုပ်ချုပ်ရေးသာဖြစ်တယ်။
စစ်အုပ်ချုပ်ရေးမှာ လွှတ်တော်မရှိဘူး။ Check & Balance မရှိဘူး။ ဒီမိုကရေ
စီစံနှုန်းတွေမရှိဘူး။ ဒီဒဏ်ကို ပြည်သူတွေ ကျောကော့အောင်ခံရလိမ့်မယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင်က တလောက သင်တန်းတစ်ခု
မှာ "သင့်တော်တဲ့အချိန်တစ်ချိန်ချိန်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရ
မှာဖြစ်တယ်" လို့ပြောခဲ့တာ ဖတ်လိုက်ရတယ်။ ဒါဟာ လက်ရှိ မြန်မာ့နိုင်ငံ
ရေး အခြေအနေမှာ စစ်ခေါင်းဆောင်တစ်ယောက်အဖို့ အတတ်နိုင်ဆုံး လိုက်
လျောပြောဆိုမှုပဲဖြစ်တယ်။
လိုရင်းပြောရရင် ဒီမိုကရေစီနိုင်ငံစစ်စစ် မဖြစ်သေးဘူး။ စမ်းတဝါးဝါးအဆင့်
ပဲရှိသေးတယ်။ စမ်းတဝါးဝါးအဆင့်မှာတင် ထဖေါက်တဲ့သူတချို့က ထဖေါက်
နေကြတယ်။ ဒီတော့ တပ်မတော်နဲ့ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ခြင်းသည်သာ
မြန်မာ့နိုင်ငံရေး အရွေ့ကို တည်ငြိမ်စေမှာဖြစ်တယ်လို့ ပြောချင်တယ်။
ခင်ဗျားတို့ အသုံးမကျလို့ တပ်မတော်က နောက်တစ်ကြိမ်အာဏာထပ်သိမ်း
ရင် မြန်မာ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလမ်းကြောင်း တိမ်းချော်သွားအောင်
လုပ်တဲ့သူတွေဟာ ခင်ဗျားတို့ပဲဖြစ်လိမ့်မယ်။
လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ဟာ ကိုယ့်ဂုဏ်သိက္ခာနဲ့ညီတဲ့ အပြု
အမူအပြောအဆိုနဲ့နေထိုင်တတ်အောင်လည်း သင်ပေးပါလေ။ NLD ဥပဒေ
အကြံပေးကြီးကိုယ်တိုင် သင်တန်းတွေပို့ချထားတာတောင်မှ မယဉ်ကျေးသေး
တာလား၊ အဲဒီသင်တန်းတွေကပဲ ရန်စွယ်ငေါငေါ ဗျူဟာတွေ ပို့ချပေးလိုက်သ
လားတော့ မဆိုတတ်ဘူး။
သေချာတာကတော့ သေနတ်တို့၊ တင့်ကားတို့ဆိုတာ မေတ္တာတရားရှိတဲ့ဆီ
ကို ဘယ်တော့မှမလာတတ်ပါဘူး။ မြန်မာနိုင်ငံက လွှတ်တော်ဟာ အမေရိ
လွှတ်တော်မဟုတ်တာကိုလည်း မေ့မထားဖို့လိုတာပ။
ကျွန်တော်ထောက်ခံအားပေးခဲ့တဲ့ ပါတီကြီး သမိုင်းတရားခံမဖြစ်ပါစေနဲ့လို့
ဆုတောင်းပါတယ်။
ရဲကျော်သူရ
===== ===== ===== ===== ===== ===== ===== =====
စဉ်းစား စရာ }
{  စဉ်းစား စရာ  }
                ---------------
***  ဘိန်းခင်းဖျက်တဲ့ ပြည်သူကို  အစိုးရက နည်းမျိုးစုံ နဲ့ တားနေတာလည်း စဉ်းစားစရာ ....
*** PJS ဘိန်းခင်းဖျက်မဲ့ အဖွဲ့တွေကိုလုံခြုံရေး ဆောင်ရွက်ပေးဘို့ လိုက်ပါသွားတဲ့ မြန်မာ့ ရဲတွေ သေနတ်သံကြားတာနဲ့ ကြက်ပျောက် ၊ ငှက်ပျောက် ပျောက်သွားတာလည်း စဉ်းစားစရာ ...
*** ပြည်သူတွေက အစိုးရကို အလုပ်ကူလုပ်ရင် အမြဲတမ်း အစိုးရ က မကြိုက်တာလည်း စဉ်းစား စရာ ....
*** PJS အဖွဲ့ကို ဝေမိုးရွာသားတွေက ပစ်ခွဲတိုက်ခိုက်ခဲ့တဲ့ လက်ပစ်ဗုံးဟာ ကစလ က လုပ်တဲ့ ဗုံးလို့  လို့ နားလည်သူတွေက ပြောနေတာလည်း စဉ်းစားစရာ ....
*** မြန်မာ့တပ်မတော် စစ်ကြောင်းကြီး ရဲ့ရှေ့မှာ မြန်မာနိုင်ငံသားတွေကို ဘိန်းစိုက်သူ ဟု ယူဆရသူ (သို့) ဘိန်းခင်း ပိုင်ရှင်များက စေခိုင်းထားသူဟု ယူဆရသူတွေက လက်ပစ်ဗုံး နဲ့ အပစ်ခံရတာကလည်း စဉ်းစားစရာ ....
*** ဖမ်းဆီးခံထားရတဲ့  ဝေမိုးရွာသား ပြည်သူ့စစ် တစ်ဦးက ဘိန်းခင်း ၉၀ % ဟာ တရုတ်နိုင်ငံက တရုတ်သူဌေးတွေ ပိုင်တယ်လို့ ပြောတာကလည်း စဉ်းစားစရာ....
*** BGF တပ်ဖွဲ့ဝင် တစ်ဦးက နေရာတိုင်းမှာ စစ်တပ်ရှိတယ်လို့  ပြောခဲ့ပြီး ၊ ဘိန်းခင်းတွေ နေရာတိုင်းမှာ ရှိနေတာကလည်း စဉ်းစားစရာ ဖြစ်နေပြီး ၊ pjs အဖွဲ့တွေကို နေရာတိုင်းမှာ တိုက်ခိုက်ခံရနိုင်တာကလည်း စဉ်းစားစရာ ....
*** ရှမ်းစကားပြောတာ တစ်ဦးတစ်ယောက်မျှ မတွေခဲ့ရပဲ ရှမ်းတွေရဲ့ ဘိန်းခင်းတွေကိုပဲ လိုက်ဖျက်ဆီးနေတယ်လို့ ဝါဒဖြန့်နေတာဟာလည်း စဉ်းစားစရာ....
*** မော်စီတုန်းဒေသဘက်မှာ ဘိန်းစိုက်ခင်းဧက  သောင်းချီ ရှိနေတာ ကလည်း စဉ်းစားစရာ ....
***နယ်ခြားစောင့်တပ်လား ၊ BGF  လား မပြောတတ်ပါ ။ ပြည်သူအချင်းချင်း ခိုက်ရန်ဖြစ်နေတာကို ကုန်းပေါ်က သေနတ်တွေနဲ့ ပစ်နေတာက စဉ်းစားစရာ ...
*** သေနတ်သံတွေ တစ်ဒိုင်းဒိုင်း ၊ သွေးသန်ရဲရဲ နဲ့  လူတွေ အပြိုင်းအရိုင်း လဲကျနေချိန်မှာ ပြည်သူ့ ရဲတွေ ကြောက်ဒူးတုန်နေပုံကလည်း  စဉ်းစားစရာ ...
*** အားလုံးငြိမ်သက်သွားမှ ဟောင်ကောင် မင်းသားစတိုင် နဲ့ ဇိမ်ခံကားအကောင်းစားကြီးစီးပြီး လုံခြုံရေးအပြည့်နဲ့ အရှက်မဲ့စွာ ရောက်လာတဲ့ ကံပိုင်တည်  ဗျူဟာမှူးကြီးရဲ့ စတိုင်ကလည်း စဉ်းစားစရာ ....
*** PJS အဖွဲ့က ဖမ်းမိလာတဲ့ လူတော်တော်များများက ဗမာစကားမတတ်တာလည်း စဉ်းစားစရာ ....
*** Kyaw Swar ဆိုတဲ့ စစ်လော်ဘီက ကျနော့် သတင်းဓါတ်ပုံတွေကို ယူသုံးပြီး လိုရာ ဆွဲရေးတာကို ဖတ်ပြီး ယုံတဲ့သူတွေကလည်း စဉ်စားစရာ ....
*** ဒဏ်ရာရတဲ့ ဝေမိုးရွာသား ဗမာစကားမပြောတတ်တဲ့ တရုတ်တွေရဲ့ ဒဏ်ရာရတဲ့ ပုံတွေ ဖော်ပြလို့  ကျနော့်ကို သူလျှိုလို့ စွပ်စွဲ နေတဲ့  ကချင် acc တွေကိုလည်း စဉ်းစားစရာ ....
***စဉ်းစားစရာ
***စဉ်းစားစရာ
***စဉ်းစားစရာ
ဇော်မိုးထက်
မူးရင်း https://m.facebook.com/story.php?story_fbid=937719989676170&id=100003145345828