Friday, January 29, 2016

မြောက်ကိုရီးယားက တာဝေးပစ် ဒုံးကျည်ပစ်လွှတ်ဖွယ်ရှိ၍ တောင်ကိုရီးယား အနီးကပ်စောင့်ကြည့် -----------------

မြောက်ကိုရီးယားက တာဝေးပစ် ဒုံးကျည်ပစ်လွှတ်ဖွယ်ရှိ၍ တောင်ကိုရီးယား အနီးကပ်စောင့်ကြည့်
----------------------------------------------------------------------

ဆိုးလ်၊ ဇန်နဝါရီ ၂၈

ယခုလ အစောပိုင်းက အဏုမြူ စမ်းသပ်မှု ပြုလုပ်ခဲ့သော မြောက်ကိုရီးယားက တာဝေးပစ် ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်လွှတ်ဖွယ် ရှိသောကြောင့် အနီးကပ် စောင့်ကြည့်နေကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ထုတ်ပြန်သည်။

မြောက်ကိုရီးယားကသာ ရန်စမှု တစ်စုံတစ်ရာ လုပ်ဆောင်မည် ဆိုပါက ဒုံးကျည်စမ်းသပ်မှုမှာ အချိန်မရွေး ချက်ချင်းဖြစ်နိုင်သောကြောင့် တောင်ကိုရီးယားစစ်ဘက်က အနီးကပ်စောင့်ကြည့်နေကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကင်မင်ဆွတ်က ပုံမှန်သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် ပြောကြားခဲ့သည်။

ပြုံယမ်းအစိုးရသည် တာဝေးပစ် ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်လွှတ်ရန် ပြင်ဆင်နေဖွယ်ရှိကြောင်း ဂြိုဟ်တုဓာတ်ပုံ မှတ်တမ်းများကို ကိုးကားပြီး ဂျပန်အစိုးရ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို ဂျပန်ကျိုဒို သတင်းဌာနက ဖော်ပြခဲ့အပြီးတွင် ယခုကဲ့သို့ တောင်ကိုရီးယားဘက်မှ မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။

ပြုံယမ်းအစိုးရသည် ယခင်က အဏုမြူဗုံး စမ်းသပ်မှုများ မပြုလုပ်မီနှင့် ပြုလုပ်အပြီးတွင် တာဝေးပစ် ပဲ့ထိန်းဒုံးကျည်များ စမ်းသပ်ပစ်လွှတ်လေ့ ရှိသည်။

တတိယအကြိမ်မြောက် အဏုမြူဗုံး စမ်းသပ်မှု မပြုလုပ်မီ နှစ်လအလို ၂၀၁၃ ဖေဖော်ဝါရီတွင် မြောက်ကိုရီးယားသည် အဆင့်သုံးဆင့်ပါ ယွန်းဟာ-၃ ရော့ကက်ဖြင့် ဂြိုဟ်တုတစ်လုံးကို ကမ္ဘာပတ်လမ်း အတွင်းသို့ လွှတ်တင်ခဲ့ကြောင်း ကြေညာခဲ့ဖူးသည်။

ထိုစဉ်က ဆိုးလ်ကရော ဝါရှင်တန်ကပါ ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှုအဖြစ် ရှုမြင်ခဲ့ကြသည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ သဘောတူ ဆုံးဖြတ်ချက်များအရ မြောက်ကိုရီးယားသည် ပဲ့ထိန်း ဒုံးကျည်နည်းပညာအပေါ် အခြေခံသည့် မည်သည့်ရော့ကက် ဒုံးကျည်ကိုမျှ စမ်းသပ်ပစ်လွှတ်ခြင်း မပြုရန် ပိတ်ပင်ခံထားရသည်။

ဇန်နဝါရီလ ၆ ရက်နေ့တွင် ပထမဆုံး ဟိုက်ဒြိုဂျင်ဗုံး အောင်မြင်စွာ စမ်းသပ်ဖောက်ခွဲနိုင်ခဲ့ကြောင်း ပြုံယမ်းအစိုးရက ကြေညာခဲ့အပြီးတွင် နောက်ထပ် ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်ဦးမည်လားဟု ပူပန်မှုများ ထွက်ပေါ်လာခဲ့သည်။

မြောက်ကိုရီးယားသည် နိုင်ငံအနောက်မြောက်ပိုင်း သောင်ချမ်း-ရီရှိ ပင်မရော့ကက်စခန်းမှ ရော့ကက်ဒုံးကျည်လွှတ်စင်ကို ဖြုတ်တပ်နိုင်သော အမိုးဖြင့် ကာကွယ်ထားသည်။

ဒုံးကျည်ပစ်လွှတ်ရန် ပြင်ဆင်မှုများကို ဖုံးကွယ်ရန် ရည်ရွယ်ခြင်း ဖြစ်သည်ဟု ယူဆရသည်။

လွှတ်စင်၏ အမြင့်ကို ၂၀၁၅ တွင် မီတာ ၅၀ မှ ၆၇ မီတာသို့ တိုးမြှင့်ထားသည်။

လက်တလောတွင် ပြုံယမ်းက တာဝေးပစ် ဒုံးကျည် စမ်းသပ်ရန် ပြင်ဆင်ချိန်တွင် လုပ်နေကျ လုပ်ရပ်တစ်ခုဖြစ်သော ခုတ်မောင်းဖြတ်သန်းခြင်း မပြုရဇုန် ထုတ်ပြန်မှုကို လုပ်ဆောင်ထားခြင်း မရှိသေးပေ။


ဒေါ်စု အစိုးရ မှားတဲ့အချိန် ၊ အသေအကြေပြန်တွယ်ကြချိန်မှာသာ စိတ်ခိုင်ခိုင်ထားဖို့  ကြိုပြောပြထားချင်တယ်

ဒေါ်စု အစိုးရ မှားတဲ့အချိန် ၊ အသေအကြေပြန်တွယ်ကြချိန်မှာသာ
စိတ်ခိုင်ခိုင်ထားဖို့  ကြိုပြောပြထားချင်တယ်

========================
ဦးသိန်းစိန် သက်တမ်း ငါးနှစ်အတွင်း ...
ကောင်းတာတွေ ရှိသလို ...
ဆိုးတာတွေလဲ ရှိခဲ့တယ် ....

ပိုကောင်းလာသလား ....
ပိုဆိုးလာသလားဆိုတာကတော့ ...
အစွဲကင်းကင်း နဲ့  စဉ်းစားတဲ့ သူတိုင်း မြင်နိုင်တယ် ...

တစ်ချို့ ကလဲ
ဒီထက်ပိုမကောင်းရကောင်းလားလို့  ...
ဒေါသူပုန်ထ ဆဲရေးကောင်း ဆဲရေးမယ် ...
တစ်ချို့ ကလဲ
သူ နိုင်သလောက် လုပ်သွားတာပဲလို့  ...
သနား ကရုဏာသက်ကောင်း သက်မယ် ...
ဘယ်လိုဖြစ်ဖြစ် ...
သူရဲ့  သမ္မတသက်တမ်းကတော့ ...
ကုန်ဆုံးသွားခဲ့ပြီ ....
သို့ သော် ဒေါ်စု ၀န်းရံသူတစ်ချို့ ကတော့ ....
သူ့ ကို ဆက်လက် တိုက်ခိုက်မြဲပဲ ...

မနေ့ က ကျွန်တော်စတေးတပ်စ် တစ်ခုရေးခဲ့တယ် ...
အရှိန်မသပ်နိုင်တဲ့  ၀န်းရံသူတွေ အကြောင်း ...
အရှိန်မသပ်နိုင်ရင် ...
ကိုယ့်ရူး ကိုယ်ပတ် ဖြစ်လိမ့်မယ် ဆိုတဲ့ အကြောင်း ....

အခု ခင်ဗျားတို့  တလစပ်ဆဲနေတဲ့  ကျူးကိစ္စတွေဟာ ...
နောက်တစ်လနေရင် ...
အစိုးရ အသစ်က ရှင်းရတော့မယ်ဆိုတာ ...
ခင်ဗျားတို့ သိရင် သိပ်ကောင်းမှာပဲ ...

ဒေါ်အောင်ဆန်းစုကြည် ခန့် အပ်မယ့် ....
ပြည်နယ် နဲ့ တိုင်း ၀န်ကြီးချုပ်တွေဟာ ....
ဦးသိန်းစိန် လက်ထက် ၀န်ကြီးချုပ်တွေလို ....
ကျူးကျော်တွေကို ဘူဒိုဇာ နဲ့  ထိုးချင်ထိုးမှာပဲ ဆိုတာ ....
ခင်ဗျားတို့ နားလည်ရင် သိပ်ကောင်းမှာပဲ ...

ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက် ...
အဓိကရုဏ်း နှိမ်နှင်းတဲ့  ရဲတွေဟာ ...
ဦးသိန်းစိန် လက်ထက် အဓိကရုဏ်းနှိမ်နှင်းတဲ့  ရဲတွေလို ...
မီးခိုးဗုံး ၊ မျက်ရည်ယိုဗုံးပစ်ဖို့ လိုရင် ပစ်မှာပဲ ဆိုတာ ...
ခင်ဗျားတို့ နားလည်ရင် သိပ်ကောင်းမှာပဲ ...

တစ်ချို့  လက်နက်ကိုင်အဖွဲ့ တွေဟာ ...
ဘယ်သူ့ လက်ထက်မှာမှ ....
ပြောမရဆိုမရ အတန်းအစားတွေဖြစ်လို့  ....
တိုက်ပွဲတစ်ချို့ ဆက်ဖြစ်နေအုန်းမှာပဲ ဆိုတာ ...
ခင်ဗျားတို့  နားလည်ရင် သိပ်ကောင်းမှာပဲ ....

ဒေါ်အောင်ဆန်းစုကြည် လက်ထက်မှာလဲ ....
တရားခံ မပေါ်တဲ့  ရာဇ၀တ်မှုတွေ ...
ရှိမြဲ ရှိနေအုန်းမယ်ဆိုတာ ....
ခင်ဗျားတို့ နားလည်ရင် သိပ်ကောင်းမှာပဲ ....

အီလက်ထရောနစ်ပုဒ်မဆိုတဲ့  ဥပဒေဟာ ....
ဒေါ်စု လက်ထက်မှာလဲ ....
အီလက်ထရောနစ်ပုဒ်မ ဥပဒေပဲ ဆက်ဖြစ်မယ်ဆိုတာ ....
ဒီ ဥပဒေနဲ့ ပဲ အရေးယူခံရသူတွေ ရှိနေအုန်းမယ်ဆိုတာ ...
ခင်ဗျားတို့  နားလည်ရင် သိပ်ကောင်းမှာပဲ ....

လွန်ခဲ့တဲ့  ၂ နှစ်လောက်က ...
ဘယ်သူတက်တက် ခရိုနီနဲ့  ....
အလိုက်အထိုက် ဆက်ဆံသွားမှာပဲလို့ ....
ကျွန်တော်ရေးတော့ ...
ဝန်းရံသူတွေ ၀ိုင်းဆဲကြတယ် ....
NLD အမတ်တွေရဲ့  သင်တန်းအသစ်ကို ...
ဦးတေဇဟော်တယ်မှာ စပွန်ဇာတောင်းတော့ ...
ခင်ဗျားတို့ ချက်ချင်းလေသံပြောင်းတယ် ...
ဒါဟာ ပဏာမ ဥပမာတစ်ခုသာ ရှိသေးတယ် ...

ဒေါ်စုကို အပြစ်တင်ခြင်းလဲ မဟုတ် ....
ဦးတေဇကို အပြစ်တင်ခြင်းလဲ မဟုတ် ....
ဘယ်သူတက်တက် ....
ဒီလိုပဲ ဖြေရှင်းမှာဖြစ်တဲ့  ကိစ္စတွေကို ....
ဦးသိန်းစိန် လုပ်ရင် အမှား ...
ဒေါ်စု လုပ်ရင်ကျတော့ ချက်ချင်းလေသံပြောင်းသွားတဲ့  ...
ခင်ဗျားတို့ လုပ်ရပ်တွေကို ...
ထောက်ပြလိုတာသာ ဖြစ်တယ် ...

ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူဟာ ...
လက်ရှိအချိန်မှာ လူများစုပဲ ....
လူများလို့ လဲ မဲနိုင်ခြင်းဖြစ်တယ် ...
ဒါ ဘာမှ အငြင်းပွားစရာမရှိ ...
သို့ သော် ဦးသိန်းစိန်ကို ....
ချစ်ခင်လေးစားသူတွေ ရှိနေသေးတယ်ဆိုတာလဲ ....
ခင်ဗျားတို့ သတိချပ်သင့်တယ် ....

ဒီမိုကရေစီဆိုတာ လူများစု ဆန္ဒကို လိုက်နာခြင်း ...
လူနည်းစု ဆန္ဒကို လေးစားခြင်းပဲ ....
ဦးသိန်းစိန်ကို ကန်တော့မယ့်ကိစ္စ ...
ခင်ဗျားတို့ ဝန်းရံသူတွေကို ဘာထိခိုက်လဲ ....
ခင်ဗျားတို့ ကို ကန်တော့ခိုင်းတာလဲ မဟုတ် ...
သူ့ ကို ချစ်ကြခင်ကြတဲ့  သူတွေ စုကန်တော့တာပဲ ...

ဒီလိုကိစ္စကို လိုက်စော်ကားပုတ်ခတ်နေတဲ့  .....
ဒေါ်စု ၀န်းရံသူတစ်ချို့ ဟာ ...
ဦးသိန်းစိန်ကို သရော်ရာမရောက် ...
ဒေါ်စု စင်ပေါ်မှာ အမြဲပြောလေ့ရှိတဲ့  ဆုံးမစကားတွေကို ....
သရော်သလိုသာ ဖြစ်နေတဲ့ အကြောင်း ....
ခင်ဗျားတို့  နားလည်ရင် သိပ်ကောင်းမှာပဲ ....

ဘယ်လိုဖြစ်ဖြစ် ကျွန်တော်တို့ ကတော့ ...
ဝေဖန်ရုံ ထောက်ပြရုံပဲ တတ်နိုင်ပါတယ် ...
လုပ်တာ မလုပ်တာကတော့ ကိုယ့်ကိစ္စပါပဲ ....

တစ်ခုပြောလိုတာက ...
ဦးသိန်းစိန်ကို ထောက်ခံသူတွေကလဲ ...
လူတွေ ဖြစ်တဲ့ အတွက် ....
ခင်ဗျားတို့ အခုလို စော်ကားမော်ကားပြောနေတာတွေကို ....
မှတ်မှတ်သားသား ရှိနေကြမှာ အမှန်ပါပဲ ....

မမှားတဲ့ အစိုးရ ...
ပြသနာမတက်တဲ့  အစိုးရဆိုတာ မရှိပါဘူး ...
ဒေါ်စု အစိုးရ မှားတဲ့အချိန် ...
သူတို့ အသေအကြေပြန်တွယ်ကြချိန်မှာသာ ...
ခင်ဗျားတို့ စိတ်ခိုင်ခိုင်ထားဖို့  ကြိုပြောပြထားချင်တယ် ...
ဒီလောက်ပါပဲ ...

( ရဲမိုး )


ပရီမီးယားကော်ဖီ ကျပ်သိန်းတထောင်ဆုနှင့် ဆုမဲပေါင်း ၈၅ ဆု ကျန်ရှိနေသေးဟုဆို

ပရီမီးယားကော်ဖီ ကျပ်သိန်းတထောင်ဆုနှင့် ဆုမဲပေါင်း ၈၅ ဆု ကျန်ရှိနေသေးဟုဆို
------ ------ ------ ------ ------
ပရီမီးယားကော်ဖီမှ ၁၀ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကံစမ်းမဲဆုမဲပေါင်းများစွာ ဖွင့်လှစ်ခဲ့ရာ ဇန်န၀ါရီ ၂၆ ရက် အထိ ကျပ်သိန်းတထောင်ဆုမဲအပါအ၀င် ကျပ်သိန်း ၁၀၀ ဆု၊ ကျပ်ဆယ်သိန်းဆု စုမဲပေါင်း ၈၅ ဆုကျန်ရှိနေသေးကြောင်း အဆိုပါကုမ္ပဏီ၏တာဝန်ရှိသူ မယဉ်ဝေပြုံး က သတင်းမီဒီယာများသို့ ပြောကြား သည်။

''ပရီမီးယားက နှစ်စဉ်ကံစမ်းမဲအစီ အစဉ်တွေပေးလေ့ရှိပေမယ့် ဆယ်နှစ်ပြည့် အထိမ်းအမှတ်မှာ ကံထူးတဲ့ သူတွေ ထိုက်ထိုက်တန်တန် ခံစားစေချင်လို့ သိန်းတထောင်ဆုတဆု၊ သိန်းတရာဆု ၅၀၊ ဆယ်သိန်းဆု ၅၀ ပေးဖို့ စီစဉ်တာပါ''ဟု ပြောကြားခဲ့ပြီး ယင်းကဲ့သို့ကံစမ်းမဲပေးခြင်းကြောင့် ဈေးနှုန်းနှင့် အရည်အသွေးအား မပြောင်းလဲဘဲ ထုတ်လုပ်ဖြန့်ချိခဲ့သည်ဟု ၎င်းကဆိုသည်။

ယင်းကဲ့သို့ ကံစမ်းမဲပေါက်သူအား ထိုက်တန်သည့်အခွင့်အရေးရရှိစေရန်အတွက် ယခင် ကံစမ်းမဲပေးနေကျပုံစံဖြစ်သည့် ကျပ် ၁၀၀၊ ၂၀၀ မပေးတော့ဘဲ ယခုကဲ့သို့ပြုလုပ်ရသည်ဟုဆိုသည်။ ထိုသို့ ပြုလုပ်သည့်အတွက် လူမှုကွန်ရက် ဖေ့စ်ဘုတ်စာမျက်နှာများ၌ ပရီမီးယားကော်ဖီအား ဟာသအဖြစ် Thank You ကော်ဖီအဖြစ် ခေါ်ဆိုနေခြင်းများကြောင့် ရှင်းလင်းစွာသိစေလို၍ ယခုကဲ့သို့ သတင်းမီဒီယာများအား ပြောကြားရသည်ဟု ဆိုသည်။

''အခုဆို ပရီမီးယားကော်ဖီကို လူအများစုက ဖေ့စ်ဘုတ်ပေါ်ကနေ Thank You ကော်ဖီဆိုပြီး နာမည်ပေးတာ နာမည်အသစ်တောင်ရနေပြီ။ အဲလို ဟာသလုပ်တဲ့သူတွေကိုလည်း ကျေးဇူးတင်တယ်။ သူတို့အတွက်လည်း ကျေးဇူးတုံ့ပြန်တဲ့ အစီအစဉ်တွေလုပ်နေတယ်။ အဲဒီ အစီအစဉ်ကို မကြာမီပြောပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကြောင့် ပိုနာမည်ရလာတယ်။ တကယ် ကျေးဇူးတင်လို့ပါ'' ဟုပြောကြားသည်။

ယင်းပရီမီးယားကော်ဖီကံစမ်းမဲအား ၂၀၁၅ နိုဝင်ဘာမှ စတင်ခဲ့ခြင်းဖြစ်ပြီး ကံစမ်းမဲကုန်ဆုံးချိန်ကို ၂၀၁၆ ဖေဖော်ဝါရီဟု မူလက သတ်မှတ်ထားသည်ဟုဆိုသည်။ ''ကံစမ်းမဲအစီအစဉ်ကို တခဲနက် အားပေးတဲ့ ပရိသတ်တွေအတွက် ဖေဖော်ဝါရီလို့ မသတ်မှတ်တော့ဘဲ မတ်လအထိ တိုးပေးလိုက်တယ်။ နောက်ပြီး ဆယ်သိန်းဆု ၂၀ လည်းထပ်တိုးလိုက်တယ်။ ဒီတော့ အားလုံးကျပ်သိန်းတထောင်ဆုမဲ အပါအ၀င်ဆို ဆုမဲပေါင်း ၈၅ ဆုကျန်ပါသေးတယ်''ဟု ပြောကြားခဲ့သည်။

လက်ရှိ ကျပ်သိန်း ၁၀၀ ဆု ၁၉ ဆု၊ ကျပ် ၁၀ သိန်းဆု ၁၇ ဆုတို့၏ ကံထူးရှင်များပေါ်ထွက်လာပြီး ထပ်မံထွက်ပေါ်လာမည့် ကံထူးရှင်များအားလည်း သတင်းစာ၊ ဂျာနယ်၊ ရေဒီယို၊ MRTV-4 ရသစုံညွှန်းတမ်းအစီစဉ် စသည်တို့တွင် စဉ်ဆက်မပြတ် ဖော်ပြပေးသွားမည်ဖြစ်ပြီး အချိန်နှင့်တပြေးညီ သိလိုလျှင်လည်း ပရီမီးယားကော်ဖီ၏ Facebook တွင် တင်ဆက်ပေးသွားမည်ဟုဆိုသည်။

ပရီမီးယားကံစမ်းမဲအစီအစဉ်၌ ပရီမီးယား 3 in 1၊ ပရီမီးယား 2 Plus 1၊ ပရီမီးယား Espresso၊ ပရီမီးယားနို့မှုန့် စသည့် ထုတ်ကုန်လေးမျိုးတွင် ထည့်သွင်းထားသည်ဟုဆိုသည်။ ပရီမီးယားကော်ဖီသည် ဈေးကွက်တွင် ရောင်းအားကောင်းနေ၍ စားသုံးသူများအား ကျေးဇူးတုံ့ပြန်သောအားဖြင့် 'ရင်မတုန်ပေမယ့် ရင်ခုန်စရာ သိန်းတထောင်' ကံစမ်းမဲအစီစဉ်အား ပြုလုပ်ရခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။


သေဒဏ်ကျမြန်မာလုပ်သားနှစ်ဦးကို နာမည်ဆိုးဖြင့် ကျော်ကြားသည့် ဘန်ခွမ်အကျဉ်းထောင်သို့ ပြောင်းရွှေ့

သေဒဏ်ကျမြန်မာလုပ်သားနှစ်ဦးကို နာမည်ဆိုးဖြင့် ကျော်ကြားသည့် ဘန်ခွမ်အကျဉ်းထောင်သို့ ပြောင်းရွှေ့
Friday, January 29, 2016

လိပ်ကျွန်းလူသတ်မှုအ တွက် သေဒဏ်ချမှတ်ခံထားရ သော မြန်မာလုပ်သားနှစ်ဦးကို ထိုင်းနိုင်ငံတွင် ကြမ်းတမ်းဆိုး သွမ်းမှုနှင့် ပတ်သက်လျှင် နာမည် ကြီးသည့် ဘန်ကောက်မြို့ရှိ အ ကျဉ်းထောင်တစ်ခုသို့ ပြောင်းရွှေ့ခဲ့ကြောင်း သတင်းရရှိသည်။

ပြောင်းရွှေ့ခံရသော ဘန် ခွမ်အကျဉ်းထောင်သည် ထိုင်းနိုင် ငံတွင် ကြမ်းတမ်းဆိုးသွမ်းမှုနှင့် ပတ်သက်ပြီး နာမည်ကြီးသော ကြောင့် ‘‘ကျားထောင်’’ဟုခေါ်ဝေါ် ကြောင်း သတင်းရရှိသည်။

မြန်မာနှစ်ဦးကို ထိုင်းနိုင်ငံ တောင်ပိုင်း နခွန်စီထန်မရ အ ကျဉ်းထောင်တွင်ထားရှိခဲ့ရာမှ ဇန်န၀ါရီ ၂၇ ရက်တွင် ဘန်ကောက်မြို့ရှိ ဘန်ခွမ်အကျဉ်းထောင်သို့ ပြောင်းရွှေ့လိုက်ခြင်းဖြစ်သည်။

မြန်မာလုပ်သားနှစ်ဦးကို အ ကျဉ်းထောင်အတွင်း ၂၄ နာရီ သံ ခြေချင်းများ ခတ်ထားမှုနှင့် ပတ် သက်၍ ကုလသမဂ္ဂ ညှဉ်းပန်းနှိပ်စက်မှုဆိုင်ရာ အထူးကိုယ်စား လှယ်နှင့် ထိုင်းအစိုးရထံသို့ ဇန်န ၀ါရီ ၂၇ ရက်က ကန့်ကွက်စာပေး ပို့ထားကြောင်း မြန်မာလုပ်သား နှစ်ဦးအရေးကို ကူညီဆောင်ရွက် ပေးနေသော ရွှေ့ပြောင်းအလုပ် သမား အခွင့်အရေးကွန်ရက် (MWRN)မှ နိုင်ငံခြားရေးရာ အတိုင်ပင်ခံ အန်ဒီဟောက ပြော သည်။

‘‘သံခြေချင်း ခတ်ထားမှုကို ကုလသမဂ္ဂနဲ့ ထိုင်းအစိုးရထံကို ကန့်ကွက်စာပို့ထားတယ်။ ကုလ သမဂ္ဂကလည်း ဒါကိုစိတ်ဝင်စား တယ် ပြောတယ်။ သေဒဏ်ကျခံ ထားရပေမယ့် လူ့အခွင့်အရေးနဲ့ အညီ နေထိုင်ဖို့အတွက် လုပ်ပေး တာပါ။ သူတို့ကို အခန်းအပြင်ပေး မထွက်ဘူး။ သူတို့အတွက် ပို့ပေး တဲ့ အလှူငွေတွေလည်း ထုတ်ယူ သုံးစွဲခွင့် မရှိဘူး။ ထောင်က နာ မည်ကြီးပေမယ့် မြန်မာသံရုံးနဲ့ အဖွဲ့အစည်းတွေက ပုံမှန်ထောင်ဝင်စာ တွေ့ပေးနေရင် ပြဿနာမရှိပါဘူး’’ဟု အန်ဒီဟောက ပြော ကြားသည်။

ပြောင်းရွှေ့ခံရသော ဘန်ခွမ်အကျဉ်းထောင်သည် နှစ်ကြီးသ မားများသာ ထားရှိသော ထောင်ဖြစ်ပြီး စည်းကမ်းတင်းကျပ်မှုရှိသော ထောင်ဖြစ်ကြောင်း မြန်မာ သံရုံးအထူးအဖွဲ့မှ ဦးထူးချစ်က ပြောသည်။

‘‘မနေ့က ထောင်ပြောင်း ထားလိုက်ပြီလို့ သတင်းပို့လာ တယ်။ ဘန်ကောက်မှာထားတယ် ဆိုတော့ ထောင်ဝင်စာသွားတွေ့ ရတာတွေအတွက် ပိုပြီးအဆင် ပြေလာမယ်လို့ ထင်တယ်’’ဟု ဦး ထူးချစ်ကပြောသည်။ လက်ရှိ တွင် ဘန်ခွမ်အကျဉ်းထောင် ရောက် မြန်မာနှစ်ဦးမှာ ခြေချင်းခတ်ခံထားရဆဲဖြစ်ကြောင်း သိရ သည်။

မြန်မာလုပ်သားနှစ်ဦး၏ အ ယူခံဝင်မှုကို ဖေဖော်ဝါရီ ၂၄ ရက် နောက်ဆုံးထား အယူခံဝင်ရန် ထိုင်းအစိုးရက သတ်မှတ်ထားသောကြောင့် ဖေဖော်ဝါရီ ပထမပတ်အတွင်း အယူခံတင်သွင်း မည်ဟု မြန်မာသံရုံးအထူးအဖွဲ့ရှေ့နေဦးအောင်မျိုးသန့်က ပြော သည်။

ပြည်ထောင်စုရှေ့နေချုပ်ရုံး မှ ဥပဒေပညာရှင် ဒုတိယညွှန် ကြားရေးမှူးချုပ် ဒေါ်ခင်ချိုအုန်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မှုခင်းဆေး ပညာဆိုင်ရာ ကျွမ်းကျင်သူ ရဲမှူး ကြီး စိုးနိုင်ဦးနှင့် မြန်မာနိုင်ငံ ရှေ့ နေများကောင်စီမှ အယူခံမှုဆိုင် ရာ ကျွမ်းကျင်သူ ဦးဖေခင်တို့ သည် မြန်မာလုပ်သားနှစ်ဦးအယူ ခံဝင်ရေးကိစ္စများ ဆောင်ရွက်ရန် ဇန်န၀ါရီ ၁၁ ရက်က ထိုင်းနိုင်ငံ သို့ သွားရောက်ခဲ့သည်။

မြန်မာနိုင်ငံသားနှစ်ဦး၏ အ မှုသည် အဆုံးသတ်သွားခြင်း မ ဟုတ်ဘဲ အထက်တရားရုံးများ၌ အစွမ်းကုန် ကြိုးစားမည်ဖြစ်ပြီး မြန်မာပြည်သူများ ထိုင်းနိုင်ငံ၏ တရားရေးကဏ္ဍကို ယုံကြည်ပေး စေလိုကြောင်း အကျိုးဆောင် ပေးနေသော ထိုင်းနိုင်ငံ ရှေ့နေများကောင်စီက သတင်းထုတ်ပြန် ထားသည်။

မြန်မာလူငယ်နှစ်ဦးကို ထိုင်းနိုင်ငံတွင် ၂၀၁၅ ဒီဇင်ဘာ ၂၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ − အီးပီအေ)
7Day Daily


လယ်ယာမြေပေါ်တွင် ခွင့်ပြုချက်မဲ့ အခြားလုပ်ငန်းလုပ်သူများထံမှ ဒဏ်ကြေး ကျပ်သိန်း ခုနစ်ထောင်ကျော်ရရှိဟုဆို

လယ်ယာမြေပေါ်တွင် ခွင့်ပြုချက်မဲ့ အခြားလုပ်ငန်းလုပ်သူများထံမှ ဒဏ်ကြေး ကျပ်သိန်း
ခုနစ်ထောင်ကျော်ရရှိဟုဆို
-----------------------------------------------------
မန္တလေး၊ ဇန်နဝါရီ -၂၈

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးမြေများပေါ်တွင် စိုက်ပျိုးရေး မဆောင်ရွက်သည့်အပြင် ခွင့်ပြုချက်မရှိဘဲ အခြားနည်းအသုံးပြုသူ ၂၅၂ဦးထံမှ ဒဏ်ကြေး ကျပ်သိန်း
ခုနစ်ထောင်ကျော် လက်ရှိအစိုးရသက်တမ်းအတွင်း ရရှိကြောင်း မန္တလေးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြား
သည်။

အဆိုပါဒဏ်ကြေးများကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေအဖြစ်ထားရှိပြီး လယ်ယာမြေဥပဒေအရ အရေးယူရာတွင် လုပ်ငန်းရှင် ၂၅၂ ဦးထံမှ ဧက ၆၂၉ ကျော်အတွက်
ဒဏ်ကြေး ကျပ်သိန်းခုနစ်ထောင်ကျော်ရရှိခြင်းဖြစ်ကြောင်း ၄င်းက ဆိုသည်။

လယ်ယာမြေများပေါ်တွင် အဆောက်အဦဆောက်ခြင်း၊ လမ်းဖောက်ထားခြင်းနှင့် အခြားလုပ်ငန်းများ လုပ်ကိုင်နေမှုများကို သက်ဆိုင်ရာမြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့က စိစစ်ချက်အရ အရေးယူထားခြင်းဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။

လယ်ယာမြေများပေါ်တွင် အခြားလုပ်ငန်းလုပ်ကိုင်လိုပါက အသုံးပြုခွင့်လျှောက်ထားရန် လိုအပ်ပြီး ယာမြေဖြစ်ပါက တိုင်းဒေသကြီးအစိုးရက ခွင့်ပြုချက်ပေးနိုင်ပြီး လယ်မြေဖြစ်ပါက လယ်ယာမြေလျှောက်ထားရကြောင်း အဆိုပါဌာနထံမှသိရသည်။

လယ်ယာမြေများပေါ်တွင် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေသူများအနေနှင့် ဥပဒေနှင့်အညီ ဒဏ်ကြေး တစ်ဧကလျှင် ဒဏ်ငွေကျပ် ၁ဝသိန်းပေးဆောင်ကာ လယ်ယာမြေ အခြားနည်းအသုံးပြုခွင့်ချထားပေးမှုရှိသော်လည်း ကြန့်ကြာမှုများ ရှိနေကြောင်း မန္တလေးတိုင်း
ဒေသကြီးအတွင်းရှိ မွေးမြူရေးလုပ်ငန်းရှင်များက ဆိုသည်။

လယ်ယာမြေများပေါ်တွင် လူနေရန်အတွက် အကွက်ရိုက်ရောင်းချနေမှုများ ရှိနေသည့်
အပြင် မန္တလေးမြို့အနီးတစ်ဝိုက်ရှိ လယ်ယာမြေများပေါ်တွင် နေအိမ်များဆောက်လုပ်ကာ ကျေးရွာများချဲ့ထွင်လာသဖြင့် စိုက်ပျိုးမြေများ ဆုံးရှုံးလျက်ရှိကြောင်း မန္တလေးမြို့အခြေစိုက် အိမ်ခြံမြေအကျိုးဆောင်များက ပြောကြားသည်။

လယ်ယာမြေများပေါ်တွင် အခြားနည်းအသုံးပြုခွင့် လျှောက်ထားရာတွင် စက်သုံးဆီအရောင်းဆိုင်များ၊ ဟိုတယ်များဆောင်ရွက်ရန် လျှောက်ထားမှုရှိကြောင်း မန္တလေးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနထံမှ သိရသည်။


လယ်ယာမြေပေါ်တွင် ခွင့်ပြုချက်မဲ့ အခြားလုပ်ငန်းလုပ်သူများထံမှ ဒဏ်ကြေး ကျပ်သိန်း ခုနစ်ထောင်ကျော်ရရှိဟုဆို

လယ်ယာမြေပေါ်တွင် ခွင့်ပြုချက်မဲ့ အခြားလုပ်ငန်းလုပ်သူများထံမှ ဒဏ်ကြေး ကျပ်သိန်း
ခုနစ်ထောင်ကျော်ရရှိဟုဆို
-----------------------------------------------------
မန္တလေး၊ ဇန်နဝါရီ -၂၈

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးမြေများပေါ်တွင် စိုက်ပျိုးရေး မဆောင်ရွက်သည့်အပြင် ခွင့်ပြုချက်မရှိဘဲ အခြားနည်းအသုံးပြုသူ ၂၅၂ဦးထံမှ ဒဏ်ကြေး ကျပ်သိန်း
ခုနစ်ထောင်ကျော် လက်ရှိအစိုးရသက်တမ်းအတွင်း ရရှိကြောင်း မန္တလေးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြား
သည်။

အဆိုပါဒဏ်ကြေးများကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေအဖြစ်ထားရှိပြီး လယ်ယာမြေဥပဒေအရ အရေးယူရာတွင် လုပ်ငန်းရှင် ၂၅၂ ဦးထံမှ ဧက ၆၂၉ ကျော်အတွက်
ဒဏ်ကြေး ကျပ်သိန်းခုနစ်ထောင်ကျော်ရရှိခြင်းဖြစ်ကြောင်း ၄င်းက ဆိုသည်။

လယ်ယာမြေများပေါ်တွင် အဆောက်အဦဆောက်ခြင်း၊ လမ်းဖောက်ထားခြင်းနှင့် အခြားလုပ်ငန်းများ လုပ်ကိုင်နေမှုများကို သက်ဆိုင်ရာမြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့က စိစစ်ချက်အရ အရေးယူထားခြင်းဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။

လယ်ယာမြေများပေါ်တွင် အခြားလုပ်ငန်းလုပ်ကိုင်လိုပါက အသုံးပြုခွင့်လျှောက်ထားရန် လိုအပ်ပြီး ယာမြေဖြစ်ပါက တိုင်းဒေသကြီးအစိုးရက ခွင့်ပြုချက်ပေးနိုင်ပြီး လယ်မြေဖြစ်ပါက လယ်ယာမြေလျှောက်ထားရကြောင်း အဆိုပါဌာနထံမှသိရသည်။

လယ်ယာမြေများပေါ်တွင် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေသူများအနေနှင့် ဥပဒေနှင့်အညီ ဒဏ်ကြေး တစ်ဧကလျှင် ဒဏ်ငွေကျပ် ၁ဝသိန်းပေးဆောင်ကာ လယ်ယာမြေ အခြားနည်းအသုံးပြုခွင့်ချထားပေးမှုရှိသော်လည်း ကြန့်ကြာမှုများ ရှိနေကြောင်း မန္တလေးတိုင်း
ဒေသကြီးအတွင်းရှိ မွေးမြူရေးလုပ်ငန်းရှင်များက ဆိုသည်။

လယ်ယာမြေများပေါ်တွင် လူနေရန်အတွက် အကွက်ရိုက်ရောင်းချနေမှုများ ရှိနေသည့်
အပြင် မန္တလေးမြို့အနီးတစ်ဝိုက်ရှိ လယ်ယာမြေများပေါ်တွင် နေအိမ်များဆောက်လုပ်ကာ ကျေးရွာများချဲ့ထွင်လာသဖြင့် စိုက်ပျိုးမြေများ ဆုံးရှုံးလျက်ရှိကြောင်း မန္တလေးမြို့အခြေစိုက် အိမ်ခြံမြေအကျိုးဆောင်များက ပြောကြားသည်။

လယ်ယာမြေများပေါ်တွင် အခြားနည်းအသုံးပြုခွင့် လျှောက်ထားရာတွင် စက်သုံးဆီအရောင်းဆိုင်များ၊ ဟိုတယ်များဆောင်ရွက်ရန် လျှောက်ထားမှုရှိကြောင်း မန္တလေးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနထံမှ သိရသည်။


ဒုက္ခသည်ပြည်သူနဲ့ KIA သောင်းကျန်းသူ

ဒုက္ခသည်ပြည်သူနဲ့ KIA သောင်းကျန်းသူ
=========================
ကချင်ပြည်နယ်မှာ ၂၀၁၁ခုနှစ် စစ်ဖြစ်ပွားစဉ်ကတည်းက မြို့ပေါ်ဒေသတွေ၊ နယ်စပ်တွေ၊ KIA ထိန်းချုပ်ရာ ဒေသတွေမှာ ဒုက္ခသည်စခန်းတွေ အမြောက်အများ ဖြစ်ပေါ်လာခဲ့ပါတယ်။ KIA ကစစ်ဖြစ်အောင်လုပ်တယ် စစ်ဖြစ်တော့ အရပ်သားတွေ စစ်ရှောင်ကြတယ်။ စစ်ရှောင်နေတဲ့ တိုင်းရင်းသားတွေကို KIAက ဘာသာရေးနဲ့ထိန်းချုပ်ပြီး အခွင့်ကောင်းယူကာ ၎င်းတို့ အကျိုးအတွက် အသုံးချခဲ့ကြပါတယ်။

အမှန်တကယ်ရိုးသားလှတဲ့ ကချင်တိုင်းရင်းသားတွေမှာ အပြစ်မရှိ။ တကယ်တန်း အပြစ်ရှိအောင် လုပ်နေတာဟာ ကချင်ခွဲထွက်ရေးကို လုပ်ဆောင်နေတဲ့ KIAပဲဖြစ်ပါတယ်။ ကချင်ပြည်နယ်ရှိ တိုင်းရင်းသားများဟာ စစ်ဖြစ်ပွားလို့ နယ်မြေအသီးသီးကနေ IDP တွေကို ရွှေ့ပြောင်းလာခဲ့ကြရပါသည်။ ရွှေ့ပြောင်းလာကြတဲ့ ဒုက္ခသည်များကို အသုံးချကာ KIA သည် ၎င်းတို့အမာခံ သတင်းပေးအချို့ကို စစ်ရှောင်စခန်းများတွင် နေစေပြီး မီဒီယာများမှတဆင့် တစ်ဖက်လှည့်နဲ့ ထောက်ပံ့ကြေးများရယူခြင်း၊ နယ်မြေနှင့် တပ်မတော်၏သတင်းများရယူခြင်း၊ မီဒီယာနှင့်ပြည်သူအကြား ၀ါဒဖြန့်ခြင်း၊ ဒုက္ခသည်များအား စည်းရုံးသိမ်းသွင်းပြီး ၎င်းတို့တပ်မတော် အတွင်း ၀င်ရောက်စေခြင်း စသည်တို့ ပြုလုပ်နေကြသည်ကို သိရှိရပါသည်။ “သေချာတာတစ်ခုကတော့ KIA အတွက်ရိက္ခာစုဆောင်းဖို့ ဒုက္ခသည်တွေ မရှိမဖြစ်လိုအပ်သလို ဒုက္ခသည်တွေဟာလည်း စစ်ရှောင်ဖို့ IDPစခန်းတွေ မရှိမဖြစ်လိုအပ်နေဦးမှာပဲ ဖြစ်ပါတယ်”။

By Voice Of Kachin


သမ္မတတာဝန်ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာဥပဒေကြမ်း ပြည်သူ့လွှတ်တော်သဘောထားအတိုင်း ပြည်ထောင်စုလွှတ်တော် အတည်ပြု ----------------

သမ္မတတာဝန်ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာဥပဒေကြမ်း
ပြည်သူ့လွှတ်တော်သဘောထားအတိုင်း ပြည်ထောင်စုလွှတ်တော်
အတည်ပြု
---------------------------------------------------------------
လွှတ်တော်နှစ်ရပ်သဘောထားကွဲနေသော နိုင်ငံတော်သမ္မတတာဝန်
ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်မှ
ပြင်ဆင်ထားသည့်အတိုင်း အတည်ပြုလိုက်ကြောင်း လွှတ်တော်ကိုယ်စား
လှယ်များက ပြောကြားသည်။

ယနေ့(ဇန်နဝါရီလ ၂၈ရက်)ကျင်းပသော ပြည်ထောင်စုလွှတ်တော်တွင်
မဲခွဲဆုံးဖြတ်ပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ခြင်းဖြစ်သည်။

ယင်းဥပဒေကြမ်းတွင် အမျိုးသားလွှတ်တော်က အစိုးရအဖွဲ့မှ ရေးဆွဲထား
သည့်အတိုင်း မူလအတိုင်းထားအတည်ပြုထားခြင်းဖြစ်ပြီး ပြည်သူ့လွှတ်တော်က ပြင်ဆင်ထားခြင်းဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက
ပြောသည်။

နိုင်ငံတော်သမ္မတ၏လုံခြုံရေးအတွက် ကာကွယ်ရေး သို့မဟုတ်
ပြည်ထဲရေးမှခန့်အပ်နိုင်ရန် ရေးဆွဲထားချက်ကို ပြည်သူ့လွှတ်တော်၏
အတည်ပြုသည့်အတိုင်း ပြည်ထဲရေးဝန်ကြီးဌာနကိုသာ လုံခြုံရေးအတွက်
တာဝန်ပေးခန့်အပ်ရန် အတည်ပြုလိုက်ခြင်းဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။

ယင်းအပြင် အမျိုးသားလွှတ်တော်ကနိုင်ငံတော်သမ္မတသည်
" နိုင်ငံတော်၏ တာဝန်ကိုထမ်းဆောင်ပြီးနောက်ပိုင်းတွင် ထိုတာဝန်
ထမ်းဆောင်စဉ်ကဥပဒေနှင့်အညီ ဆုံးဖြတ်ခဲ့မှုများနှင့်စပ်လျှဉ်း၍
အနှောင့်အယှက်ပေးခြင်း၊ အန္တရာယ်ပြုခြင်းတို့မှကာကွယ်နိုင်ရန်"ဟု
အတည်ပြုထားသည်။

ပြည်သူ့လွှတ်တော်က "နိုင်ငံတော်၏တာဝန်ကို ထမ်းဆောင်ပြီး နောက်ပိုင်း
တွင် ထိုတာဝန်ထမ်းဆောင်စဉ်က ဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့မှုများနှင့်
စပ်လျှဉ်း၍ အနှောင့်အယှက်ပေးခြင်း၊ အန္တရယ်ပြုခြင်းတို့မှ ကာကွယ်နိုင်ရန်"
ဟုပြင်ဆင်ထားပြီး လွှတ်တော်နှစ်ရပ်ကွဲလွဲချက်၌လည်း ပြည်သူ့လွှတ်တော်၏
ပြင်ဆင်ချက်အတိုင်း အတည်ပြုခဲ့ခြင်းဖြစ်သည်။

လွှတ်တော်နှစ်ရပ် သဘောထားကွဲလွဲချက်၁၁ချက်ရှိခဲ့ပြီး ပြည်သူ့
လွှတ်တော်၏အတည်ပြုထားသည့်အတိုင်း ပြည်ထောင်စုလွှတ်တော်မှ
အတည်ပြုရန် ဇန်နဝါရီ၂၇ရက်နေ့က ဥပဒေကြမ်းပူးပေါင်းကော်မတီက
ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခဲ့ခြင်းဖြစ်သည်။


Thursday, January 28, 2016

အမေစု ဒီနေ့ပြောသမျှ မှတ်မိသမျှ ပြန်ရေးရရင် ....

အမေစု ဒီနေ့ပြောသမျှ
မှတ်မိသမျှ ပြန်ရေးရရင် ....
28.1.2016

''ကျမတို့ ကိုယ်စားလှယ်များဟာ
အနိင်ရကိုယ်စားလှယ်တွေ မဟုတ်ပါဘူး
ရွေးချယ်ခံကိုယ်စားလှယ်ပါ
ပြည်သူက ရွေးချယ်ပေးလိုက်တာ
၅နှစ်တာအတွက် ရွေးလိုက်တာ
အလုပ်လုပ်ဖို့ ရွေးလိုက်တာ
အခုထိုင်နေတဲ့ ထိုင်ခုံတွေ ဒီအခမ်းအနားပြီးရင်
ပြန်ထပေးရသလို
ကျမတို့ ကိုယ်စားလှယ်များဟာလည်း
နေရာတခုကို ရောက်ရင်
အချိန်တန်ရင် ထွက်ခွာပေးဖို့ လိုအပ်ပါတယ်
ဒါဟာအင်မတန်မှ အရေးကြီးပါတယ်

ကျမတို့ ရှေ့ဆက်သွားမှာ ရင်ကြားစေ့ရေးပါ
ဘယ်တဦးတယောက်ကိုမှ နောက်ကြောင်းပြန်
အရေးယူတာမျိုး မလုပ်ပါဘူး
ပြောချင်တာက
ကျမတို့ ဟာ အတိတ်ကို သင်ခန်းစာပဲယူမယ်
အတိတ်ကို ချည်နှောင်နေမှာမဟုတ်ဘူး
အတိတ်ထဲမှာ နေ နေမှာမဟုတ်ဘူး
ဒီသတင်းစကားကို ကိုယ့်ဆီ ကိုယ်ဒေသက
ဝန်ထမ်း အဖွဲ့အစည်းများကိုလည်း ပါးပါ
ကျမတို့ နောက်ကြောင်းပြန်အရေးယူမှူမရှိဘူး
ဒါပေမဲ့ လက်ရှိ ရှေ့ကစလို့ တရားဥပဒေကြောင်းအရ
တိတိကျကျ မှန်မှန်ကန်ကန် အရေးယူသွားပါမယ်

ပါတီအဖွဲ့အစည်းတခုမှာ
သစ္စာတရားဟာ အင်မတန်အရေးကြီးပါတယ်
သစ္စာဆိုတာမှာလည်း
အမှန်တရားဘက်ကနေ သစ္စာရှိဖို့လိုအပ်ပါတယ်
မှားမှနိးလည်းသိ မမှန်တဲ့ဘက်က သစ္စာရှိနေတယ်ဆို
မဟုတ်သေးပါဘူး ဒါ့ကြောင့် ကိုယ်သစ္စာ့မှန်ကန်အောင်
ဘယ်ဟာက အမှန်လဲ ဘယ်ဟာက အမှားလဲလို့ 
ဆုံးဖြတ်နိင်တဲ့ ပိုင်းခြားနိင်တဲ့
ဆင်ခြင်တုံတရားရှိဖို့ အရင်လိုပါတယ်

ကျမတို့ ကိုယ်စားလှယ် တွေအချင်းချင်း
ဂုဏ်တုဂုဏ်ပြိုင်တွေ မလုပ်ပါနဲ့ 
ပြိုင်ရမှာတွေတော့ရှိတယ်
အဲဒါက ကိုယ့်အချင်းရဲဘော်ရဲဘက်စိတ်ထားတာ
ကိုယ်က သူ့ ထက်သာလား
သဘောထားကြီးရာမှာ ကိုယ်ကသာသလား
ဒါကိုပြိုင်ပါ
နောက်တခုက အလုပ်လုပ်ပါ
အလုပ်လုပ် တာမှာလည်း
ကိုယ်ဘာကိုယ် လုပ်ပီယူဆရင်
ငါကတော့လုပ်တယ် သူကဘယ်လို လို့ မတွေးဘဲ
ဒီနေ့ ကိုယ်နဲ့ နောက်နေ့ ကိုယ်
ကိုယ်နဲ့ ကိုယ် ပြိုင်နေတာ အကောင်းဆုံးပဲ

ကျမတို့ ကိုယ်စားလှယ်တွေမှတ်ပါ
ကိုယ်ဘာကိုယ်ပြည့်စုံပီ တော်ပီထင်တဲ့နေ့
ကိုယ့် ကျရှူံးးခန်းစတဲ့နေ့ပဲ
ကမ္ဘာမှာ ဘယ်သူမှအတော်ဆုံးမရှိပါဘူး
ဒီနေရာမတော်သူက ဟိုနေရာတော်တယ်
ဟိုနေရာမတော်သူက ဒီနေရာမှာတော်တတ်ပါတယ်

အချင်းချင်း ချစ်ခင်ရင်းနှီးစွာပေါင်းပါ
အပြန်အလှန်လည်း ထိန်းပါ
ပြောစရာရှိတာလည်း ပြောပါ
ဒါပေမဲ့ ခံသာတဲ့စကားလုံးနဲ့ တော့ ပြောပါ
အခု ကျမပြောသလို ခပ်မာမာပြောလို့ တော့မဖြစ်ဘူးပေါ့
( ရီရီမောမောဖြင့် ) ကျမက ပါတီဥက္ကဌဆိုတော့
ပြည်သူတွေနဲ့ ပြုံးရယ်မောနေပေမဲ့ ကိုယ့်ထဲမှာတော့
ဒီလိုပဲ ပြောရမှာပဲ

ငါတို့ က ၅နှစ်ပဲလုပ်မယ်
နောက်မလုပ်တော့ဘူးဆိုပီး
အလုပ်ကို အဖြစ်လုပ်တာ မလုပ်ပါနဲ့ 
နောက်တသက်လုံး ပြည်သူ့ ရင်ထဲစွဲထင်သွားအောင်
အလုပ် လုပ်ကြပါ
ကိုယ်လုပ်နိင်တဲ့ အတိုင်းအတာအထိ
အစွမ်းကုန် လုပ်ပါ
ငါ ဒီထက်လုပ်ရင်ရသေးတယ်လို့ 
တွေးမိရင် ပိုလုပ်ပါ

ကျမတို့ ကိုယ်စားလှယ်တွေ သတိထားရမှာက
ကိုယ့်အတွက်ဦးစားပေးက အခုအချိန်ကစ
မိသားစုမဟုတ်တော့ပါဘူး
ကိုယ်စားလှယ်လုပ်ငန်း ပြည်သူ့ အတွက်
လုပ်ပေးရမှာတွေပါ
ဒီလို ပြောလို့ မိသားစုတာဝန်လုံးဝ မယူရဘူးမဟုတ်ပါဘူး
ကိုယ်နိင်သလောက်တော့ ယူရမှာပါ
တခါတရံမှာ ကိုယ်စားလှယ်များဟာ
မိသားစုအရေးအကြောင်းရုတ်တရက်ပေါ်လာရင်
ဖြစ်လေ့ရှိတဲ့ သဘာဝအတိုင်း
အလုပ်ကိုထိခိုက်နိင်တဲ့ ကိစ္စတွေ ကျူးးလွန်တတ်ပါတယ်
ဒီလိုမျိုး တွေကြုံလာရင် ကျမတို့ ကို
အကူအညီတောင်းပါ
ကျမတို့ တတ်နိင်သလောက်ဝိုင်းဝန်းပီး
ဖြေရှင်းပေးပမယ်
ကိုယ့်နည်းကိုယ်ဟန်နဲ့ ဖြေရှင်းလို့ 
အလုပ်ကိုထိခိုက်သွားရင် ဘာမှမတတ်နိင်ပါဘူး
-
ကျမကပြည်သူကို အလံတော်ကြည့်ပြီး မဲပေးပါ ။
ကျန်တာ ကျမတာဝန်ယူမယ်လို့ ပေးထားတဲ့ကတိအတိုင်း
ကျမဘက်ကတော့ ပြတ်ပြတ်သားသား လုပ်ရပါလိမ့်မယ် ။
-
ကျန်တာတော့ အောက်မြန်မာပြည်က
ကိုယ်စားလှယ်တွေကို ပြောထားတဲ့အတိုင်းမို့ 
ထပ်မပြောတော့ပါဘူး
ပြောပီးသားစကားတွေ ထပ်ပြောရမှာ
ကျမ အင်မတန်မှ ပျင်းပါတယ်

ကျမတို့ ကိုယ်စားလှယ်များအားလုံး ပြည်သူ့ တာဝန်ကို
ကျေကျေပွန်ပွန် ရွက်ဆောင်နိင်ကြပါစေ"

Credit.kay kay azl
           . Henery Maung Thant