Thursday, December 31, 2015

ဝင်း - ဇော် အမှုနဲ့ သတိပြုဆင်ခြင်ဖွယ်ရာ - - - - - - - - - - - - - - - - - - - - - -

ဝင်း - ဇော် အမှုနဲ့ သတိပြုဆင်ခြင်ဖွယ်ရာ
- - - - - - - - - - - - - - - - - - - - - - - - - -
ဝင်း - ဇော် လွတ်ဖို့ရာအတွက် အများစုက ထိုင်းနိုင်ငံ တရားစီရင်ရေးရဲ့မမျှတမှု ဆိုတဲ့ အပေါက်ကနေ ဖိအားပေးရမယ် ဆိုတဲ့ အမြင်မှ သွားနေကြပါတယ်။
-
တကယ့်အမှန်တရားရှုထောင့်ကနေ ကြည့်ရင်တော့ ဟုတ်ချင်ဟုတ်နိုင်မှာ ဖြစ်ပေမယ့် ကလေးနှစ်ယောက်လွတ်ဖို့ ရှုထောင့်ကနေကြည့်ရင်တော့ မှားနေပါတယ်။ ထိုင်းနိုင်ငံရဲ့ တရားစီရင်ရေးကို အပြစ်တင်မယ်ဆိုရင် အခုပုံစံမျိုးဟာ မဟုတ်သေးဘူးထင်ပါတယ်။
-
ဘယ်နိုင်ငံကမှ ဘယ်နိုင်ငံအကြီးအကဲကမှ ကိုယ့်နိုင်ငံတရားစီရင်ရေးဟာ တကယ် ချွတ်ယွင်းနေသည့်တိုင် ချွတ်ယွင်းနေပါတယ်လို့ လူပုံအလယ်မှာ ၀န်ခံမှာ မဟုတ်ပါဘူး။ ရရာနည်းနဲ့ ကာကွယ်မှာပဲ ဖြစ်ပါတယ်။
-
မျှတရေးဆိုတဲ့အမြင်နဲ့ ဖိအားပေးလေလေ၊ ထိုင်းဟာ သူတို့သိက္ခာကို ကာကွယ်ဖို့ ဘူးခံငြင်းရင်း ဆက်တိုးသွားလေလေပဲ ဖြစ်ဖို့များပါတယ်။ ငါတို့လုပ်မိတာ မှားပါတယ်။ ဒီကလေးနှစ်ယောက်ကို လွတ်စေ လို့ ပြောရအောင်လောက်ထိ ထိုင်းတွေ မအပါဘူး။ မညံ့ပါဘူး။ ပျော့ပျောင်းတဲ့ ပေါ်လစီနဲ့ ကိုယ့်မင့်းကိုယ့်ချင်းနဲ့ ကိုယ့်တိုင်းပြည်ကို ထိန်းသိမ်းလာနိုင်ခဲ့တဲ့ ထိုင်းဟာ အကွက်မြင် ပါးနပ်လွန်းတယ်ဆိုတာ သိထားပါ။
-
သူတို့အတွက် ကယ်ဆယ်နိုင်တဲ့လမ်းကြောင်းကတော့ အသနားခံခြင်း၊ နှစ်နိုင်ငံချစ်ကြည်ရေးအတွက် ဖြေလျှော့လွှဲပြောင်းပေးခြင်း စတာတွေပဲ ရှိပါတယ်။ သူတို့အတွက် သိက္ခာရှိသော ထွက်ပေါက်ပေးပြီး ကိုယ့်လူလဲလွတ်စေ၊ သူတို့လဲ သိက္ခာမကျစေသော Win - Win နည်းလမ်းသာ ရှိပါတယ်။ ခံစားချက်တွေအတိုင်း သူရဲကောင်းတွေလိုလို လူမိုက်တွေလိုလို ဆင်ခြင်ညဏ်မဲ့ လိုက်လုပ်နေရင် အကျိုးမဲ့သာ ဖြစ်လာနိုင်ပါတယ်။
-
သူတို့ကို အပြစ်ပြောပီး ကိုယ့်လူကို လွှတ်ခိုင်းတဲ့နည်းလမ်းဟာ အန္တရာယ်အရမ်းများပါတယ်။ ဘေးထွက်ဆိုးကျိုးအရမ်းများပါတယ်။ သူတို့အနေနဲ့ ချစ်ကြည်ရေးအရ လွှတ်ဖို့စဉ်းစားပြီးတာတောင် ဖိအားဒဏ်တွေကြောင့် လမ်းကြောင်းပြောင်းသွားနိုင်တဲ့ အနေထားမှာရှိလို့ စဉ်းစားဆင်ခြင်သင့်လှပါကြောင်း။ ။

ကွန်းဇော်အညာမြေ

ကျန်းမာတော်မူကြပါစခင်ဗျာ။ နှစ်ကူးညမှာ အအေးပေါ့နှိုင်ပြီး ရှမ်းပြည်နယ်တွင်မိုးရွာနှိုင်ပါတယ်။

ကျန်းမာတော်မူကြပါစခင်ဗျာ။
နှစ်ကူးညမှာ အအေးပေါ့နှိုင်ပြီး ရှမ်းပြည်နယ်တွင်မိုးရွာနှိုင်ပါတယ်။
Happy New Year to you all.
၃၀-၁၁-၂၀၁၅
ည(၁၁း၀၆)နာရီ။

၂၀၁၅ ခုနှစ်၊ဒီဇင်ဘာလ(၃၁)ရက်နေ့အတွက် မိုးလေ၀သခန့်မှန်းချက်။

ဘင်္ဂလားပင်လယ်အော် နဲ့တောင်တရုတ်ပင်လယ်ပြင်အခြေအနေ။
(၃၀-၁၂-၂၀၁၅)ရက် နံနက် (၁၀း ၁၀) နာရီ အချိန် KALPANA_1 ဂြိုဟ်တု မှ တိုင်းတာပေးချက်အရ ကပ္ပလီပင်လယ်ပြင် နှင့် ဘင်္ဂလား ပင်လယ်အော်တို့မှာ တိမ်အနည်းငယ် မှ တိမ်အသင့်အတင့် ဖြစ်ထွန်း နေပါတယ်။ မြန်မာနိုင်ငံမြောက်ပိုင်း နှင့် အရှေ့ပိုင်း ဒေသတွေမှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကျန်ဒေသ တွေမှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေပါတယ်။

မြန်မာ့ပင်လယ်ပြင်အခြေအနေ။
မြန်မာ့ ကမ်းရိုးတန်းတလျောက် နဲ့ ကမ်းလွန် ပင်လယ်ပြင်တွေမှာ လှိုင်းအသင့်အတင့် ရှိပါမယ်။ မြန်မာ့ကမ်းရိုးတန်း တလျောက် နဲ့ ကမ်းလွန် ပင်လယ်ပြင်တွေမှာ လှိုင်း အမြင့် (၂) ပေ မှ (၇)ပေခန့် အထိရှိနိုင် ပါတယ်။

ညအပူချိန်များအခြေအနေ။
  ညအပူချိန်များဟာ ကချင်ပြည်နယ်၊ ချင်းပြည်နယ် ၊ရှမ်းပြည်နယ် နှင့် ကယားပြည်နယ် တို့မှာ ညအပူချိန်  4°C-12°C ခန့်၊ ၊ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး နှင့် မကွေးတိုင်းဒေသကြီး တို့မှာ ညအပူချိန်  13°C-16°C ခန့်၊ကျန် တိုင်း ဒေသ ကြီးများ နှင့် ပြည်နယ် ဒေသများတွင်  ညအပူချိန်များ ဟာ 17°C-21°C ရှိနိုင် ပါတယ်။

မိုးတိမ်တောင်အခြေအနေ။
မြန်မာနိုင်ငံတောင်ပိုင်းမှာမိုးတိမ်တောင်များ အသင့်အတင့် ဖြစ်ထွန်းနိုင် ပါတယ်။ ကပ္ပလီပင်လယ်ပြင် ၊ဘင်္ဂလားပင် လယ်အော်တောင်ပိုင်း နှင့်အနောက်တောင်ပိုင်း တို့မှာ မိုးတိမ်တောင်များ အသင့်အတင့် ဖြစ်ထွန်း နိင်ပါတယ်။                                               

မိုးရွာသွန်းမှုအခြေအနေခန့်မှန်းချက်။
ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် နှင့် ကယားပြည်နယ် တို့မှာ နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချုန်းရွာနိုင်ပြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် စစ်ကိုင်းတိုင်း (အထက်ပိုင်း) ၊ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး နှင့် တနင်္သာရီတိုင်းဒေသကြီး တို့မှာ တိမ် အသင့်အတင့်ဖြစ်ထွန်းနိုင်ပြီး၊ ကျန်ဒေသတွေမှာ အများအားဖြင့် သာယာနိုင်ပါတယ်။                                                                

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။
ရှမ်းပြည်နယ် မှာ မိုးအနည်းငယ် ထစ်ချုန်း ရွာနိုင်ပါတယ်။                                                                          

ဒေါက်တာထွန်းလွင်

ရပ်/ကျေးအုပ်ချုပ်ရေးမှူးရွေးချယ်ရန် အချိန်မလုံလောက်၍ ဥပဒေပြင်ရန်လွှတ်တော်တင်

ရပ်/ကျေးအုပ်ချုပ်ရေးမှူးရွေးချယ်ရန် အချိန်မလုံလောက်၍ ဥပဒေပြင်ရန်လွှတ်တော်တင်

နေပြည်တော်၊ ဒီဇင်ဘာ ၃၀

ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများရွေးချယ်ရန် မှုလကလွှတ်တော်သက်တမ်းအတွင်း ရွေးချယ်ရမည်ဟုပြဋ္ဌာန်းထားရာ အချိန်လုံလောက်မှုမရှိ၍ ယင်းဥပဒေပြဋ္ဌာန်းကိုပြင်ဆင်ရန် အစိုးရကပြည်သူ့လွှတ်တော်သို့ တင်သွင်းခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။

ယင်းဥပဒေတွင် မူလက ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၏သက်တမ်းသည် လွှတ်တော်သက်တမ်းနှင့်တူညီရမည်ဟု ပြဋ္ဌာန်းထားပြီး ယင်းအချက်ကို ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၏သက်တမ်းသည် နိုင်ငံတော်သမ္မတ၏သက်တမ်းအတိုင်း ဖြစ်ရမည်ဟု ပြန်လည်ပြင်ဆင်ခြင်းဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ဆိုသည်။

လက်ရှိလွှတ်တော်သက်တမ်းသည် လာမည့်ဇန်နဝါရီလ ၃၁ ရက်တွင်သက်တမ်းကုန်ဆုံးတော့မည်ဖြစ်သောကြောင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများရွေးချယ်ရန် စတင်နေပြီဖြစ်သော်လည်း အချိန်အကန့်အသတ်ရှိခြင်းကြောင့် ယင်း သို့ပြင်ဆင်သင့်ကြောင်း ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီက လွှတ်တော်သို့တင်ပြထားသည်။

"သက်တမ်းတစ်လအတွင်း ရွေးဖို့အချိန်မလောက်ဘူး။ ပုဒ်မတွေအများကြီးပြင်တာမဟုတ်လို့ လွှတ်တော်ကလက်ခံရင်  တစ်ပတ်အတွင်း ပြီးပါတယ်" ဟု ၎င်းက ဆိုသည်။

ထို့ကြောင့် ယင်းဥပဒေပြင်ဆင်ပြီးပါက ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများကို ရွေးကောက်ပွဲတွင် ရှစ်ဆယ်ရာခိုင်နှုန်းကျော်အနိုင်ရထားသည့် NLD ပါတီကတင်မြှောက်သော သမ္မတသက်တမ်းစတင်မှပြန်လည် ရွေးချယ်ရတော့မည်ဖြစ်သည်။

လွှတ်တော်သည် လာမည့်ဇန်နဝါရီလ ၃၁ ရက်တွင် သက်တမ်းကုန်ဆုံးတော့မည်ဖြစ်သောကြောင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို မြို့နယ်အချို့တွင်ရွေးချယ်မှုများပြုလုပ်လျက်ရှိသည်။

လတ်တလော၌တိုင်းဒေသကြီးများနှင့် ပြည်နယ်အသီးသီးတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို တစ်လအတွင်းပြန်လည်ရွေးချယ်ရန် သက်ဆိုင်ရာဒေသအစိုးရအဖွဲ့များက  ကြေညာထားသည်။

ဝမ်းသာစရာ သတင်း သေဒဏ် အမိန့် သည် အတည် မဖြစ်သေးပါကြောင်း(မြန်မာ့အလင်းသတင်းစာ) >>>>>>>>>>>>>>>>>>>>

ဝမ်းသာစရာ သတင်း
သေဒဏ် အမိန့် သည် အတည် မဖြစ်သေးပါကြောင်း(မြန်မာ့အလင်းသတင်းစာ)
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဒီနေ့ မြန်မာ့အလင်းသတင်းစာ ပါ အကြောင်းအရာ များကတော့ အခြေ ခံတရား ရုံးမှ ချမှတ်လိုက်သော သေဒဏ်အမိန့်သည်အတည်မဟုတ်သေးကြောင်းနှင့် ထိုင်းရှေ့နေများကောင်စီမှ ဝင်း နှင့် ဇော် ၏ မိဘများ နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း.. ဝမ်းသာစရာသတင်းကောင်း ပါ လာပါတယ်

By ရွှေပိုး

မြန်မာငွေ ၉သိန်းကနေ ၁၀သိန်း ၀န်းကျင်ဆိုရင် M-4 တစ်လက်ဝယ်ကိုင်လို့ရပါတယ် ။

မြန်မာငွေ ၉သိန်းကနေ ၁၀သိန်း ၀န်းကျင်ဆိုရင် M-4 တစ်လက်ဝယ်ကိုင်လို့ရပါတယ် ။ (အမေရိကန်မှာဆိုရင်ပြောတာ 😉 ဒေါ်လာ ၇၀၀ ပဲရှိတယ် ထိုင်းနယ်စပ်မှာဆိုရင် ၁၅ သိန်းကနေ သိန်း ၃၀ ကြား အစားစားရှိတယ်ဗျ 😛)
ဒီကောင်က အမေရိကန်တပ်တွေရဲ့ ယခင် M-16 တွေနေရာမှာအစားထိုးဖို့လုပ်ခဲ့တဲ့ ဒီဇိုင်းသစ် ပါ ။
မျိုးကွဲအနေနဲ့က M-4 A1 နဲ့ CQBR(Mk-18.)တွေပါ ။
ကျည် ၃၀ ပါတဲ့ မဂ္ဂဇင်းကဒ်ထည့်ထားတဲ့ချိန်မှာ ၃.၄ ကီလိုလေးပါတယ် ဒါကမပြောပလောက်တဲ့အလေးချိန်ပါ တော်တော်ပေါ့တယ်ပြောရတယ်ခင်ဗျ ။
အရှည်ကလည်း ၈၄၀ မီလီမီတာပဲရှည်လို့ အနီးကပ်တိုက်ပွဲတွေမှာ ပေါ့ပေါ့ပါးနဲ့ ထိထိရောက်ရောက်စစ်ဆင်နိုင်သေးတယ်ဗျ ။

သုံးတဲ့ကျည်ကတော့ ၅.၅၆ မမ ကျည်တွေပါ ။
muzzle velocity ကလည်း တစ်စက္ကန့်မှာ ၈၈၀ မီတာထိရှိပြီး ကျည်ရောက်ရှိနိုင်တဲ့အကွာအဝေးကတော့ ကိုက် ၅၅၀ ထိ ရောက်ပါတယ် ။

M-4 ကာဘိုင်က ဘယ်ကပေါက်ဖွားလာလဲဆိုတော့ M-16A2 ကနေဆင့်ပွားလာတာဖြစ်ပါတယ် ။
သူ့မှာ M-203 လို granede launcher တပ်ဆင်ပစ်ခတ်နိုင်သေးတယ်ခင်ဗျ ။
ပြီးတော့ M-16A2 နဲ့ M-16A4 တွေလိုပဲ semi-automatic ဒါမှမဟုတ် three round burst ပစ်ရတယ် ။
M-4A1 ကတော့ M-16A2 နဲ့ M-16 A3 လိုမျိုး semi-automatic အပြင် full automatic ပါရသေးတယ်ဗျာ ။

ကိုင်ရတာပေါ့ပေါ့ပါးပါးမို့လို့ ကြိုက်မိတဲ့ ကာဘိုင် (carbine) အမျိုးအစားလေးပါ

ပွဲ(၅၀၀)ပြည့်မှာ မက်ဆီဂိုးသွင်းနိုင်ခဲ့ပြီး ဘာစီလိုနာ ဆက်လက်ဦးဆောင်ဆဲ

ပွဲ(၅၀၀)ပြည့်မှာ မက်ဆီဂိုးသွင်းနိုင်ခဲ့ပြီး ဘာစီလိုနာ ဆက်လက်ဦးဆောင်ဆဲ
- -- - - -
လာလီဂါပွဲစဉ်(၁၇)တွင် ချန်ပီယံဆုအတွက် အပြိုင်ဖြစ်နေသည့် ဘာစီလိုနာ၊ အက်သလက်တီကိုနှင့် ရီးယဲလ်တို့ နိုင်ပွဲကိုယ်စီရခဲ့သည်။

ဘာစီလိုနာက ဘက်တစ်ကို (၄-၀)ဂိုးဖြင့် ဂိုးပြတ်နိုင်ခဲ့ပြီး ဘက်တစ်နောက်ခံလူ ၀က်စတာမန်က (၂၉)မိနစ်တွင် ကိုယ့်ဂိုးကိုယ်သွင်းမိသဖြင့် ဘာစီလိုနာ ဦးဆောင်ဂိုးရခဲ့သည်။
(၃၄)မိနစ်တွင် ဘာစီလိုနာနှင့် ပွဲ(၅၀၀)ပြည့်ခဲ့သည့် မက်ဆီက ဒုတိယဂိုးသွင်းယူခဲ့ပြီး (၄၇)နှင့် (၈၃)မိနစ်တို့တွင် ဆွာရက်ဇ်က အနိုင်ဂိုး(၂)ဂိုး သွင်းယူပေးခဲ့သည်။

အက်သလက်တီကိုအသင်းမှာမူ တန်းဆင်းဇုန်ထဲမှ ဗယ်လက်ကာနိုကို နောက်ကျဂိုးများဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။
အက်သလက်တီကိုအတွက် အနိုင်ဂိုး (၂)ဂိုးကို (၈၈)မိနစ်တွင် ကော်ရီယာနှင့် မိနစ်(၉၀)တွင် ဂရစ်ဇ်မန်းတို့က သွင်းယူခဲ့သည်။

ရီးယဲလ်အသင်းမှာမူ စီရော်နယ်လ်ဒို၏ ဂိုး(၂)ဂိုးအပါအ၀င် (၃-၁)ဂိုးဖြင့် ဆိုစီဒက်ကို အနိုင်ရခဲ့ခြင်းလည်း ဖြစ်သည်။

ပွဲစဉ်(၁၇)ရလဒ်များ
- - - -
ရီးယဲလ် ၃-၁ ဆိုစီဒက်
လီဗန်တေး ၀-၁ မာလာဂါ
ဆီဗီလာ ၂-၀ အက်စ်ပန်ညို
ဗယ်လက်ကာနို ၀-၂ အက်သလက်တီကို
အီဘာ ၂-၀ စပို့တင်းဂီဂျွန်
ဂီတာဖေး ၀-၀ ဒီပို့တီဗို
ဘာစီလိုနာ ၄-၀ ဘက်တစ်
ဆယ်လ်တာဗီဂို ၀-၁ ဘီလ်ဘာအို
လက်စ်ပါးမားစ် ၄-၁ ဂရန်နာဒါ

(ပုံစာ- အနိုင်ဂိုး ၂ ဂိုးသွင်းခဲ့သည့် ဆွာရက်ဇ်နှင့် ဘာစီလိုနာကစားသမားများ အောင်ပွဲခံနေစဉ်)

Photos: Reuters

လိပ်ကျွန်းအမှုအယူခံတင်ရန် ပြင်ဆင်ချိန်တလအထိ တိုးမြင့်ပေးရန် ထိုင်းအစိုးရ သဘောတူ

လိပ်ကျွန်းအမှုအယူခံတင်ရန် ပြင်ဆင်ချိန်တလအထိ တိုးမြင့်ပေးရန် ထိုင်းအစိုးရ သဘောတူ

( အမှုလိုက်ပါဆောင်ရွက်ပေးသူ ဦးထူးချစ် ဖေ့ဘုပ်စာမျက်နှာမှ )
--- --- ---

Htoo Chit
3 hrs ·

30/12/2015:

- လိပ်ကျွန်းလူသတ်မှု့ သေဒဏ်ပေးခဲ့ ရသည့် ကိစ္စနှင့်ပတ်သက်ပြီး အယူခံ ဝင်ရန်နှင့် ရှေ့လုပ်ငန်းစဉ်များကို တိုင်ပင်ဆွေးနွေးရန် ( ၃၀၊၁၂၊၂၀၁၅) ရက်နေ့ နေ့လည် ( ၁နာရီခွဲ) ခန့်က ဘန်ကောက်မြို့ ထိုင်းရှေ့နေများကောင်စီ ရုံး တွင် သံ ရုံးမှဖွဲ့စည်းထားသည့်အထူးစုံစမ်းရေးကော်မီတီ၊နှင့်ထိုင်းရှေ့နေများကောင်စီအဖွဲ့ဝင်များ ဆွေးနွေးခဲ့သည်၊ အဆိုပါ အစည်းအဝေးသို့ ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ဦးဝင်းမောင်ကိုယ်တိုင်တက်ရောက်ခဲ့သည်။

- အဆိုပါ အစည်းအဝေးတွင် မြန်မာသံအမတ်ကြီးမှ အမှု့ အတွက် ကုန်ကျစရိတ်များကို တွက်ပေးရန်နှင့် နိုင်ငံတော်မှ အတတ်နိုင်ဆုံးကူညီပေးနိုင်ရန်တင်ပြပေးမည်ဟုပြောကြားခဲ့သော်လည်း၊ ရှေ့နေများကောင်စီ ဥက္ကဌမှ မတင်ပြခဲ့ဘဲ၊ တတ်နိုင်သလောက်ကူညီပေးမှု့ ဖို့သာတောင်းဆောင်ခဲ့သည်။

- ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း ( FED) မှ သေဒဏ်ပေးခံခဲ ရသည့် မောင်ဝင်းဇော်ထွန်းနှင့် မောင်ဇော်လင်းတို့၏ မိခင်များကို အတတ်နိုင်ဆုံး ကူညီစောင့် ရှောက်ရန် သဘောတူခဲ့သည်။
- အယူခံ ကို စနစ်တကျ ပြင်ဆင်ရမည်ဖြစ်သည့်အတွက် ပြင်ဆင်ချိန်ကို တစ်လထက် ကျော်လွန်မည်ဖြစ်ကြောင်း ထိုင်အစိုး မေတ္တာရပ်ခံခဲ့ပြီး ဖြစ်ကြောင်းနှင့် ထိုင်းအစိုးရမှ သဘောတူကြောင်းကြားသိခဲ့ရပါသည်။

- အယူခံ နှစ်ဆင့်ဝင် နိုင်မှု့နှင့် ပတ်သက်ပြီး ကြာချိန်ကို တစ်နှစ်မှ သုံးနှစ် အထိကြာနိုင်သည် ဟု ခန့်မှန်းခဲ့သည်။ မိမိတို့ အနေဖြင့် ကလေးနှစ်ဦး အားထိမ်းသိမ်းထားသည့် နခွန်စီဌာမာရ အကျဉ်းထောင်မှ ဘန်ကောက်မြို့ အကျဉ်းထောင်သို့ ပြောင်းရွေ့နိုင်ရန်ကြိုးစားမည်ဖြစ်ကြောင်းနှင့် မြန်မာအထုးအဖွဲ့အနေဖြင့်ထောင်ဝင်စာပုံမှန်သွားရောက်နိုင်ရန်စီစဉ်ပေးမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။
- အဆိုပါအစည်းအဝေးသို့မိမိတို့ FED အလုပ်သမားအရးဌာန တာဝန်ခံ ကိုမိုးဝေနှင့်ထိုင်းရှေ့နေ ( ရှီ) တို့တက်ရောက်ခဲ့သည်။
- ဧရာဝတီဖောင်ဒေးရှင်း ဥက္ကဌ ဦးဇော်ဇော် မှအဆိုပါလိပ်ကျွန်းလူသတ်မှု့အပြင်၊ ရနောင်းလူသတ်မှု့နှင့်ထိုင်းနှင့်နိုင်ငံတွင်း မြန်မာရွေ့ပြောင်းအလုပ်သမား ဖွံ့ဖြိုးရေးအတွက် (ရန်ပုံငွေ တစ်စုံးတရာသတ်မှတ်ပြီး) အတတ်နိုငဆုံးကူညီဆောင်ရွက်ပေးမည် ဖြစ်သည်။

(ထူးချစ်)

Wednesday, December 30, 2015

ထောင်ဒဏ်(၂၁) နှစ်ကျခံနေသည့် စစ်ဘေးဒုက္ခသည် ဦးဘရန်ရုန်းယနေ့လွတ်လာ

ထောင်ဒဏ်(၂၁) နှစ်ကျခံနေသည့် စစ်ဘေးဒုက္ခသည် ဦးဘရန်ရုန်းယနေ့လွတ်လာ

ကေအိုင်အေဟုစွပ်စွဲကာ ဖမ်းဆီးခံခဲ့ရပြီး  ပေါက်ကွဲမှုများဖြင့် ပြန်လည် စွဲချက်တင် ထောင်ဒဏ် ၂၁ နှစ် ကျခံနေသည့် မြစ်ကြီးနားမြို့ ရွှေးစက် စစ်ဘေးဒုက္ခသည်စခန်းတွင်နေထိုင်သည့် ဦးဘရန်ရုန်းသည် ယနေ့ညနေပိုင်းတွင်ပြန်လည်လွတ်မြောက်ခဲ့သည်။

ဦးဘရန်ရုန်းပြန်လည်လွတ်မြောက်လာသည့်အတွက် မိသားစုဝင်များနှင့် ဆွေးမျိုးများ သူငယ်ချင်းအသိုင်းအ၀ိုင်းများ အဆိုပါစခန်းရှိ စစ်ဘေးဒုက္ခသည် ၀မ်းသာနေကြသည်။

ဦးဘရန်ရုန်းသည် မိသားစု စားဝတ်နေရေးအဆင်ပြေစေရန် စခန်းမှအခြားသူငယ်ချင်း သုံးဦးနှင့်အတူ အခကြေးငွေဖြင့် နွားသွားဖမ်းစဉ်  ၂၀၁၂ ဇွန်လတွင် ဖမ်းဆီးခံခဲ့ရသည်။

ဖမ်းဆီးခံခဲ့ရစဉ် ဦးဘရန်ရုန်းနှင့် ယခုထောင်တွင်ရှိနေဆဲဖြစ်သည့် ဦးလဖိုင်ဂမ်တို့အား နှိပ့်စက်မှုများစွာ တပ်မတော်မှ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

သူတို့နှစ်ဦးအား လိင်တူဆက်ဆံခိုင်းခြင်း၊ ရေနှင့်ဓာတ်ဆီရောထားသည့် ရေတိုက်ခြင်း၊ မနောင်အက ကခိုင်းခြင်း၊ ရိုက်နှက်ခြင်း၊ တမန်တလင်းတွင် ပုလင်းအား ရိုက်ခွဲထားကာ ဒူထောက်ခိုင်းခြင်း စသည့် နှိပ်စက်မှုများစွာ ပြုလုပ်ကာ ကေအိုင်အေ ဗိုလ်ဟု အတင်းဝန်ခံခိုင်းကြောင်းလည်းသိရသည်။

ယနေ့တွင် ဦးဘရန်ရုန်းလွတ်မြောက်လာပြီဖြစ်သော်လည်း အသက်ကြီးပြီဖြစ်သည့် စစ်ဘေးဒုက္ခသည် ဦးလဖိုင်ဂမ် မလွတ်သေးသည့်အတွက် ၎င်း၏ မိသားစုဝင်များ စိတ်မကောင်းဖြစ်နေကြကြောင်းလည်းသိရသည်။

ပုံ။။။ဦးဘရုန်ရုန်းနှင့် ၎င်း၏ အမျိုးသမီးနှင့် သမီးအငယ်

"ယနေ့ ကားဈေးကွက် ပေါက်ဈေးများ " မှတ်ချက်။ ။ အချိန်နဲ့ နေရာပေါ် မူတည်ပြီး ဈေးနှုန်း ပြောင်းလဲနိုင်ပါတယ်။

စိတ်မကောင်းစရာဖြစ်ရပြန်ပါပြီ တိုင်းပြည်တခုလုံးဘက်ပေါင်းစုံကနေချွတ်ချုံကြနေပြီ

စိတ်မကောင်းစရာဖြစ်ရပြန်ပါပြီ
တိုင်းပြည်တခုလုံးဘက်ပေါင်းစုံကနေချွတ်ချုံကြနေပြီ
ဆိုတဲ့အရေးမှာစီးပွားရေးနဲ့အကျင့်စာရိတ္တကတော့
အမြင့်ဆုံးသောနေရာမှာရပ်တည်လို့နေပါတော့တယ်
တချို့သောပြည်သူလူထုအနေနဲ့ရိုးသားကောင်းမွန်ခဲ့တဲ့
အကျင့်စာရိတ္တကိုနှစ်အတန်ကြာရိုက်ချိုးဖျက်ဆီးတာ
ခံလိုက်ရတော့ဆင်းရဲတွင်းကလွတ်ချင်ဇောနဲ့
မတော်လောဘတွေတက်လာပါတော့တယ်
ဘယ်နေရာပဲဖြစ်ဖြစ်ကိုယ်ချင်းစာနာစိတ်
ပျောက်ပျက်သွားပြီးငါနဲ့ငါ့မိသားစုကောင်းစားရေး
အတွေးပဲဝင်လာတဲ့အခါဆင်ခြင်တုံတရားတွေ
စုံလုံးကန်းရပါတော့တယ်
ဘယ်သူဘာဖြစ်ဖြစ်သတ္တဝါတခုကံတခုလို့
ထင်မြင်တဲ့စိတ်မျိုးမရှိသင့်ပါဘူး
ကိုယ့်ကြောင့်တဖက်လူဘဝပျက်၊နစ်မွန်းသွားတယ်
ဆိုတာကတော့အဆိုးဆုံးလို့ပဲထင်ပါတယ်
အတွေးအခေါ်မရင့်ကျက်ခင်
ကိုယ်ပိုင်စဉ်းစားတွေးခေါ်မှုနဲ့မဆုံးဖြတ်နိုင်ခင်
ဘယ်သူ့ပယောဂမှမပါပဲမတွေးတောမဆင်ခြင်မိတဲ့
သူ့လုပ်ရပ်အမှားကြောင့်သူ့ဘာသာနစ်မွန်းရတာမျိုး
တဦးဦးရဲ့အမှောင့်ပယောဂကြောင့်မတွေးတော
မဆင်ခြင်တတ်မှန်းသိနေပါရက်နဲ့လိမ်ညာလှည့်ဖြား
အယုံသွင်းလို့ကိုယ့်မတော်လောဘအတွက်
ဓားစာခံဖြစ်ပြီးနစ်မွန်းသွားရတာမျိုး
တကယ်တော့နှစ်မျိုးစလုံးမကောင်းပေမဲ့
တဦးဦးရဲ့ပယောဂပါလာရင်တော့ပိုဆိုးတတ်ပါတယ်
ပိုပြီးတော့ရင်နာစရာ၊ရင်နင့်စရာကောင်းတတ်ပါတယ်

အခုတော့ဗျာ
တကယ့်လူမမယ်အရွယ်မိန်းကလေး..ဖြူဖြူနုနုလေး
၁၅နှစ်သား  သမီးငယ်ငယ်လေး
အတွေးအခေါ်မရင့်ကျက်သေးတဲ့သမီးလေး
နာမည်က  ချမ်းမြေ့ကြယ်စင်  တဲ့
မြီးကောင်ပေါက်အရွယ်လို့ပြောရမလား
အမေကငယ်ငယ်လေးကတည်းကဆုံးပါးသွားလို့
ဖအေနဲ့အတူနေရတယ်..ဒဂုံဆိပ်ကမ်းမြို့နယ်က
အမှတ်( ၂ )အထက်တန်းကျောင်းမှာ(၇)တန်းထိ
ကျောင်းနေပြီးကာမှဖခင်ဖြစ်သူကလည်း
နောက်အိမ်ထောင်နဲ့ဖြစ်လာ၊မိသားစုအတွင်း
နွေးထွေးမှုတွေနဲပါးလာတော့မပျော်ရွှင်နိုင်ပဲ
ရန်ကုန်ကနေအမအရင်းရှိတဲ့ပြည်ကိုရောက်လာရတယ်
အောင်ဆန်းပြည်သာယာရပ်ကွက်ကိုးသောင်းရှမ်းစုမှာ
အမဖြစ်တဲ့ မနှင်းနုလွှာ မိသားစုနဲ့အတူနေရင်း
တူလေးကိုနေ့စဉ်မူကြိုကျောင်းကြိုပို့လုပ်ရတယ်..
ဗိုလ်ချုပ်လမ်းကမူကြိုကျောင်းကို
နေ့စဉ်ကြိုပို့နေတာကနေ  မနေ့ မနက်ကတော့
ကျောင်းပို့ချိန်လည်း  ဘယ်ရောက်နေမှန်းမသိ
အရပ်ထဲစုံစမ်းကြည့်တော့မှ
အနီးအနားကသီလရှင်ကိုပြောခဲ့ဘူးတဲ့အကြောင်း
အိပ်ယာပေါ်ကစာတစောင်နဲ့
မေမြို့မှာခြံစိုက်တဲ့အလုပ်လုပ်ဖို့တလနှစ်သိန်း
ပေးမယ်ဆိုလို့လိုက်သွားပါပြီဆိုတဲ့အကြောင်း
ထွက်သွားပြီးမှသိလိုက်ရပါတော့တယ်
ချမ်းမြေ့ကြယ်စင်ရဲ့အမ ခဗျာ မှာတော့
ညီမမရှိတော့မှန်းသိတာနဲ့ပြည်အမှတ်(၃)ရဲစခန်းမှာ
လူပျောက်တိုင်လို့အပူမီးတောက်ခဲ့ရပြီပေါ့

ညပိုင်း(၇)နာရီခွဲမှာအောင်မင်္ဂလာကျောင်းတိုက်က
ပဌာန်းပွဲအစည်းအဝေးရောက်နေတုန်း
ပျူမင်းသားဆီအကူအညီတောင်းလာတာနဲ့
ဘုန်းဘုန်းကိုခဏဦးတင်ကန်တော့လို့
ချက်ချင်းပဲ  မေမြို့ကလူကုန်တားအဖွဲ့ဆီ
ရန်ကုန်တိုင်းကလူကုန်တားအဖွဲ့ခေါင်းဆောင်
သူငယ်ချင်းရဲမှူးရဲဝင်းအောင်အကူအညီနဲ့
လှမ်းဆက်သွယ်ပေးခဲ့ရတယ်
ညပိုင်းမှာမေမြို့ရောက်နေပြီဖြစ်တဲ့အကြောင်း
ကားအဖြူလေးနဲ့ခေါ်သွားတာဖြစ်တဲ့အကြောင်း
ဖုန်းလှမ်းဆက်လို့အမြန်ပြန်လာဖို့ရယ်
ဘယ်သူခေါ်သွားတာလည်းဆိုတာရယ်
မေးလို့မှမဆုံးသေးပါဘူးဖုန်းအပြီးပိတ်သွားပါတော့တယ်
ဘေးကတယောက်ယောက်ရဲ့လှည့်ကွင်းသတ်ကွင်းထဲ
ဝင်ရောက်သွားသလိုခံစားလိုက်ရပါတော့တယ်
မေမြို့ကလူကုန်တားအဖွဲ့ရဲ့ခေါင်းဆောင်
ရဲအုပ်အောင်မင်းဦးကလည်း
ချက်ချင်းသတင်းဖြန့်လို့ဂိတ်တွေကနေ
စောင့်ကြည့်မယ်ဆိုတဲ့အကြောင်းပြန်လာပါတယ်
သူ့ပြောစကားအရတော့၁၅မိနစ်အတွင်းမေမြို့ရဲ့
ကျည်ကွယ်မျက်ကွယ်နေရာကိုရောက်နိုင်ပါတယ်တဲ့
အခုလိုညအမှောင်စိုးမိုးဆဲအချိန်မျိုးမှာရှာဖွေဖို့
အဆင်မပြေနိုင်အောင်တောတောင်တွေရှိနေပါတယ်တဲ့
အဲဒီလိုနေရာရောက်ပြီဆိုတာနဲ့တဖက်ကတရုပ်ပြည်
မှာနှစ်နိုင်ငံကမုဆိုးတွေကစောင့်နေကြပါပြီတဲ့
ဘယ်လောက်ရင်နာစရာကောင်းလိုက်သလဲ
ကလေးမလေးရယ်

လမ်းမှာစက်ဘီးနဲ့တိုက်မိလို့သိခဲ့တဲ့ဒေါ်ဖူးဖူးဆိုတဲ့
မိန်းမကမက်လုံးတွေပေးပြီးသိမ်းသွင်းလှည့်ဖျားခဲ့တာကို
မစဉ်းစားမတိုင်ပင်ပဲလိုက်သွားရသလားလို့
သာအပြစ်တင်ထုရိုက်ပစ်ချင်ပါတော့တယ်
ဒီယုံမြင်လို့ဒီခြုံထွင်ဖို့ချောင်းနေတဲ့မိန်းမစားတွေ
ပြည်မှာရှိနေပြီဆိုတာမိဘရှင်တွေသိစေချင်ပါတယ်
မိဘမရှိလို့အမနဲ့နေရပြန်တော့လည်း
နေ့စဉ်ဝမ်းတထွာအရေး..ရှာရေးခက်ခက်..
ကြုံရတသက်မှာ..ညီမဆိုတာ..ပြန်မကြည့်အား
အဖြစ်များဆိုးလှချည့်ဖြစ်ရခဲ့ပြီလေ

တိုင်းပြည်ဆင်းရဲလို့ပြည်သူပြည်သားတွေဆင်းရဲတာ
အကျင့်စာရိတ္တတွေပျက်ကုန်တာ
မတော်လောဘတွေများကုန်တာ
ဘယ်သူသေသေငတေမာပြီးရော
စိတ်ဓာတ်အဆိုးတွေဖြစ်ကုန်ကြတာ
တရားဥပဒေစိုးမိုးမှုအားနည်းလာတာ
လုပ်ပိုင်ခွင့်ရှိတဲ့ပုဂ္ဂိုလ်တွေကိုယ်တိုင်ကိုယ်က
မတားဆီးမတင်းကျပ်ပဲအကျင့်ပျက်ခြစားနေတာ
ဒါတွေကြောင့်အခုလိုမှုခင်းမျိုးတွေဖြစ်လာရတာ
စိတ်ဓာတ်တွေချွတ်ချုံကျဆင်းသွားတာ
တိုင်းပြည်မဖွံ့ဖြိုးမတိုးတက်ပဲဘက်ပေါင်းစုံကနေ
အခုလိုစာရိတ္တတွေချို့ယွင်းပျက်စီးသွားရတာဟာ
တကယ်တော့အောက်ခြေကစတာမဟုတ်ပါဘူး
အပေါ်ကအမြင့်ကနေအောက်ကိုဆင်းလာတာပါ
ခေါင်မိုးမလုံလို့ကြမ်းအောက်ထိရေစိုနေရတာပါ
လက်သဲဆိပ်လို့လက်ထိပ်နာနေရပေမဲ့
ပြည်သူပြည်သားအများစုကတော့
မလွန်ဆန်နိုင်တဲ့ဘဝမှာခံနေရပါသေးတယ်
မျှော်လင့်မိပါတယ်

မကြာတော့မဲ့ကာလမှာဒီလိုအဖြစ်မျိုးတွေ
ပျောက်ကင်းပါစေ
တာဝန်သိပြည်သူပြည်သားတွေကြောင့်
အဖြစ်မှန်တွေအမြန်ဖော်ထုတ်နိုင်ရပါစေ
အဂတိတရားကင်းရှင်းစွာဆောင်ရွက်နိုင်ကြပါစေ
အခုလိုအဖြစ်ဆိုးမျိုးထပ်မံမကြားရပါစေနဲ့လို့သာ
ဆုတောင်းမေတ္တာပေးဝေရင်း
သမီးငယ်လေးချမ်းမြေ့ကြယ်စင်လို
အဖြစ်မျိုးမရောက်ရှိကြရအောင်
ကျန်တဲ့သမီးငယ်တွေကို
အသိပေးလိုက်ကြပါဦးလို့နော်

ပျူမင်း သား
၂၉.၁၂.၁၅