Saturday, October 31, 2015

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်လောင်းဦးနိုင်ငံလင်းကို ဓားနဲ့ခုတ်တဲ့တရားခံဇော်လတ်ရဲ့ဖခင်ဦးဝင်း အောင်ဟာnldပါတီအမာခံတစ်ဦးဖြစ်ပီးABSDFအဖွဲ့ဝင်ဟောင်းတဦးဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်လောင်းဦးနိုင်ငံလင်းကို ဓားနဲ့ခုတ်တဲ့တရားခံဇော်လတ်ရဲ့ဖခင်ဦးဝင်း အောင်ဟာnldပါတီအမာခံတစ်ဦးဖြစ်ပီးABSDFအဖွဲ့ဝင်ဟောင်းတဦးဖြစ်ပါတယ်။
လက်ရှိသူတို့အိမ်မှာအမေ့အိမ်စာသင်ဝိုင်းဖွင့်ထားပါတယ်တရားခံဇော်လတ်ဟာကြံခိုင်ရေးပါတီဝင်မဟုတ်ပဲ
ပါတီရဲ့ဂုဏ်သိက္ခာထိခိုက်အောင်ပြောဆိုလူံ့ ဆော်မူ့
ပြုတဲ့မည်သူ့ကိုမဆိုဥပဒေနဲ့အညီအရေးယူသွားမယ်
လို့ရန်ကုန်တိုင်း ကြံခိုင်ရေးပါတီပြန်ကြားရေးကသည်နေ့
သတင်းထုတ်ပြန်ထားပါတယ် ။
Author-အေးအေးအောင်

ဒေါ်စုကြည်က အာဏာလိုလို့လုပ်နေတာမဟုတ်ဘူး ဆိုရင် ၅၉(စ) ကိုဘယ်သူ့အတွက်ပြင်ချင်နေတာလဲ? ========================

ဒေါ်စုကြည်က အာဏာလိုလို့လုပ်နေတာမဟုတ်ဘူး ဆိုရင် ၅၉(စ) ကိုဘယ်သူ့အတွက်ပြင်ချင်နေတာလဲ?
===================================================
မြန်မာနိုင်ငံကိုတကယ်ချစ်ရင် ဘာဖြစ်လို့ မြန်မာနိုင်ငံတော်အလံကို ပါတီအခမ်းအနားတွေမှာမသုံးတာလဲ?
ဒေါ်စုကြည်တို့ NLD နဲ့ ပြည်တွင်းပြည်ပ အစ္စလာမ်အဖွဲ့အစည်းတွေနဲ့ အကျိုးတူမပူးပေါင်းဘူးဆိုရင် NLD ရဲ့ နာယက ဦးတင်ဦးက ဘာဖြစ်လို့ အစ်နေ့တုန်းက အစ္စလာမ်အမျိုးသားအဖွဲ့ချုပ်မှာမိန့်ခွန်းပြော ခွင့်ရလဲ?
ဒေါ်စုကြည်တို့ ခြံဝင်းတံခါးကို ဘာဖြစ်လို့ သိန်း၅ထောင်
တောင်ပေးပြီး မုတ်ဆိတ်ကြီးက၀ယ်တာလဲ?
NLD အာဏာရရင် ကုလားတွေမလွှမ်းမိုးဘူးဆိုရင် ဘာဖြစ်လို့ အာဏာမရခင်ကတည်းက အပြစ်ရှိတဲ့ကုလား တွေကိုကာကွယ်ပေးနေတာလဲ?
OIC ခွဲကိုဘယ်သူ့အကျိုးအတွက်ဖွင့် ချင်ရတာလဲ?
ပြည်သူ ၅ သန်းကျော်လက်မှတ်ထိုး ဆန္ဒပြု ထားတဲ့ အမျိုးစောင့်ဥပဒေ ကို ဘယ်သူ့ကိုငဲ့ပြီး ကန့်ကွက်တာလဲ?
ရခိုင်မှာ ဘင်္ဂလီကလေး၂ယောက်ထက်ပိုမယူရ ဆိုတဲ့ ဒေသန္တရလိုအပ်ချက်အရထုတ်ပြန်တဲ့ ဥပဒေကိုဘယ်သူ့ အကျိုးအတွက် ရှုတ်ချတာလဲ?
NLD နဲ့ဒေါ်စုကြည်ဟာ ပြည်တွင်းငြိမ်းချမ်းရေးကို တကယ်လိုလားရင် ဘာဖြစ်လို့ NCA လက်မှတ်ရေးထိုးပွဲမတက်တာလဲ?
NLD နဲ့ဒေါ်စုကြည်ဟာ မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေကိုလေးစားရင် ဘာဖြစ်လို့ ကချင်နဲ့ရခိုင် မဲဆွယ်စည်းရုံးရေးသွားစဉ်က လေယဉ် စီးလုံးငြားပြီးသွားလဲ?၊
ဘာကြောင့်သူတပါးကိုပုတ်ခတ်ပြီး ဟောပြောနေရတာလဲ?။
ဒေါ်စုကြည်ဟာ တစ်သီးပုဂ္ဂလ ပါတီမဲမပေးဖို့ ပြောခဲ့တာတောင် အခုအချိန်ထိ NLD က ဥပဒေမဲ့ဘာမှမလုပ်ဘူး ဆိုပြီး မျက်နှာပြောင်တိုက်ရဲတဲ့သတ္တိ၊
NLD အမတ်တွေနဲ့ အမတ်လောင်းတွေရဲ့ အကျင့်ပျက်ချစားမှုတွေ တစ်ခုပြီးတစ်ခုပေါ်နေတာတောင် သန့်ရှင်းသောအစိုးရအဖွဲံ့ဖွဲ့မယ်လို့ ဗြောင်လိမ်ဗြောင်စားလုပ်ရဲတဲ့သတ္တိ တွေဟာသာမာန်မရိုးသားတဲ့သူတွေမလုပ်နိုင်တဲ့ အလွန်ဝါရင့်သမ္ဘာရင့် လူလိမ်များရဲ့လုပ်ရပ်သာဖြစ်ကြောင်း

မဟာပိုင်
https://www.facebook.com/voiceofpeoplemm/posts/1495976787397867

ဒီမိုကရေစီ လော်စပီကာ

ဒီမိုကရေစီ လော်စပီကာ
======================
ယခု ၅ နှစ် သက်တမ်း ၏ နောက်ဆုံး လွှတ်တော် အစည်းအဝေးများကို မကြာမီ ကျင်းပတော့မည်။ လက်ရှိ လွှတ်တော်၏ မပြီးပြတ်သေးသော လုပ်ငန်း အချို့ကို လက်စသတ်ရန် ဖြစ်သော်လည်း လာမည့် လွှတ်တော် အသစ် အတွက် အခန်းဆက် ဇာတ်လမ်းတွေ လည်း ကျန်ရှိနေပေဦးမည်။ သို့ရာတွင် မပြီးပြတ်သေးသည် တို့ကို လက်ဆင့်ကမ်း သယ်ဆောင်ရာ ဝယ် လွှတ်တော်နှင့် အစိုးရ အဖွဲ့ လုပ်ထုံး လုပ်နည်းခြင်း မတူပြန်။ ထိုထိုသော ကိစ္စများကို မည်သို့ ဆောင်ရွက်ကြမည် ဆိုခြင်းနှင့် ပတ်သက်၍ လက်ရှိ လွှတ်တော် ကိုယ်စားလှယ် အချို့ကို မေးမြန်းစုံစမ်းကြည့်ရာတွင်  . . . . .
အစိုးရ အဖွဲ့ ကတော့   သူ့ရဲ့    မပြီးပြတ် သေးတဲ့ အလုပ်တွေကို နောင်အစိုးရက   သယ်သွားလို့  ရပါတယ် ကျွန်တော်တို့     လွှတ်တော် ကတော့    အဲဒီလိုလုပ်လို့     မရပါဘူး
-
ဦးစောလှထွန်း
ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး
-
အခု ကျင်းပမယ့် လွှတ်တော်က (၁၃) ကြိမ်မြောက် လွှတ်တော် အစည်း အဝေးပါ။ လွှတ်တော် သက်တမ်းက လည်း ၂ဝ၁၆ ဇန်နဝါရီ ၃၁ ရက် မှာ ကုန်ဆုံးမှာဖြစ်တဲ့ အတွက် အခုကျင်းပ မယ့် လွှတ်တော်ဟာ နောက်ဆုံးလွှတ် တော် ဖြစ်ပါတယ်။ ရွေးကောက်ပွဲ အပြီး ကျင်းပတဲ့ လွှတ်တော်ဖြစ်တဲ့ အတွက် လက်ရှိ ရှိနေတဲ့ လွှတ်တော် ကိုယ်စား လှယ်တွေထဲက ဘယ်သူတွေ ကတော့ နောင် လာမယ့် လွှတ်တော်အသစ်မှာ ပါမယ်။ ဘယ်သူတွေ ကတော့ ကျန်ခဲ့မယ် ဆိုတာ အားလုံး သိပြီးသားလည်း ဖြစ်ကြပါမယ်။ ဘာပဲဖြစ်ဖြစ် အ တည်ပြု ပြဋ္ဌာန်းဖို့ ရှိသေးတဲ့ ဥပဒေကြမ်း တွေ လွှတ်တော်မှာ ရှိသေးတယ်။  ပြည်သူ့ လွှတ်တော်မှာ ဥပဒေကြမ်း ၁၆ ခု၊  ပြည်ထောင်စု လွှတ်တော်မှာ ဥပဒေကြမ်း ၆ခုပါ။ ဒါတွေကို လွှတ် တော် သက်တမ်း အတွင်း ပြီးပြတ်အောင်ဆောင်ရွက် လို့ရတဲ့ ဥပဒေတွေ ကို ဆောင် ရွက် သွားပါမယ်။ မပြီးပြတ်သေးတဲ့ ဥပဒေကြမ်းတွေက နောက် လွှတ်တော် ကို ရွှေ့ရတော့မှာပေါ့။ မေးခွန်းတွေ မေးတာတွေက သိပ် ရှိတော့မယ် မထင်ဘူး။
-
ဒေါက်တာမြတ်ညဏစိုး
အမျိုးသားလွှတ်တော်ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှူး
-
ရွေးကောက်ပွဲပြီး ၃ ရက် အကြာ မှာပဲ ကျွန်တော်တို့ ဥပဒေကြမ်း ကော်မတီ အစည်းအဝေး ရှိပါတယ်။ အမျိုး သား လွှတ်တော် မှာဆိုရင် ဆောင်ရွက် ဆဲ ဥပဒေကြမ်း က အခု ၃ဝ ရှိနေပါ တယ်။ ခုလွှတ်တော်က အချိန် သိပ်မလို တော့တဲ့ အတွက် ရတဲ့ အချိန်ထဲမှာပဲ ဥပဒေတွေ ကို ပြဋ္ဌာန်းသွားမှာပါ။ ကျွန်တော်တို့ လွှတ်တော်က အစိုးရ နဲ့ လုပ်နည်း ကိုင်နည်း ကွာခြားပါတယ်။ အစိုးရ အဖွဲ့ ကတော့ သူ့ရဲ့ မပြီးပြတ် သေးတဲ့ အလုပ်တွေကို နောင်အစိုးရက သယ်သွားလို့ ရပါတယ်။ ကျွန် တော်တို့ လွှတ်တော် ကတော့ အဲဒီလိုလုပ် လို့မရ ပါဘူး။ ဥပမာပြောရရင် ဥပဒေကြမ်းတစ်ခုဟာ တစ်ဝက်တစ်ပျက်ပဲ ရှိတယ်။ ဒါကို နောက် လွှတ် တော်က ထပ်ဖြည့်ပြီး ပြဋ္ဌာန်းချင် လည်း ပြဋ္ဌာန်းမယ်။ မပြဋ္ဌာန်းဖို့ ကလည်း များတယ်။ နောက်ပြီး ဖြည့်စွက် ရန်ပုံငွေကိစ္စ ကလည်း လွှတ်တော် မှာ ဆွေးနွေး ရပါဦး မယ်။ ရွေးကောက်ပွဲ ရလဒ်ပေါ် မူတည်ပြီး မပြီးပြတ် သေးတဲ့ ကိစ္စရပ်တွေ၊ ဆက်လက် ဆောင်ရွက်ရမယ့် ကိစ္စရပ်တွေ လွှတ် တော်က ဆက်လက် ဆောင်ရွက်သွားပါမယ်။
-
ဒေါ်ခင်စောဝေ
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ရသေ့တောင်မြို့နယ် ၊ ရခိုင်အမျိုးသားပါတီ
-
လွှတ်တော်က အစိုးရရဲ့ ဘတ် ဂျက်ကိစ္စတွေကို ဆွေးနွေးဖို့  ကျန်နေ သေးတဲ့ အတွက် အခု ကျင်းပမယ့် လွှတ် တော်မှာ လွှတ်တော် ကိုယ်စားလှယ် တွေက ဒီကိစ္စကို အဓိက ဆွေးနွေးသွား ဖို့ ရှိပါလိမ့်မယ်။ ပြီးတော့ မပြီးပြတ်သေး တဲ့ ဥပဒေ ကိစ္စရပ်တွေ ကိုလည်း ဆွေး နွေးကြပါလိမ့်မယ်။ လွှတ်တော်ရဲ့ တာဝန် နဲ့ ဝတ္တရား အတိုင်း ကိုယ်စားလှယ် တွေက အစိုးရ ကို မေး ခွန်းတွေ မေးမြန်းတာကိုလည်း လုပ်ကြပါမှာ။ ပြီးတော့ အခြေအနေ နဲ့ အချိန်အခါကို လိုက်ပြီး အရေးကြီး အဆိုတွေ တင်သွင်း သင့်တယ် ဆိုလည်း တင်သွင်းကြမှာပါ။ ဘာပဲဖြစ်ဖြစ် ဒီတစ် ခေါက် လွှတ်တော်က ဒီအစိုးရ ရဲ့ နောက်ဆုံး လွှတ်တော် ဖြစ်တဲ့ အတွက် လွှတ်တော် က သူ့ရဲ့တာဝန်ကို ကျေပွန်စွာ ဆောင်ရွက်သွားမှာပါ။
-
ဒေါ်ခင်သန္တာ
အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီအဖွဲ့ဝင်၊  တံတားဦးမြို့နယ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
-
ကျွန်မတို့ ကော်မတီက အစိုးရနဲ့ ပတ်သက်တဲ့ အစီရင်ခံစာကို ထုတ်ပြန် ထားပြီးဖြစ်ပါတယ်။ အဲဒီထဲမှာ အစိုးရ က လွှတ်တော် ကိုပေးထားတဲ့ ကတိတွေ၊ အာမခံချက်တွေနဲ့ ပတ်သက်ပြီး နောင်လာမယ့် လွှတ်တော် ကိုယ်စားလှယ်တွေ ကို စနစ်တကျ လွှဲပြောင်းပေးဖို့ ရှိပါတယ်။ အဲဒီလို လွှဲပြောင်းပေးရာမှာ အရင်အစိုးရ ရဲ့ကတိတွေကို နောင် အစိုးရကဆောင် ရွက်ပေးဖို့ သင့်တယ် လို့ ဆုံးဖြတ်ရင် ဆောင်ရွက်ပေးနိုင်ဖို့ပါ။ အချို့သော အချက်အလက်တွေ ကိုတော့ နောင်အစိုးရ က သူ့ရဲ့မူဝါဒနဲ့ ပယ်ဖျက်ချင်တယ်ဆိုလည်း ပယ်ဖျက် လို့ရပါတယ်။ အခု ကျွန်မတို့ လွှတ်တော် သဘောထား နဲ့ နောင် လာမယ့် လွှတ်တော်ရဲ့ သဘောထားဟာ တူချင်မှလည်း တူမှာပါ။ ဥပမာပြောရရင် အခုလွှတ်တော်မှာ မလိုအပ်တဲ့ ဥပဒေတွေကို ဖျက်သိမ်းချင်တဲ့ သူတွေရှိပါတယ်။ အဆိုအဖြစ် တင်သော် လည်းပဲ ရှုံးနိမ့်သွားခဲ့တဲ့ သူတွေ ရှိပါတယ်။ ဒါတွေဟာ နောင်လွှတ်တော် ရဲ့ သက်တမ်း တစ်ခုမှာ အောင်မြင် ချင် လည်း အောင်မြင် သွားနိုင်ပါတယ်။ ဒီသဘော ကိုပြောတာပါ။ ဘာပဲဖြစ်ဖြစ် အခုလွှတ်တော် ဟာ နောက်ဆုံး လွှတ်တော်ဖြစ်တဲ့ အတွက် နောင် လွှတ်တော်မှာတက်တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို အခုလက်ရှိ လွှတ်တော် ကိုယ်စားလှယ်တွေက တာဝန် ဝတ္တရားတွေကို စနစ်တကျ လွှဲပြောင်းပေးကြဖို့ ရှိပါတယ်။

၅ နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည် ဘာတွေလုပ်နိုင်ခဲ့သလဲ? (အပိုင်း-၅) --------

၅ နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည် ဘာတွေလုပ်နိုင်ခဲ့သလဲ? (အပိုင်း-၅)
------------------------------------------------------------------------------
31/10/2015

၂၀၁၃ နှင့် ၂၀၁၄ ခုနှစ်အတွင်း တရားဥပဒေစိုးမိုးရေးကော်မတီ ဥက္ကဋ္ဌလည်းဖြစ်၊ ပြည်သူ့ လွှတ်တော်အမတ်တစ်ဦးလည်းဖြစ် တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မအောင်မြင်မှုများကို ဆက်တိုက်ဝေဖန်မှု တွေ ပေါ်ထွက်လာချိန်မှာ လေးပွင့်ဆိုင်တွေ့ဆုံရေး ဆိုပြီး ခေါင်းစဉ်တစ်ခုကို ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးအကွက်ရွှေ့ကာ ရုပ်လုံးဖော် တောင်းဆိုခဲ့ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး မအောင် မြင်ခြင်းက လေးပွင့်ဆိုင်တွေ့ဆုံပွဲ မလုပ်လို့ဖြစ်တယ်လို့ မအောင်မြင်မှုအပေါ် အစိုးရဆီ လွှဲချဖို့ ကြိုးစားခဲ့ ပါတယ်။ အဲဒီနောက် NLD ပါတီဝင်တွေမှာ လေးပွင့်ဆိုင် အမြန်တွေ့ဆုံရေး ဆန္ဒပြရပြန်ပါတယ်။ သမ္မတနှင့် လွှတ်တော်ဥက္ကဌများမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် အခါအားလျှော်စွာ တွေ့ဆုံနေကြသူများဖြစ်ရာ ကာချုပ် မင်းအောင်လှိုင်နှင့် တွေ့ဆိုရန် အဓိကထား တောင်းဆိုခြင်း ဖြစ်ပါတယ်။ ကာချုပ်ဘက်က တုန့်ပြန်သံ မကြားရချိန်မှာတော့ စိန်ခေါ်စကားတွေ ဒေါ်အောင်ဆန်းစုကြည်ဘက်က ပြောဆိုခဲ့ပါတယ်။ သတ္တိရှိဖို့ လိုအပ်ကြောင်း၊ တွေ့ဆုံရဲရမည်ဖြစ်ကြောင်း၊ ၎င်းတို့မှာ ကြောက်စရာကောင်းသူများ မဟုတ်ကြောင်း၊ ၎င်းတို့ကို ကြောက်ရန် မလိုကြောင်း စသည်ဖြင့် သတင်းစာရှင်းလင်းပွဲတွေမှာ ပြောဆိုခဲ့ပါတယ်။

၂၀၁၄ခုနှစ် သြဂုတ်လ ၃၁ ရက်မှာတော့ ဒေါ်အောင်ဆန်းစုကြည် အတွက် မဟာအခွင့်အရေးတစ်ခု ရရှိခဲ့ပါတယ်။ တောင်းဆိုထားတဲ့ ကာချုပ်နဲ့ စားပွဲဝိုင်း တစ်ဝိုင်းတည်းမှာ အတူထိုင်ဆွေးနွေးဖို့ သမ္မတ ဦးသိန်းစိန်က ဖိတ်ခေါ်ခဲ့ပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် အခွင့်အရေးကို အသုံးမချနိုင်ခဲ့ပါဘူး။ မန်းဒိတ်မပါလို့ ဘာမှဆွေးနွေး စရာမရှိဘူးလို့ ပြောဆိုပြီး ပြန်ခဲ့ရပါတယ်။

၂၀၁၄ ခုနှစ် ဒီဇင်ဘာလအတွင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ တိုင်းရင်းသားခေါင်းဆောင် တစ်ဦးစီပါဝင်တဲ့ ၁၂ ပွင့်ဆိုင်ဆွေးနွေးရေးကို တောင်းဆိုချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က အနှောက် အယှက်ဖြစ်စေတယ်လို့ ဝေဖန်ခဲ့တာကြောင့် တိုင်းရင်းသားတွေ ဒေါသထွက်စေခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့မှာတော့ နိုင်ငံရေးအဖွဲ့အစည်းအားလုံးပါဝင်တဲ့ ၄၈ ပွင့်ဆိုင်ဆွေးနွေးပွဲ ကျင်းပပေးခဲ့ ပေမယ့် ဒေါ်အောင်ဆန်းစုကြည်က ၆ ပွင့်ဆိုင်ကိုပဲ ထပ်မံတောင်းဆိုခဲ့ပါတယ်။ 

၂၀၁၅ ဧပြီလ ၁၀ ရက်နေ့မှာ သမ္မတ၊ ဒုသမ္မတများ၊ လွှတ်တော်ဥက္ကဋ္ဌများ၊ ကာချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ မျက်နှာချင်းဆိုင်ကာ ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲ ကျင်းပခဲ့ပါတယ်။ ဒါပေမယ့် လည်း ဒေါ်အောင်ဆန်းစုကြည်ဘက်ကထိထိရောက်ရောက် ဆွေးနွေးနိုင်ခဲ့တာ၊ အခွင့်အရေးကို အသုံးချ နိုင်ခဲ့တာ မရှိခဲ့ပြန်ပါ ဘူး။ တွေ့ဆုံဆွေးနွေးရေး တောင်းဆိုခဲ့သူများ၊ ဆန္ဒပြခဲ့သူများမှာ အရူးဖြစ်ခဲ့ရပါတယ်။တစ်ယောက်တည်း ပြောချင်ရာပြောနေတတ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ Debate Skill ကိုလည်း လူထုက သံသယဖြစ်စေခဲ့ပါတယ်။အဲဒီနောက်ပိုင်းမှာတော့ လေးပွင့်ဆိုင်၊ လေးပွင့်ဆိုင် ဆိုပြီး ဆန္ဒပြတာတွေလည်း ရပ်တန့်သွား ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆ ပွင့်ဆိုင်ဆွေးနွေးရေး နိုင်ငံရေးကစားကွက်လည်း ကျရှုံး သွားခဲ့ရပါတယ်။

ဒေါက်တာမျိုးချစ်(Soe Myint ဖေ့ဘုတ်)

===================================================

၅ နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည် ဘာတွေလုပ်နိုင်ခဲ့သလဲ? (အပိုင်း-၄)

- https://www.facebook.com/thepeoplesvoices/posts/699367616866438

၅ နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည် ဘာတွေလုပ်နိုင်ခဲ့သလဲ? (အပိုင်း-၃)

- https://www.facebook.com/thepeoplesvoices/posts/698792226923977

၅ နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည် ဘာတွေလုပ်နိုင်ခဲ့သလဲ? (အပိုင်း-၂)

- https://www.facebook.com/thepeoplesvoices/photos/a.566348206835047.1073741828.566334866836381/697833763686490/?type=3

၅ နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည် ဘာတွေလုပ်နိုင်ခဲ့သလဲ? (အပိုင်း-၁)

- https://www.facebook.com/thepeoplesvoices/photos/a.566348206835047.1073741828.566334866836381/697637420372791/?type=3

မဲရုံတိုင်းတွင် “ ဖုန်းမပြောရ၊ ဓါတ်ပုံမရိုက်ရ ” စသည့် အမှတ်အသားပါတားမြစ်ချက်များ ရေးကပ်ထားမည်

မဲရုံတိုင်းတွင် “ ဖုန်းမပြောရ၊ ဓါတ်ပုံမရိုက်ရ ” စသည့် အမှတ်အသားပါတားမြစ်ချက်များ ရေးကပ်ထားမည်
Friday, October 30, 2015

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကျင်းပမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် မဲရုံတိုင်း၌ “ ဖုန်းမပြောရ၊ ဓါတ်ပုံမရိုက်ရ ” စသည့် အမှတ်အသားပါ တားမြစ်ဆိုင်ဘုတ်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာတို့ဖြင့် ရေးကပ်ထားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရှိရသည်။

“ မဲရုံတိုင်းမှာ ဖုန်းမပြောရ၊ ဓါတ်ပုံမရိုက်ရဆိုတဲ့ တားမြစ်ချက်တွေကို အင်္ဂလိပ်လို၊ မြန်မာလို ရေးကပ်ထားပါမယ်။ အဲဆန္ဒရှင်ပြည်သူတွေသာ မဟုတ်ပါဘူး၊ မဲရုံဝန်ထမ်းတွေကော၊ မဲရုံအတွင်းဝင်ပြီး စောင့်ကြည့်လေ့လာကြမယ်သူတွေကော ဖုန်းပြောခွင့် မရှိပါဘူး ”ဟု ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူတစ်ဦးက ကမ္ဘောဇတိုင်းသတင်းဂျာနယ်သို့ ပြောကြားခဲ့သည်။

သတင်းမီဒီယာများအနေဖြင့် ရွေးကောက်ပွဲသတင်းယူရန်အတွက် မြို့နယ်တစ်မြို့နယ်တွင် မီဒီယာအဖွဲ့တစ်ဖွဲ့လျှင် သုံးဦးခွင့်ပြုပေးထားပြီး လုံခြုံရေးကတ်များ ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ လျှို့ဝှက်ဆန္ဒပြုခြင်းကို အနှောက်အယှက်မဖြစ်အောင် သတင်းရယူခွင့်ပြုမည်ဖြစ်ပြီး မဲရုံအတွင်း၌ ဓါတ်ပုံရိုက်ခွင့်ပြုမည်မဟုတ်ကြောင်းကိုလည်း သိရှိရသည်။

နိုင်ငံခြားသားစောင့်ကြည့်လေ့လာရေးအဖွဲ့များကိုလည်း ရွေးကောက်ပွဲကော်မရှင်က International Observer ဟူ၍ ကတ်ပြားများ ထုတ်ပေးထားပြီးဖြစ်ကြောင်း သိရှိရသည်။
“ နိုင်ငံခြားသား စောင့်ကြည့်လေ့လာရေးအဖွဲ့တွေမှာ Long Term Observer နဲ့ Short Term Observer ဆိုပြီး ရှိပါတယ်၊ သူတို့က ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်ရပါတယ်။ ရွေးကောက်ပွဲကော်မရှင်ကနေပြီး International Observer ဆိုတဲ့ကတ်တွေ ထုတ်ပေးထားပါတယ်။ သူတို့ လွတ်လွတ်လပ်လပ်သွားချင်တဲ့နေရာကို လုံခြုံရေးကော်မတီအဖွဲ့တွေ၊ သက်ဆိုင်ရာဒေသအာဏာပိုင်တွေနဲ့ ကျွန်တော်တို့ ညှိနှိုင်းဆောင်ရွက်ပေးပါတယ် ” ဟု ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အထွေထွေရွေးကောက်ပွဲကျင်းပမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ပြည်တွင်းရှိ သတင်းမီဒီယာများ၊ နိုင်ငံရေးပါတီများနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများသာမက ပြည်ပမှ နိုင်ငံတကာစောင့်ကြည့်လေ့လာရေးအဖွဲ့များကလည်း လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်မြောက်အောင်မြင်ရေးအတွက် လေ့လာသွားကြမည်ဖြစ်ကြောင်း သိရှိရသည်။

မေနိုရာခင်
(ကမ္ဘောဇတိုင်း၊ အတွဲ ၁၊ အမှတ် ၃၁)
Kanbawza Tai News Journal

ကိုးကွယ်သည့် ဘာသာ ရာခိုင်နှုန်းဘာကြောင့် မထုတ်ပြန်တာလဲ

ကိုးကွယ်သည့် ဘာသာ ရာခိုင်နှုန်းဘာကြောင့် မထုတ်ပြန်တာလဲ

ဟက်ကာများသမဂ္ဂ ဟူသည့် facebook page စာမျက်နှာတွင် တင်ထားသော ၂၀၁၄ သန်းခေါင် စာရင်းအရ ကိုးကွယ်ရာဘာသာအလိုက် ရာခိုင်နှုန်းများကိုမထုတ်ပြန်ဘဲ လျှို့ဝှက်ထားခြင်းအပေါ် သံသယဖြစ်စရာရှိကြောင်း သတင်းရရှိသည်။

ယခင်ကထုတ်ပြန်ခဲ့သောသန်းခေါင်စာရင်းဆိုင်ရာအချက်အလက်များတွင် ကိုးကွယ်ရာ ဘာသာအလိုက် လူဦးရေစာရင်းမှာ ပဋိပက္ခများဖြစ်ပွားနိုင်သည့်အတွက် ထုတ်ပြန်ခြင်းမပြုပဲ ထားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသော်လည်း တကယ်တမ်းတွင် ကိုးကွယ်ရာဘာသာအလိုက် ရာခိုင်နှုန်းမှာ ၁၉၈၃ သန်းခေါင် စာရင်းနှင့် ကွာခြားခြင်းမရှိသည့်အတွက် ထိုစာရင်းကိုဖုံးကွယ်ထားခြင်းမှာ အဓိပ္ပါယ် မရှိကြောင်း လူဦးရေဆိုင်ရာ ပညာရှင်တစ်ဦးဖြစ်သူ ဒေါက်တာသန်းထိုက်အောင် က ပြောကြားခဲ့သည်။

“ဘာ ပဋိပက္ခမှ ဖြစ်စရာအကြောင်းမရှိဘူး။ အဲဒီဟက်ကာသမဂ္ဂဆိုတဲ့ ပေ့ခ်ျမှာတင်ထားတဲ့ စာရင်းက အမှန်ဆိုရင်ပေါ့လေ။ ဗုဒ္ဓဘာသာ ၈၈၊ ခရစ်ယာန် ၆၊ အစ္စလာမ် ၄ ရာခိုင်နှုန်းဆိုတော့ ၂၀၁၄ မတိုင်ခင် နောက်ဆုံးကောက်ခဲ့တဲ့ ၁၉၈၃ သန်းခေါင်စာရင်းတုန်းက ကိုးကွယ်ရာဘာသာအချိုးအစားအတိုင်းပဲ။ မူဆလင်လဲရာခိုင်နှုန်းတိုးမလာဘူး။ ဘာမှပြဿနာမရှိတာကို ပြဿနာဖြစ်မှာစိုးလို့ဆိုပြီး ဖုံးကွယ် ထားတာက အစိုးရလား၊ ကူညီပေးတဲ့ UN လားတော့ မသိဘူး။ ဒီတော့ စဉ်းစားစရာ ဖြစ်လာတာက ဒီစာရင်းကိုဘာဖြစ်လို့ လျှို့ဝှက်ထားတာလဲ” ဟု ၄င်းက ဝေဖန်ခဲ့သည်။

“တစ်ခုရှိတာကသန်းခေါင်စာရင်းဆိုတာကဖြေတဲ့သူရေးသွင်းတဲ့အတိုင်းမှတ်တမ်းတင်ရတာ၊ ရေတွက်ရတာ ဖြစ်နေတယ်။ ဒီတော့ မြေပြင်မှာအမှန်တစ်ကယ်ရှိတဲ့ ဘင်္ဂါလီတွေ စာရင်းအကုန်ပါနိုင်သလား။ ပြီးတော့ ရိုဟင်ဂျာလို့ ပြောရင် စာရင်းထည့်မကောက်ဘူးဆိုတော့ရခိုင်ပြည်နယ်မှာ ဒီလိုမကောက်ခဲ့တဲ့သူအရေအတွက် ဘယ်လောက်များသလဲမသိနိုင်ဘူး။ အဓိကအချက်ကဒီစာရင်းကိုဘာဖြစ်လို့ လျှို့ဝှက်ထားတာလဲ။ အကြောင်းရင်းရှိရမယ်” ဟု ဒေါက်တာသန်းထိုက်အောင်ကဆိုသည်။

အမျိုးသားရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သူကိုနေဝင်းအောင်ကမူအစ္စလာမ်ဘာသာဝင် အချိုးအစား တိုးမလာသော်လည်း ၄င်းတို့အများစုပြန့်နှံ့နေထိုင်ပုံမှာသတိပြုသင့်သည့်ပြင် NLD သာ အာဏာရလာခဲ့ပါက မူဆလင် ရာခိုင်နှုန်းချက်ချင်းတိုးလာနိုင်သည်ဟုဆိုသည်။

“မူဆလင် ၄ ရာနှုန်းကတိုးမလာဘူးဆိုတာတော့ အစိုးရအဆက်ဆက် ဘင်္ဂါလီတွေကိုဟန့်တားနိုင်ခဲ့လို့ပါ။ ဦးနေဝင်းရဲ့ မဆလနဲ့ စစ်အစိုးရဟာ ကျန်တဲ့နေရာတွေမှာမကောင်းရင်နေမယ်။ ဒီဘင်္ဂါလီတွေကိုထိန်းချုပ်တဲ့ နေရာမှာတော့ ချီးကျူးရမယ်။ NLD ကိုထောက်ခံတဲ့ ငကြောင်တွေ စွပ်စွဲကြသလို စစ်အစိုးရကသာ ဘင်္ဂါလီတွေကို ခိုးသွင်းခဲ့မယ်ဆိုရင် နှစ်ပေါင်း ၃၀ ကျော်အတွင်း အစ္စလာမ်ဘာသာဝင် ရာခိုင်နှုန်း အများကြီးတိုးနေမှာပေါ့။ NLD အာဏာရခဲ့လို့ ဦနေဝင်းလက်ထက်မှာ ပြဌာန်းခဲ့တဲ့ ၁၉၈၂ နိုင်ငံသားဥပဒေကို ပြင်လိုက်ရင်သာ အစ္စလာမ် ဘာသာဝင်ဦးရေတဟုန်ထိုးတိုးလာမှာ။ ကျွန်တော်တို့အနေနဲ့ နှစ်ပေါင်းများစွာဆိုးတူကောင်းဖက် နေလာတဲ့ မြန်မာနိုင်ငံသားမူဆလင်တွေကို လက်မခံနိုင်စရာအကြောင်းမရှိဘူး။ သို့သော်လည်းဘင်္ဂါလီတွေကိုတော့ဖြင့် ဘယ်လိုလူသားချင်းစာနာမှုမျိုးနဲ့မှ ကိုယ့်နိုင်ငံသားမဖြစ်စေချင်ဘူး။ NLD ပြောခွင့်ရ ဦးဥာဏ်ဝင်းကဘင်္ဂါလီတွေကို နိုင်ငံသားပေးရမယ်လို့ ပြောခဲ့သလိုဒေါ်စုကလဲ ၈၂ နိုင်ငံသားဥပဒေဟာလူ့အခွင့်အရေးနဲ့မညီဘူးလို့ ပြောခဲ့တယ်။ NLD သာ အာဏာ ရခဲ့ရင် ဘင်္ဂါလီတွေ အလွယ်တကူနဲ့ နိုင်ငံသားဖြစ်ကုန်မယ်၊ ဒါကြောင့် NLD ကိုမဲမပေးမိဖို့လိုမယ်”ဟု ၄င်းက ဆိုသည်။

“အစ္စလာမ်ဘာသာဝင်တွေ ရာခိုင်နှုန်းမတိုးပေမယ့် သူတို့ ပြန့်နှံ့နေထိုင်ပုံက သတိတော့ ထားသင့်တယ်။ မူဆလင် အများဆုံးရှိနေတဲ့ ပြည်နယ်၊ တိုင်းတွေက ရခိုင်၊ ဧရာဝတီ၊ ရန်ကုန်၊ မွန်၊ ကရင်၊ တနင်္သာရီ အားလုံးကမ်းရိုးတန်းတွေ။ အဲဒီမူဆလင်တွေက ကျွန်တော်ပြောခဲ့သလိုဆိုးတူကောင်းဖက် မြန်မာမူဆလင် တွေဆို အကြောင်းမဟုတ်ဖူး။ ရွှေမောင်တို့လိုဘင်္ဂါလီတွေဆိုရင် စဉ်းစားကြည့်ပေါ့။ ဘင်္ဂလားကနေ မြန်မာ့ ကမ်းရိုးတန်းတလျောက် ထိုင်းတောင်ပိုင်းကနေမလေးရှားထိ။ ဘင်္ဂါလီတွေဖြတ်သန်းသွားလာတဲ့ လမ်းကြောင်းလိုဖြစ်နေတယ်။ ခုတလောလဲရန်ကုန်ဖက်ကိုခိုးသွင်းလာတဲ့ဘင်္ဂါလီတွေ မကြာခဏမိတဲ့ သတင်းတွေဖတ်ရတယ်။ မမိဘဲလွတ်သွားတဲ့ ကုလားတွေ ဘယ်လောက်ရှိမလဲ။ အဲဒီကုလားတွေက ဘင်္ဂလားကနေ မြန်မာပြည်ဖြတ်ပြီးထိုင်းတောင်ပိုင်းတို့၊ မလေးတို့ကို သွားတာဆိုရင် အကြောင်းမဟုတ်ဘူး။ ကျွန်တော်တို့မြန်မာနိုင်ငံထဲက ရန်ကုန်၊ မွန်၊ကရင် ၊ တနသာင်္ရီဖက်မှာ အခြေကျပြီးသား ဘာသာတူတွေဆီ သွားတာဆိုရင် ပြဿနာရှိတယ် ”ဟု ဆက်လက်ပြောကြားခဲ့သည်။