သေရင်ကိုယ့်နောက် ဘာမှမပါဘူး
ကိုယ့်အကြောင်းပဲ ကိုယ်တွေးကြစမ်းပါ အကုန်လုံး
ကိုယ့်ထမင်း ကိုယ်ရှာစားရတာ
ဘယ်ပါတီ ဘယ်အစိုးရကမှ အိမ်လာမကျွေးဘူး သေရင်ကိုယ့်နောက်လိုက်မှာ
ဒါန\သီလ\ဘာဝနာ ပဲရှိတယ် မှတ်ထား ဒါပဲ:-) :-) :-) :-) :-) :-)
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Saturday, June 27, 2015
သေရင်ကိုယ့်နောက် ဘာမှမပါဘူး ကိုယ့်အကြောင်းပဲ ကိုယ်တွေးကြစမ်းပါ အကုန်လုံး ကိုယ့်ထမင်း ကိုယ်ရှာစားရတာ ဘယ်ပါတီ ဘယ်အစိုးရကမှ အိမ်လာမကျွေးဘူး သေရင်ကိုယ့်နောက်လိုက်မှာ ဒါန\သီလ\ဘာဝနာ ပဲရှိတယ် မှတ်ထား ဒါပဲ:-) :-) :-) :-) :-) :-)
အခုလ၂၆ရက်က စဉ့်ကူး-ရွှေဘိုကားလမ်းမိုင်တိုင်အမှတ်(၁/၀-၁)ကြား ရပ်ကွက် (၁) မန္တလေးမြို့ ချမ်းအေးသာစံမြို့ နယ်မှာနေထိုင်သူ မောင်းနှင်လာတဲ့တိုယိုတာလင်ခူဇာယာဉ်ပေါ်မှာပြောင်းရှည်သေနတ်၅လက်နဲ့ကျည်မျိုးစုံ၂၅၂တောင့် လက်ကိုင်စကားပြောစက်၂လုံး အထိုင်စက်၁လုံးဓါးနှစ်ချောင်းနဲ့စိတ်ကြွဆေးပြားတို့ကိုဖမ်းဆီးရမိတယ်လို့မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးကသိရပါတယ်။
အခုလ၂၆ရက်က စဉ့်ကူး-ရွှေဘိုကားလမ်းမိုင်တိုင်အမှတ်(၁/၀-၁)ကြား ရပ်ကွက် (၁) မန္တလေးမြို့ ချမ်းအေးသာစံမြို့ နယ်မှာနေထိုင်သူ မောင်းနှင်လာတဲ့တိုယိုတာလင်ခူဇာယာဉ်ပေါ်မှာပြောင်းရှည်သေနတ်၅လက်နဲ့ကျည်မျိုးစုံ၂၅၂တောင့် လက်ကိုင်စကားပြောစက်၂လုံး အထိုင်စက်၁လုံးဓါးနှစ်ချောင်းနဲ့စိတ်ကြွဆေးပြားတို့ကိုဖမ်းဆီးရမိတယ်လို့မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးကသိရပါတယ်။လက်နက်တွေနဲ့အတူဖမ်းဆီးရမိတဲ့အမျိုးသားနှစ်ဦးရဲ့နေအိမ်မှာလည်းလက်နက်အစိတ်အပိုင်း(၁၉)မျိုးခဲယမ်းဆက်စပ်ပစ္စည်း၁၈မျိုးတို့ကိုထပ်မံဖမ်းဆီးရမိပါတယ်။ဖြစ်စဉ်နဲ့ပတ်သက်ပြီးကွင်းဆက်တရားခံနှစ်ဦးအပါအဝင် အမျိုးသားလေးဦးတို့ကို အမူဖွင့်အရေးယူဆောင်ရွက်ထားတယ်လို့သိရပါတယ်။ဖေ့ဘုတ် မှာပြန့်နှံ့ နေသလို လက်နက်စက်ရုံ ဖမ်းမိတယ်ဆိုတာမဟုတ်ဘူးလို့ ရဲတပ်ဖွဲ့  က ထပ်မံအတည်ပြုပါတယ်Author-နန်းဟေမာထွေး
အကြမ်းဖက် တိုက်ခိုက်ခံရမှု အပြီး အမုန်းတရား ဖြန့်ဝေသည့် ဗလီများကို ပိတ်ပစ်မည်ဟု တူနီးရှား အစိုးရ ကြေညာ
ငြိမ်းချမ်းရေး ထိခိုက်စေသည့် သတင်းဖော်ပြချက်ကြောင့် ================================== ပြန်ကြားရေးဝန်ကြီးထံ ၀ တပ်ဖွဲ့တိုင်ကြား ========================
ငြိမ်းချမ်းရေး ထိခိုက်စေသည့် သတင်းဖော်ပြချက်ကြောင့်
==================================
ပြန်ကြားရေးဝန်ကြီးထံ ၀ တပ်ဖွဲ့တိုင်ကြား
========================
သျှမ်းသံတောင်ဆင့် / စိုင်းအောင်လွင်
UWSA ၀ တပ်ဖွဲ့နှင့် အစိုးရအကြား ယုံကြည်မှု ပျက်ပြားစေပြီး ငြိမ်းချမ်းရေး ထိခိုက်စေနိုင်သည့် သတင်းဖော်ပြရေးသားချက်များနှင့် ပတ်သက်၍ စီစစ်အရေးယူပေးရန် ၀ တပ်ဖွဲ့မှ ပြန်ကြားရေးဝန်ကြီးထံ တိုင်ကြားထားကြောင်း ၀ တပ်ဖွဲ့ တာဝန်ရှိသူများထံမှ သိရသည်။
ပြီးခဲ့သည့် မေလအတွင်းက ၀ ဒေသ ပန်ဆန်းတွင် ပြုလုပ်ခဲ့သည့် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များ၏ ထိပ်သီးခေါင်းဆောင်များတက်ရောက်သော ပန်ဆန်းညီလာခံနှင့် ပတ်သက်ပြီး ပြည်တွင်းမီဒီယာများက- ၀ မှ ပြည်နယ်တောင်းခံရာတွင် တရုတ်က ကျောထောက်နောက်ခံ ပြုနေကြောင်း၊ မူးယစ်ကိစ္စအပါဝင် ၊ ကိုးကန့် တပ်ဖွဲ့နှင့်လည်း ပတ်သက်ကြောင်း - ဖော်ပြ ခဲ့ကြသည်။
ယင်းဖော်ပြချက်များအနက် အချို့မှာ ၀ ပြည်သွေးစည်းညီညွတ်ရေးပါတီ၏ ဂုဏ်သိက္ခာကို ထိခိုက်နေခြင်း၊ ကိုးကန့်အဖွဲ့အား မြှောက်ပေးခြင်း တို့ကို သက်ရောက်စေသဖြင့် ငြိမ်းချမ်းရေး အရ ထိခိုက်နေသောကြောင့် တိုင်ကြားရခြင်း ဖြစ်ကြောင်း UWSP မှ တာဝန်ရှိသူတဦးကပြောသည်။
‘ ၀ နဲ့ ပတ်သက်လို့ တချို့မီဒီယာတွေရဲ့ ဖော်ပြချက်တွေက တဘက်သတ်တအားဆန်လွန်းတယ်။ ဥပမာ အလဲဗင်းသတင်းစာရဲ့ ကာတွန်းဖော်ပြချက်မှာ ဆိုရင် ဒီလောက်ချမ်းသာမှာပေါ့ အကုန် ဘိန်းရောင်းနေတာ ဆိုတာမျိုး။ တချို့ဆိုရင်လည်း ကျနော်တို့က တိုင်းရင်းသားမဟုတ်ဘူး ဆိုတာမျိုးတွေကနေ လက်နက်ကိုင်အဖွဲ့တွေကို မြောက်ပေးဖို့ ညီလာခံကိုလုပ်တာတွေအထိ စသဖြင့်ပေါ့လေ။ အဲလို ဖော်ပြတဲ့အတွက် ငြိမ်းချမ်းရေးအတွက် အဟန့်တားဖြစ်စေပြီး ပြည်သူတွေကလည်း ၀ တွေအပေါ် အထင်အမြင်လွှဲမှားစေတယ်။ဒါကြောင့် ၀န်ကြီးဦးရဲထွဋ်ဆီကို တိုင်ထားတယ်။ ‘ ဟု အဆိုပါ အမည်မဖော်လိုသည့် ၀ တပ်ဖွဲ့အရာရှိငယ်တဦးက ပြောသည်။
ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီမှ ပြောခွင့်ရ ဦးအောင်မြင့်ကမူ ၀ တပ်ဖွဲ့နှင့် ပတ်သက်ပြီး အဖွဲ့အစည်းအားထိခိုက်စေသည့် ရေးသားေ ဖ်ာပြမှုများ ပြုလုပ်သည့် မီဒီယာများကို တရားစွဲဆိုသွားမည်ဟု သတင်းမီဒီယာအချို့အား ပြောဆိုခဲ့ဖူးသည်။
ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSA မှာ ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်လာသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တဖွဲ့ဖြစ်ပြီး အင်အားအကြီးမာဆုံးနှင့် နယ်မြေအကျယ်ပြန့်ဆုံး ထိန်းချုပ်ထားနိုင်သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့စည်းဖြစ်သည်။
Photo - UWSA ၀ တပ်ဖွဲ့
KIO ထိန်းချုပ်ရာ လိုင်ဇာမြို့ပေါ်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှု ဖြစ်ပွား ===========================================
KIO ထိန်းချုပ်ရာ လိုင်ဇာမြို့ပေါ်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှု ဖြစ်ပွား
===========================================
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ထိန်းချုပ်ရာ လိုင်ဇာမြို့ပေါ်က ဘော်ဒါဆောင်အနီးကို အစိုးရ တပ်မတော်ဘက်က လက်နက်ကြီးဖြင့် ယမန်နေ့ ညနေပိုင်းက ပစ်ခတ်ခဲ့သဖြင့် မြို့ခံများနှင့် ကျောင်းသူ၊ ကျောင်းသားများ စိုးရိမ်ထိတ်လန့်မှုဖြစ်ပွား ခဲ့ရကြောင်း သတင်း ရရှိသည်။
ခါရာတောင်ကုန်းတွင် တပ်စွဲထားသည့် တပ်မတော်ဘက်က ပစ်ခတ်ခြင်းဖြစ်ပြီး သေကျေပျက်စီးမှုများ မရှိခဲ့ကြောင်း ကချင် စစ်ဘေး ဒုက္ခသည် ကူညီစောင့်ရှောက်ရေး ကော်မတီ အတွင်းရေးမှူး ဗိုလ်မှူး ဇော်ရော် က ဧရာဝတီသို့ ပြောသည်။
“လက်နက်ကြီးကျဉ်ကတော့ ၈၁ မမလို့ ယူဆပါတယ်။ ကျောင်းနားကို ကျတာ။ ထိခိုက်ပျက်စီးမှုတွေ၊ သေဆုံးမှုတွေတော့ မရှိပါဘူး။ ဒါပေမယ့် ကျောင်းသူ၊ ကျောင်းသားတွေနဲ့ မြို့ခံတွေကတော့စိုးရိမ်ထိတ်လန့်မှုတွေတော့ ဖြစ်တာပေါ့”ဟု ဗိုလ်မှူး ဇော်ရော် က ပြော သည်။
အဆိုပါ ကချင်စစ်ဘေးဒုက္ခသည် ကျောင်းသည် ကျောင်းအိပ်၊ ကျောင်းစား လာတက်ကြသည့် ကျောင်းသူ၊ ကျောင်းသား ၁၀၀၀ ခန့်ရှိပြီး ၆ တန်းမှ ၁၀ တန်းအထိရှိကြောင်း၊ လက်နက်ကြီး ကျမှန်ပေါက်ကွဲမှု ဖြစ်ပွားခဲ့သော်လည်း ကျောင်းကို ဆက်လက် ဖွင့်လှစ် ကြောင်း သိရသည်။
၂၀၁၄ ခုနှစ် နိုဝင်္ဘာလကလည်း လိုင်ဇာရှိ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ဗိုလ်လောင်း သင်တန်းကျောင်းကို တပ်မတော် ဘက်က လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့သဖြင့် သင်တန်းသား ၂၀ ကျော်သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်။
ထိုသေဆုံးသင်တန်းသားများထဲတွင် ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA)မှ ၁၁ ဦး ၊ ရက္ခိုင့် တပ်မတော် (AA) မှ ၈ ဦး၊ ချင်းအမျိုးသား တပ်ဦး(CNF)မှ ၂ ဦး ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) မှ ၂ ဦး တို့ပါဝင်ကြောင်း သိရသည်။
ယခင်ပစ်ခတ်မှုကို အစိုးရ တပ်မတော်က သတိပေး ပစ်ခတ်ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သော်လည်း ယခုပစ်ခတ်မှုနှင့် ပတ်သက်၍ ထုတ်ဖော်ပြောဆိုလာခြင်း မရှိသေးပေ။
ယခုလဆန်းပိုင်းကစ၍ ကချင်ပြည်နယ်အတွင်း KIA တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၆)၊ တပ်ရင်း (၁၁) တို့နှင့် တပ် မတော် စစ်ကြောင်းများအကြား မကြာခဏ တိုက်ပွဲများ ဖြစ်ပွားနေကြောင်း KIO ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန် က ဧရာဝတီသို့ ပြော သည်။
ဦးလနန်က“တိုက်ပွဲတိုင်းကတော့ အစိုးရစစ်တပ်ကနေပြီးတော့ တပ်ရင်း ၃-၄ ရင်းပေါင်းပြီး အင်အားတွေစုစည်းပြီးတော့ ကျနော် တို့ရဲ့ စစ်စခန်းတွေကို လာပြီးတော့ ရှင်းလင်းတဲ့ ပုံစံကြောင့် ဖြစ်ရတဲ့ တိုက်ပွဲလို့ပဲပြောရမှာပေါ့။ သူတို့က စီမံချက်ရှိရှိနဲ့ လုပ်နေပုံ ရတယ်။ သူတို့ခေါင်းစဉ်ကတော့ ထုံးစံအတိုင်း နယ်မြေရှင်းလင်းရေးပေါ့ဗျာ”ဟု ပြောဆိုသည်။
အစိုးရ တပ်မတော်ဘက်က စွပ်စွဲပြောဆိုသကဲ့သို့ အစိုးရ စစ်ကြောင်းများကို ကြားဖြတ်တိုက်ခိုက်ခြင်း၊ ရဲစခန်းများကို ဗုံးဖောက်ခွဲခြင်း စသည်တို့ကို ၎င်းတို့အနေဖြင့် လုပ်ဆောင်ခြင်းမရှိကြောင်း တပ်မတော်အနေဖြင့် ၎င်းတို့အပေါ် အင်အား ချည့်နဲ့စေရန် ရည်ရွယ်ပြီး နယ်မြေစိုးမိုးရေးလမ်းကြောင်းများကို ဖြတ်တောင်နိုင်ရန် ကြိုးစားနေခြင်းသာဖြစ်ကြောင်း သူကဆက်ပြောသည်။
“တိုက်ပွဲတွေက ရှိနေသေးသလို သေနတ်သံတွေကလည်း မငြိမ်သေးဘူးလို့ပဲပြောရမှာပဲ”ဟုလည်း ဦးလနန်က ပြောဆိုသည်။
KIA နှင့်တပ်မတော်တို့အကြား တိုက်ပွဲများဖြစ်ပွားမှု လျော့နည်းသွားစေရေး နှစ်ဖက် တွေ့ဆုံညှိနှိုင်းအဖြေရှာရန် ပဋိပက္ခ ညှိနှိုင်းရေး အဖွဲ့များ ဖွဲ့ခဲ့ကြသော်လည်း ထိရောက်သော အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းမရှိပေ။ ယခုနှစ် မေလက တိုက်ပွဲများဖြစ်ပွားမှု လျော့နည်းသွားစေရေး ကွင်းဆင်းစစ်ဆေးမှုပြုလုပ်ရန် သဘောတူခဲ့ကြသော်လည်း တပ်မတော်ဘက်က ပျက်ကွက်ခဲ့သည်ဟု ဆိုသည်။
KIA နှင့် တပ်မတော်တို့အကြားတွင် အကဲဆတ်သည့် အခြေအနေအများအပြားရှိပြီး တခါတရံ အသေးအမွှားကိစ္စမှတဆင့် ပြဿနာ ကြီးထွားမှုမျိုးကို ဖြစ်စေနိုင်ကြောင်း မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန(MPC) ၏ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ညှိနှိုင်းဆွေးနွေး အကောင်အထည်ဖော်မှု ဌာန ညွှန်ကြားရေးမှူး ဒေါက်တာ မင်းဇော်ဦးက ပြောပြသည်။
“ဖြစ်တဲ့ပြဿနာတွေကတော့ အသေးလေးတွေကနေပြီးတော့ စဖြစ်ကြတာဗျ။ ဥပမာ သွားရင်းနဲ့ မိုင်းကွဲတယ်ဗျာ။ KIA ကလည်း မိုင်းအဟောင်းလို့ ပြောတာရှိတယ်။ တပ်မတော်ကလည်း မိုင်းဟောင်းမဟုတ်ဘူး အသစ်ထောင်တာလို့ ပြောတာရှိတယ်။ တခါတလေကျတော့ မိုင်းဆွဲတဲ့ဟာမျိုးတွေရှိတယ်။ အဲဒီလိုဟာမျိုးလေးတွေနဲ့ စပြီးတော့ ပြဿနာက ပိုပြီးတော့ စရင်း၊ စရင်းနဲ့ ကြီးသွားတဲ့ ဟာမျိုးတွေလည်း ရှိတာပေါ့”ဟု ဒေါက်တာ မင်းဇော်ဦး က ဧရာဝတီသို့ ပြောသည်။
ဇွန်လ ၂၆ ရက် တစ်ရက်တည်း တအာင်းဒေသ တိုက်ပွဲ (၄) ကြိမ် မြောက်ဖြစ်ပွား
27.6.2015
တအာင်းဒေသ၊ တပ်မဟာ(၂) နယ်မြေ၊ ကျောက်မဲမြို့နယ်၊ ကျောက်ဖြူ ကျေးရွာအနီးတွင်ယနေ့ဇွန်လ ၂၆ ရက် ညနေ ၁၈း၁၀ နာရီအချိန်မှ ယခုအချိန်ထိ တအာင်းတပ်မတော် တပ်ရင်း (၉၈၇/၅၂၇) နှင့် မြန်မာ့တပ်မတော် တပ်မ(၇၇) တို့နှစ်ဖက် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
တိုက်ပွဲတွင် နှစ်ဖက်ထိခိုက် ကျဆုံးမှု မသိရှိရသေးပါ။
ယနေ့ ဇွန်လ ၂၆ ရက်နေ့တွင် မန်တုံမြို့နယ်၌ ညနေ ၁၄း၁၅ နာရီ ခဲအော် ကျေးရွာ အနီးတွင် လည်းကောင်း၊ ၁၄း၃၀ နာရီ နားလိုင်ကျေးရွာ အနီးတွင် လည်းကောင်း၊ တအာင်းတပ်မတော် တပ်ရင်း (၄၇၈)နှင့် ၁၅း၃၀းမှ ၁၅း၅၀ အချိန်ထိ ပန်ကန်းကျေးရွာတွင်လည်းကောင်း တအာင်းတပ်မတော် တပ်ရင်း (၉၉၉)နှင့် မြန်မာ့တပ်မတော် တပ်မ (၉၉)တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယခုတိုက်ပွဲသည် ဇွန်လ ၂၆ ရက်နေ့ (၄) ကြိမ်မြောက် တိုက်ပွဲ ဖြစ်ပွားခြင်း ဖြစ်သည်။
သတင်းနှင့် ပြန်ကြားရေးဌာန
PSLF/TNLA
စစ်အစိုးရ ကျောထောက်နောက်ခံ နဲ့ ဖားကန့် မှာ ရမ်းချင်တိုင်း ရမ်း ၊ လုပ်ချင်ရာ လုပ်နေတဲ့ ခရိုနီ ကျောက် ကုမ္ပဏီ ကြီးတွေ တစ်ခုပြီး တစ်ခု ဖောက်ခွဲ ခံနေရပါတယ် ။
စစ်အစိုးရ ကျောထောက်နောက်ခံ နဲ့ ဖားကန့် မှာ ရမ်းချင်တိုင်း ရမ်း ၊ လုပ်ချင်ရာ လုပ်နေတဲ့ ခရိုနီ ကျောက် ကုမ္ပဏီ ကြီးတွေ တစ်ခုပြီး တစ်ခု ဖောက်ခွဲ ခံနေရပါတယ် ။ အဆောက်အအုံ ၊ စက်ယန္တယား ကြီးတွေကို လဲ မီးတင်ရှို့ ပစ်နေကြတယ်လို့ ဆိုပါတယ် ။ဖားကန့် မှာ ခရိုနီ ကုပ္မဏီကြီးတွေ လက်ဝါးကြီး အုပ် လုပ်ကိုင်လာတဲ့နောက်ပိုင်း ဒေသခံတွေ အလုပ်လက်မဲ့ ဖြစ်ကုန်ကြ ပြီး စားဝတ်နေရေး အင်မတန် ခက်ခဲလာတဲ့ အတွက် အဲဒီ ကုမ္ပဏီကြီးတွေကို ဖားကန့် ဒေသခံတွေ မကျေနပ်တာ တစ်ရက်ထက် တစ်ရက် ပိုမို ဆိုးဝါးလာပြီးတဲ့ နောက်ပိုင်း အခုလို လက်တုံ့ ပြန်တာ ဖြစ်နိုင် တယ်လို့ ဆိုပါတယ် ။