Wednesday, March 11, 2015

ကျောင်းသားများထုအား အကြမ်းဖက် ရိုက်နက်ဖမ်းဆီးခြင်းအားကန့်ကွက်ကြောင်း ကေအိုင်အို ထုတ်ပြန်ချက်ထုတ်

အဏာရ မြန်မာနိုင်ငံအစိုးရသည် ဖြစ်ပျက်နေသော ပြသာနာပေါင်းစုံကို နှစ်ဦးနှစ်ဖက် အပြန်အလှန် တန်ဖိုးထား ညှိနှိုင်း အဖြေရှာ ဖြေရှင်းရေးလမ်းကြောင်းကို ငြင်းဆန်မျက်ကွယ်ပြုပြီး အင်အားသုံး အကြမ်းဖက် နှိပ်နှင်းခြင်းအားဖြင့် ပြည်တွင်း မငြိမ်မသက်မှု ပိုမိုကျယ်ပြန့်လာစေရန် ဖန်တီးလုပ်ဆောင်လျှက်ရှိသည်ဟု သုံးသပ်ပါကြောင်း ကျောင်းသားများထုအား အကြိမ်းဖက် ရိုက်နက်ဖမ်းဆီးခြင်းအပေါ် ယနေ့ ကေအိုင်အိုင်ဗဟိုမှ သဘောထားထုတ်ပြန် သည်။ မတ်လ (၁၀) ရက်နေ့တွင် အမျိုးသားပညာရေးရေးဥပဒေပြင်ဆင်ပေးရန် ဆန္ဒဖော်ထုတ်နေသည့် ကျောင်းသားထုအား ရဲတပ်ဖွဲ့များက လက်နက်ဖြင့် ပရမ်းပတာ ရိုက်နှက်ဖြိုခွဲခဲ့ပြီး ကျောင်းသားများ၊ ပြည်သူများ၊ သံယာတော်များ အယောက် (၁၂၇)ဦးအား လက်ပံတန်းတွင် ဖမ်းဆီးခဲ့သည်။ 

လိုင်ဇာ- မြစ်ကြီးနား လမ်း လုံခြုံမှုမရှိဟုဆိုကာ ကေအိုင်အိုအား အစိုးရမှ ရှမ်းပြည်ဘက်မှလာရန်စာပို့

လိုင်ဇာ- မြစ်ကြီးနား လမ်း လုံခြုံမှုမရှိဟုဆိုကာ ကေအိုင်အိုအား အစိုးရမှ ရှမ်းပြည်ဘက်မှလာရန်စာပို့

ရန်ကုန်သို့ NCCT ဆွေးနွေးပွဲလာမည့် ကေအိုင်အို ကိုယ်စားလှယ်များအား နေပြည်တော် စစ်ရုံးချုပ်မှ လုံခြုံရေးမရှိဟုဆိုကာ လိုင်ဇာ- မြစ်ကြီးနား လမ်းကိုမသွားခိုင်းပဲ တရုတ်ပြည်ကို ဖြတ်ကာ ရှမ်းပြည်နယ် မူဆယ်မှတဆင့်ရန်ကုန်သို့လာရန် ဦးအောင်မင်းမှ ကေအိုင်အိုဆွေးနွေးပွဲကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ်ထံ ယနေ့ နေ့နံနက်ပိုင်းတွင် စာပို့ခဲ့ကြောင်း သိရသည်။ ကေအိုင်အိုကိုယ်စားလှယ်အဖွဲ့သည် မူလ ယနေ့ မတ်လ (၁၁) နေ့တွင် ခရီးစတင်ရန် စီစဉ်ထားသော်လည်း အစိုးရမှ ခရီးစဉ်ပြောင်းခိုင်းသည့်အတွက် ကေအိုင်အိုဗဟိုမှ အစည်းအဝေး ပြန်လည်ပြုလုပ်ပြီး တိုင်ပင်နေကြောင်းလည်း သိရသည်။ “အစကတော့ ဒီနေ့ထွက်ဖို့ပဲ။ PCG က ခရီးစဉ်စီစဉ်တာ။ အခုက လုံခြုံရေးမရှိဘူးဆိုပြီး ရှမ်းပြည်ဘက်ကနေလာပါဆိုတော့ ကျွန်တော်တို့ ပြန်လည်ဆွေးနွေးနေတယ်။ဘာကြောင့်လုံခြုံရေးမရှိတာလဲလို့လည်း မေးထားတယ်။ ” ဟုကေအိုင်အို အရာရှိတစ်ဦးမှဆိုသည်။ (NCCT ဆွေးနွေးပွဲအား မတ်လ (၁၆) ရက်နေ့တွင် ရန်ကုန်တွင် ကျင်းပသွားမည်ဖြစ်သည်။ 

မနေ့ကကျောင်းသားအရေးမြင်းကွင်းများ ၆

မနေ့ကကျောင်းသားအရေးမြင်းကွင်းများ

မနေ့ကကျောင်းသားအရေးမြင်းကွင်းများ ၅

မနေ့ကကျောင်းသားအရေးမြင်းကွင်းများ

မနေ့ကကျောင်းသားအရေးမြင်းကွင်းများ ၎

မနေ့ကကျောင်းသားအရေးမြင်းကွင်းများ

မနေ့ကကျောင်းသားအရေးမြင်းကွင်းများ ၃

မနေ့ကကျောင်းသားအရေးမြင်းကွင်းများ

မနေ့ကကျောင်းသားအရေးမြင်းကွင်းများ ၂

မနေ့ကကျောင်းသားအရေးမြင်းကွင်းများ

မနေ့ကကျောင်းသားအရေးမြင်းကွင်းများ

မနေ့ကကျောင်းသားအရေးမြင်းကွင်းများ

မနေ့ကကျောင်းသားအရေးမြင်းကွင်းများ ၇

မနေ့ကကျောင်းသားအရေးမြင်းကွင်းများ