iဘယ်သူမှားသလဲ ???? --------------------- ကျွန်တော် မူလတန်းဆရာဘဝမှာ နှစ်အတန်ကြာ ကျင်လည်ခဲ့ပါတယ်။ ဒီအကြောင်းကိုလည်း ၂၀၀၅ ခုနှစ် လောက်ကတည်းက ကြီးပွားရေးမဂ္ဂဇင်းမှာရေးဖူးတယ်။ ဒုတိယတန်းစာမေးပွဲစစ်တော့ ကျောင်းသားတစ် ယောက် စာမေးပွဲကျနေတယ်။ ကျောင်းသားစာမေးပွဲကျတာ ဆန်းသလားဆိုတော့ မဆန်းပါဘူး။ ဒါပေမဲ့ တော်တဲ့ ကျောင်းသား စာမေးပွဲ ကျတာကတော့ ဆန်းသပေါ့။ ဒါကြောင့် အတန်းပိုင်ဆရာမကို ဘာကြောင့် ဒီကလေး စာမေးပွဲကျသလဲလို့ ခေါ်မေးတော့ မြန်မာစာကျနေတာပါတဲ့။ မဖြစ်နိုင်ပါဘူး။ ဒီကလေးက မြန်မာစာ တော်တယ်၊ လက်ရေးလက်သားလှတယ်ဆိုတာ ကျွန်တော် ကောင်းကောင်းသိတယ်။ ဒါနဲ့ ဆရာမရယ် ပြန်စစ် စမ်းပါဦးဆိုပြီး မြန်မာစာ အဖြေလွှာယူခိုင်းလိုက်တော့ မေးခွန်းတစ်ခုမှာ "ဘုရားပွဲတွင် မည်သည့် အရုပ်များ တွေ့ရသနည်း။ အရုပ် ငါးရုပ်ဖြေဆိုပါ" ဆိုတာကို ကလေးက ဖြေထားရက် သားနဲ့ ဆရာမက အမှားပေးထားတယ်။ ဘာကြောင့် အမှားပေးထားတာလဲ။ ကလေးဖြေထားတာ ပြန်ရေးပြရရင် "ဘုရားပွဲတွင် သရဲရုပ်၊ ဘီလူးရုပ်၊ တစ္ဆေရုပ်၊ ကလေးရုပ်၊ ခွေးရုပ် များကို တွေ့ရပါသည်" လို့ဖြေထားတယ်။ အဲဒါကို ဆရာမက အမှားတွေပေးထား တာ။ ဘာဖြစ်လို့ အမှားပေးထားတာလဲဆိုတော့ ဆရာမက သူသင်ထားတဲ့အထဲက တစ်ရုပ်မှ မပါတဲ့အတွက် အမှတ် မပေးတာလို့ ပြောပါတယ်။ သူသင်ထားတာက ပစ်တိုင်းထောင်ရုပ်၊ နွားရုပ်တွေပါလို့ ကျွန်တော့်ကို ဆင်ခြေ ပြန်ပေးတယ်။ ကျွန်တော်က ဆရာမရယ် ကလေးက အဲဒီအရုပ်တွေကို ဘုရားပွဲမှာ သူတကယ်မြင်ခဲ့ရတာတွေ ပြန်ရေးတာ ကော မဖြစ်နိုင်ဘူးလား။ သူတွေ့တဲ့အတိုင်း ပြန်ရေးပြနိုင်တာဟာ ဆရာမသင်ထားတာနဲ့ မကိုက်ဘူးဆိုရင် တောင် မှန်နေတာဖြစ်လို့ ဂုဏ်ထူးတောင် စဉ်းစားသင့်တယ်မဟုတ်လားလို့ ပြောလိုက်တော့ "ကျွန်မက အမှတ်ပေးစည်းမျဉ်းအတိုင်း စစ်တာပါ" တဲ့။ အဲဒီအကြောင်းကို ကျွန်တော် ၂၀၀၅ လောက်ကတည်းက ရေးခဲ့ တယ်။ စာပေစိစစ်ရေး ဖြစ်ညှစ်တဲ့ကြားက လွတ်လာတဲ့ စာလေးပါ။ နောက်တစ်ခုရှိသေးတယ်။ တတိယတန်းဆရာမက ကျောင်းသူလေးတစ်ယောက်ကို အမှားပေးလိုက်တဲ့ အင်္ဂလိပ်စာ။ မေးခွန်း မှာ What is your father name? လို့မေးထားတာကို The name of my father is U Hla. လို့ဖြေတာကို အမှားပေးထားတယ်။ ဘာဖြစ်လို့ အမှားပေးထားတာလည်းဆိုတော့ သူ့အမှတ်ပေး စည်းမျဉ်းမှာက My father name is …. ဆိုပြီးပေးထားတဲ့ အတိုင်း မဖြေလို့ဆိုပြီး ပြောပါတယ်။ ကဲဗျာ … ကျွန်တော်တို့ကလေးတွေဟာ အဲဒီလို ဆရာတွေ၊ အဲဒီလို ပညာရေးတွေနဲ့ ကြီးပြင်းခဲ့ရတာပါ။ အဲဒီ လောက် စုတ်ပြတ်နေတဲ့ ပညာရေးကို တော်လှန်ရေးလုပ်နေတာကို ကလေးတွေ မှားတယ်လို့ ခင်ဗျားတို့ ပြော မှာလား။ ဒါတောင် ကျွန်တော်က အခြေခံအမှားလောက် ပြောသေးတာ။ ပညာရေးမှာ မှားနေတာတွေ အများကြီး။ အဲဒီအမှားတွေကို မပြင်ဘဲ ဟုတ်ပါ့ဘုရား…မှန်ပါ့ဘုရား…အမိန့်တော်မြတ်အတိုင်းပါဘုရား… လုပ်နေကြလို့ ဒီနေ့ ဒီလိုတွေဖြစ်လာကြရတာ။ အဲဒါ ဘယ်သူမှားသလဲ၊ ဘယ်တုန်းကတည်းက မှားနေတာလဲ၊ ဘယ်သူတွေကြောင့် မှားနေတာလဲ ဖြေကြည့် စမ်းပါ။ (Y) ပညာရေး http://www.searchmyanmar.com/click/Education#content-46661
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Friday, January 30, 2015
ခေတ်သစ်ဇာနည် ========================== သမိုင်းတစ်ခေတ်ရဲ့ အာဇာနည် ဘာမထီ ဇာနည်ဘွားရယ်လို့ အမှောင်ချခံပညာရေး တကယ်ပင် ရင်လေးစေသမို့ နောက်တွန့်ကာ ဒို့မကြောက် ရဲရင့်စွာ တူစုံလျှောက်ပါလို့ နောင်လာနောက်သား ကောင်းစားဖို့အရေး မျှော်တွေးကာ တွန်းလှန်လို့ရယ် ခေတ်သစ်ဇာနည် ရွှေမြန်ပြည်သား… သမိုင်းကိုဖုံးကွယ် အနာဂတ်ကို မပွင့်လင်း ပစ္စုပ္ပန်ဘယ်လိုလျှောက်ရမယ် ပညာမြင့်မှ လူမျိုးတင့် လူမျိုးတင့်ဖို့အရေး ဤပညာရေးမြှင့်တင်နိုင်ကာမှ အနာဂတ်ရဲ့ ငွေကြယ်ပွင့်များ လင်းလတ်တောက်ပ စန်းထနိုင်မည် နိုးကြားကြလော့ ခေတ်သစ်ဇာနည် ရွှေမြန်ပြည်သား… ဧရာဝတီသား ဖျာပုံ
Monday, January 26, 2015
အစိုးရစစ်တပ်မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် နှစ်ဦးမှ တစ်ဦးသေဆုံးပြီး
Sunday, January 25, 2015
ကချင်ပြည်နယ်၏ မယောင်ရာဆီလူးဖြစ်ရပ်မျ
ကချင်ပြည်နယ်၏ မယောင်ရာဆီလူးဖြစ်ရပ်များ ========================== အားလုံးပဲ အောက်တိုဘာ ၁၉ ရက်နေ့ KIA ဗိုလ်လောင်းတွေ သေဆုံးသွားခဲ့တာကို မှတ်မိ ကြအုံးမယ်လို့ ထင်ပါတယ်။ အဲ့ဒီတုန်းက ကချင်ပြည်နယ် မြစ်ကြီးနားမြို့က မနောကွင်းကြီးထဲမှာ KIA က KBC ကနေတဆင့် “ကချင်ဗိုလ်လောင်းတွေသေလို့ မနက်ဖြန်မှာ မနောကွင်းထဲမှာ ဆုတောင်းပွဲ လုပ်ကြ” ဆိုပြီးခိုင်းလိုက်လို ဘာသာရေး ..အဲ…ဟုတ်ပါဘူး..နိုင်ငံရေးဆရာတွေက “တစ်အိမ်တစ် ယောက်တက်ရမယ်၊ ငါ့တို့ကချင်လူမျိုးတွေဗိုလ်သင်တန်းကျောင်းမှာ ဗမာစစ်တပ်က လက်နက်ကြီးပစ် လိုက်လို့ ကချင်ဗိုလ်လောင်းတွေသေကုန်ပြီ” ဆိုပြီး လူမျိုးရေးသွေးခွဲမှုတွေဖြစ်ပေါ်အောင် လုပ်ဆောင် ခဲ့ကြပါတယ်။ အောက်တိုဘာ ၂၀ ကြတော့ မနောကွင်းက ဗိုလ်လောင်းတွေအတွက် ဆုတောင်ပွဲမှာ ပန်းခွေတွေချတဲ့သူတွေကချ…ငိုတဲ့လူကငိုပေါ့ဗျာ…Post မျိုးစုံနဲ့ဝမ်းနည်းခဲ့ကြရတာ…ဆုတောင်းပွဲပြီး လို့ အိမ်ပြန်လည်းရောက်ရော လိုင်ဇာ FM ကကြေညာသွားတာ KIAက သေသွားတဲ့ ကချင် မျိုးချစ်ဗိုလ်လောင်းတွေထဲမှာ ကချင်လူမျိုးတစ်ယောက်မှမပါ…ကဲဗျာ…သွားပြီးတော့ ၀မ်းနည်းငိုကြွေး ခဲ့ရတဲ့ ကချင်လူထုကို KIAနဲ့ KBC က သောက်ရူးလုပ်ခဲ့တာကိုပြောပါတယ်။ “မသာမပါတဲ့ အသုဘ” ရုပ်ရှင်ဇာတ်လမ်းကို KIAနဲ့ KBC ပြည်တွင်းသစ္စာဖောက်တွေ…ပြည်ပ ၀ရမ်းပြေးတွေက ဟိုနိုင်ငံမှာရော ဟောဟော..ဟိုး..နိုင်ငံတွေမှာရော စည်ကားသိုက်မြိုက်စွာ ပါဝင်သ ရုပ်ဆောင်ခဲ့ကြတာ အားလုံးအသိပဲဖြစ်ပါတယ်။ အခုလည်း မသာတော့ပါ ပါတယ်…ဒါပေမယ့် လက်သည်မပေါ်သေးတဲ့ အလောင်းတွေကို စိတ်ဖြောင့်ဖြောင့်နဲ့ ကောင်းကင်နိုင်ငံတော်ကို မသွားနိုင်အောင် နိုင်ငံရေးအမြတ်ထုပ်ဖို့ ကောင်းကင် တမန်တော်တဖန်မွေးဖွားလာသလို ပင့်ဆောင်ခဲ့ကြပါတယ်.. သူတို့နှစ်ယောက်မရောက်ခင်ကလည်း ရပ်ကွက်တွေမှာ နိုင်ငံရေးဆရာများက ဗမာစစ်တပ် က မုဒိမ်းကျင့်လို့ ကချင်ဆရာမသေသွားပါတယ်ဆိုပြီး လက်ကမ်းစာဆောင်တွေဝေကာ လူမျိုးရေးစစ် ပွဲများဖြစ်ပေါ်လာအောင်..KBC ဘာသာရေး..အဲ အဲ… နိုင်ငံရေးဆရာတွေကလိုက်လံဟောပြောနေတာ တွေလုပ်ဆောင်ခဲ့ပါတယ်… ဒီနေ့သွားရောက်ခေါ်ဆောင်တဲ့သူတွေလက်ထဲမှာကိုင်ထားတာ “ စစ်တပ်က ကချင်ပြည်သူ တွေကို သတ်နေတာရပ်ပါတော့တဲ့” အေး..သိအောင်ထပ်ပြောလိုက်အုံးမယ် တပ်မတော်ကသတ် နေတာ ကချင်လူထုကိုမဟုတ်ဘူး…မြန်မာပြည်ထဲကခွဲထွက်ဖို့နဲ့ ကချင်ပြည်နယ်ကောင်စားရေးလို့ပြော ပြီး ဘာကောင်းကျိုးမှမပေးဘူတဲ့လူတစ်စုကို တိုက်နေတာ..။ အခုသေသွားတဲ့နှစ်ယောက်ကိစ္စကို လူပိန်းနည်းနဲ့ပဲစဉ်းစားကြည့် “ ကောင်မလေးလက်ထဲ မှာကိုင်ထားတဲ့ ဆံပင်မွှေးတွေကိုပဲကြည့် သူတို့နှစ်ယောက်အချင်းချင်းကုတ်ဖဲ့ပြီးရထားတဲ့ ဆံပင်မွှေး တော့မဖြစ်နိုင်….ဒါဆိုသူတို့ မိန်းမအင်္ဂါထဲက သုတ်တွေနဲ့ဆံပင်ကဘယ်ကလာလဲ…အဲဒီမုဒိမ်းကောင် ဆီကလာတာလေ…ဒါဆိုတပ်မတော်ကပြောရအောင်လည်း တပ်မတော်က ပေါက်လို့ပဲစား ဖွဲ့စည်း ထားတာမဟုတ်…သူတို့ပြောလို့တပ်ကလူတွေကို သွားစစ်တာ တပ်ကသူတွေရဲ့ဆံပင်က ၃ လက်မ တောင်မကျော် ဧရာဝတီသတင်းဌာနကပြောသလို စစ်ဖိနပ်ရာတွေ့လို့ တပ်ကသတ်တာပါလို့ ပြောရင်တော့ ပေါက်လို့ပဲစားဖွဲ့စည်းထားတဲ့ သူပုန်တပ်ကပဲဖြစ်လိမ့်မယ်… အခုလည်း ကချင်လူထုကိုလိမ်မို့ KBC ကျောင်းမှာ အစိုးရကသတ်တာပါဆိုပြီး လူထုကို မယောင်ရာဆီလူးခိုင်းနေပြန်ပါပြီ။ အမှုဘယ်လိုပဲပေါ်လာပေါ်လာ အခုနိုင်ငံရေးလှည့်ကွက်လုပ်လို့ရရင် ပြီးရောဆိုတဲ့အထဲမှာ KIA သတင်းမီဒီယာသမားတွေလဲပါတယ်။ 
Saturday, January 24, 2015
24.1.2015 23ရက်ဇန်နဝါရီလ2015သောကြာနေ့နေ့လည်(2.00)အချိန်ခန့်တွင်ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်၊ကားမိုင်းမြို့နယ်ခွဲကားမိုင်းမအူပင်လမ်းမကြီး(ယခင်လမ်းဟောင်း)ရှိလွယ်ဆိုင်ကျေးရွာအနီးတဝိုက်တွင်အစိုးရစစ်တပ်နှင့်ကချင်လွတ်လပ်ရေးတပ်မတော်KIAတို့တိုက်ပွဲဖြစ်ပွားကြရာည(7)နာရီအချိန်ခန့်တိုက်ပွဲပြီးဆုံးသွားကြောင်းသတင်းရရှိပါသည်ထိခိုက်ဒါဏ်ရာရရှိမှုနှင့်သေဆုံးမှုစာရင်းကိုမသိရှိရသေးကြောင်းနှင့်နောက်ဆက်တွဲ့ရရှိသောသတင်းများအားဆက်လက်ဖော်ပြသွားပါမည်မိုးကောင်းသတင်းဇုံ
24.1.2015 23ရက်ဇန်နဝါရီလ2015သောကြာနေ့နေ့လည်(2.00)အချိန်ခန့်တွင်ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်၊ကားမိုင်းမြို့နယ်ခွဲကားမိုင်းမအူပင်လမ်းမကြီး(ယခင်လမ်းဟောင်း)ရှိလွယ်ဆိုင်ကျေးရွာအနီးတဝိုက်တွင်အစိုးရစစ်တပ်နှင့်ကချင်လွတ်လပ်ရေးတပ်မတော်KIAတို့တိုက်ပွဲဖြစ်ပွားကြရာည(7)နာရီအချိန်ခန့်တိုက်ပွဲပြီးဆုံးသွားကြောင်းသတင်းရရှိပါသည်ထိခိုက်ဒါဏ်ရာရရှိမှုနှင့်သေဆုံးမှုစာရင်းကိုမသိရှိရသေးကြောင်းနှင့်နောက်ဆက်တွဲ့ရရှိသောသတင်းများအားဆက်လက်ဖော်ပြသွားပါမည်မိုးကောင်းသတင်းဇုံ
"မြစ်ကြီးနားမြို့တွင် ဗမာလူမျိုးများကို ရွေးချယ်ကာ ရိုက်နှက်မှုများဖြစ်ပွားနေ" -------------------------------------------------------------------------------------
"မြစ်ကြီးနားမြို့တွင် ဗမာလူမျိုးများကို ရွေးချယ်ကာ ရိုက်နှက်မှုများဖြစ်ပွားနေ" ------------------------------------------------------------------------------------- ၂၃.၁၂.၂၀၁၄ ရက်နေ့ ည၁၀နာရီခန့်တွင် မြစ်ကြီးနားမြို့  ဂျပန်လမ်း နှင့် စီတာပူရပ်ကွက် တက္ကသိုလ် လမ်းကြားတို့တွင် ဆိုင်ကယ်စီးနင်းလာသူအချို့ အား ကချင်လူမျိုးဟုယူဆရသော လူ၁၀ဦးခန့်မှ ဗမာလား ကချင်လား ဟု မေးပြီး ဗမာဆိုရင် ရိုက်နှက်တယ်ဟု မြစ်ကြီးနားဆေးရုံတွင် တက်ရောက်ကုသနေသော ကိုထွန်းကျော်စိုး က အခုလိုပြောပြပါတယ်။ " ကျွန်တော်က ပန်းရံသမားဆိုတော့ မနေ့ညက အလုပ်မပီးသေးတာနဲ့ ည ၁၀ နာရီလောက်မှ အိမ်ပြန်ရတယ်။ ကျွန်တော့ အိမ်က ကရိန်နော်မရောက်ခင်နားမှာဆိုတော့ မြန်အောင် ဂျပန်လမ်းမကြီးကကွေ့ဝင်လိုက်တယ်။ အဲ့ဒီမှာဗျာ လူ ၁၀ ယောက်လောက်ရှိမယ်ထင်တယ် ကျွန်တော့ကို တားတယ်။ ကျွန်တော်လည်း ဆိုင်ကယ်လုခံရပီထင်တာနဲ့ လှည့်ပြေးမယ်လုပ်တော့ နောက်မှာလဲ ၃ယောက်လောက် ဒုတ်တွေ ဓါးတွေနဲ့ ကိုင်ပြီးရပ်စောင့်နေတယ်။ အကူအညီတောင်းမယ်လို့ကြည့်လိုက်တော့လည်း လူကလည်းတစ်ယောက်မှမရှိဘူး။ ဒါနဲ့ သူတို့က ကျွန်တော့ကိုမေးတယ် ခင်ဗျားက ဗမာလား ကချင်လားလို့ မေးတယ်။ ဟုတ်ကဲ့ ဗမာပါလို့ ကျွန်တော်ဖြေလိုက်တယ်။ ပြီးတော့ ဗမာဆိုရင် ရိုက်ကွာဆိုပြီး ဒုတ်တွေနဲ့ ကျွန်တော့ကို ၀ိုင်းရိုက်ကြတယ်။ ကျွန်တော်လည်း သေပြီလို့ထင်ထားတာ။ အခု သတိပြန်ရတော့ ဆေးရုံပေါ်ရောက်နေတယ်။ ။ အမှတ် ၁ ရဲစခန်းမှာတော့ အမှုဖွင့်ထားတယ်။ဆိုင်ကယ်ကလဲ ကြေမွသွားတယ်။ ဒါပေမဲ့ ပိုက်ဆံတွေ ဆိုင်ကယ်တွေကိုတော့ ယူသွားတာမဟုတ်ဘူး။ ဒါကြောင့် လူမျိုးရေး တိုက်ခိုက်မှု လို့ မြင်တယ်ဗျာ.. မိတ်ဆွေတွေလည်း ညအပြင်ထွက်မယ်ဆိုရင် တစ်ယောက်တည်းမထွက်ကြပါနဲ့လို့ သတိပေးချင်ပါတယ် " ဟု ပြောပြခဲ့ပါတယ်။ . ကျောင်းဆရာမနှစ်ဦး၏ ရုပ်အလောင်း မြစ်ကြီးနားမြို့သို့ ရောက်ပြီး ညတွင် ဖြစ်သွားသောကြောင့် ကချင်ဘုရားကျောင်းများတွင် လူမှုရေးမှိုင်းတိုက်နေပြီဖြစ်ကြောင်း မြစ်ကြီးနားမြို့ ခံများက ဝေဖန်နေကြပါတယ်။ . အလားတူ ဗမာလူမျိုးများကို ရွေးချယ်ရိုက်နှက်သည့် ဖြစ်စဉ်များလည်း စီတာပူတက္ကသိုလ်လမ်းကြားတစ်ခုတွင် ယမန်နေ့ညက ဖြစ်ပွားခဲ့ကြောင်း သိရှိရပါတယ်။
ဣဿာမစ်္ဆရိယဆိုတဲ့ မနာလိုဝန်တိုစိတ် မန်လည်ဆရာတော်ရေးတဲ့ လေးဆစ်ကဗျာအမျိုးအစားထဲက-
ဣဿာမစ်္ဆရိယဆိုတဲ့ မနာလိုဝန်တိုစိတ် မန်လည်ဆရာတော်ရေးတဲ့ လေးဆစ်ကဗျာအမျိုးအစားထဲက- ““အပြစ်မရှိ ပြစ်ရှာ လမင်းကိုခွေးဟောင်လို့ ရွှေလရောင်ပြောင်မပျက်တယ် ထွန်းလျက်ပင်သာ မြရွှေဂူ ပတ်္တမြားကိုလ ၀က်များကငြူစူစွာ ညွှန်လူးကာတိုက်နဲ့ ပွတ်လေလေ ဂူရွှေမှာ အရောင်ထွက်တယ် ရှေးကထက်ကဲ....တဲ့။ ဒီကဗျာမှာပါတဲ့ ခွေးရဲ့စိတ်နဲ့ဝက်တွေရဲ့စိတ်ကို ဖွင့်ပြလိုက်တာ ဣဿာမစ်္ဆရိယတဲ့။ မနာလိုဝန်တို စိတ်လို့... ဖော်ပြထားတာကိုတွေ့တော့ တော်တော်လေးတရားကျမိပါတယ်။ ဣဿာ မစ်္ဆရိယပေါ့။ ဣဿဆိုတာက သူတစ်ပါးရဲ့စည်းစိမ်ဥစ်္စာကိုငြူစူခြင်းလို့ အဓိပ်္ပာယ်ရတယ်။ မစ်္ဆရိယ ကတော့ မိမိစည်းစိမ်ဥစ်္စာကိုဝန်တိုတာတဲ့။ အဲ့ဒီမစ်္ဆရိယမှာပဲ ငါးမျိုးရှိပြန်သတဲ့။ အာဝါသမစ်္ဆရိယ သူများကိုကြည်ညိုသွားမှာစိုးတာ။ ဓမ်္မမစ်္ဆရိယ- ကိုယ်သိထားတာသူများသိသွားမှာ၊ ကိုယ့်ထက်ပိုသိသွား မှာစိုးတာလို့ အကြမ်းဖျင်းပြောရင်ရပါတယ်လို့လည်း ဖော်ပြထားပါတယ်။ သမ္မတကြီးပြောနေကျစကားတွေဖြစ်တဲ့ ““မတူတဲ့အုပ်စုကိုဖယ်ထုတ်ဖို့ ကြိုးစားတာမျိုးမလုပ်ဘဲ လက်တွဲဖြေရှင်းဖို့”” ဆိုတာမျိုးက ဥပမာအားဖြင့် သဘောထားမတူတဲ့သူတွေကိုဖယ်ရှားရှင်းလင်းတာမျိုး မလုပ်ဘဲ အတူတူညှိနှိုင်းဖြေရှင်းဖို့ပြောတာ၊ ရိုင်းရိုင်းပြောရရင် ရှေ့ကနေဦးဆောင်ပြီးတော့ ပြုပြင် ပြောင်းလဲမှုတွေလုပ်ရမယ်ဆိုပြီး ပြည်သူတွေကို ၀ါဒမှိုင်းတိုက်၊ ဂဏန်းလိုဘေးတိုက်သွားနေတဲ့ အချို့ သူတွေကိုပြောတာ။ လက်ရှိ စစ်တပ်မကောင်းဘူးလို့တော့မပြောပါနဲ့။ နာဂစ်မုန်တိုင်းနဲ့ကုလား အရေး တွေမှာ ဘယ်သူတွေဘာလုပ်ပြီးဘယ်သူတွေငြိမ်နေလဲသိကြမှာပါ။ ဒါဆို... အဲ့ဒီဖော်ပြချက်အရ မတူတဲ့အုပ်စုတွေကိုဖယ်ထုတ်ဖို့လုပ်နေတယ်ဆိုရင် မတူတဲ့အုပ်စုတွေက ဘယ်သူတွေလဲ သူတို့ကို ဖယ်ထုတ်ဖို့လုပ်နေသလားဆိုတာ အသိပဲဖြစ်မှာပါ။ ရန်ကုန်တိုင်းဒေသကြီးမှာ ၁၂ ပွင့်ဆိုင်ဆိုပြီးထလုပ်၊ စစ်ကိုင်းတိုင်းလွှတ်တော်မှာကျတော့ ထိပ်သီးတွေ့ဆုံပွဲမှာ တိုင်းရင်းသားရေးရာဝန်ကြီးတွေပါ ထည့်သွင်းဖို့လုပ်ပြန်တော့ အင်း..ရွှံ့တွေတော့လူးကုန်ပြီလို့ တွေးမိပြန်တယ်လို့.... ဖော်ပြပြန်ပါလေရော... ၃ ပွင့်ဆိုင်၊ ၄ ပွင့်ဆိုင်ဆိုတာကလည်းပြောရရင် ဒေါ်စု+တပ်မတော်၊ အစိုးရအဖွဲ့နဲ့ လွှတ်တော်က အကြီးအကဲတွေ တွေ့တာပေါ့ တပ်မတော်နဲ့အစိုးရကအကြီးအကဲတွေဆိုတာက ရှင်းပါတယ်။ သူတို့ နေရာတွေမှာ သူတို့ကအကြီးအကဲတွေလေ ဒါပေမဲ့ ဒေါ်စုကျတော့ တစ်နိုင်ငံလုံးကိုယ်စား တက်ရောက် တယ်ဆိုတော့ ဆွေးနွေးမဲ့ကိစ်္စနဲ့ပတ်သက်ပြီးတော့ တစ်နိုင်ငံလုံးကဒေါ်စုကို တက်ရောက်ဖို့သဘောတူ သလား သဘောတူတယ်ဆိုရင်တောင်မှ ခွင့်ပြုတယ်၊ သဘောတူတယ် ဆိုတဲ့အရာလေးတော့ ယူသင့်တယ်ထင်ပါတယ်။ ဥပမာ- ကချင်အရေးနဲ့ပတ်သက်ပြီးဆွေးနွေးမယ်ဆိုရင် ကချင်အရေးနဲ့ သက်ဆိုင်သူနဲ့ဆွေးနွေးတာ ပိုကောင်းမယ်၊ ဒေါ်စုကဆွေးနွေးမယ်ဆိုလဲ ကချင်အရေးနဲ့ သက်ဆိုင်သူတွေ ဆီက ခွင့်ပြုချက်လေး ဒါမှမဟုတ် အကြောင်းကြားတာမျိုးလေးတော့ လုပ်သင့်တယ်ထင်တာပါပဲ... ငါတကောကောပြီး ငါနဲ့ပဲဆွေးနွေး ငါနဲ့ပြီးတယ်ဆိုတာကတော့ အခြားသူရဲ့လုပ်ပိုင်ခွင့်နဲ့ အခွင့်အရေးကိုချိုးဖောက်နေတယ် ထင်တာပါပဲ။ ခုလိုဒေါ်စုလုပ်နေတာတွေက ဥပမာပြောရရင်ကလေး ၂ယောက်စကားများတာကို သက်ဆိုင်ရာ မိဘတွေက ဖြေရှင်းရမယ့်အစား အခြားမိဘတွေက ၀င်ဖြေရှင်းပေးနေသလိုဖြစ်နေတယ်လို့ ထင်မြင်မိပါတယ်။ မိဘတွေကမှ မကျေနပ်ကြရင် အဆင့်ဆင့်တိုင်ကြားပြီး ဖြေရှင်းရမယ်လို့ထင်ပါတယ်။ တကယ်တော့ ဒေါ်စုကြောင့် တစ်ကမ္ဘာလုံးက မြန်မာဆိုတာကို ဂရုတစိုက်ရှိခဲ့ကြတာမဟုတ် ဘူး။ အမေရိကန်ဆိုတာလည်း သူတို့နိုင်ငံအကျိုးစီးပွားအတွက် မကျန်ရင်ဘာမှလုပ်မှာကိုမဟုတ်ဘူး။ အဖြေကရှင်းနေတယ် လက်ရှိအစိုးရသက်တမ်းပြီးဆုံးသွားရင် သူတို့ဖြစ်ချင်တာကိုပြောရင် လိုက်လုပ်ပေးမဲ့ ဒေါ်စုကိုတင်မယ် အဲ့ဒီကျစိတ်တိုင်းကျချယ်လှယ်လို့ရမယ်လေ ဒါပဲ ရှင်းနေပြီ ဒီထက်ရှင်းတာပြောရရင် ဒေါ်စုအခုတက်လာပြီးကတည်းက တိုင်းပြည်အတွက်မပြောပါနဲ့ ပြည်သူတွေ အတွက် ဘာလုပ်ပေးပြီးပြီလဲဆိုတာမေးချင်ပါသေးတယ်။ အချို့နေရာတွေမှာ ရွေးကောက်ပွဲမတိုင်မီ ကတော့ လမ်းခင်းပေးပါ့မယ်၊ ဘာလုပ်ပေးပါ့မယ်ဆိုပြီး မဲမရရအောင်စည်းရုံးခဲ့တာ အခုအချိန်ထိအောင် လုပ်ပေးပြီးပြီလားဆိုတာ ပြည်သူတွေရဲ့အသံပါပဲ။ ဒေါ်စု အခုအချိန်ထိ တိုင်းပြည်အတွက်၊ ပြည်သူ အတွက် ခုအချိန်ထိဘာလုပ်ပေးပြီးပြီလဲဆိုတာလေးပဲ မေးချင်ပါတယ်။ ၅၉(စ)ပြင်မယ်လို့ပြောတာကကိုပဲ စဉ်းစားကြည့်ဒေါ်စုသမ်္မတဖြစ်စေ ချင်လို့ပြင်မှာဖြစ်ပြီး နိုင်ငံအတွက်၊ ပြည်သူအတွက်နေနေသာသာ မိမိအတွက် ပုဂ္ဂလိကရေးရာအရ ဖွဲ့စည်းပုံဥပဒေကိုပြင်ဆင်ရန်ကြိုးစားခြင်းဖြစ်တယ်ဆိုတာ သိသာ ထင်ရှားလွန်းနေပါတယ်ဆိုတာ ပြည်သူများထံ ပြောကြားလိုက်ရပါတယ်။ ၈၈ ဇာနည်ဖွားလေး
မေးပါရစေဦး မေးပါရစေဦး..
 မေးပါရစေဦး မေးပါရစေဦး...နောက်ဖေးပေါက်က ခိုးကြောင်ခိုးဝှက်ဝင်လာပြီး အိမ်ရှင်ကိုစော်ကားတဲ့ အမှုမှာ ဘယ်သူကလွန်သလဲ။ သူခိုးကလူဟစ်ပြီး အိမ်ရှင်ကိုလက်ညှိုးထိုးစွပ်စွဲရအောင် ဒီခေတ်က တရားမဲ့နေပြီလား။ ကဲ ... ကျုပ်တို့နောက်ဖေးပေါက်က ခိုးကြောင်ခိုးဝှက်ဝင်လာပြီး ... ကျုပ်တို့ နိုင်ငံကတိုင်းရင်းသားသမီးပျိုတွေ ကိုစော်ကား ... အကြမ်းဖက်အုံကြွခဲ့တဲ့ ရိုဟင်ဂျာအမည်ခံ ဘင်္ဂါလီတွေကို နိုင်ငံသားဖြစ်ခွင့်အပြည့် အ၀ပေးရေး မြန်မာအစိုးရကိုတိုက်တွန်းခဲ့တဲ့ ကုလသမဂ်္ဂ အထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်ကို ဘယ်လိုနားလည်ရမလဲ ..။ နောက်ပြီး ရိုဟင်ဂျာအမည်ခံ အဖွဲ့ ၇ ဖွဲ့က ကုလသမဂ်္ဂရဲ့ဆုံးဖြတ်ချက်ကို ထောက်ခံကြိုဆိုသတဲ့ဗျာ။ကဲ ... အိမ်ရှင်ကို စော်ကားတဲ့အပေါက် ... သူခိုးကလူဟစ်ပြီး အိမ်ရှင်ကိုလက်ညှိုးထိုးစွပ်စွဲ ...ဒီအချိုးနဲ့ မြန်မာ့စိတ်ဓာတ်ကိုလာဆွ ... မဟုတ်မခံနိုင်လို့ လက်ပါခဲ့ရင် ... လူနည်းစုကိုနှိပ်ကွပ်တယ်လို့ ၀ါဒဖြန့် ကျုပ်တို့မြန်မာနိုင်ငံ အမဲစက်စွန်းအောင် ... ဒင်းတို့အကြံ ချက်မပိုင် ကျုပ်တို့ခံသွားရနိုင်တယ် နော် ... သတိအများကြီးထားဖို့ လိုမယ်လို့ပဲပြောချင်တယ်။ ဒီအချိန်မှာပဲ ... ကုလသမဂ်္ဂလူ့အခွင့်အရေးကိုယ်စားလှယ် မစ်္စရန်ဟီးလီ ဘင်္ဂါလီကိစ်္စကို အစီရင်ခံဖို့ ... မြန်မာနိုင်ငံကိုရောက်လာ ...ညှပ်ပူးညှပ်ပိတ်လုပ်မယ့်ပုံစံမျိုး .. သမိုင်းကို စစ်ကြည့်ရင် ... ဘယ်သင်းကသူခိုးဆိုတာ ထင်းထင်းကြီးသိလျက်နဲ့ ... တစ်ဖက်စောင်းနင်း အိမ်ရှင်ကိုအိုးမဲမသုတ်ဖို့ ... သတိပေးချင်ပါတယ်။ မေးပါရစေဦး ... ဘင်္ဂါလီအရေးကိစ္စမှာ NLD က ဆရာသမားတွေ ၀စီပိတ်နှုတ်ဆိတ် နေကြတာ ဒီအရေးထက်ဘယ်အရေးတွေးပြီး ရတက်မအေးဖြစ်နေသလဲ ... ကျုပ်တို့ရခိုင်ပြည်သူတွေ အတွက် ...NLDလုပ်ထားတဲ့ လူ့အခွင့်အရေးပေတံက သုံးစားမရပါဘူး ... ကျုပ်ကတော့ ၂၀၁၅ မှာ ဘင်္ဂါလီအရေး ပြတ်သားတဲ့သူကိုရွေးရမှာပဲ ... ဘယ်သူ့ကိုရွေးရမှာလဲ .. မေးပါရစေဦး။ ကိုရှည်(ရခိုင်သားတစ်ဦး)
Wednesday, January 21, 2015
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်းမြို့နယ် နမ့်တောင်းကျေးရွာ အုပ်စု၊ ကောင်းခါးရွာတွင် အသက် ၂၀ အရွယ် ကချင်ခရစ်ယာန်သာသနာပြု လုပ်အားပေး ဆရာမနှစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရကြောင်း သတင်းရရှိ
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်းမြို့နယ် နမ့်တောင်းကျေးရွာ အုပ်စု၊ ကောင်းခါးရွာတွင် အသက် ၂၀ အရွယ် ကချင်ခရစ်ယာန်သာသနာပြု လုပ်အားပေး ဆရာမနှစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရကြောင်း သတင်းရရှိ
Wednesday, January 21, 2015
ကချင်ပြည်နယ်အစပ် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် နမ့်တောင်းကျေး ရွာ အုပ်စု ကောင်းခါးရွာတွင် အသက် ၂ဝ နှင့် ၂၁ နှစ်အရွယ် ကချင်ခရစ်ယာန် သာသနာပြု လုပ်အားပေး ဆရာမနှစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှု ဇန်နဝါရီ ၁၉ ရက် ညပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ သာသနာပြု လုပ်အားပေး ဆရာမနှစ်ဦးသည် ကချင် နှစ်ခြင်းခရစ်ယာန် အသင်းတော် (KBC) မှ စေလွှတ်ထားသူနှစ်ဦးဖြစ်ပြီး ယင်းသို့ သတ်ဖြတ်ခံခဲ့ ရခြင်းကို KBC က အတည်ပြု ပြောကြားသည်။
“ကျွန်တော်တို့ KBC အဖွဲ့ချုပ်က လွှတ်လိုက်တဲ့ ကျောင်းဆရာမတွေပါ။ ဖြစ်စဉ် ကြားကြားချင်းပဲ ကျွန်တော် တို့ လိုက်သွားပါတယ်။ ဒီကိုရောက်ပြီး မေးကြည့် တဲ့အခါ မနေ့ည ၁၂ နာရီခွဲနဲ့ တစ်နာရီကြားမှာ ဖြစ်သွားတဲ့ အမှုအခင်းလို့ ယူဆပါတယ်။ ဘုရားကျောင်းဝင်းထဲမှာ သူတို့နှစ်ယောက်ပဲ နေတယ်။ မနက်ပိုင်းမှာ သူတို့ ကို တွေ့ရတဲ့အခါ တစ်ကိုယ်လုံး ဓားဒဏ်ရာတွေနဲ့ ခေါင်းတွေမှာလည်း အရိုက်ခံထားရတယ်။
တစ်ကိုယ်လုံးလည်း အဝတ်ဗလာ ဖြစ်နေတယ်” ဟု KBC ၏ မိုးမောက်ဇုန် အတွင်းရေးမှူး ဦးဇော်ရာက ဇန်နဝါရီ ၂ဝ ရက် ညနေပိုင်းတွင် The Daily Eleven သို့ ပြောကြားသည်။
အိမ်ခြေ ၂၅ အိမ်ခန့်သာရှိသော ကောင်းခါးရွာသည် နမ့်တောင်းကျေးရွာနှင့် ၁ဝ မိုင်ခန့် အကွာတွင်ရှိပြီး ဖြစ် စဉ်သည် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ စကခ(၁)၊ ခမရ (၅ဝ၃) တပ်မတော် စစ်ကြောင်း ရောက်ရှိနေ ချိန်တွင် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်ဟု The Daily Eleven က ဆက်သွယ် ရရှိသော ဒေသခံ သတင်းရင်းမြစ်များက ပြောကြားသည်။
“ဒေသခံတွေ ပြောတာကတော့ တိုက်ပွဲဖြစ်တဲ့ အချိန်မှာ အခြားတပ်ရင်းတွေ လည်း ဝင်ထွက်သွားလာနေ တာတွေ ရှိတယ်။ ဒါပေမဲ့ ဘာပြဿနာမှ မရှိဘူး။ အခုရောက်နေတဲ့ စစ်ကြောင်းရှိနေတဲ့ အချိန်မှ၊ မနေ့ညကမှ အဲဒီပြဿနာ ပေါ် လာတယ်လို့ ပြောပါတယ်” ဟု ဦးဇော်ရာကလည်း ဆိုသည်။
အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်၌ တာဝန်ထမ်းဆောင်နေသော တပ်မတော်အဆင့်မြင့် အရာရှိတစ်ဦး၏ ပြောကြားချက်အရ ဖြစ်စဉ်ဖြစ်ပွားခြင်းကို အတည်ပြုပြီး ဖြစ်စဉ်အတွက် စုံစမ်းနေကြောင်း သိရသည်။
အိမ်ခြေ ၂၅ အိမ်ခန့်သာရှိသော ကောင်းခါးရွာသည် နမ့်တောင်းကျေးရွာနှင့် ၁ဝ မိုင်ခန့် အကွာတွင်ရှိပြီး ဖြစ် စဉ်သည် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ စကခ(၁)၊ ခမရ (၅ဝ၃) တပ်မတော် စစ်ကြောင်း ရောက်ရှိနေ ချိန်တွင် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်ဟု . . . . .
“အခုချိန်အထိ တိတိကျကျ မသိရသေးဘူး။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး အခုမှ စစ်ဆေးနေတဲ့ အနေအထားပဲ ရှိတယ်။ တိုက်ဆိုင်မှုပေါ့။ စစ်တပ်က အဲဒီနားကို ရောက်နေတဲ့အချိန် ဖြစ်တဲ့ အခါကျတော့ တပ်ကဆိုတဲ့ ပုံစံမျိုးနဲ့ ရေးနေကြတာတွေ ရှိတယ်။ ဘယ်သူမှတော့ တိတိကျကျ မပြောနိုင်သေးဘူး။ အခုမှ စစ်ဆေးနေတဲ့ အဆင့်ပဲ ရှိသေးတယ်” ဟု အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ အဆင့်မြင့် အရာရှိက The Daily Eleven ကို ပြောကြားသည်။
တပ်မတော်စစ်ကြောင်း ရောက်ရှိချိန်၌ အခင်းဖြစ်ပွားခဲ့သည်ကို အဆင့်မြင့် အရာရှိက ပြောကြားသော်လည်း မည်သည့်စစ်ကြောင်း ရောက်ရှိနေသည် ဆိုခြင်းကို ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပေ။
ဖြစ်စဉ်နှင့် ပတ်သက်ပြီး တရားမျှတမှု အမြန်ဆုံး ပေါ်ထွက်ရန် KBC ဘက်က တောင်းဆိုထားကာ အမှုကို မူဆယ်ခရိုင် ရဲတပ်ဖွဲ့မှူး ဦးစီး၍ အရပ်ဘက် ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ ဒေသခံ အဖွဲ့အစည်းများနှင့် ပူးပေါင်းစုံစမ်း စစ်ဆေးနေကြောင်း သိရသည်။
“မနက်ဖြန် သို့မဟုတ် သန်ဘက်ခါလောက် ဆိုရင်တော့ ဒီဟာနဲ့ နီးစပ်တဲ့ အဖြေတစ်ခုတော့ ထွက်လာမှာပါ။ ဒါကိုလည်း ထုတ်ပြန်မယ်လို့ ကျွန်တော် ထင်ပါတယ်” ဟု အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ အဆင့်မြင့် အရာရှိက ဆိုသည်။
အဓမ္မပြုကျင့် သတ်ဖြတ်ခံရသော ကချင်သာသနာပြု လုပ်အားပေးဆရာမ နှစ်ဦး အနက် တစ်ဦးသည် ကချင်ပြည်နယ် ဝိုင်းမော်မြို့မှ လာရောက် တာဝန် ထမ်းဆောင်သူဖြစ်ပြီး ကျန်တစ်ဦးမှာ ကချင်ပြည်နယ် အတွင်းရှိ ဂျာမိုင်ကောင်း စစ်ဘေးသင့် ဒုက္ခသည်စခန်းမှ လာရောက် တာဝန်ထမ်းဆောင်သူ ဖြစ်သည်။
မြစ်ကြီးနားမြို့ အခြေစိုက် KBC ဌာနချုပ်မှ အတွင်းရေးမှူး ဒေါက်တာအလမ် ဆမ်ဆွမ် ဦးဆောင်သော အဖွဲ့သည် ကောင်းခါးရွာသို့ သွားရောက်လျက် ရှိနေပြီး ထိုအဖွဲ့ ရောက်ရှိပြီးမှသာ ကျန်ရှိသည်များကို ဆက်လက်လုပ်ဆောင်မည်ဖြစ်ပြီး သတ်ဖြတ်ခံခဲ့သူ နှစ်ဦးကို ဇန်နဝါရီ ၂ဝ ရက် ညနေပိုင်းက ရင်ခွဲစစ်ဆေး မှု ပြု လုပ်နေပါသည်။
အခင်းဖြစ်ပွားရာ ကောင်းခါးကျေးရွာသည် တပ်မတော်စစ်ကြောင်းများ မကြာ ခဏ ဖြတ်သန်းသွားလေ့ ရှိသော နေရာတစ်ခုဖြစ်ပြီး တိုက်ပွဲကာလများအတွင်း ကချင်အမျိုးသမီးများ အဓမ္မပြုကျင့် သတ်ဖြတ်ခံရသည့် သတင်းများ ရှိခဲ့သော် လည်း ကောင်းခါးကျေးရွာ၌ ဖြစ်ပွားခဲ့ခြင်း မရှိဘဲ ယခု ပထမဆုံး ပေါ်ပေါက် လာခြင်းဖြစ်ကြောင်း သိရသည်။