Friday, August 29, 2014

ပေါက်တောသို့ ထွက်ပြေးလာသည့် ဘင်္ဂါလီ တစ်ရာကျော် တပ်မတော် (ရေ) မှဖမ်းဆီး


ရခိုင်ပြည်နယ်ပေါက် တောမြို့နယ်သို့ ထွက်ပြေးတိမ်းရှောင်လာသော ဘင်္ဂါလီလူမျိုးတစ်ရာကျော်ပါဝင်သည့် စက်လှေတစ်စီးကို မြန်မာ့တပ်မတော် (ရေ)က ဖမ်းဆီးရမိခဲ့ကြောင်းသတင်းရရှိသည်။ မြေပုံမြို့နယ်မှ ဘင်္ဂါလီ တစ်ရာကျော်ပါဝင်သည့် စက်လှေတစ်စီးသည် သြဂုတ် ၂၇ ရက်က ပေါက်တောမြို့ နယ် အတွင်းသို့ တိမ်းရှောင်လာခြင်းဖြစ်ပြီး ၎င်းတို့ကို တပ်မတော်(ရေ)ကင်းလှည့် ရေယာဉ်က ဖမ်းဆီး ရမိခြင်းဖြစ်ကြောင်း ပေါက်တောမြို့နယ်ရဲ တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘ဒုက္ခသည်စခန်းက ထွက် ပြေးလာတာ။ အခု သူတို့ကို မြေပုံ ကို ပြန်ပို့လိုက်ပါပြီ’’ဟု အထက် ပါတာဝန် ရှိသူက ဆိုသည်။

ဒေသခံအချို့ကမူ ၎င်းတို့ သည် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေဖြင့် စိစစ်ခြင်းကို လက်မခံလို၍ ထွက်ပြေး လာခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုသည်။

မြေပုံမြို့နယ်အတွင်းရှိ ဘင်္ဂါ လီလူမျိုးများအား ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေဖြင့် နိုင်ငံသား စိစစ်ခြင်း လုပ်ငန်းများကို ပြီး ခဲ့သည့် ဇွန်လအတွင်း စတင် ပြုလုပ်ခဲ့သည်။

7Day DAILY

ဂိုဏ်ဃဏဆန်ဆန် မင်းမဲ့စရိုက် သာကေတရန်ပွဲ သေနတ် ၂ ချက် ပစ်ဖောက်ခဲ့ဟု ရပ်ကွက်နေပြည်သူများ ပြောကြား

သြဂုတ်လ ၂၈ ရက်နေ့ နေ့လည် (၁၂) နာရီခန့်အချိန်က သာကေတမြို့နယ် (၁၀) တောင် (၁၃) ရပ်ကွက် ခိုင်ရွှေဝါ လမ်းမကြီးပေါ်တွင် မင်းမဲ့စရိုက်ဆန်ဆန် လူအုပ်စု ၂ စုအကြား ခိုက်ရန်ဖြစ်ပွားခဲ့ ကြရာတွင် အဖွဲ့တစ်ဖွဲ့မှ သေနတ် ၂ ချက် မိုးပေါ်ထောင်၍ ပစ်ဖောက်ခဲ့သည်ဟု ရန်ပွဲ ဖြစ်ပွားရာအနီးရှိ ပြည်သူများက News Watch ဂျာနယ်သို့ ပြောသည်။
သာကေတမြို့နယ် ၁၀ တောင် (၁၃) ရပ်ကွက်နေ နေမျိုးအောင်ဆိုသူ ခေါင်းဆောင်သောအဖွဲ့နှင့် ထူပါရုံရပ်ကွက်နေ မြင့်အောင်ဆိုသူ ဦးဆောင်သော အဖွဲ့နှစ်ဖွဲ့တို့ ရန်ငြိုးရှိခဲ့ရာမှ နှစ်ဖွဲ့ပေါင်း လူအယောက် (၅၀) နီးပါး ဓားများ၊ တုတ်များနှင့် ရန်စောင်နေသည့်အချိန်တွင် မြင့်အောင် က သေနတ် (၂) ချက်ဖောက်၍ ခြိမ်းခြောက် ခဲ့ခြင်းဖြစ်နိုင်သည်ဟု အဆိုပါရပ်ကွက်နေ ပြည်သူများက ပြောသည်။

“အဖြစ်အပျက်တွေက အရမ်းမြန်တယ်။ လမ်းထဲကို ကားတစ်စီးဝင်လာတယ်။ နေမျိုးအောင်တို့ကို ပထမကားနဲ့ လိုက်တိုက်တယ်။ ပြီးတော့ နှစ်ဖက်အပြန် အလှန် အုတ်နီခဲတွေနဲ့ ထုတယ်။ ကားလည်း ထိသွားတယ်။ ပြီးတော့ နှစ်ဖွဲ့စလုံး ငှက်ကြီးတောင် ဓားကိုယ်စီနဲ့ ပြဿနာဖြစ်တော့မယ့်အချိန်မှာ သေနတ်ဖောက်သံလို ပစ်ဖောက်သံ နှစ်ချက် ကြားလိုက်တယ်။ နှစ်ဖွဲ့ပေါင်းကို ဓားကိုင်ထားတဲ့ လူ (၅၀) နီးပါးရှိတယ်။ အကုန်နီးပါးပဲ။ တချို့က တုတ်တွေနဲ့။ အဲဒီလို အသံနှစ် ချက်ကြားပြီးတော့ နှစ်ဖွဲ့အကြီးအကျယ် အချင်းများချိန်မှာ ရဲတွေရောက်လာတယ်။ နှစ်ဖွဲ့စလုံးကလည်း သာကေတမြို့နယ်မှာ နာမည်ကြီးပါတယ်” ဟု ရန်ပွဲကို အစ အဆုံးမြင်တွေ့ခဲ့သည့် ခိုင်ရွှေဝါလမ်းတွင် နေထိုင်သူ အသက် (၂၃) နှစ်အရွယ် လူငယ်တစ်ဦးက ပြန်လည်ပြောပြသည်။
အဆိုပါ အဖွဲ့ ၂ ဖွဲ့အနက်မှ ၁ဖွဲ့သည် လက်နက်ကိုင်အဖွဲ့အစည်းတခုနှင့် ဆက်စပ်မှုရှိသည်ဟုလည်း သာကေတမြို့နယ်နေ ပြည်သူအချို့၏ပြောကြားချက်အရ သိရသည်။ ရန်ပွဲ၌ ပါဝင်သူတဦးလည်း ဦးခေါင်းတွင် ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်။
ရန်ပွဲဖြစ်ပွားစဉ်အတွင်း အနီးပတ်ဝန်းကျင်တွင် နေထိုင်သော ပြည်သူအားလုံး ကြောက်လန့်တကြား ထွက်ပြေးခဲ့ကြပြီး အိမ်တံခါးများ ပိတ်ထားကာ ရဲတပ်ဖွဲ့ရောက်ရှိလာမှသာ အခြေအနေ ပြန်လည် တည်ငြိမ်သွားကြောင်း ယင်းလူငယ်က ဆက်လက်ရှင်းပြသည်။
ရပ်ကွက်နေပြည်သူများက ဖော်ပြပါ ပစ်ဖောက်သံ ၂ ချက်အား သေနတ်ပစ်ဖောက်သံဟု ယူဆကြသော်လည်း သာကေတမြို့နယ် နယ်မြေရဲစခန်းမှ တာဝန်ရှိသူကမူ ဗျောက်အိုးဖောက်သံဟု ကြားသိရသည်ဟု ဆိုသည်။

“လက်ရှိအချိန်ထိတော့ အမှုမဖွင့် ထားပါဘူး။ နှစ်ဖက်စလုံးလည်း မတိုင်ကြားထားသေးဘူး။ မိုးပေါ်ထောင်ပစ်တာလည်း သေနတ်သံမဟုတ်ဘဲ ဗျောက်အိုး သံဆိုပြီး ပြောကြတယ်။ ဖြစ်စဉ်နဲ့ပတ်သက် ပြီး စစ်ဆေးစုံစမ်းမှုတွေ ပြုလုပ်နေပါတယ်။ အဖွဲ့အစည်းနှစ်ဖွဲ့ ပုံစံရန်ပွဲဖြစ်ခဲ့တာကြောင့် ပြည်သူတွေလည်း ထိတ်လန့်ခဲ့တယ်။ ဒါကြောင့် အထက်ကချပေးတဲ့အတိုင်း ဒီအမှုကို ဆက်လက်ကိုင်တွယ်သွားမယ်” ဟု သာကေတမြို့နယ် နယ်မြေ (၁) ရဲစ ခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“သူတို့က မလာသေဘူးဗျ၊ အမှုဖွင့်တာတွေ ဘာတွေတော့မရှိသေးဘူး၊ ဘာကြောင့် မဖွင့်သလဲဆိုတာတော့ ကာယကံရှင်တွေပဲ သိမှာပါ၊ သူဆို့ကိုတော့ ခေါ်ထားတာပဲ၊ နှစ်ဦးနှစ်ဖက် နှစ်နာရင်အမှုဖွင့်ဖို့ ဘာဖို့ပေါ့၊ ကျနော်တို့သွားတော့ အကုန်လုံးလုစုကွဲသွားပါပြီ၊ ဒဏ်ရာရတာ မရှိဘူး”ဟု အဆိုပါရဲစခန်းမှ အမည်မဖော်လိုသူ တာဝန်ကျ ဒုရဲအုပ်တဦးက ပြောကြားခဲ့သည်။

သာကေတမြို့နယ်အတွင်း ယခုကဲ့ဖြစ်စဉ်ကဲ့သို့ ဂိုဏ်းဃဏဆန်ဆန်ရန်ပွဲများ၊ ရပ်ကွက်ခြား ရန်ပွဲများ မကြာခဏဖြစ်ပွားလေ့ရှိပြီး၊ ပြဿနာကို ငွေကြေးဖြင့် ရှင်းနိုင်သူအချို့က ဦးဆောင်လေ့ရှိကြောင်း သာ ကေတမြို့နယ် ပြည်သူများက ဆိုသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခုနောက်ပိုင်း မင်းမဲ့စရိုက်ဆန်သည့် ရန်ပွဲများ၊ လူသတ်မှုများ အဖြစ်များလာပြီး လူငယ်များ၏ လက်ရဲဇက်ရဲမှုများနှင့် တရားဥပဒေစိုးမိုးမှုအားနည်းခြင်းအပေါ် ပြည်သူများက အပြင်းအထန် ဝေဖန်နေကြသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

အပြောင်းအလဲ လုပ်ရဲသလား

 ပြီးခဲ့တဲ့ စနေနေ့တုန်းက သူငယ်ချင်း တယောက်နဲ့ တွေ့ဆုံ စကားပြောဖြစ်ကြပါတယ်။
သူက ဂျာနယ်တခုမှာ အယ်ဒီတာ လုပ်ပါတယ်။ လူပျိုကြီး တဦးဖြစ်တဲ့ သူငယ်ချင်းနဲ့ ရောက်တတ်ရာရာ ပြောဆိုကြရင်း ဘ၀ အောင်မြင်ရေး အကြောင်း ရောက်သွားပါတယ်။

“ကျနော့်ကို လူပျိုကြီးဆိုပြီး ခနဲ့တဲ့တဲ့ ပြောတာခံနေရတယ်ဗျာ။
ခက်တာက ပြောတာတွေကို မဟုတ်ဘူး ဆိုပြီး ပြန်ပြောဖို့ လည်း မရှိ၊ မခံချင်စိတ်တော့ ရှိနေတယ်၊
 ဒါပေမယ့် ဘယ်လို လုပ်ရမှန်းကို မသိဘူးဖြစ်နေတယ်” လို့ ပြောပါတယ်။

သူ ပြောတာက အိမ်ထောင်ထူဖို့နဲ့ ပတ်သက်နေသလို ဘ၀ အပြောင်းအလဲ နဲ့ ပတ်သက်ပြီး ပြောတာပါ။

ပြောရရင် သူဟာ အပြောင်းအလဲ တခုလုပ်ဖို့ အလွန်လိုလားနေသူပါ။
ဒါပေမယ့် အပြောင်းအလဲကို မလုပ်ရဲဘူး၊ ကြောက်နေတယ်။ အဲဒါပါပဲ။ သူ့လိုပဲ လူငယ်တော်တော်များများလည်း ကြုံတွေ့ဖူးကြမှာပါ။
အများအားဖြင့် လူတွေဟာ နေသားကျမှုမှာပဲ ပျော်နေတတ်ကြပါတယ်။
တဖန် အဲဒီနေသားကျမှုကို ငြီးငွေ့နေပြန်ရော မဟုတ်လား။ ဒါပေမယ့် မစွန့်စားရဲဘူး။

သူ့အဖြစ်က ရှဥ့်ကလေး တကောင်ရဲ့ အဖြစ်နဲ့ တူနေပါတယ်။
တခါက ရှဥ့်ကလေး တကောင်ဟာ ကွင်းပြင်ကျယ်ကြီးရဲ့ အလယ်က မန်ကျည်းပင်မြင့်ကြီးပေါ်မှာ နေထိုင်တယ်။
အဲဒီကွင်းပြင်ကြီး အလွန်မှာတော့ ငှက်ပျောပင်တွေ၊ မာလကာပင်တွေ၊ ဒူးရင်းပင်တွေ၊ ပိန္နဲပင်တွေ၊ အုန်းပင်တွေ၊ ထန်းပင်တွေ နဲ့ အခြား အသီးစုံ အပင်စုံ ရှိနေပါတယ်။
ဒါပေမယ့် အဲဒီရှဥ့်ကလေးဟာ ကွင်းပြင်ကို ဖြတ်ပြီး အဲဒီ ချိုမွှေးအရသာရှိတဲ့ အသီးစုံ အပင်စုံ ရှိရာကို မသွားရဲရှာဘူးတဲ့။
ဘာဖြစ်လို့လဲဆိုတော့ ကွင်းပြင်ဖြတ်နေတုန်း အမဲလိုက်ခွေးတွေ၊ လူတွေ နဲ့ တွေ့ပြီး သတ်ဖြတ်ခံရမှာကို ကြောက်လန့်နေလို့တဲ့။

အဲဒါကြောင့် ရှဥ့်ကလေးဟာ အလွန်ချဉ်လှတဲ့ မန်ကျည်းသီးတွေပဲ နေ့စဉ်နဲ့ အမျှ စားနေရတော့ တာပေါ့။
ဒါပေမယ့် အရသာရှိတဲ့ အသီးစုံ အပင်စုံဆီက မွှေးပျံ့တဲ့ အနံ့ရောက်လာတိုင်း စားချင်စိတ်က ရှိနေသတဲ့။ ဒါပေမယ့် မသွားရဲဘူး၊ မဖြတ်ရဲဘူး ကြောက်ရွံ့နေတယ်။
ဒီလိုနဲ့ စားချင်စိတ်ပဲ ရှိနေပြီး စားရအောင် ဘယ်လို လုပ်ရင် ရမလဲဆိုတာ မတွေးမိဘဲ ရက်လ အတော်ကြာသွားခဲ့ရတယ်။
ဒီလိုနဲ့ ရှဥ့်ကလေးဟာ တနေ့မှာတော့ သေချင်သေပေစေ ငါ စွန့်စားမယ်၊ ဒီကွင်းကို ဖြတ်မယ်ဆိုပြီး ဆုံးဖြတ်လိုက်သတဲ့။

 ရှဥ့်ကလေးဟာ မန်ကျည်းပင်ကြီးရဲ့ အမြင့်အခေါင်ဆုံး ကိုင်ဖျားကို တက်လိုက်တယ်။
ပြီးတော့မှ လေထဲမှာ လှုပ်ယမ်း အားယူ၊ တအား လွှဲလိုက်ပြီး ကွင်းပြင်အစပ်ကို လေထဲကနေ ခုန်ချလိုက်သတဲ့။
ကံအားလျော်စွာပါပဲ ရှဥ့်ကလေးဟာ ကွင်းပြင် အစပ်က ငှက်ပျောပင်လေးရဲ့ ကိုင်းဖျားလေးကို သူ့လက်ကလေးနဲ့ ဖမ်းဆုပ်မိသွားတယ်။
ကိုင်းဖျားဆိုတော့ သူ့ အလေးချိန်အတိုင်း အောက်ကို ကွေးညွတ်ကိုင်းကျသွားတာပေါ့။
အဲဒီမှာ အောက်မှာရှိနေတဲ့ အစွယ်ဖွေးဖွေး ခွေးတွေကို တွေ့ရော… သူဟာ ကိုင်းဖျားကနေ အပေါ်ဖက် အမြန်ပြေးတက်လိုက်တယ်။
သူဟာ အန္တရာယ်တွေကို စွန့်စားကျော်လွှားနိုင်ခဲ့ပါပြီ။ ပြီးတော့ သူအလိုရှိတဲ့ အရသာကောင်းတဲ့ သစ်သီးမျိုးစုံလည်း အားပါးတရ စားသောက်နိုင်သွားသတဲ့။

အပြောင်းအလဲနဲ့ စွန့်စားမှု ရှိဖို့ အဲဒီလိုပဲ အောင်မြင်ချင်တဲ့ လူငယ်တိုင်းဟာ ကိုယ့်အတွက် နေ့တိုင်း မန်ကျည်းသီးချည့် စားနေရတယ်ဆိုရင် ပိုမို ကောင်းမွန်တဲ့ အခွင့်အလမ်း  အသီးအပွင့်တွေဆီ မဖြစ်မနေ စွန့်စားရမှာပါပဲ။
မစွန့်စားရင်တော့… အချဉ်သီးတွေပဲ စိတ်မပါ လက်မပါ စားနေရမှာ သေချာပါတယ်။ ဒီတော့ ထပ်ဆင့်ပြီး နည်းနည်း ပြောပါဦးမယ်။
The life meant growth and change and challenge, and those are painful things – but that only those who dare to love, despite the pain were the true inheritors of humanity's dreams of greatness. တဲ့။ ဘ၀ဆိုတဲ့ အထဲမှာ ရှင်သန်မယ်၊ ပြောင်းလဲမယ်၊ စိန်ခေါ်မှုတွေ ရှိနေတယ်။ အဲဒါတွေဟာ ထိခိုက်နာကျင် ခံစားရမှု တွေ ဖြစ်စေနိုင်ပေမယ့် နာကျင်ခံစား ရတာတွေကို ဘ၀ရဲ့ အား အဖြစ် ခံယူကျင့်သုံးနိုင်ရင် ကြီးမြတ်တဲ့ လူသား ဖြစ်တည်မှုရဲ့ အိပ်မက်တွေကို ဆက်ခံပိုင်ဆိုင်သူပါပဲ တဲ့။

ဒီစကားတွေကို ချုပ်ကြည့်အောင်ပါ။
လောကမှာ လိုချင်ရင် ရင်းနှီး၊ ရအောင်လုပ်နိုင်တာ အရည်အချင်းပဲ လို့ ဆိုရင် ပြည့်စုံမယ်ထင်ပါတယ်။
ဒီတော့ အောင်မြင်ချင်တဲ့ လူငယ်ဆိုတာ ဘ၀မှာ လိုချင်တာ ရချင်တာ ကို သေသေချာချာ မြင်အောင် ကြည့်၊ အဲဒီ လိုချင်တာ ရချင်တာအတွက် ဘယ်လိုလုပ်ရင် ရနိုင်တယ်၊
ဘယ်လို နည်းလမ်းသုံးမယ်ဆိုတာ စဉ်းစား။ ပြီတော့မှ အောင်မြင်ရရှိချင်စိတ်နဲ့ စွန့်စားလုပ်ဆောင်ပါ။

ဒါကတော့ ဗျာ.. မသေချာဘဲနဲ့ မစွန့်စားချင်ဘူးဗျ။ သေချာမှ စွန့်စားမှ ဖြစ်မှာဗျ လို့ ပြန်ပြောပါတယ်။
တကယ်တော့ သေချာနေမှတော့ ဘာမှ စွန့်စားစရာ မလိုဘူးလေ။
 စွန့်စားတယ်ဆိုတာ… အလိုရှိရာ ရရှိဖို့ စွန့်လွှတ်နိုင်သလို အလိုရှိရာ ရရှိ စားသောက် ပိုင်ဆိုင်နိုင်အောင် မရေရာ မသေချာပေမယ့် လုပ်ကိုင်အောင်မြင်အောင် လုပ်ကိုင်ရဲတဲ့ အစွမ်းသတ္တိနဲ့ ပြည့်စုံသူပါပဲ။

နိုင်စွမ်း


 

Thursday, August 28, 2014

“ မီဒီယာသမားများ ဘာမှားနေသလဲ ”

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ မြန်မာပြည်လာပြီး သမ္မတ ဦးသိန်းစိန် နဲ့ တွေ့တဲ့အခါ မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အမေရိကန် ရဲ့ စိုးရိမ်ပူပန်မှုတွေကို ထုတ်ပြောသွားပါတယ်။ အဲဒီ အထဲမှာ ယူနတီ ဂျာနယ် သတင်းထောက်တွေကို ထောင်(၁၀) နှစ်စီ ချလိုက်တဲ့ ကိစ္စ အပါအ၀င် ပြည်ထဲရေးဝန်ကြီးဌာန နဲ့ အစိုးရရဲ့ သတင်းမီဒီယာ အပေါ် ဖိနှိပ်နေမှု ကိစ္စတွေလည်း ပါဝင်ခဲ့ပါတယ်။ ပြည်ထဲရေးနဲ့ အစိုးရဘက်က သတင်းမီဒီယာတွေ အပေါ် ဘယ်လို ဖိနှိပ်နေတယ် ဆိုတာနဲ့ ပါတ်သက်ပြီး ပြည်တွင်းမှာရော၊ ပြည်ပ မှာပါ ရေးကြ၊သားကြ ဖော်ပြကြတာမို့ သိပ် အဆန်းတကြယ် မဟုတ်တော့ပါဘူး။ 

ဒါပေမယ့် မြန်မာ့သတင်းမီဒီယာ လောက ဆိုတာကလည်း ချောက်ပစ်ကင်း သဲလဲစင်တော့ မဟုတ်ပါဘူး။ မီဒီယာဘက်ကလည်း အမှားတွေ အများကြီး ရှိနေပါတယ်။ ဒါ့အပြင် မီဒီယာသမားတွေဘက်က မှားနေတဲ့ကိစ္စ၊ မီဒီယာတွေကိုယ်တိုင် ပြန်ဖော်ပြတာမျိုးကလည်း ဒီနိုင်ငံမှာ အလွန်ရှားပါတယ်။ မီဒီယာ သမား ဘာတွေ မှားနေသလဲ ဆိုတာ ဒီတစ်ပါတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

မျက်မှောက်ခေတ် သတင်းမီဒီယာ တွေအပေါ် ဖိနှိပ်မှုလို့ ပြောဆိုလိုက်ရင် ကယားပြည်နယ် လွိုင်ကော်က အလဲဗင်း သတင်းထောက် မခိုင် ထောင် (၃) လ ကျသွားတဲ့ကိစ္စ၊ မကွေးတိုင်းက ဒီဗွီဘီ ရုပ်သံ သတင်းထောက် ကိုဇော်ဖေ နဲ့ မိတ်ဆွေ တစ်ယောက်ကို ထောင် (၁) နှစ်နဲ့ချလိုက်တဲ့ ကိစ္စ (နောက်ပိုင်း အယူခံတက် ထောင် ၃ လ ပြင်ဆင်၊ လွတ်မြောက်ခဲ့ပြီး)၊ ယူနတီ သတင်းဂျာနယ် စီအီးအိုနဲ့ သတင်းထောက်တွေကို ထောင် (၁၀) နှစ် ချလိုက်တဲ့ကိစ္စ၊ သတင်းမီဒီယာ သမားတွေကို အက်စ်ဘီ ခေါ်တဲ့ သတင်းရဲတပ်ဖွဲ့က ဥပဒေအရ မဟုတ်ပဲ ခေါ်ယူ စစ်မေးတဲ့ ကိစ္စ၊ ဘိုင်မွန်းတည့်နေ ဂျာနယ် သတင်းထောက်၊ အယ်ဒီတာ နဲ့ ထုတ်ဝေသူတွေကို ဖမ်းဆီး တရားစွဲဆိုထားတဲ့ ကိစ္စ စတာတွေကို တန်းစီပြီး ပြောလေ့ ရှိကြပါတယ်။ တစ်ခုချင်းစီကို လေ့လာကြည့်ကြရအောင်ပါ။

အလဲဗင်း သတင်းထောက် မခိုင်ကိစ္စ ဆိုရင် အမှုဖြစ်နေသူ တစ်ယောက်နဲ့ အတူ ရှေ့နေတစ်ယောက် အိမ်ကို သွားပါတယ်။ အဲဒီမှာ ရှေ့နေက ပိုင်နက်ကျူးကျော်မှုနဲ့ တရားစွဲပြီး သက်ဆိုင်ရာ တရားရုံးက ထောင်ဒါဏ် (၃) လ ချမှတ်လိုက်တာကို ခံရပါတယ်။ ပြောရရင် မခိုင်ဟာ အစိုးရ ဒါမှမဟုတ် စစ်တပ် ဒါမှမဟုတ် အာဏာပိုင် အဖွဲ့အစည်း တစ်ခုခုနဲ့ ပြသနာ ဖြစ်ခဲ့တာ မဟုတ်ပါဘူး။ ရှေ့နေ ဆိုတဲ့ သာမန်ပြည်သူနဲ့ ပြသနာ ဖြစ်ခဲ့တာပါ။ ဒါကို သတင်းထောက် သတင်းသွားယူတာကို ဖမ်းရမလား၊ ထောင်ချရမလား ဆိုပြီး သူ့ သက်ဆိုင်ရာ သတင်းဌာနက ကြွေးကြော်လှုံ့ဆော်ခဲ့ပြီးနောက် ပြည်ပ စာနယ်ဇင်း အဖွဲ့အစည်းတစ်ချို့ရဲ့ ကန့်ကွက်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။

နောက်ပိုင်း စူးစမ်း ဆင်ခြင်နိုင်မှု အားနည်းတဲ့သူတွေ ဦးဆောင်မှုအောက်မှာ ဂျာနယ်လစ် တစ်ချို့က လမ်းလျောက် ဆန္ဒပြတာမျိုးအထိ ဖြစ်ခဲ့ပါတယ်။ သာမန်ပြည်သူတွေက မင်းတို့ သတင်းထောက်တွေ ကို တစ်ခုခု လုပ်တာနဲ့ ဆန္ဒပြတာပဲလား လို့ မေးငေါ့ခဲ့သည်အထိ အမြင်စောင်းခံခဲ့ရတဲ့ ဖြစ်စဉ်ဖြစ်ပါတယ်။ တကယ်ဆန်းစစ်ရင် စောစောက ပြောသလို မခိုင် သတင်းသွားယူတယ် ဆိုတာ ရိုးရှင်းမှု မရှိပါဘူး။ နောက် ပြသနာဖြစ်တာ ဘယ် အစိုးရ၊ စစ်တပ် အာဏာပိုင် တစ်ခုနဲ့မှ မပါတ်သက်ပဲ ရှေ့နေတစ်ယောက်နဲ့ တရားတဘောင် ဖြစ်ရတာပါ။ ဒါကို မီဒီယာဖိနှိပ်မှုအဖြစ် မှားယွင်း ပုံဖော်ခဲ့ကြတာ ဖြစ်ပါတယ်။

နောက်ပြသနာ တစ်ခုကတော့ ဒီဗွီဘီ သတင်းထောက် ကိုဇော်ဖေ ကိစ္စ ဖြစ်ပါတယ်။ သူကတော့ ပညာရေးဌာန တာဝန်ရှိသူတစ်ယောက်နဲ့ ပြသနာ တက်တာပါ။ ဒါပေမယ့် သူဟာလည်း ပညာရေးမှူးရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်တဲ့ ကျောင်းသားမိဘ တစ်ယောက်နဲ့ အတူတူ အဲဒီ ပြသနာ အတွက် ပညာရေးမှူးရုံးကို လိုက်သွားခဲ့တာပါ။ သတင်းသွားယူပုံ ရိုးရိုးရှင်းရှင်း မဟုတ်ပါဘူး။ နောက်ပိုင်း တရားစွဲ ခံရတဲ့အခါ၊ ထောင်ချလိုက်တဲ့အခါ မီဒီယာကို ဖိနှိပ်မှုအဖြစ် ပုံဖော်ကြပြန်ပါတယ်။ တကယ်တော့ မကွေးတိုင်းမှာ ကိုဇော်ဖေ ခုလို ပြုမူခံရတာဟာ မီဒီယာမို့လို့ ရွေးချယ် ဖိနှိပ်တယ် ဆိုတာမျိုးထက် ဘယ်သူ့ကိုမဆို တရားမျှတစွာ ဥပဒေအတိုင်း ဆောင်ရွက်တယ်ဆိုတဲ့ သဘောပေါ်လွင်ပါတယ်။ 

နောက်ထပ် ပြသနာကြီးတစ်ခုက ယူနတီ ဂျာနယ် ကိစ္စပါ။ ယူနတီ ဂျာနယ်ပါ ရေးသားဖော်ပြချက်တွေဟာ စာနယ်ဇင်း ကျင့်ဝတ်နဲ့ မကိုက်ညီရုံမက အတော်ဆိုးရွားတဲ့ ရေးသားဖော်ပြမှုလို့ ပြောနိုင်ပါတယ်။ အစိုးရ ဒါမှမဟုတ် သက်ဆိုင်ရာက အရေးယူကို ယူသင့်တဲ့ ရေးသားဖော်ပြမှုမျိုးပါ။ ဒါပေမယ့် အခု နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေ နဲ့ တရားစွဲပြီး ထောင် (၁၀) နှစ်ချလိုက်တာကတော့ တော်တော် သက်သက်ညှာညှာ ချလိုက်တာလို့ ယူဆရမှာပါ။ 

လက်ရှိ သတင်းမီဒီယာသမားတွေ ပြသနာ ဖြစ်ရတာမှာ ဥပဒေ နားမလည်မှု၊ စာနယ်ဇင်း ကျင့်ဝတ် မသိမှု၊ သက်ဆိုင်ရာ သတင်းဌာနတွေရဲ့ သွေးထိုးမြှောက်ပေးမှု၊ တစ်ခါ တစ်ရံ ဆိုးကျိုးဖြစ်စေတဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ အားပေးကူညီမှုတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအထဲမှာ ဥပဒ နားမလည်မှု နဲ့ စာနယ်ဇင်း ကျင့်ဝတ် မသိမှု ကိစ္စတွေကတော့ ရှင်းလင်းပါတယ်။ ယူနတီဂျာနယ်ရဲ့ ရေးသားဖော်ပြချက်တွေဟာ အဲဒီ နှစ်ခုကို သိရင် အဲလို ရေးသားဖော်ပြကြမှာ မဟုတ်ပါဘူး။ ထောင်ချခံရသူ သတင်းထောက်တွေဟာ ငယ်လည်း ငယ်ရွယ်၊ ရိုးရိုး သတင်းစာ လုပ်ငန်း အတွေ့အကြုံကလည်းနည်းတဲ့ အပြင် ဥပဒေ ကိုရော စာနယ်ဇင်းကျင့်ဝတ်ကိုပါ သိကို မသိကြလို့ ခုလို ကံကြမ္မာ ဆုံရတာပါ။

တခါတရံ ဆိုးကျိုးဖြစ်စေတဲ့ နိုင်ငံတကာ မိသားစုရဲ့ အားပေးမှု၊ ကူညီမှုတွေအကြောင်း ရှင်းဖို့ လိုပါလိမ့်မယ်။ မြန်မာနိုင်ငံထဲမှာ သတင်းသမား တစ်ယောက်ယောက် အာဏာပိုင်တွေရဲ့ အရေးယူခံရပြီ ဆိုတာနဲ့ နိုင်ငံတကာ မိသားစုတွေက ၀ိုင်းဝန်း ပြစ်တင်ပြောဆိုပေးလေ့ ရှိကြပါတယ်။ လွှတ်ပေးဖို့ အရေးဆိုပေးကြပါတယ်။ ဒါတင်မက ငွေကြေးနဲ့ ရုပ်ဝတ္တု အကူအညီပေးတာတွေကိုလည်း လုပ်ကြပါတယ်။ (ထောင်ကျတဲ့ မီဒီယာသမား နိုင်ငံတကာကနေ ငွေကြေးထောက်ပံ့မှု မရတာ အလွန်ရှားပါတယ်။ တစ်ချို့ ထောင်က ထွက်ပြီးနောက် ဘ၀ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးဖို့ ထောက်ပံ့မှု လုပ်ကြပါသေးတယ်။ အနည်းဆုံး တစ်ယောက် ဒေါ်လာ တစ်ထောင်က စ ပါတယ်။ တစ်ချို့ဆို ဒေါ်လာ သောင်းဂဏန်းအထိ ရကြပါတယ်။) 

နမူနာအားဖြင့် မကွေးက ဒီဗွီဘီ သတင်းထောက် ကိုဇော်ဖေ အမှုရင်ဆိုင်နေရချိန် နိုင်ငံတကာ မိသားစုတွေဆီကနေ ကျပ်ငွေ သိန်း ဆယ်တစ်ချို့ အကူအညီ ရခဲ့ပါတယ်။ ဒါဟာ လျို့ဝှက်ထားဖို့လည်း မလိုပါဘူး။ (မှတ်ချက်- ကိုဇော်ဖေ ကတော့ ရိုးသားသူ လူကောင်းပါ)။ မခိုင် ရမရ မသိပါဘူး။ ယူနတီ ဂျာနယ်က လုပ်သက် ၃-၄ လ လောက်တောင် မပြည့်တဲ့ လူငယ်တစ်ယောက်ကို ဆုပေးဖို့ နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုက စဉ်းစားခဲ့ပါသေးတယ်။

ဒါပေမယ့် နောက်ပိုင်း လွတ်လပ် ပွင့်လင်းစ ပြုလာတဲ့ ကာလတွေမှာတော့ အဲဒါတွေဟာ တစ်ခါတစ်ရံမှာ သတင်းထောက်တွေကို ဘာကိုမှ ထီမထင်တဲ့ ဘာကိုမှ ဂရုမစိုက်တဲ့ သွေးနထင်ရောက်သူတွေ ဖြစ်သွားစေတာ၊ ဘာလုပ်လုပ် ဂရုစိုက်စရာ မလိုဘူး၊ ငါ့ကိုဖမ်းတာနဲ့ ဂျာနယ်လစ်တွေ ၀ိုင်းအော်ပေးလိမ့်မယ်၊ နိုင်ငံတကာက ၀ိုင်းအော်ပေးလိမ့်မယ်၊ သူရဲကောင်းဖြစ်မယ်၊ ငွေကြေးထောက်ပံ့မှုရမယ် ဆိုတဲ့အထိ အခြေအနေ ဆိုက်သွားစေပါတယ်။ 

အဲဒါဟာ သတင်းလောကကို ဆိုးကျိုး သက်ရောက်စေပါတယ်။

တကယ်လည်း ထောင်ကျဖူးတဲ့ မီဒီယာသမားတစ်ချို့ အပြင်ပြန်ရောက်လာ၊ သတင်းပညာ ဘာမှမတတ်ပဲ ထောင်လွှားထောင်လွှား ဖြစ်သူတွေဖြစ်၊ ထောင်ကျဖူးတာနဲ့တင် သတင်းစာဆရာတွေကို ပြန်သင်တဲ့ သင်တန်းဆရာ လုပ်ကိုင်နေတာတွေတောင် ရှိလာနေပါပြီ။ တစ်ချို့ မီဒီယာတွေကျတော့လည်း စာနယ်ဇင်းကျင့်ဝတ်ကို ကောင်းကောင်းကြီး ချိုးဖေါက်၊ မီဒီယာကို နိုင်ငံရေး ဂိုဏ်းဂန တိုက်ပွဲအတွက် ကောင်းကောင်းအသုံးချ၊ တစ်ဖက်က ဥပဒေအရ အရေးယူဖို့ ပြင်ဆင်လာတာနဲ့ မီဒီယာကို ဖိနှိပ်ပါတယ် ဆိုပြီး အော်ဖို့ ပြင်ထားကြပါတယ်။ 

အဲဒါတွေကြောင့်လည်း မပေါ်သင့်တဲ့ ပြသနာတွေ ပေါ်ရတာဖြစ်ပါတယ်။ ကြားထဲမှာ တန်ဆာခံ ဖြစ်ရတာက စတုတ္တမဏ္ဍိုင်ကို ပီပီပြင်ပြင် တာဝန်ယူမယ် ဆိုတဲ့ ရိုးသားတဲ့ လူငယ် သတင်းထောက်တွေ အယ်ဒီတာတွေပါ။ ဘယ်ဟာက မီဒီယာအပေါ် ဖိနှိပ်တာလဲ၊ ဘယ်ဟာတွေက ပုဂ္ဂိုလ်ရေးပြသနာလဲ၊ ဘယ်ဟာတွေက မီဒီယာတွေကို နိုင်ငံရေးအတွက် အသုံးချရင်း ပြသနာပေါ်တာလဲ စသဖြင့် မစဉ်းစားနိုင်ပဲ အဲဒီလူတွေအတွက် လမ်းပေါ်ထွက် ဆန္ဒပြမိကြတာမျိုးတွေပါ။

ဘယ်လိုပဲဖြစ်ဖြစ် ဒီလောကထဲမှာ မီဒီယာကို စတုတ္တမဏ္ဍိုင် ပီသစေချင်သူတွေကတော့ တကယ့်ကို ကြိုးစားနေကြပါတယ်။ ကောင်းမွန်တဲ့ အကျိုးရလာဒ်တွေကိုလည်း မြင်တွေ့နေရပါတယ်။ အစိုးရနဲ့ အာဏာပိုင်ဘက်ကလည်း မီဒီယာကို ကန့်သတ် ဖိနှိပ်ဖို့ ကြိုးစားနေတာကလည်း ငြင်းမရတဲ့ အချက်တွေ ရှိနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သတင်းမီဒီယာသမားတွေဘက်မှာလည်း အားနည်းချို့ယွင်းချက်တွေ အမှန်တကယ် ရှိနေပါတယ်။ ဒါကြောင့် မီဒီယာကို ဖိနှိပ်နေပါတယ်၊ ဖိနှိပ်နေပါတယ် အော်နေရုံနဲ့မပြီး၊ ပြည်ပက လာမယ့် ထောက်ပံ့ကြေးတွေကို မျှော်နေရုံနဲ့မပြီးပဲ ကိုယ့်လောက ကိုယ် ပြုပြင်သွားမှသာ ပြည်သူတွေ တကယ်လေးစားရတဲ့ စတုတ္တမဏ္ဍိုင် ပီပီပြင်ပြင် ဖြစ်လာမှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

စည်သူအောင်မြင့်
မြန်မာတိုင်းမ် ဂျာနယ်

ရိုဟင်ဂျာအသုံးအနှုန်းကို ကုလသမဂ္ဂရော၊ နိုင်ငံတကာ အဖွဲ့အစည်းတွေရော ရှောင်သင့်တယ်

ရိုဟင်ဂျာအသုံးအနှုန်းကို ကုလသမဂ္ဂရော၊ နိုင်ငံတကာ အဖွဲ့အစည်းတွေရော ရှောင်သင့်တယ်


ရိုဟင်ဂျာအသုံးအနှုန်းကို ကုလသမဂ္ဂရော၊ နိုင်ငံတကာ အဖွဲ့အစည်းတွေရော ရှောင်သင့်တယ်




ရိုဟင်ဂျာအသုံးအနှုန်းကို ကုလသမဂ္ဂရော၊ နိုင်ငံတကာ အဖွဲ့အစည်းတွေရော ရှောင်သင့်တယ်



ရိုဟင်ဂျာအသုံးအနှုန်းကို ကုလသမဂ္ဂရော၊ နိုင်ငံတကာ အဖွဲ့အစည်းတွေရော ရှောင်သင့်တယ်



ရိုဟင်ဂျာအသုံးအနှုန်းကို ကုလသမဂ္ဂရော၊ နိုင်ငံတကာ အဖွဲ့အစည်းတွေရော ရှောင်သင့်တယ်

ဉာဏ်ရည်ထက်မြက်မှုငါးရပ်

လူတစ်ယောက်ရဲ့ ဉာဏ်ရည်ထက်မြက်မှုကို သာမန်အားဖြင့် (IQ) နဲ့တိုင်းထွာလေ့ရှိပါတယ်။ အပြည့် အစုံကတော့ Intelligence Quotient (IQ) ဖြစ်တယ်။ လူတစ်ဦးရဲ့ ဉာဏ်ရည်ထက်မြက်မှုကို စနစ်တ ကျတိုင်းထွာပြီး ရလာတဲ့အဖြေ Quotient ကို ရည်ညွှန်းပြီးသတ်မှတ်ထားတာ ဖြစ်ပါတယ်။

လွယ်လွယ်ပြောရရင် ဉာဏ်ရည်ထက်မြက်သူကို တော်တဲ့သူလို့သတ်မှတ်ကြတယ်။ IQ မြင့်တဲ့သူဟာ တော်တယ်။ IQ နိမ့်တဲ့သူဟာ ညံ့တယ်လို့ပဲ ယူဆကြတယ်။ နိုင်ငံခြားမှာတော့ IQ ကို စနစ်တကျတိုင်း ထွာမှုတွေလုပ်ကြတယ်။

မြန်မာပြည်မှာတော့ ကျွန်တော်သိသလောက် စနစ်တကျလုပ်ထားတာမရှိ ဘူး။ လူတစ်ဦးတစ်ယောက်ရဲ့ IQ ဟာ ပျမ်းမျှခြင်း ၈၀ နဲ့ ၁၂၀ အကြားရှိကြတယ်။ ၁၂၀ ထက်များရင် သိပ်ထူးချွန်တယ်လို့ သတ်မှတ်ပြီး ၈၀ ထက်နည်းရင်တော့ ဉာဏ်ရည်နိမ့်တယ်လို့ ပြောလေ့ရှိကြ တယ်။ IQ ဟာ ဗီဇအပေါ်အခြေခံတယ်။ တစ်နည်းပြောရရင် မိဘမျိုးရိုးအပေါ် မူတည်ပါတယ်။

IQ ဖွံ့ဖြိုးမှုဟာ မွေးတဲ့အချိန်ကအစပြုပြီး အသက် ၁၁ နှစ်နဲ့ ၁၂ နှစ်မှာ မြင့်တက်လာပြီး နောက်ပိုင်းမှာ တိုးတက်မှုမရှိတော့တာ တွေ့ရပါတယ်။ တစ်နည်းပြောရင် IQ ဟာ မွေးရာပါအရည်အချင်းတစ်ရပ် ဖြစ်ပါတယ်။

IQ ကိုတစ်ဖက်က Mental Intelligence ဉာဏ်ရည်ထက်မြက်မှုလို့ ဆိုကြတယ်။ သမားရိုးကျပညာ ရေးစနစ်ဟာ IQ ကိုသာ အာရုံစိုက်တာတွေ့ရတယ်။ ကျောင်းစာမှာတော်ဖို့ မိဘတွေရော၊ ဆရာ၊ ဆရာမတွေပါ တိုက်တွန်းတယ်။ စာတော်ခြင်းတစ်ခုတည်းကိုသာ အလေးထားကြတယ်။ ဒါကြောင့် လည်း အားကစားမလုပ်ဖို့၊ အနုပညာမလိုက်စားဖို့၊ ပေါင်းသင်းဆက်ဆံမှုမှာ အာရုံမစိုက်ဖို့တိုက်တွန်း ပြီးစာတော်ခြင်းဆိုတဲ့ တစ်လမ်းသွားဖွံ့ဖြိုးမှုကို အားပေးခဲ့ကြတယ်။

အခုခေတ်မှာတော့ ဉာဏ်ရည်ထက်မြက်မှု ငါးမျိုးရှိတယ်လို့ လက်ခံလာကြတယ်။ လူတစ်ယောက်ဟာ အောင်မြင်တဲ့သူဖြစ်ဖို့ ဒီဉာဏ်ရည်ထက်မြက်မှုငါးမျိုးကို ပြုစုဖို့လိုအပ်တယ်လို့ လက်ခံလာခဲ့တယ်။

ပထမဆုံးဉာဏ်ရည်ထက်မြက်မှုကတော့ Physical Intelligence (PQ) ဖြစ်ပါတယ်။ ရုတ်တရက် ကြည့်ရင် (PI) ဖြစ်သင့်တယ်လို့ ထင်ကြမှာပါပဲ။ ဒါပေမယ့်စောစောက ကျွန်တော်တင်ပြခဲ့သလို Quotient ဆိုတဲ့ရလဒ်အဖြေကို ရည်ညွှန်းတာပါ။ PQ ကအမှန်တော့ ကျန်းမာရေးနဲ့ဆိုင်တယ်။ လူတစ် ယောက်ဟာ ကျန်းမာဖို့လိုအပ်တယ်။ မကျန်းမာရင် ကျန်တာဘာမျှလုပ်လို့ရမှာ မဟုတ်ပါဘူး။ ဒါ ကြောင့်ကျွန်တော်က လူငယ်တွေအအနေနဲ့ PQ ကိုအာရုံစိုက်စေချင်တယ်။ မိဘတွေအတွက်လည်း စဉ်းစားသင့်ပါတယ်။ ကလေးတွေကို အားကစားလုပ်ဖို့ အားပေးရမယ်။ ကျောင်းတွေမှာလည်း အားက စားကိုထိထိရောက်ရောက် လုပ်ပေးနိုင်ဖို့ အရေးကြီးလှပါတယ်။

တစ်ချိန်တုန်းက အားကစားကို အားမပေးခဲ့ဘူး။ မလိုအပ်တဲ့ စိုးရိမ်မှုတွေကြောင့် အားကစားလုပ်တာ တွေကို အဟန့်အတားပြုခဲ့တယ်။ ဒါကြောင့်ကျွန်တော်ကတော့ လူငယ်တွေအတွက် အားကစားမြှင့် တင်မှုကို အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ ဆောင်ရွက်ရမယ်။ တစ်ခါကကျွန်တော်တင်ပြခဲ့သလို အားကစားလုပ်ခြင်းဟာ ကာယဖွံ့ဖြိုးမှုသာမက ပြိုင်ဘက်ကိုလေးစားမှု၊ အရှုံးအနိုင်ကို မှန်ကန်တဲ့ တုံ့ပြန်နိုင်မှု၊ နားလည်မှုစတဲ့ အကျိုးတရားတွေဟာ ရေတွက်လို့မရနိုင်ပါဘူး။ အားကစားလို့ပြောတဲ့နေ ရာမှာလည်း ငွေကုန်ကြေးကျများတဲ့ အားကစားမျိုးကိုသာမဟုတ်ဘဲ လူတိုင်းလက်လှမ်းမီတဲ့ အားက စားတွေ အများကြီးရှိပါတယ်။

ဒုတိယဉာဏ်ရည်ထက်မြက်မှုက စောစောကအသေးစိတ်တင်ပြပြီးဖြစ် တဲ့ Mental Intelligence (IQ) ဖြစ်ပါတယ်။

တတိယဉာဏ်ရည်ထက်မြက်မှုက Emotional Intelligence (EQ) ဖြစ်ပါတယ်။

EQ ကမိမိအကြောင်း၊ မိမိရဲ့ခံစားမှု၊ မိမိရဲ့စိတ်ကို သိသလိုမိမိနဲ့ ထိတွေ့ဆက်ဆံနေတဲ့သူတွေအကြောင်းကိုလည်း သိ အောင်ကြိုးစားနိုင်ခြင်း ဖြစ်ပါတယ်။ EQ မြင့်မားတဲ့သူဟာ ကိုယ်ချင်းစာစိတ်ရှိတဲ့သူ ဖြစ်ပါတယ်။ အကောင်းဆုံးသာဓကက ဆရာကြီး Gandhi ဖြစ်ပါတယ်။ သူကသူ့ရဲ့တပည့်တွေနဲ့အတူ ဘူတာရုံတစ် ခုက ထွက်တော့မယ့်ရထားကို အမီလိုက်ရင်း စီးလာတဲ့ဖိနပ်တစ်ဖက် ကျွတ်ကျခဲ့တယ်။ ဖိနပ်ကျွတ် တာကိုသိသိချင်း ဆရာကြီးက ကျန်တဲ့တစ်ဖက်ကိုယူပြီး ကျသွားတဲ့ဖိနပ်နဲ့ အနီးဆုံးရောက်အောင် ပစ်လိုက်တယ်။ သူ့ရဲ့လုပ်ရပ်ကို တပည့်တွေက ဘာကြောင့်ဒီလိုလုပ်လိုက်တာလဲလို့ပြောတော့ အခုဆိုရင် ကောက်ရတဲ့သူက ဖိနပ်တစ်ရန်အပြည့်ရပြီလို့ ပြန်ပြောခဲ့တယ်။ IQ မြင့်မားတဲ့သူတွေတိုင်း EQ မမြင့်ကြပါဘူး။ IQ မြင့်ပေမယ့် EQ နိမ့်တဲ့သူတွေ အများကြီးရှိတာတွေ့ရတယ်။။ မိမိရဲ့ခံစားမှုတွေ သာရှေ့တန်းတင်ပြီး တစ်ဖက်သားရဲ့အကြောင်း ထည့်မတွက်တတ်တဲ့သူတွေ အများကြီးရှိနေတာ ဝမ်းနည်းစရာတွေ့ရပါတယ်။

တစ်ခုတော့ရှိပါတယ်။ IQ ဟာမွေးရာပါဖြစ်ပေမယ့် EQ ကတော့ပြုစုလို့ရတဲ့ အရည်အချင်းတစ်ရပ် ဖြစ်တယ်။ ဘဝမှာအောင်မြင်ဖို့ IQ တစ်ခုတည်းအားကိုးလို့မဖြစ်ဘူး။ EQ ရှိမှပြည့်စုံမှာ။ တစ်ဖက်က တော့ EQ သာရှိပြီး IQ နိမ့်နေရင်လည်း အဆင်မပြေပြန်ဘူး။

စတုတ္ထဉာဏ်ရည်ထက်မြက်မှုက ယုံကြည်ကိုးကွယ်မှုနဲ့ ပတ်သက်ပါတယ်။ တစ်နည်းပြောရရင် Spiritual Intelligence (SQ) ဖြစ်တယ်။ အခုအချိန်မှာ ကျွန်တော်တို့နိုင်ငံမှာ SQ အထူးလိုအပ်နေ တယ်လို့ ကျွန်တော်ထင်တယ်။ ယုံကြည်ကိုးကွယ်မှုဟာ မိမိတစ်ဦးချင်းနဲ့ဆိုင်တယ်။

မိမိရဲ့ယုံကြည်ကိုးကွယ်မှုကို မြတ်နိုးဖို့လိုအပ်သလို တစ်ဖက်သားရဲ့ ယုံကြည်ကိုးကွယ်မှုကို လေးစားဖို့ လိုတယ်။ ယုံကြည်ကိုးကွယ်မှုဆိုတာဟာ အင်မတန်မှ သိမ်မွေ့တဲ့၊ လေးနက်တဲ့အရာတစ်ခုဖြစ်တယ်။ ကျွန်တော်ဟာဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ပါတယ်။ ရှင်တော်ဗုဒ္ဓရဲ့ သွန်သင်ဆုံးမမှုတွေကို ယုံယုံကြည် ကြည်နဲ့ လိုက်နာကျင့်သုံးနေသလို အခြားဘာသာဝင်တစ်ဦးရဲ့ ယုံကြည်ကိုးကွယ်မှုကိုလည်း အသိအ မှတ်ပြုရမယ်။

မိမိဘာသာကောင်းတယ်။ တခြားဘာသာမကောင်းဘူးဆိုတဲ့ အတွေးအခေါ်တွေ မရှိသင့်ဘူး။ အစွန်း တရားတွေကို ရှောင်ရှားဖို့သိပ်လိုအပ်နေပါတယ်။ အခုလိုပြောတာကို လက်မခံတဲ့သူတွေရှိမှာ သေချာ ပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ မြင့်မြတ်တဲ့အတွေးအခေါ်၊ အယူအဆတွေ လူတွေမှာရှိကြ တယ်။ ရှိနိုင်တယ်လို့ ယူဆမိပါတယ်။

နောက်ဆုံး ဉာဏ်ရည်ထက်မြက်မှုက မျက်မှောက်ခေတ် (၂၁) ရာစုမှာပိုပြီး အရေးကြီးလာတာတွေ့ရ ပါတယ်။ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေကြောင့် ကမ္ဘာကြီးနဲ့ ထိတွေ့ဆက်ဆံလာကြတယ်။ ပူးပေါင်းဆက်ဆံမှုဆိုတာကို လက်ခံလာကြတယ်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကြောင့် နိုင်ငံခြားသား တွေပိုင်ဆိုင်တဲ့လုပ်ငန်းတွေ မြန်မာပြည်မှာ တည်ထောင်လာကြတယ်။ အခုလိုလုပ်ငန်းတွေလုပ်ဖို့ စီစဉ်တဲ့အခါ မြန်မာတိုင်းရင်းသားတွေကို ရှာဖွေကြတယ်။ အကူအညီတောင်းကြတယ်။ ဒီလိုပဲ မြန်မာပိုင်ကုမ္ပဏီတွေကလည်း နိုင်ငံခြားဝန်ထမ်းတွေကို ရွေးချယ်ခန့်ထားလာတာ တွေ့တယ်။ အခုလို ဆောင်ရွက်တာက နိုင်ငံခြားတိုင်းပြည်တွေရဲ့ အခြေအနေကို သိအောင်ရယ်၊ ပြည်တွင်းအခြေအနေ တွေ နားလည်သဘောပေါက်အောင် Cultural Intelligence (CQ) လို့ခေါ်တဲ့ ယဉ်ကျေးမှုနဲ့ ပတ်သက် တဲ့ဉာဏ်ရည်ထက်မြက်မှုကို ပြုစုဖို့ဆိုတာပဲ ဖြစ်ပါတယ်။

ယဉ်ကျေးမှုမတူသူတွေနဲ့ ဆက်ဆံတဲ့အခါ (CQ) ဟာအလွန်အရေးကြီးပါတယ်။ (CQ) မြင့်မားတဲ့သူ ဟာ မိမိရဲ့ယဉ်ကျေးမှုကိုမြတ်နိုးသလို တစ်ဖက်သားရဲ့ ယဉ်ကျေးမှုကိုလည်း လေးစားဖို့လိုတယ်။ လက်နဲ့ထမင်းစားတဲ့ ကျွန်တော်တို့ မြန်မာတွေအနေနဲ့ တူနဲ့စားတဲ့ တရုတ်လူမျိုး၊ ဇွန်း၊ ခရင်းသုံးတဲ့ အနောက်တိုင်းရင်းသားတွေရဲ့ အလေ့အထကို ဂရိုစိုက်ရမယ်။ (CQ) မြင့်မားတဲ့သူဟာ ယဉ်ကျေးမှုမ တူတဲ့ အခြေအနေမှာ လိုက်လျောညီထွေစွာ လှုပ်ရှားနိုင်သူဖြစ်တယ်။ ဝင်ဆံ့တယ်။ နားလည်တယ်။ အသိအမှတ်ပြုတယ်။

ဉာဏ်ရည်ထက်မြက်မှုတစ်ရပ်ကို အကျဉ်းချုံးတင်ပြရရင် PQ, IQ, EQ, SQ နဲ့ CQ တို့ဖြစ်တယ်။ ဒီဉာဏ်ရည်ထက်မြက်မှု ငါးခုဟာလူတစ်ယောက်အတွက် အလွန်အရေးပါလှပါတယ်။ PQ မြင့်မားမှု ဟာ အသက်ရှင်သန်ရေးနဲ့ပတ်သက်ပြီး IQ ဟာ သင်ယူ၊ ခံယူမှုနဲ့ဆိုင်ပါတယ်။ EQ ကတော့ မေတ္တာ တရားနဲ့ဆိုင်ပြီး SQ ကတော့ လူတစ်ဦးရဲ့လေးနက်တဲ့ အမွေအနှစ်နဲ့ ဆိုင်တယ်။ CQ ကတော့ မတူညီ မှုကို အားယူနိုင်တဲ့ အားပဲဖြစ်ပါတယ်။

ကျွန်တော်ကတော့ အခွင့်အရေးရတိုင်း လူငယ်တွေရဲ့ ကိုယ်ရည်ကိုယ်သွေးမြင့်မားစေလိုတယ်။ အောင်မြင်တဲ့သူတွေ ဖြစ်စေချင်တယ်။ ဒါကြောင့်လည်း အခွင့်အရေးရတိုင်း ဟောပြောပွဲတွေလုပ်ပေး ခဲ့၊ စာတွေရေးခဲ့တယ်။ အမှန်တော့ လူငယ်တွေသာမက လူလတ်၊ လူကြီးအားလုံး ဉာဏ်ရည်ထက် မြက်မှုငါးရပ်ကို ပြည့်စုံနိုင်ပါစေလို့ ဆန္ဒပြုအပ်ပါတယ်။