Saturday, April 19, 2014

မြန်မာနိုင်ငံအတွက် ၂၀၁၄ သည် အရေးပါသောနှစ်ဖြစ်ပြီး စိုးရိမ်မကင်းသည့် ပြဿနာရပ်များအပေါ် ဖြေရှင်းရာတွင် တိုးတက်မှုရှိရေး အရေးကြီးကြောင်း ဗြိတိန်တိုက်တွန်း ၂၀၁၅ ခုနှစ် နိုဝင်ဘာတွင် ကျင်းပရန် စီစဉ်ထားသည် ရွေးကောက်ပွဲမတိုင်မီ လုပ်ဆောင်ရမည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအတွက် ၂၀၁၄ ခုနှစ်သည် အရေးပါသော နှစ်တစ်နှစ်ဖြစ်ပြီး စိုးရိမ်မကင်း ဖြစ်နေသည့် ကိစ္စရပ်များနှင့် စပ်လျဉ်းပြီး တိုးတက်မှုရရှိရေး လုပ်ဆောင်ရန် အသက်တမျှ အရေးကြီးကြောင်း ဗြိတိန်နိုင်ငံခြားရေးနှင့် ဓနသဟာယရုံး၏ ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အစီရင်ခံစာအရ သိရသည်။ ဧပြီလ ဒုတိယအပတ်အတွင်း ထုတ်ပြန်ခဲ့သည့် အဆိုပါ အစီရင်ခံစာ၌ မြန်မာနိုင်ငံတွင် စိုးရိမ်မကင်းဖြစ်နေရသည့် အကြောင်းအရာများအား ၂၀၁၄ ခုနှစ်အတွက် လုပ်ဆောင်ရမည့် အဓိကကိစ္စရပ်များအဖြစ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ နောက်တစ်ကြိမ်ကျင်းပခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဆက်လက်ဆွေးနွေးမှုများ၊ မြန်မာနိုင်ငံက အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ဥက္ကဋ္ဌဖြစ်လာခြင်းစသည့် အချက်များအား ဖော်ပြထားသည်။ အထက်ပါ အချက်များအပြင် နှစ်ပေါင်း ၃၀ အတွင်း မြန်မာနိုင်ငံ၏ ပထမဆုံး သန်းခေါင်စာရင်း ကောက်ယူခြင်း၊ ဆန္ဒပြသူ အများအပြားအား ထောင်သွင်းအကျဉ်းချရန် အသုံးပြုလျက်ရှိသော ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေအား ပြန်လည်သုံးသပ်ထားသည့် ဥပဒေမူကြမ်းအား လွှတ်တော်တွင် ပြန်လည်သုံးသပ်ခြင်း လုပ်ငန်းစဉ်များ လုပ်ကိုင်မည်ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ အထက်ပါ အချက်များအပြင် စာနယ်ဇင်းအား ထိန်းချုပ်ထားသည့် အငြင်းပွားဖွယ် ဥပဒေများကိုလည်း ဆွေးနွေးကြမည်ဖြစ်ပြီး ရခိုင်ပြည်နယ်မှ အခြေအနေမှာလည်း အထိမခံဖြစ်နေကာ အုပ်စုကွဲအသိုင်းအ၀ိုင်း အချင်းချင်းအကြား အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနိုင်သည့် အန္တရာယ်မှာလည်း ကြီးကြီးမားမား ရှိနေနိုင်သေးကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ဗြိတိန်နိုင်ငံခြားရေးနှင့် ဓနသဟာယရုံးအနေဖြင့် လူသားချင်း စာနာထောက်ထားမှု ဘဏ္ဍာငွေများ ဆက်လက်ထောက်ပံ့ သွားမည်ဖြစ်ပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ရရှိနိုင်မှု တိုးတက်ကောင်းမွန် စေရေးအတွက် လုပ်ဆောင်မည်ဖြစ်ကာ အထူးသဖြင့် ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်တွင် ပိုမိုလုပ်ဆောင်မည် ဖြစ်ကြောင်းနှင့် ရခိုင်ပြည်နယ်မှ အခြေအနေအတွက် ရေရှည်တည်တံ့သော အဖြေကိုရှာဖွေရန် မြန်မာအစိုးရအား တိုက်တွန်းကြောင်း အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြခဲ့သည်။ သီးခြားစိုးရိမ်ရသည့် ဖြစ်ရပ်တစ်ခုအဖြစ် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေ၏ ပုဒ်မ ၁၈ နှင့်တကွ နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီမှုမရှိသော အခြားဥပဒေပြဋ္ဌာန်း ချက်များပင်ဖြစ်ကြောင်း ဖော်ပြထားသည်။ ၂၀၁၃ ခုနှစ်အတွင်း အဆိုပါ ပုဒ်မအရ တရားစွဲဆိုခံရသူ အများအပြားမှာ အပြစ်ရှိသည်ဟု ၀န်ခံပါက ဒဏ်ငွေအနည်းငယ် ပေးဆောင်ရန် ပြစ်ဒဏ်ချမှတ်ခံရပြီး အပြစ်မရှိဟု လျှောက်လဲသူများမှာ သိသိသာသာ ပိုမိုပြင်းထန်သော ပြစ်ဒဏ်များ ချမှတ်ခံခဲ့ရကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ အဆိုပါ အချက်များအပြင် နိုင်ငံတော် သမ္မတဦးသိန်းစိန်က ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် အကျဉ်းထောင်များအတွင်း နိုင်ငံရေးအကျဉ်းသားများ အားလုံးကို လွှတ်ပေးမည်ဟု ကတိပြုခဲ့သော်လည်း လက်ရှိအချိန်အထိ အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသား ၃၀ ကျန်ရှိနေသေးကြောင်းနှင့် အကျဉ်းထောင်များအတွင်း နှိပ်စက်ညှဉ်းပန်းသည်ဟု စွပ်စွဲချက်များ ထွက်ပေါ်နေဆဲ ဖြစ်ကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ (တပ်မတော်မှ ကိုယ်စားလှယ်နှင့် လက်ဆွဲနှုတ်ဆက်နေသော ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်တို့ကို ဧပြီ ၅ ရက်က ပြုလုပ်သည့် အစိုးရနှင့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ဆွေးနွေးပွဲတွင် တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း))
#emg_opinions စာဖတ်တတ်ရဲ့လား (Written by: မြေနီသစ္စာ) “စာဖတ်တတ်ရဲ့လား”ဟုမေးလျှင်“ဟာ ဖတ်တတ်တာပေါ့”ဟု ဆိုကြပါလိမ့်မည်။ ဟိုက်စကူးကစ၍ ၀ိဇ္ဇာ၊ မဟာဝိဇ္ဇာအောင်သူတို့ကို ဤမေးခွန်းမေးမိပါမူ အမေးခံရသူက မေးသူကို ရိုက်ပစ်လိုက်ချင်ပေလိမ့်မည်။ စာဖတ်တတ်လျှင် စာဖတ်တတ်သည်ဟု သာမန်အားဖြင့် ဆိုနိုင်စေကာမူ စာဖတ်တတ်ဖို့ကား လိုပေသေးသည်။ စာတတ်တိုင်း စာဖတ်တတ်သည်ဟု မဆိုသာပေ။ တစ်ခါက ဗိုလ်ချုပ်ဈေးထဲတွင် တစ်ပတ်တစ်ခါ စာဝိုင်းတစ်ခုရှိသည်။ ယင်းစာဝိုင်းတွင် ဆရာတက်တိုးက အထက်ပါ စာဖတ်တတ်ရဲ့လား။ မေးခွန်းကို မေးရင်းအဖြေကိုပါ ပေးလိုက်ခြင်းဖြစ်၏။ “အတန်းစာဖတ်၍ စာမေးပွဲအသီးသီး အောင်မြင်သော်လည်း စာဖတ်တတ်ဖို့ လိုသေးသည်ဟု ဆိုရမည်မှာ အတော်ပင် အားနာစရာကောင်းလှကာ စာပေက မိမိအားဘ၀ အကျိုးပေးမွန်မြတ်အောင် အကျိုးပြုပါမှ စာဖတ်တတ်သည်ဟု ခေါ်ချင်ပါသည်။ အကျိုးပြုသောစာပေကို ရွေးချယ် ဖတ်တတ်မှသာလျှင်လည်း စာဖတ်တတ်သည်ဟု ဆိုနိုင်ပါလိမ့်မည်”ဟု ဆရာတက်တိုးက ဆက်လက်ပြောဖြစ်လေသည်။ “ဆရာဒါဆိုရင် အပျင်းပြေစာဖတ်သူတွေကို ဆရာဘယ်လိုပြောချင်ပါလဲ။ ဒါမှမဟုတ် စာကို ပညာဗဟုသုတပွားများရန် ဖတ်တာကိုကော စာဖတ်တတ်သည်”ဟု ခေါ်နိုင်ပါမည်လားဟု ယင်းစာဖတ်ဝိုင်းမှာ အမေးစကားရှိပါသည်။ လူတော်တော်များများသည် စာကိုအပျင်းပြေသဘောမျိုးနှင့်သာ အဖတ်များကြသဖြင့် ပြောရမှာ ခက်လှပါသည်။ စာကို ပညာ ဗဟုသုတ ပွားများရန်ဖတ်ခြင်းကပင် စာဖတ်တတ်သည်ဟု မခေါ်ချင်လှသေးပါ။ စာကိုဖတ်၍ မိမိဘ၀၌ ထူးကဲသောအကျိုးများ ခံစားရပါ မှ စာဖတ်ရကျိုး နပ်ပေမည်။ ထိုစာမျိုးကို ဖတ်မိအောင် ရှာဖွေကြိုးပမ်း၍ ဖတ်မှသာလျှင် စာဖတ်တတ်သည်ဟု ခေါ်ပါရစေ။ “ မိမိဘ၀၌ ထူးကဲသော အကျိုးများခံစားရပါမှ”ဟူသောစကားသည် ဘာကိုရည်ညွှန်းပါသနည်း။ ဆရာတက်တိုးက ဂန္ဒီကြီးကို ရည်ညွှန်းသည်။ ဂန္ဒီကြီးသည် ငယ်စဉ်က “ဘို” (အင်္ဂလိပ်) ဆန်သည်။ မာနတက်သည်။ တစ်ခါမှာ ၀တ်လုံလိုက်ရန် မီးရထားဖြင့် ခရီးသွားရင်း စာတစ်အုပ်ဖတ်မိသည်။ ယင်းစာအုပ်သည် အင်္ဂလိပ်ပညာရှိ စာရေးဆရာကြီး ဂျွန်ရပ်စကင်း၏ (Unto This Last) ဖြစ်သည်။ ယင်းစာအုပ်ကို ဂန္ဒီကြီး ဆုံးအောင်ဖတ်သည်။ ဖတ်၍ရရှိသည့် အကျိုးကား သူ့ဘ၀အခြေအနေနှင့် ခံယူချက်သည် သိသိသာသာကြီး ပြောင်းလဲသွားလေတော့သည်။ သိသိသာသာကြီး ပြောင်းလဲသွားအောင် မည်သည့်အရာက တွန်းအားပေးပါသနည်းဟု ဆရာတက်တိုး၏ ပြောဆိုချက်အပေါ် အမေးရှိလာသည်။ “ဂန္ဒီသည် Unto This Last စာအုပ်ကို မဖတ်ရသေးခင်မှာပင် စာဖတ်မြဲသူဖြစ်၍ အခြားအခြားစာအုပ်ကို ဖတ်သည်။ ဖတ်ရာတွင် ဂန္ဒီသည် စာဖတ်တိုင်းပင် ဆင်ခြင်သုံးသပ်မှုကို အမြဲတမ်းသုံးသည်။ သို့သော် Unto This Last စာအုပ်ကို ဖတ်မိသောအခါတွင်ကား စက်ခလုတ်နှိပ်လိုက်သကဲ့သို့ ရုတ်တရက် ဘ၀လမ်းကြောင်း ပြောင်းသွားတော့သည်။ ဒါဆိုဆရာ အဲဒီစာအုပ် တစ်အုပ်တည်းကြောင့် ဂန္ဒီရဲ့ဘ၀လမ်းကြောင်းကို ပြောင်းသွားတာပါလားဆရာ။ ယင်းအမေးကို ဆရာတက်တိုးဖြေပုံက “မဟုတ်နိုင်ပါ။ ထို Unto This Last စာအုပ်သည် စက်ခလုတ်ပမာမျှသာ ဖြစ်သည်။ အစကတည်းက ဂန္ဒီ၏ ဆင်ခြင်သုံးသပ်မှုအလေ့သည် သူ့ဘ၀လမ်းကြောင်း ပြောင်းလဲရန် စက်ယန္တရား ဆင်ထားခြင်းပင် ဖြစ်၏။ ထိုစာအုပ်သည် ထိုစက်ယန္တရား၏ ခလုတ်မျှသာဖြစ်၏။ ပုံ ခိုင်းနှိုင်းပြရမည်ဆိုပါက ဘ၀အဆက်ဆက်က ဆည်းပူးလာရသော ပါရမီအရှိန်ကြောင့် နောက်ဆုံးဘ၀၌ အချက်ကလေးတစ်ခုပေါ်က လိုက်ရုံမျှ နှင့် ရုတ်တရက် အကျွတ်တရားရသကဲ့သို့” ဟု ဆရာတက်တိုး ကပမာဆောင်ပြလေသည်။ ဆရာတက်တိုး၏ အခြားသက်သေပြချက်တစ်ခုက ဤသို့ဖြစ်၏။ အီတာလျံ ဗုဒ္ဓဘာသာ ရဟန်းတော် အရှင်လောကနာထသည် မြန်မာပြည်တွင် သီတင်းသုံးနေခဲ့သူ ဖြစ်၏။ ခရစ်ယာန်မိဘများက ဖွားမြင်၍ ခရစ်ယာန်ဖြစ်ခဲ့သူပင်။ ယင်းမှာ ဓမ္မပဒ၀တ္ထု အီတာလျံ ဘာသာပြန်ကို ဖတ်မိသည်နှင့် အကျွတ်တရားရလျက် ဗုဒ္ဓဘာသာ ရဟန်းတော်ဘ၀သို့ ရောက်ရှိလာသူဖြစ်၏။ ဆရာတော် အရှင်လောကနာထသည် ခရစ်ယာန်ဘ၀ကတည်းက ဆင်ခြင်သုံးသပ်မှုကို ပြုကျင့်ခဲ့သူဖြစ်၏။ ဓမ္မပဒ၀တ္ထုကို ဖတ်ရသည်နှင့် ဥာဏ်ပွင့်သွားလျက် ဗုဒ္ဓဘာသာ ရဟန်းတော်ဘ၀သို့ ရောက်ရှိလာသူဖြစ်၏။ ယင်းဓမ္မပဒကို အရှင်လောကနာထ သကဲ့သို့ ဖတ်သူ နှစ်ဦးကတော့ ဘာမျှဖြစ်မလာပါ။ ထိုပုဂ္ဂိုလ်တို့သည် ဆင်ခြင်သုံးသပ်မှု ရှိဟန်မတူ။ အရှင်လောကနာထကတော့ လေးနက်စွာ ဆင်ခြင်သည်။ စဉ်းစားသုံးသပ်သည်။ ယင်းသို့ လေးနက်စွာ စဉ်းစားသုံးသပ်ခြင်းသည်ပင် ဗုဒ္ဓဘာသာ ရဟန်းတော်အဖြစ် အရှင်လောကနာထ ရောက်ရှိလာခြင်းပင်ဖြစ်သည်။ “စာဖတ်ရာ၌ စာတွင်ပါရှိသော အကြောင်းအရာများကို မှတ်သားသည်ထက် မပါသော မဖော်ပြသောအတွင်းက အဓိပ္ပာယ်ကို ဆင်ခြင်သုံးသပ်ရပေမည်”ဟု ဆရာတက်တိုးက ကောက်ချက်ဆွဲပြ၏။ ဆရာတက်တိုးအလိုကို ခွဲခြမ်းစိတ်ဖြာ ကြည့်ပါလျှင် ဤသို့ရရှိနိုင်၏။ မျက်စိမမြင်သောသူသည် သူကိုယ်တိုင်လည်း မမြင်။သူများမြင်သည်လည်း မသိဟု နီတိစကားရှိတယ်။ ယင်း၏ အတွင်းခံအဓိပ္ပာယ်ကို ဆင်ခြင်သုံးသပ်လျှင် ပွားများအားထုတ်၍ရသော တရားကိုပင် တွေ့သိရှာနိုင်၏။ ယင်းသည် မိမိဘက်က ဆင်ခြင်မှုဖြစ်သည်။ “ စာကိုအပျင်းပြေ အပျော်တမ်း ဖတ်ချင်ဖတ်ကြပါ။ စာဖတ်ရန် မည်သူကမျှ အတင်းအကျပ် တိုက်တွန်း၍မရပါ”ဟု ဆရာတက်တိုးက ဆိုပြီးနောက် “၀တ္ထုပင်ဖြစ်စေ ကဗျာပင်ဖြစ်စေ စာပေအရာဝင်သော ဆောင်းပါးပင်ဖြစ်စေ ဖတ်ရာ၌ မိမိကိုယ်တိုင်တွေး ခေါ်ဆင်ခြင်နိုင်အောင် ကြိုးပမ်းဖို့လိုပါသည်” ဟု ဤသို့ပွားများမှု အခြေခံဖြင့် တိုက်တွန်းထားသည်။ စာဖတ်ရာ၌ ဘ၀၏ရင့်သန်မှုကို ဖြစ်စေလေအောင် ဆင်ခြင်မှု၊ သုံးသပ်မှုကိုအရင်း ပြုအပ်သည်။ တွေးတောဆင်ခြင်မှု ပြုတတ်သည့်အခါ စာ၏အရသာသည် ပိုမိုနက်ရှိုင်းလာပေလိမ့်မည်။ လေးနက်စွာဖတ်ခြင်းသည်ကား အခါမလင့်မွေ့လျော်ဖွယ်သာ ဖြစ်ပေသည်။ စာဖတ်လျှင် လေးနက်မှုကို ရယူရမည်။ ပွားများမှုကို မျှော်လင့်ရမည်။ စဉ်းစားမှုကို ရှေ့တန်းတင်ရမည်။တွေးတောဆင်ခြင်မှုကို ပြုစုပျိုးထောင်ရမည်။ စာဖတ်ခြင်းဖြင့် စာပေက မိမိအား ဘ၀အကျိုးပေး မွန်မြတ်အောင် အကျိုးပြုမှုကို လိုလားနှစ်သက်ရမည်သာမက စာဖတ်ခြင်းထဲက အမှန်ပင် သယ်ပိုးဆောင်ယူရပေမည်။
#emg_opinions လူကုန်ကူးမှုအပေါ် မှီခိုနေရသည့် လုပ်ငန်း (Written by: ဝင်းနိုင်ထွန်း) ထိုင်းနိုင်ငံသည် ကမ္ဘာပေါ်တွင် ပင်လယ်ရေထွက်ကုန်တင်ပို့သည့် နိုင်ငံများအနက် တတိယအများဆုံး တင်ပို့သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ထိုင်းနိုင်ငံ၏ ငါးဖမ်းလုပ်ငန်းနှင့် ပင်လယ်ရေထွက်ပစ္စည်း လုပ်ငန်းများသည် လူကုန်ကူးမှုနှင့် အဓမ္မခိုင်းစေမှုတို့ကို အမှီသဟဲပြု ရပ်တည်နေရသည်။ စီးပွားရေး လုပ်ငန်းတစ်ခု၏ ပုံစံတစ်ခုအဖြစ် တစ်သားတည်းသော လုပ်ငန်းစဉ်တစ်ခုအဖြစ် ရှုမြင်နိုင်သည်။ ၀ိသမလောဘသား လုပ်ငန်းရှင်များ၊ အဂတိတရား လိုက်စားနေသည့် အစိုးရဌာနဆိုင်ရာ ၀န်ထမ်းအချို့နှင့် လူကုန်ကူးသူများ၏ ကွန်ရက်တို့သည် ရွှေ့ပြောင်းအလုပ်သမားများ၏ ဘ၀ရပ်တည်ရန် ခက်ခဲမှုနှင့် ခေါင်းဖြတ်အမြတ်ထုတ်မှုအပေါ် အမြတ်အစွန်းများစွာ ရလျက်ရှိနေသည်။ ရွှေ့ပြောင်းအလုပ်သမားများ ၀င်ရောက်လာမှု ၁၉၈၀ ပြည့်နှစ်နှောင်းပိုင်းမှစ၍ ထိုင်းနိုင်ငံသည် ချမ်းသာကြွယ်ဝလာကာ အောက်ခြေအလုပ်လုပ်သူ လိုအပ်ချက်၊ အလုပ်ကြမ်းလုပ်သူ အလုပ်လက်မဲ့နှုန်းများလည်း သိသိသာသာ မြင့်တက်လာခဲ့သည်။ ထိုသို့သော အခြေအနေမျိုးက လုပ်သားများကို အားကိုးအားထား ပြုလုပ်နေရသည့် လုပ်ငန်း (ဆောက်လုပ်ရေးလုပ်ငန်း၊ ပင်လယ်ထွက်အစားအစာ ထုတ်လုပ်ရေးလုပ်ငန်းနှင့် ငါးဖမ်းလုပ်ငန်း) တို့တွင် အလုပ်လုပ်နေသော ထိုင်းနိုင်ငံသား အလုပ်သမားများကို ထိုကဲ့သို့သော အလုပ်များကို စွန့်လွတ်ကာ အခြားလုပ်ငန်းများသို့ ပြောင်းရွှေ့လုပ်ကိုင်ရန် ဖန်တီးပေးသကဲ့သို့ ဖြစ်လာတော့သည်။ တစ်ချိန်တည်းမှာပင် ထိုင်းနိုင်ငံ အိမ်နီးချင်းနိုင်ငံများဖြစ်သော ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာနိုင်ငံတို့မှ ဈေးပေါသော ရွှေ့ပြောင်းအလုပ်သမားများက ထိုင်းနိုင်ငံအတွင်းသို့ ၀င်ရောက်ကာ အစားထိုးဝင်ရောက် အလုပ်လုပ်ကိုင်လာကြသည်။ ထိုအကျိုးဆက်များကြောင့် ထိုင်းနိုင်ငံ၏ ထိုလုပ်ငန်းများသည် ရွှေ့ပြောင်းအလုပ်သမားများအပေါ် လုံးဝမှီခိုနေရသည့် အခြေအနေသို့ ရောက်ရတော့သည်။ ထိုင်းနိုင်ငံ၏ လုပ်အားအင်အားစု ၁၀ ရာခိုင်နှုန်းသည် ထိုအိမ်နီးချင်းနိုင်ငံ သုံးနိုင်ငံမှ အလုပ်သမားများ ဖြစ်ကြသည်။ ပင်လယ်အစားအစာ ထုတ်လုပ်သည့် လုပ်ငန်းများတွင် ရာခိုင်နှုန်း ၉၀ သည် ရွှေ့ပြောင်းအလုပ်သမား ဖြစ်ကြသည်။ လူမှောင်ခိုလုပ်ငန်း ရှင်သန်နေမှု ထိုင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုးမှုနှင့် အလုပ်အကိုင် အခွင့်အလမ်းတို့ ဆက်စပ်နေသည့် ဥပဒေနှစ်ခုမှာ ကန့်သတ်ချုပ်ချယ်မှုများ ရှိနေသည့် အလုပ်အကိုင်ဆိုင်ရာ ဥပဒေနှင့် ကြိုးနီစနစ်ဆန်သည့် ရုံးလုပ်ငန်းများ၊ ရှုပ်ထွေးပြီး ကုန်ကျစရိတ် ကြီးမားသည့် လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းစဉ်တို့ ဖြစ်ကြသည်။ ထိုဆက်စပ်နေမှုများကြောင့် လူမှောင်ခိုမှုကွန်ရက်များ ရှင်သန်နေလျက် ရှိကြသည်။ တရားမ၀င် ရွှေ့ပြောင်းသွားလာနိုင်သည့် လမ်းကြောင်းများသည် နယ်စပ်နေရာ အနှံ့အပြားတွင် အလွယ်တကူ ၀င်ထွက်နိုင်သော လမ်းကြောင်းများ ဖြစ်ကြသည်။ ထိုလမ်းကြောင်းများနှင့် ဆက်စပ်နေသည့် အချက်များသည် အဂတိလိုက်စားနေသော ဌာနဆိုင်ရာ ၀န်ထမ်းအချို့နှင့် လူကုန်ကူးခံရသူများကို လုံလောက်စွာ စိစစ်မှုများ မရှိကြသဖြင့် ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်နေကြသော ရွှေ့ပြောင်းအလုပ်သမားတို့အတွက် လူကုန်ကူးမှုအန္တရာယ် မြင့်တက်နေမှုများနှင့် အလွဲသုံးစား ပြုကျင့်ခံရမှုများ ပိုမိုဆိုးရွားလာစေခြင်း ဖြစ်သည်။ လူကုန်ကူးမှုဖြစ်ရခြင်း၏ အရင်းခံ ငါးဖမ်းလုပ်ငန်း၏ စီမံခန့်ခွဲမှုတွင် ပရမ်းပတာဖြစ်ခြင်းနှင့် အားနည်းခြင်းတို့ ရှိသည့်အပြင် ငါးအလွန်အကျွံ ဖမ်းကြရခြင်းကြောင့် ကုန်ကျစရိတ်များပြီး ပင်လယ်ပြင်တွင် အချိန်ကြာမြင့်စွာ ငါးဖမ်းရသည့်အတွက် ထိုင်းငါးဖမ်းလုပ်ငန်းတွင် ငါးဖမ်းလုပ်သားများအပေါ် အလွဲသုံးစားပြုမှုများ ပိုမိုဆိုးရွားစွာ ရှိနေသည်။ ထို့ကြောင့် ထိုင်းငါးဖမ်းလုပ်ငန်းသည် လူကုန်ကူးမှုနှင့် အဓမ္မခိုင်းစေမှုများအပေါ် မှီခိုနေဆဲ ရှိနေသည်။ ငါးဖမ်းစက်လှေ စက်သုံးဆီဈေး မြင့်တက်လာမှု၊ ကုန်ကျစရိတ်များ ကြီးထွားလာမှုများကို ကာမိစေရန် ငါးဖမ်းလှေဦးစီးများသည် ငါးဖမ်းလုပ်သားများ၏ ကုန်ကျစရိတ်များ ဖြတ်တောက်ခြင်း၊ အလုပ်ချိန်ပို ခိုင်းစေခြင်း၊ လစာများ ဖြတ်တောက်ခြင်း စသည်တို့ ပြုလုပ်လာကြသည့်အတွက် ငါးဖမ်းအလုပ်သမားများသည် ထိုငါးဖမ်းလုပ်ငန်းမှ ထွက်ပြေးကြကာ အခြားလုပ်ငန်းများသို့ ပြောင်းရွှေ့လုပ်ကိုင်ကြသည်။ ထိုအခါ ငါးဖမ်းလုပ်ငန်းအတွက် ငါးဖမ်းလုပ်သား ပြတ်တောက်မှုများနှင့် မကြုံရအောင် ငါးဖမ်းလုပ်ငန်း ပိုင်ရှင်များသည် လူကုန်ကူးမှုပြုလုပ်သည့် ကွန်ရက်များနှင့် ချိတ်ဆက်ကာ ၎င်းတို့လုပ်ငန်းအတွက် အလုပ်သမား မပြတ်တောက်ရေး၊ အလုပ်သမား ပြည့်မီရေးတို့ လုပ်ဆောင်ကြတော့သည်။ ရေလုပ်သား ၅၀,၀၀၀ ထက်မက လုပ်သားပြတ်တောက်မှု ရှိနေသည်။ ထိုလိုအပ်ချက်များ ပြည့်မီရန် အလုပ်သား စုဆောင်းမှုတွင် ရိုင်းစိုင်းကြမ်းတမ်းသော နည်းလမ်းများကို အသုံးပြုကာ အလုပ်သမားအသစ် စုဆောင်းရသည့် အလေ့အထ ဖြစ်လာခဲ့သည်။ သို့ကြောင့်လည်း အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ အစိုးရများနှင့် အခြားအဖွဲ့အစည်းများတို့က ထိုင်းငါးဖမ်းလုပ်ငန်းများတွင် လုပ်အားခေါင်းပုံဖြတ်ခြင်းနှင့် အဓမ္မ အလုပ်ခိုင်းစေခြင်း ဖြစ်ပေါ်နေခြင်းအပေါ် စိစစ်မှုများ လုပ်ဆောင်လာနေကြသည်။ အစီရင်ခံစာ နှစ်စောင် ၂၀၁၂ ခုနှစ်ကတည်းက the Environ- mental Justice Foundation (EJF) မှ ထိုင်းနိုင်ငံ၏ ပင်လယ်ရေထွက် အစားအစာ ထုတ်လုပ်သည့် လုပ်ငန်းများတွင် ရွှေ့ပြောင်းအလုပ်သမားများအပေါ် စနစ်တကျ အလွှဲသုံးစားပြုမူ နေမှုနှင့် ထိတ်လန့်စွာ စိုးရိမ်မှုရှိသည့် လုပ်ငန်းအဖြစ် အစီရင်ခံစာဖြင့် ထုတ်ဖော်ခဲ့သည်။ နိုင်ငံတကာ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၊ အစိုးရများနှင့် အဖွဲ့အစည်းများတို့ကလည်း ထိုလုပ်ငန်းအပေါ် လုပ်အားခေါင်းပုံဖြတ်မှုနှင့် အဓမ္မခိုင်းစေမှုတို့အတွက် အလွန်အမင်း စိုးရိမ်မှုများကို စိစစ်ထောက်ပြခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် EJF မှ အစီရင်ခံစာနှစ်စောင် ထုတ်ပြန်ခဲ့သည်။ ထိုင်းနိုင်ငံ၏ ငါးဖမ်းလုပ်ငန်းနှင့် ဆက်နွှယ်သော ပင်လယ်တွင်း ရွှေ့ပြောင်းအလုပ်သမားများအား ရောင်းစားပြီး လုပ်အားခေါင်းပုံဖြတ်မှု (Sold to the Sea - May 2013) နှင့် ပတ်သက်သည့် အစီရင်ခံစာတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ လူကုန်ကူးမှုနှင့် လူသတ်မှု ကျူးလွန်မှုများတို့ကို အထောက်အထားများဖြင့် ဖော်ပြထားသည်။ ဒုတိယ အစီရင်ခံစာ (Hidden Cost) တွင် ထိုင်းနိုင်ငံ ပုစွန်စက်ရုံ လုပ်ငန်းများတွင် လူကုန်ကူးမှုများ၊ ယင်းနှင့်ဆက်နွှယ်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ အလုပ်သမားများအား အဓမ္မ ပိတ်လှောင်ထားမှုများ၊ ခရီးသွား အထောက်အထားများအား သိမ်းဆည်းထားမှုများ၊ လစာများမပေးဘဲ ချုပ်ကိုင်ထားမှုများ၊ ကြွေးမြီနှောင်ဖွဲ့ ခိုင်းစေခြင်းများတို့ကို ဖော်ထုတ်ထားသည်။ ထိုအစီရင်ခံစာ နှစ်ခုစလုံးက ထိုင်းနိုင်ငံရှိ ပင်လယ်ရေထုတ်ကုန် လုပ်ငန်းများတွင် နှစ်ရှည်လများ ဖြစ်ပျက်နေသည် ပြဿနာ များကို ထုတ်ဖော်ထားခြင်းဖြစ်သည်။ EJF( Environmental Justice Foundation) ၏ စုံစမ်းရရှိချက် ထိုင်းနိုင်ငံ လူမှုဖွံ့ဖြိုးမှုနှင့် လူမှုဖူလုံရေး ၀န်ကြီးဋ္ဌာနမှ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ ၂၀၁၃ ခုနှစ် အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ကို ထုတ်ပြန်ခဲ့သည်။ သို့သော် ထိုလုပ်ငန်းစီမံချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု အားနည်းနေသည်ကို ဗြိတိန်နိုင်ငံအခြေစိုက် လူမှုအဖွဲ့အစည်း တစ်ခုဖြစ်သည့် EJF( Environmental Justice Foundation) ၏ လေ့လာတွေ့ရှိချက်များက ဝေဖန်မှုပြုထားသည်။ ထိုင်းနိုင်ငံ ပင်လယ်ပြင်၏ အပြင်ဘက်တွင် ငါးဖမ်းနေသော ထိုင်းငါးဖမ်းလှေများပေါ်တွင် ရွှေ့ပြောင်းအလုပ်သမားများကို ခေါင်းပုံဖြတ်မှုများနှင့် လူကုန်ကူးသူများသည် ထိုင်းရဲတပ်ဖွဲ့ဝင် တချို့တို့နှင့် ပူးပေါင်းကာ လိမ်လည်နေကြသည်တို့ကို အထောက်အထားများဖြင့် EJF( Environmental Justice Foundation) က စုံစမ်းဖော်ထုတ်ခဲ့သည်။ ထို့အပြင် ထိုင်းဒေသ အာဏာပိုင်များသည် လူကုန်ကူးမှုနှင့် ရွှေ့ပြောင်းအလုပ်သမားအပေါ် အလွှဲသုံးစားမှုတို့နှင့် ချိတ်ဆက်နေသည့် ၀ိသမလောဘသားများ၊ လူပွဲစားများကို အကာအကွယ်ပေးခြင်းနှင့် အကူအညီပေးခြင်းများတို့ကိုလည်း စုံစမ်းဖော်ထုတ်နိုင်ခဲ့သည်။ ၂၀၁၃ ခုနှစ် မတ်လအတွင်း EJF (Environmental Justice Foundation) ၏ ပထမအကြိမ်ထုတ်ပြန်သည့် စုံစမ်းရေး အစီရင်ခံစာတွင် Kantang ဆိပ်ကမ်းမှ လူကုန်ကူးမှုကို ဖော်ပြရာတွင် လူကုန်ကူးခံရသူ ၁၄ ဦးကို ကယ်တင်ခဲ့ပုံကို ထုတ်ဖော်ပြခဲ့သည်။ လူကုန်ကူးခံရသူများကို အကာကွယ်ပေးမှုများတွင် ထိရောက်မှု မရှိသေးကြောင်း အစီရင်ခံစာတွင် ဖော်ပြထားခဲ့ပြီး၊ တစ်နှစ်ခန့်အကြာတွင် ၂၀၁၄ ခုနှစ်အတွင်း လူကုန်ကူးခံရသူများ၏ ပြောကြားချက်များအရ ယခင်က ၎င်းတို့အပေါ် ကဖျက်ယဖျက် လုပ်ခံရသော်လည်း ယခုအခါ တရားစွဲရင်ဆိုင်ရမှုထက် မိခင်နိုင်ငံသို့ ပြန်ပို့ရန်ကို အဓိကထား လုပ်ဆောင်လာကြသည်ဟု ဆိုသည်။ နိုင်ငံတကာမှ ဖိအားပေးမှုများ ထိုင်းနိုင်ငံ၏ လူကုန်ကူးမှု ဖြစ်ပွားနေမှုများကို နိုင်ငံတကာမှ ဖိအားပေးမှုများထဲမှ တစ်ခုမှာ အမေရိကန်နိုင်ငံ၏ နှစ်စဉ်လူကုန်ကူးမှု အစီရင်ခံစာ ဖော်ပြပါရှိမှုလည်း ပါဝင်သည်။ အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဌာနမှ နှစ်စဉ်ထုတ်ပြန်သည့် လူကုန်ကူးမှု အစီရင်ခံစာတွင် ထိုင်းနိုင်ငံအား စောင့်ကြည့်အဆင့် ၂ သတ်မှတ်ခဲ့သည်မှာ လေးနှစ်ရှိခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ထိုင်းငါးဖမ်းလုပ်ငန်း၏ အဓိကစိုးရိမ်မှုများကို မဖြေရှင်းနိုင်ပါက ယခုနှစ်တွင် အဆင့် ၃ သို့ သတ်မှတ်နိုင်သည့် အလားအလာ ရှိနေသည်။ သို့ကြောင့်လည်း ၂၀၁၄ ခုနှစ် မတ် ၂၇ ရက်တွင် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mr. Surapong Tovichakchaikul သည် အမေရိကန်နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာနသို့ လာမည့်အမေရိကန်နိုင်ငံ၏ လူကုန်ကူးမှု အစီရင်ခံစာ၏ အဆင့်သတ်မှတ်ချက်ကို မြှင့်တင်ပေးရန် စာတစ်စောင် ရေးသားပေးပို့ခဲ့သည်။ ထိုစာထဲတွင် ထိုင်းနိုင်ငံ၏ လူကုန်ကူးမှု တိုက်ဖျက်မှု အားထုတ်ကြိုးပမ်းမှုများကို အသိအမှတ်ပြုသည့် အနေဖြင့် အဆင့်မြှင့်ပေးရန် ဖော်ပြထားသည်။ အလုပ်အကိုင် ရှာဖွေပေးနေသည့် အေဂျင်စီ ၁၅ ခုနှင့် အေဂျင်စီနှစ်ခုကို လိုင်စင်ပိတ်သိမ်း အရေးယူ ဆောင်ရွက်ခဲ့သည်။ လူပွဲစား ၁၅၅ ဦးကို တရားစွဲဆိုခဲ့သည်။ ထိုင်းနိုင်ငံ အစိုးရသည် လူကုန်ကူးခံရသူ ၆၀၀ ဦးကို ထိုင်းဘတ်ငွေ ၆ သန်းဖြင့် အကူအညီပေးခဲ့ပြီး လူကုန်ကူးမှု ကြိုတင်ကာကွယ်မှု အပိုင်းတွင် ထိုင်းဘတ်ငွေ ၁၉၀ သန်းဘိုး သုံးစွဲခဲ့သည့်အတွက် ယခုလာမည့် ဇွန်လတွင် ထုတ်ပြန်မည့် အမေရိကန်နိုင်ငံ၏ အစီရင်ခံစာတွင် သတ်မှတ်ထားသည့် စောင့်ကြည့်အဆင့် ၂ မှ အဆင့်တိုးမြင့်လာမည်ဟု သုံးသပ်ထားကြသည်။ ၂၀၁၄ ခုနှစ် ဇန်န၀ါရီနှင့် ဖေဖော်ဝါရီတို့တွင် EJF (Environmental Justice Foundation) က ထိုင်းနိုင်ငံ ရေလုပ်ငန်းအတွင်း လူကုန်ကူးမှု ပျံ့နှံ့ဖြစ်ပွားနေမှုတို့ကို ဖော်ထုတ်ခဲ့သည်။ ထို့အပြင် ထိုင်းအစိုးရ၏ လူကုန်ကူးမှုတိုက်ဖျက်ရေး အစီအစဉ် မအောင်မြင်ကိုပါ ထောက်ပြခဲ့ကြသည်။ လူကုန်ကူးခံရသူများ၏ ထုတ်ဖော်ပြောကြားချက်အရ ထိုင်းနိုင်ငံအတွင်း အမှုရင်ဆိုင်ရာတွင် နှေးကွေးလွန်းလှသည့် ထိုင်းနိုင်ငံ၏ တရားစီရင်ရေးတွင် ကဖျက်ယဖျက် ခံနေရမှုများ ရှိနေသည်ကိုပါ ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။ ထိုတရားစီရင်မှုများတွင် ငါးဖမ်းလှေပိုင်ရှင် သူဌေးများ ပါဝင်မှု မရှိခြင်းကလည်း လူကုန်ကူး ခံရသူများအတွက် ရှုပ်ထွေးစရာ ဖြစ်နေပေသည်။ တရားစီရင်မှုတွင် စကားပြန်များဖြင့် အထောက်အပံ့ပေးမှု မရှိခြင်းတို့ကြောင့် လူကုန်ကူးသူများအားလုံးသည် နေရပ်သို့သာ ပြန်လိုကြသည့် ဆန္ဒများကိုပါ ဖော်ပြထားသည်။ လူကုန်ကူးမှုအမှုများ ထိုင်းနိုင်ငံအတွင်း အောင်မြင်စွာ တရားစွဲဆိုနိုင်ရန်အတွက် အခက်ခဲများ များစွာရှိနေသေးသည်။ သူတို့ စကားသံနှင့် တရားစွဲဆိုရေးလုပ်ငန်း အောင်မြင်ရေး ထိုင်းနိုင်ငံအတွင်း လူကုန်ကူးမှု ရင်ဆိုင်နေကြရသည့် လူကုန်ကူးခံခဲ့ရသူများ၏ သိလိုသည့်အချက်များမှာ တရားစွဲဆိုရေး လုပ်ငန်းစဉ်ကို သူတို့မသိ၊ နားမလည်ကြကြောင်း၊ တရားစွဲဆိုသည့်လုပ်ငန်းစဉ် မည်မျှအချိန်ကြာမည်၊ မည်သို့ပါဝင် လုပ်ဆောင်ကြရမည်တို့ကို မသိရှိကြကြောင်း၊ ၎င်းတို့၏ဖြစ်စဉ်များကို စုံလင်စွာ ပြောပြလိုကြကြောင်း၊ သို့သော် ရဲတပ်ဖွဲ့ဝင်များနှင့် ရှေ့နေများ၏ မေးခွန်းများကိုသာ ဖြေနေကြရသည်ကို မလိုလားကြကြောင်း၊ ထိုင်းဘာသာ အခက်ခဲများကြောင့် တရားခွင်တွင် သူတို့ဘက်မှ တိုက်ရိုက်ကျွမ်းကျင်ပိုင်နိုင်စွာ ဘာသာပြန်ပေးသူ လိုအပ်ပါကြောင်း၊ မည်သည့်ဘာသာပြန်က ကျွမ်းကျင်မှုရှိသည်ကို သူတို့မသိနိုင်ပါကြောင်း၊ တရားစီရင်မှုတွင် ပါဝင်ရန် ထိုင်းနိုင်ငံ ဂေဟာများတွင် ဘယ်လောက်ကြာကြာ နေထိုင်ရမည်ကို သိလိုကြောင်း၊ မည်သူက တိတိကျကျ အချိန်ကာလ သတ်မှတ်ပေးနိုင်မှုကို သိလိုကြောင်း၊ မည်သည့်အတွက်ကြောင့် လူကုန်ကူးသူများနှင့် လူပွဲစားများ မည်သို့လွတ်မြောက်နေဆဲ ဖြစ်နေကြောင်း၊ နစ်နာကြေးများ မည်မျှရရှိနိုင်မည်ကို သိလိုကြောင်း၊ ၎င်းတို့ တရားရုံးတွင် ရင်ဆိုင်ခဲ့ရသည့် အမှုများ၏ နောက်ဆုံးတရားသူကြီး၏ တရားစီရင်ချက်များကို သိလိုကြောင်း စသည့်အချက်များ ဖြစ်ကြသည်။ ၎င်းတို့၏ သိလိုချက်များ ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်မှသာ တရားစွဲဆိုရေး လုပ်ငန်းတွင် ၎င်းတို့ကိုယ်တိုင် စိတ်ဝင်တစား ပါဝင်လာမည်ဖြစ်သည်။ သူတို့ပါဝင်လာသည့်နှင့်အမျှ လူကုန်ကူးမှုဆိုင်ရာ တရားစီရင်မှုများတွင် အောင်မြင်မှုများ ပိုရှိလာမည်ဖြစ်သည်။ လူကုန်ကူးမှု ဆက်လက်ဖြစ်ပွားနေသည့် လုပ်ငန်း လူကုန်ကူးမှု ကျူးလွန်သူများကို အောင်မြင်စွာ တရားစွဲဆိုနိုင်ရန်၊ လူကုန်ကူးမှုကို စိစစ်ရန်၊ အဂတိတရား လိုက်စားသည့် အစိုးရ၀န်ထမ်းများနှင့် ၀ိသမလောဘသမား လုပ်ငန်းရှင်တို့ကို ထိုင်းအစိုးရထိပ်ပိုင်း တာဝန်ရှိသူများမှ ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်မှုမျိုး မရှိသေးပေ။ တစ်ချိန်တည်းမှာပင် ထိုင်းငါးဖမ်းလှေများကို စည်းမျဉ်းစည်းကမ်းဖြင့် ထိန်းကျောင်းရန် ထိုင်းနိုင်ငံ တာဝန်ရှိသူများမှ လုပ်ဆောင်ပေးနေသော်လည်း ထိုင်းငါးဖမ်းလုပ်ငန်းအတွက် အလုပ်သမား စုဆောင်းမှုပုံစံ၊ အကြမ်းဖက်မှု၊ ခေါင်းပုံဖြတ်မှုနှင့် ကျွန်ပြုမှုတို့သည် ဆက်လက်တည်ရှိနေဆဲပင် ဖြစ်သည်။ (လူကုန်ကူးမှုဆိုင်ရာ အတွေ့အကြုံများ နှီးနှောဖလှယ် အကြံပြုဆွေးနွေးပွဲ)
#emg_opinions လယ်ယာကဏ္ဍ စီးပွားရေး (Written by: ဒေါက်တာအောင်ကိုကို (စီးပွားရေးပညာ၊ စီးပွားရေးပေါ်လစီ)) လယ်ယာကဏ္ဍသည် မြန်မာနိုင်ငံ၏ (က) အဓိကအရေးပါသော စီးပွားရေးကဏ္ဍကြီး ဖြစ်သကဲ့သို့ (ခ) စုစုပေါင်းလူဦးရေ ခန့်မှန်းခြေ ရာခိုင်နှုန်း ၇၀ ခန့်မှာ ကျေးလက်နေ ပြည်သူများ၏ တိုက်ရိုက်သွယ်ဝိုက် အဓိက၀င်ငွေဖန်တီးရာ စီးပွားရေးကဏ္ဍကြီး ဖြစ်သကဲ့သို့၊ (ဂ) စက်မှုနိုင်ငံ ထူထောင်ရာတွင် လယ်ယာကဏ္ဍ၏ ပိုလျှံလုပ်အား (Excess Labors) နှင့် ပိုလျှံအရင်းအနှီး (သို့) ပိုလျှံစုဆောင်းမှု (Savings) သည် လွန်စွာအရေးပါခြင်း အစရှိသည့် လက္ခဏာများရှိသော စီးပွားရေးကဏ္ဍကြီးပင် ဖြစ်သည်။ လယ်ယာကဏ္ဍ ပြုပြင်ပြောင်းလဲမှု၏ အဓိကရည်မှန်းချက်မှာ (က) ထိရောက်သော လယ်ယာထုတ်လုပ်မှုစနစ် (Efficient Agri Production System) ဖြစ်စေရန်၊ (ခ) လယ်သမားအိမ်ထောင်စုများ (Farmers Households) ၏ လူနေမှုအဆင့်အတန်း (Standard of Living) (သို့မဟုတ်) သာယာဝပြောမှု အနေအထား (Welfare Status) ပိုမိုတိုးတက် ကောင်းမွန်မြင့်မားလာစေရန် လိုအပ်ပေမည်။ ဆိုလိုသည်မှာ လယ်ယာကဏ္ဍ ထုတ်ကုန်များသည် စက်မှုကဏ္ဍ ထုတ်ကုန်များကဲ့သို့ ထုတ်လုပ်နိုင်ခြင်းမဟုတ်ဘဲ (က) စိုက်ပျိုးချိန် (Planting Period) နှင့် ရိတ်သိမ်းချိန် (Harvest Period) ဟူသော အချိန်ကာလဟူ၍ ရှိခြင်း၊ (ခ) ပိုးဖျက်ခြင်း၊ မိုးဖျက်ခြင်း အစရှိသော ရာသီဥတုပြောင်းလဲမှုဒဏ်ကို တိုက်ရိုက်ခံစားရခြင်း၊ (ဂ) စိုက်ပျိုးရိတ်သိမ်းရာတွင် ကုန်ကျစရိတ်များ အတက်အကျရှိခြင်း (ဃ) ဈေးကွက်သို့ သယ်ယူပို့ဆောင်ရာတွင် ဈေးနှိမ်ခံရလွယ်ခြင်း၊ တစ်နည်းအားဖြင့် ခေါင်းပုံဖြတ်ခံရလွယ်ခြင်း၊ (င) ဈေးကွက်အသီးသီး ၀ယ်လိုအားပမာဏကို ခန့်မှန်းရန်နှင့် ထုတ်လုပ်မှုပမာဏ (သို့မဟုတ် ထုတ်လုပ်တင်ပို့ရောင်းချမှု ပမာဏ) ကို အနီးစပ်ဆုံး ခန့်မှန်းရန် လိုအပ်ခြင်း စသည်တို့ကို တွေ့ရှိရသည်။ သို့သော် ကမ္ဘာ့စားနပ်ရိက္ခာ လိုအပ်မှုသည် (က) ပြောင်းလဲလာသော ရာသီဥတု (ရာသီဥတုဖောက်ပြန်မှု)၊ (ခ) ကမ္ဘာ့လူဦးရေ တိုးမြင့်လာမှု၊ (ဂ) ကမ္ဘာ့ဒေသ အများအပြားတွင် စစ်ဘေးဒဏ်ကြောင့် လယ်ယာလုပ်ငန်းခွင်များမှ စွန့်ခွာရွှေ့ပြောင်း နေထိုင်လာမှု၊ (ဃ) စိုက်ပျိုးရေးတွင် အဓိကဖြစ်သော ရေသယံဇာတ ရှားပါးလာမှု၊ (င) လယ်ယာလုပ်ငန်း စီးပွားရေးသည် အကြမ်းဖျင်းစီးပွားရေး တွက်ခြေမကိုက်မှု အစရှိသော စိန်ခေါ်မှုများစွာနှင့်လည်း ရင်ဆိုင်လာနေရသည်ဟု တွေ့ရှိရသည်။ ထိုကဲ့သို့သော အကန့်အသတ်များ (Constraints) အောက်တွင် မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍကို ထိရောက်သော စိုက်ပျိုးထုတ်လုပ်သောစနစ်၊ သယ်ယူပို့ဆောင်သော စနစ်၊ ရောင်းချသောစနစ်များကို မြန်မာနိုင်ငံ၏ ပကတိထုတ်လုပ်နိုင်စွမ်းရည် (Present Productive Capacity) နှင့်တကွ သွင်းအားစုအသီးသီး၏ ခန့်မှန်းကုန်ကျစရိတ်များ (Estimated Costs of Inputs) များ၊ သယ်ယူပို့ဆောင်ရေးစရိတ်များ (Transportation Costs) နှင့် ပြည်တွင်းပြည်ပတွင် ပေးဆောင်ရမည့် အခွန်အခများ (Taxes) ကိုပေါင်းခြုံစဉ်းစားသော ကုန်ကျစရိတ် ဖွဲ့စည်းတည်ရှိမှု ပုံသဏ္ဌာန် (Cost-Structure) ကို ရှေးဦးစွာ သရုပ်ခွဲလေ့လာ သိရှိရန် လိုအပ်သည်။ တစ်ဖန် ပြည်ပဈေးကွက် အသီးသီး၏ ၀ယ်လိုအားပမာဏနှင့် ယင်းပြည်ပဈေးကွက် အသီးသီး၏ သယ်ယူပို့ဆောင်မူနှုန်းထားနှင့် စရိတ်စက၊ တစ်ယူနစ်ဈေးနှုန်း (ဥပမာ တစ်တန်ဈေးနှုန်း) တို့ကိုပါ ပူးတွဲသရုပ်ခွဲ လေ့လာရန်လည်း လိုအပ်ပေသည်။ အခြားတစ်ဖက်တွင် စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် လုပ်ဆောင်ခြင်းဖြင့် လယ်ယာကဏ္ဍနှင့် စက်မှုကဏ္ဍတို့ အခြားအပြန်အလှန် ချိတ်ဆက်မှု ပုံစံတစ်ရပ် ပေါ်ပေါက်လာနိုင်ပြီး ယင်းကဏ္ဍနှစ်ခုလုံးကို တစ်ပြိုင်တည်း တိုးတက်စေနိုင်သော လမ်းစများလည်း ပေါ်ပေါက်လာနိုင်ပေသည်။ သို့သော် လယ်ယာမြေခွဲဝေ အသုံးချမှု ပုံစံနှင့် စိုက်ပျိုးထုတ်လုပ်မှုပုံစံ သယံဇာတ ရှိစေရန်နှင့် မြေယာမဲ့မှုအပေါ် အခြေခံသော အလုပ်လက်မဲ့ ပြဿနာများကို ဖြေရှင်းနိုင်စေရန်လည်း လိုအပ်ပေမည်။ လူဦးရေ၏ ရာခိုင်နှုန်း ၇၀ ခန့်မှာ ကျေးလက်နေ ပြည်သူများဖြစ်ပြီး၊ ကျန်းမာကြံ့ခိုင်သန်စွမ်းသော လုပ်သားအင်အား အများစုရှိသော လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ နိုင်ငံ၏ အထွေထွေအင်အား တောင့်တင်းခိုင်မာစေရန် လုပ်ဆောင်ပေးရန် လိုအပ်ပေမည်။

.. ( ယုံချင်ယုံ မယုံချင်နေ ) ငါးထောင်တန် ကိစ္စ ဆေးအထိုးခံနေရပြီ မင်းတို့ကို အရေးကြီးလို့ ဒီကိုခေါ်လိုက်တာ ဖုံးဆက်ပြီး ပြောမကောင်းလို့ လာခိုင်းလိုက်တာကွ ၊ နေပြည်တော်လာပြီး သမ္မတအိမ်တော် မဏ္ဍပ်မှာ ရေလာကစားတယ်ဆိုတာ အလကားလာတာများမှတ်နေလားမသိဘူး ၊ သတင်းလာစုံစမ်းတာကွ ၊ သတင်းလာစုံစမ်းတာ ၊ ဒီမှာ မင်းတို့ ချက်ခြင်းပြန်ရမယ် ၊ မင်းတို့ အစ်မကိုပြောလိုက် လက်ထဲမှာရှိတဲ့ ငါးထောင်တန်တွေကို အကုန်ပြန်စစ်ပါ လို့ ၊ ငါ နံပါတ်တွေပေးလိုက်မယ် ၊ အဲဒီ နံပါတ်တွေ နဲ့ မတူတဲ့ နံပါတ်တွေ ပါရင် သပ်သပ်ဖယ်ထားလို့ ပြော ၊ မင်းကတော့ မန္တလေးကို ချက်ခြင်းတက် ရုံးကိုသွား ၊ ငါသော့ပေးလိုက်မယ် ၊ အကောင့်နဲ့ကတ်ရှာကိုခေါ်ပြီး ငါးထောင်တန်တွေကို ပြန်စစ် ၊ ငါအခုပေးလိုက်တဲ့ နံပါတ်တွေ နဲ့ မတူတဲ့ အရွက်တွေကို ခုနကပြောသလို သပ်သပ်ဖယ်ထား ၊ ဆရာပြီးတော့ကျနော်တို့ ဘာဆက်လုပ်ရမလဲဆရာ ၊ အေး အဲဒီပိုက်ဆံတွေကို လာမယ့် ၂၂ ရက် အင်္ဂါနေ့မှာ ဘဏ်တွေကို သွားပြီး ငါ့အကောင့်တွေ ထဲကို သွားထည့် ကြားလား ၊ ဟိုကောင် ရန်ကုန်ဆင်းမယ့်အကောင်ကလည်း မင်းအစ်မကို သေသေချာချာပြော ကြားလား ၊ ငါ့ကို ဒီကိစ္စဖုံး နဲ့ လုံးဝမပြောပါနဲ့ လို့ သေသေချာချာပြောကြားလား ၊ ဆရာ နယ်မြို့တွေက ရုံးခွဲတွေကိုရော ဆက်ပြောလိုက်ရမလား ၊ ဟာ ဒီကောင်တော့ နာရင်းရိုက်လိုက်ရ ၊ အခုငါပေးလိုက်တဲ့ နံပါတ်တွေက အပြင်ကို ပေါက်ကြားသွားလို့ မရဘူးကွ သိလား ၊ ငါ ဆဲလိုက်ရ ၊ နယ်တွေကို ကြိုပြီးဖုန်းဆက် အသေးသုံးချန်ပြီး ကျန်တဲ့ပိုက်ဆံတွေအားလုံး ဘဏ်ဖွင့်တာနဲ့ ဘဏ်မှာသွားအပ်လို့ပြော ၊ ဆရာ တချို့ရုံးတွေမှာက ပိုက်ဆံတွေက အများကြီးနော် ၊ ဒီ အတိုင်းသွားအပ်လိုက်ရင် တမျီုးထင်ကုန်မယ် ၊ ကျနော်က ဆရာ့အတွက်ပြောတာနော် ၊ အေး ဒါလဲ ဟုတ်တာပဲ ၊ ဒီလိုလုပ် အကောင့်ရယ် ကတ်ရှာရယ် မန်နေဂျာရယ်ကို ရှိသမျှဘဏ်တွေ တိုင်းမှာ အကောင့်တွေ လိုက်ဖွင့်ပြီး မျှပြီး အပ်ခိုင်းထားလိုက်ကွာ ၊ ငါပြောချင်တာက ငါ့လက်ထဲမှာ ငါးထောင်တန်တွေ မထားချင်တော့ဘူး ၊ ဆရာ ကျနော်တို့က ဆရာ့ဆီမှာ အလုပ်လုပ်လာတာ ကြာပါပြီ ၊ ဆရာ ဒီလိုပျာယာခတ်တာမျိုး မတွေ့ဘူးလို့ ၊ ဘာဖြစ်လို့လဲဆရာ စိုးရိမ်ရလို့လား ကျနော်တို့လဲ သိခွင်ရရင် သိချင်လို့ပါ ၊ အေး ငါပြောပြမယ် ဒီလိုကွ ၊ မင်းတို့ မှတ်မိကြတယ်မဟုတ်လား ၊ ၂၀၀၉ လောက်တုန်းက ငါတို့ နေပြည်တော်မှာ ပရောဂျက်တွေသွားလုပ်နေတုန်းကွာ ၊ ဘာလဲ အဲ သီတင်းကျွတ်မတိုင်မီလေကွာ ၊ ငါးထောင်တန် အသစ်တွေ စထွက်တုန်းကလေ ၊ ဟုတ်တယ်ဆရာ ကျနော်မှတ်မိတယ် ၊ အေး ပြောချင်တာက အဲဒီ တုန်းက ထုတ်တဲ့ ငါးထောင်တန်တွေ ကို ငါ့လက်ထဲမှာ မထားချင်တာ ၊ ဦးသိန်းစိန်အစိုးရ တက်ပြိးမှ ထုတ်တဲ့ ငါးထောင်တန်တွေကိုပဲ ငါ့လက်ထဲမှ ထားခြင်တယ်ကွာ ရှင်းပြီလား ၊ ဆရာ ဘာဖြစ်လို့လဲဗျ ၊ မင်းကလဲ ပိန်းပါ့ကွာ ၊ ဦးသိန်းစိန် လက်ထက် မတိုင်မီ က ထုတ်ထားတဲ့ ငါးထောင်တန်တွေမှာ ရှော့ အကြီးကြီးရှိနေတယ်ကွ ၊ ငါ သတင်းအတိအကျ ရလိုက်တယ်ကွ ၊ အဲဒီငါးထောင်တန်တွေမှာ နံပါတ်တွေ ထပ်နေတယ်လို့ သတင်းရလို့ကွ ၊ ဟာ ဒါဆို ဆရာရယ် တစ်သောင်းတန်လဲ စိတ်မချရတော့ဘူးလား ၊ မင်းကလဲ ပိန်းပြန်ပြီ ၊ ဟိုတစ်ကောင် ပိန်းလို့ မဆုံးသေးဘူး ၊ မင်းကထပ်ပိန်းနေပြန်ပြီ ၊ တစ်သောင်းတန်က စိတ်ချရတယ်ကွ ၊ တစ်သောင်းတန်က ၂၀၁၂ ဇွန်လလယ်ကောက်ကမှ ထုတ်တာလေကွ ၊ ဆရာကလည်း ဒါဆို ငါးထောင်တန် အကုန်လုံး ဘဏ်ကို ပြန်အပ်လိုက်ပြီး တစ်သောင်းတန်တွေ ပဲ ပြန်ကိုင်ထားလိုက်ရင်ကော ဆရာ ၊ အေး ဘဏ်တွေမှာ သွားလဲကြည့်အုံး ၊ ဟိုမှာ မင်းအဘတွေက ကြိုလဲ ထားလို့ ဘဏ်တွေမှာ တစ်သောင်းတန်အသစ်တွေ ပြတ်နေတာကြာပြီ ၊ အဟောင်းလေးတွေပဲ လှည့်သုံးနေရတာ ၊ တော်ပြီး ဘာမှ ထပ်မမေးကြနဲ့ ငါပြောတဲ့ အတိုင်းတိတိကျကျလုပ် ၊ ဆရာ ဒါဆို တစ်ခုတည်း ထပ်မေးချင်လို့ပါ ၊ ဆရာ အခုပေးလိုက်တဲ့ နံပါတ်တွေက ဦးသိန်းစိန် ထက်ပြီးမှ ထုတ်တဲ့ နံပါတ်တွေပေါ့နော် ဟုတ်လားဆရာ ၊ အေးပေါ့ကွ ငတုံးရ ၊ တော်ပြီး ထပ်မပြော နဲ့ မင်းတို့ အချိန်ရှိတုန်း သွားတော့ ၊ ငါလဲ သမ္မတကြီးမဏ္ဍပ် ပြန်သွားလိုက်အုံးမယ် ၊ ဆရာ ဆရာ့လပ်ဂျေ့ထဲမှာ ငါးထောင်တန်တွေချည်းပဲနော် ၊ ဆရာ့စာရင်းနဲ့တိုက်ပြီး ကျနော်တို့ အခုစစ်လိုက်ရမလား ၊ သွားမှာသာသွားစမ်းပါကွာ ၊ နက်ဖန် သန်ဘက်ခါဆို အဘတွေကို ပတ်ပြိး ကန်တော့ ရအုံးမှာ ၊ အဲဒီမှာ ငါထည့်လွှတ်လိုက်မယ် ၊ မင်းတို့သာ မြန်မြန် သွားကြတော့ ၊ အမြန်လမ်းမှာ ကားလည်း ကြည့်မောင်းကြအုံးနော် ငတုံးတွေ ၊ ဟုတ် ဆရာ ၊ ဒါဆိုကျနော်တို့ သွားပြီ ၊ ( ယုံချင်ယုံ မယုံချင်နေ ) နေပြည်တော်မှ ပေးပို့လာသောသတင်းဖြစ်သည်

အလိုရှိသည် စောဒက ရွှေမြို့တော် တစ်ခွင်လုံးကား အုတ်အုတ်ကျက်ကျက်၊ လှုပ်လှုပ်ရွရွ၊ သောသော ညံညံဖြစ်နေ၏။ ပြေးကြလွှားကြ၊ သယ်ကြ၊ ပိုးကြ၊ သိမ်းကြ၊ ဆည်းကြ၊ ဖျက်ကြ၊ ဖြိုကြနှင့် ကမ္ဘာစစ် ဖြစ်တော့မည့်အလား သောကပွားလျက် ရှိ၏။ အားလုံး၏ မျက်နှာတွင် စိုးရိမ်ထိတ်လန့်မှုက အထင်းသား။ ဘယ်နေ့ ကိုယ့်အလှည့် ရောက်လာမလဲ၊ ဘယ်အချိန် ဝုန်းဆို ပေါက်ချလာမလဲ၊ ဘယ်ပုံစံ ဝင်လာမလဲ ပူပင်တွေးများ တွေးပြီးရင်း တွေးနေမိကြ၏။ ညဆိုလည်း အိပ်ကောင်းခြင်း မအိပ်ကြရ။ ကြက်အိပ်၊ ကြက်နိုးသာ မှေးကြရသောကြောင့် မြို့တော်သူ၊ မြို့တော်သားအပေါင်း မျက်ကွင်းဟောက်ပက် ဖြစ်ကုန်ကြ၏။ မိမိတို့ အိမ်ဂေဟာတွင် ရှိသမျှ သံချက်များကို သေချာစွာ ပြန်စစ်ဆေးကာ ထပ်ရိုက်သင့်သည်များ ရိုက်၊ ပိုးသင့်သည်များပိုး၊ ကာသင့်သည်များကာ၊ ကျားကန်သင့်သည်များ ကျားကန်ကာ တော်ရုံတန်ရုံဖြင့် ဖြို၍ ဖျက်၍ မရစေရန် ချွေးတလုံးလုံး ပြုပြင်နေကြ၏။ ဤမျှ ပူပန်တကြီး ပျာလောင်ခတ်နေကြခြင်းမှာ ဘဇာကြောင့်နည်းဟု မေးစရာရှိ၏။ အကြောင်းကား မဟောင်းဘဲ ထပ်ကျော့ကျော့ လာနေသည့် မြူနီစီပယ်လဒ (လင်းတ) အုပ်စု အန္တရာယ်ကို ကြောက်ဒူး တုန်နေကြသောကြောင့် ပင်တည်း။ အပြည့်အစုံဖတ်ရန်-http://thevoicemyanmar.com/2013/index.php/component/k2/item/5621-al.html
အလိုရှိသည် စောဒက ရွှေမြို့တော် တစ်ခွင်လုံးကား အုတ်အုတ်ကျက်ကျက်၊ လှုပ်လှုပ်ရွရွ၊ သောသော ညံညံဖြစ်နေ၏။ ပြေးကြလွှားကြ၊ သယ်ကြ၊ ပိုးကြ၊ သိမ်းကြ၊ ဆည်းကြ၊ ဖျက်ကြ၊ ဖြိုကြနှင့် ကမ္ဘာစစ် ဖြစ်တော့မည့်အလား သောကပွားလျက် ရှိ၏။ အားလုံး၏ မျက်နှာတွင် စိုးရိမ်ထိတ်လန့်မှုက အထင်းသား။ ဘယ်နေ့ ကိုယ့်အလှည့် ရောက်လာမလဲ၊ ဘယ်အချိန် ဝုန်းဆို ပေါက်ချလာမလဲ၊ ဘယ်ပုံစံ ဝင်လာမလဲ ပူပင်တွေးများ တွေးပြီးရင်း တွေးနေမိကြ၏။ ညဆိုလည်း အိပ်ကောင်းခြင်း မအိပ်ကြရ။ ကြက်အိပ်၊ ကြက်နိုးသာ မှေးကြရသောကြောင့် မြို့တော်သူ၊ မြို့တော်သားအပေါင်း မျက်ကွင်းဟောက်ပက် ဖြစ်ကုန်ကြ၏။ မိမိတို့ အိမ်ဂေဟာတွင် ရှိသမျှ သံချက်များကို သေချာစွာ ပြန်စစ်ဆေးကာ ထပ်ရိုက်သင့်သည်များ ရိုက်၊ ပိုးသင့်သည်များပိုး၊ ကာသင့်သည်များကာ၊ ကျားကန်သင့်သည်များ ကျားကန်ကာ တော်ရုံတန်ရုံဖြင့် ဖြို၍ ဖျက်၍ မရစေရန် ချွေးတလုံးလုံး ပြုပြင်နေကြ၏။ ဤမျှ ပူပန်တကြီး ပျာလောင်ခတ်နေကြခြင်းမှာ ဘဇာကြောင့်နည်းဟု မေးစရာရှိ၏။ အကြောင်းကား မဟောင်းဘဲ ထပ်ကျော့ကျော့ လာနေသည့် မြူနီစီပယ်လဒ (လင်းတ) အုပ်စု အန္တရာယ်ကို ကြောက်ဒူး တုန်နေကြသောကြောင့် ပင်တည်း။ အပြည့်အစုံဖတ်ရန်-http://thevoicemyanmar.com/2013/index.php/component/k2/item/5621-al.html

games

Friday, April 18, 2014

.. ( ယုံချင်ယုံ မယုံချင်နေ ) ငါးထောင်တန် ကိစ္စ ဆေးအထိုးခံနေရပြီ မင်းတို့ကို အရေးကြီးလို့ ဒီကိုခေါ်လိုက်တာ ဖုံးဆက်ပြီး ပြောမကောင်းလို့ လာခိုင်းလိုက်တာကွ ၊ နေပြည်တော်လာပြီး သမ္မတအိမ်တော် မဏ္ဍပ်မှာ ရေလာကစားတယ်ဆိုတာ အလကားလာတာများမှတ်နေလားမသိဘူး ၊ သတင်းလာစုံစမ်းတာကွ ၊ သတင်းလာစုံစမ်းတာ ၊ ဒီမှာ မင်းတို့ ချက်ခြင်းပြန်ရမယ် ၊ မင်းတို့ အစ်မကိုပြောလိုက် လက်ထဲမှာရှိတဲ့ ငါးထောင်တန်တွေကို အကုန်ပြန်စစ်ပါ လို့ ၊ ငါ နံပါတ်တွေပေးလိုက်မယ် ၊ အဲဒီ နံပါတ်တွေ နဲ့ မတူတဲ့ နံပါတ်တွေ ပါရင် သပ်သပ်ဖယ်ထားလို့ ပြော ၊ မင်းကတော့ မန္တလေးကို ချက်ခြင်းတက် ရုံးကိုသွား ၊ ငါသော့ပေးလိုက်မယ် ၊ အကောင့်နဲ့ကတ်ရှာကိုခေါ်ပြီး ငါးထောင်တန်တွေကို ပြန်စစ် ၊ ငါအခုပေးလိုက်တဲ့ နံပါတ်တွေ နဲ့ မတူတဲ့ အရွက်တွေကို ခုနကပြောသလို သပ်သပ်ဖယ်ထား ၊ ဆရာပြီးတော့ကျနော်တို့ ဘာဆက်လုပ်ရမလဲဆရာ ၊ အေး အဲဒီပိုက်ဆံတွေကို လာမယ့် ၂၂ ရက် အင်္ဂါနေ့မှာ ဘဏ်တွေကို သွားပြီး ငါ့အကောင့်တွေ ထဲကို သွားထည့် ကြားလား ၊ ဟိုကောင် ရန်ကုန်ဆင်းမယ့်အကောင်ကလည်း မင်းအစ်မကို သေသေချာချာပြော ကြားလား ၊ ငါ့ကို ဒီကိစ္စဖုံး နဲ့ လုံးဝမပြောပါနဲ့ လို့ သေသေချာချာပြောကြားလား ၊ ဆရာ နယ်မြို့တွေက ရုံးခွဲတွေကိုရော ဆက်ပြောလိုက်ရမလား ၊ ဟာ ဒီကောင်တော့ နာရင်းရိုက်လိုက်ရ ၊ အခုငါပေးလိုက်တဲ့ နံပါတ်တွေက အပြင်ကို ပေါက်ကြားသွားလို့ မရဘူးကွ သိလား ၊ ငါ ဆဲလိုက်ရ ၊ နယ်တွေကို ကြိုပြီးဖုန်းဆက် အသေးသုံးချန်ပြီး ကျန်တဲ့ပိုက်ဆံတွေအားလုံး ဘဏ်ဖွင့်တာနဲ့ ဘဏ်မှာသွားအပ်လို့ပြော ၊ ဆရာ တချို့ရုံးတွေမှာက ပိုက်ဆံတွေက အများကြီးနော် ၊ ဒီ အတိုင်းသွားအပ်လိုက်ရင် တမျီုးထင်ကုန်မယ် ၊ ကျနော်က ဆရာ့အတွက်ပြောတာနော် ၊ အေး ဒါလဲ ဟုတ်တာပဲ ၊ ဒီလိုလုပ် အကောင့်ရယ် ကတ်ရှာရယ် မန်နေဂျာရယ်ကို ရှိသမျှဘဏ်တွေ တိုင်းမှာ အကောင့်တွေ လိုက်ဖွင့်ပြီး မျှပြီး အပ်ခိုင်းထားလိုက်ကွာ ၊ ငါပြောချင်တာက ငါ့လက်ထဲမှာ ငါးထောင်တန်တွေ မထားချင်တော့ဘူး ၊ ဆရာ ကျနော်တို့က ဆရာ့ဆီမှာ အလုပ်လုပ်လာတာ ကြာပါပြီ ၊ ဆရာ ဒီလိုပျာယာခတ်တာမျိုး မတွေ့ဘူးလို့ ၊ ဘာဖြစ်လို့လဲဆရာ စိုးရိမ်ရလို့လား ကျနော်တို့လဲ သိခွင်ရရင် သိချင်လို့ပါ ၊ အေး ငါပြောပြမယ် ဒီလိုကွ ၊ မင်းတို့ မှတ်မိကြတယ်မဟုတ်လား ၊ ၂၀၀၉ လောက်တုန်းက ငါတို့ နေပြည်တော်မှာ ပရောဂျက်တွေသွားလုပ်နေတုန်းကွာ ၊ ဘာလဲ အဲ သီတင်းကျွတ်မတိုင်မီလေကွာ ၊ ငါးထောင်တန် အသစ်တွေ စထွက်တုန်းကလေ ၊ ဟုတ်တယ်ဆရာ ကျနော်မှတ်မိတယ် ၊ အေး ပြောချင်တာက အဲဒီ တုန်းက ထုတ်တဲ့ ငါးထောင်တန်တွေ ကို ငါ့လက်ထဲမှာ မထားချင်တာ ၊ ဦးသိန်းစိန်အစိုးရ တက်ပြိးမှ ထုတ်တဲ့ ငါးထောင်တန်တွေကိုပဲ ငါ့လက်ထဲမှ ထားခြင်တယ်ကွာ ရှင်းပြီလား ၊ ဆရာ ဘာဖြစ်လို့လဲဗျ ၊ မင်းကလဲ ပိန်းပါ့ကွာ ၊ ဦးသိန်းစိန် လက်ထက် မတိုင်မီ က ထုတ်ထားတဲ့ ငါးထောင်တန်တွေမှာ ရှော့ အကြီးကြီးရှိနေတယ်ကွ ၊ ငါ သတင်းအတိအကျ ရလိုက်တယ်ကွ ၊ အဲဒီငါးထောင်တန်တွေမှာ နံပါတ်တွေ ထပ်နေတယ်လို့ သတင်းရလို့ကွ ၊ ဟာ ဒါဆို ဆရာရယ် တစ်သောင်းတန်လဲ စိတ်မချရတော့ဘူးလား ၊ မင်းကလဲ ပိန်းပြန်ပြီ ၊ ဟိုတစ်ကောင် ပိန်းလို့ မဆုံးသေးဘူး ၊ မင်းကထပ်ပိန်းနေပြန်ပြီ ၊ တစ်သောင်းတန်က စိတ်ချရတယ်ကွ ၊ တစ်သောင်းတန်က ၂၀၁၂ ဇွန်လလယ်ကောက်ကမှ ထုတ်တာလေကွ ၊ ဆရာကလည်း ဒါဆို ငါးထောင်တန် အကုန်လုံး ဘဏ်ကို ပြန်အပ်လိုက်ပြီး တစ်သောင်းတန်တွေ ပဲ ပြန်ကိုင်ထားလိုက်ရင်ကော ဆရာ ၊ အေး ဘဏ်တွေမှာ သွားလဲကြည့်အုံး ၊ ဟိုမှာ မင်းအဘတွေက ကြိုလဲ ထားလို့ ဘဏ်တွေမှာ တစ်သောင်းတန်အသစ်တွေ ပြတ်နေတာကြာပြီ ၊ အဟောင်းလေးတွေပဲ လှည့်သုံးနေရတာ ၊ တော်ပြီး ဘာမှ ထပ်မမေးကြနဲ့ ငါပြောတဲ့ အတိုင်းတိတိကျကျလုပ် ၊ ဆရာ ဒါဆို တစ်ခုတည်း ထပ်မေးချင်လို့ပါ ၊ ဆရာ အခုပေးလိုက်တဲ့ နံပါတ်တွေက ဦးသိန်းစိန် ထက်ပြီးမှ ထုတ်တဲ့ နံပါတ်တွေပေါ့နော် ဟုတ်လားဆရာ ၊ အေးပေါ့ကွ ငတုံးရ ၊ တော်ပြီး ထပ်မပြော နဲ့ မင်းတို့ အချိန်ရှိတုန်း သွားတော့ ၊ ငါလဲ သမ္မတကြီးမဏ္ဍပ် ပြန်သွားလိုက်အုံးမယ် ၊ ဆရာ ဆရာ့လပ်ဂျေ့ထဲမှာ ငါးထောင်တန်တွေချည်းပဲနော် ၊ ဆရာ့စာရင်းနဲ့တိုက်ပြီး ကျနော်တို့ အခုစစ်လိုက်ရမလား ၊ သွားမှာသာသွားစမ်းပါကွာ ၊ နက်ဖန် သန်ဘက်ခါဆို အဘတွေကို ပတ်ပြိး ကန်တော့ ရအုံးမှာ ၊ အဲဒီမှာ ငါထည့်လွှတ်လိုက်မယ် ၊ မင်းတို့သာ မြန်မြန် သွားကြတော့ ၊ အမြန်လမ်းမှာ ကားလည်း ကြည့်မောင်းကြအုံးနော် ငတုံးတွေ ၊ ဟုတ် ဆရာ ၊ ဒါဆိုကျနော်တို့ သွားပြီ ၊ ( ယုံချင်ယုံ မယုံချင်နေ ) နေပြည်တော်မှ ပေးပို့လာသောသတင်းဖြစ်သည်