မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Friday, March 28, 2014
အမျိုးသမီးတစ်ဦးအပါအ၀င် မီတာခလျှော့ချပေးရေး ဖယောင်းတိုင်ထွန်း ဆန္ဒထုတ်ဖော်သူ ၄ဦးကို ရဲတပ်ဖွဲ့အင်း ၁၀၀နီးပါးလောက်နဲ့တားဆီးပြီး အင်အာသုံး ဖမ်းဆီးခေါ်ဆောင်သွားမှုမြင်ကွင်း။
လျှပ်စစ်မီတာခ လျှော့ချပေးရေးအတွက် မန္တလေးမြို့ ၃၃လမ်း ၇၈လမ်းဒေါင့် ဒိုင်းမွန်းပလာဇာနားမှာ မတ်လ ၂၇ရက် အခုညနေပိုင်းက ဖယောင်းတိုင်ထွန်း ဆန္ဒထုတ်ဖော်သူ ၄ဦးကို ရဲတပ်ဖွဲ့ အင်အား ၁၀၀နီးပါးလောက်က တားဆီးခဲ့ပါတယ်။ အဲဒီ့နောက် ဆန္ဒထုတ်ဖော်သူ ကိုသိန်းအောင်မြင့်၊ ကိုစောလှအောင်၊ ကိုကျော်မျိုးထွန်းနဲ့ မခက်ခက်ဇော်တို့ကို ပြည်သူ့ ရဲတွေက ဆန္ဒဖော်ထုတ်နေစဉ် ည ၆နာရီခွဲကျော်မှာပဲ အင်အားသုံး ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
ဆန္ဒထုတ်ဖော်ခဲ့သူတွေဟာ "စီမံခန့်ခွဲမှု နှင့် အုပ်ချုပ်မှု ညံ့ဖျင်းသော ပြည်ထောင်စုအစိုးရ အလိုမရှိ၊ ပြည်သူနှင့် ပြည်သူ့ဝန်ထမ်းအပေါ် စာနာစိတ်မရှိသော ပြည်ထောင်စုအစိုးရ အလိုမရှိ၊ လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံခြင်း အလိုမရှိ၊ ၂၄နာရီ လျှပ်စစ်မီးအပြည့်ဝရရှိရေး ဒို့အရေး" ဆိုတဲ့ အချက်လေးချက်ပါ စာရွက်တွေကိုလည်း ဝေဌခဲ့ကြပါတယ်။
ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဆန္ဒထုတ်ဖော်ခဲ့သူ (၄)ဦးကို အခုလက်ရှိ အမှတ်၈ မြို့မ ရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။ ဆန္ဒထုတ်ဖော်မှု ဖြစ်စဉ်နေရာမှာ ကျန်ရှိတဲ့ အရပ်ဝတ် ရဲသတင်းပေးဖြစ်သူများကလည်း သတင်းလာယူသူ သတင်းထောက်တွေကို စုံစမ်းမေးမြန်းမှုတွေ ပြုလုပ်သွားပါတယ်။
Wednesday, March 26, 2014
** ဒါကြိုဆိုရမယ့် ကိစ္စပါ၊ အမနာပပြောပြီး ဝေဖန်ရမယ့် ကိစ္စမျိုး မဟုတ်ပါဘူး ** ( ရဲထွဋ် )
ကျွှန်တော်တို့ ပြောနေတာက ကျင့်ဝတ်အလို့ဌာ လိုက်နာဖို့ဖြစ်တယ်၊ ဒါလုပ်လိုက်တာသည် အစိုးရအနေနဲ့ ဥပဒေအကြောင်းအရတင်မဟုတ်ပဲ ကျင့်ဝတ်ပိုင်းဆိုင်ရာအရပါ မူဝါဒချမှတ်တဲ့ သူတွေအနေနဲ့ လိုက်နာသင့်တယ် ဆိုတာ ပြတဲ့အတွက် ပိုပြီးတော့ သန့်ရှင်းတဲ့ အစိုးရဖြစ်ရေး ၊ ကောင်းမွန်သော အုပ်ချုပ်မှုစနစ် ပေါ်ထွန်းရေးမှာ အထောက်အကူ ဖြစ်မယ်လို့ ယုံကြည်ပါတယ်၊
ဒါကြိုဆိုရမယ့် ကိစ္စပါ၊ အမနာပပြောပြီး ဝေဖန်ရမယ့် ကိစ္စမျိုး မဟုတ်ပါဘူး ။
( တရားဝင် ကျပ်သုံးသိန်း ကန်တော့ခွင့်နဲ့ ပတ်သတ်ပြီးဦးရဲထွဋ်နှင့် The Voice ဂျာနယ် အင်တာဗျူးမှ ကောက်နုတ်ချက် )—
========================================================
ကျနော်တစ်ခါမှ ရိုင်းရိုင်းစိုင်းစိုင်း မပြောခဲ့ဖူးဘူး ဆိုတာ ကျနော့်
face book မိတ်ဆွေတွေအားလုံးသိကြပါတယ်။
့ ရိုင်းရိုင်းပြောမှရတော့မယ်ထင်လို့
ဒီတစ်ခါတော့ပြောခွင့်ပြုပါခင်ဗျား
========================
ကျနော့်မှာ သားသမီးရှိတယ်။ဒီသား သမီးတွေရလာဘို့ အိမ်ထောင်သည်တွေဘယ်လိုနေ
ထိုင်ကြတယ် ဆိုတာ မပြောဘဲ အားလုံးသိတယ်။အိမ်ထောင်သက် အနှစ် (30)ကျော်ပြီ။တရားဝင်
လက်ထပ်ယူထားတာ။ အဲဒီ အကြောင်းပြချက်နဲ့ဘဲ ကျနော်ကကျနော့်ဇနီးနဲ့ လူမြင်ကွင်းမှာ တော်သလင်းဇာတ် ခင်းချင်လို့တော့ မရဘူးဗျ။
ကိုယ် တရားဝင် ယူထားတဲ့ ဇနီးနဲ့
ကိုယ်နေတာ ဆိုပေမဲ့ လူမြင်ကွင်းမှာနေခွင့်တော့မရှိဘူး။
ခင်ဗျားတို့ လာဘ်စားတာ သိတယ်။ဂါရဝ လို့ ဆင်ခြေပေးတာလည်း နားလည်တယ်။
်။တရားဝင်အောင်တော့ မလုပ်ကြနဲ့။ အမှန်တရား ဆိုပေမဲ့ ကာလlဒေသlပယောဂ နဲ့ ညီညွတ်သင့်တယ်ဆိုတာလောက်ကိုတော့ နားလည်သင့်တယ် ဆိုတာကို အမုန်း ခံပြီးပြောပြနေတာ။ ရှင်းလား။
ဦးဝင်းချို
ယဉ်ကျေးမှုဆိုတာ...(၁)
---------------------------
ယနေ့မြန်မာနိုင်ငံသည်တိုးတက်လာသည်ဟုတချို့ခေါ်ဝေါ်သည်။ ခေတ်မှီသည်ဟုလည်း တချို့သုံးစွဲကြပြန်သည်။ တိုးတက်ခြင်း ခေတ်မှီခြင်းအပေါ် မည်သို့သော အတိုင်းထွာ ပေတံများနှင့်တိုင်းတာသနည်းဟု မေးစရာရှိသည်။ ခေတ်ကာလ ရွေ့လျားခြင်းနှင့်လူနေမှုပုံစံပြောင်းလဲခြင်းသည်သမားရိုးကျလမ်းစဉ်တစ်ခုမျှသာ ဖြစ်သည်ဟုသတ်မှတ်လိုသည်။ မြန်မာနိုင်ငံ တိုးတက်ခြင်း၊ ခေတ်မှီခြင်းများအား တချို့တိုင်းတာသည်က စံလွဲသည့်အနေထားမျိုးရှိသည်။ တချို့တိုင်းတာသည့် ပုံစံက တိုးတက်ပြောင်းလဲနေတဲ့ ခေတ်ကြီးမှာ ခေတ်ကို အမှီလိုက်နိုင်အောင် လိုသည်ဟုပြောကြသည်။ ထိုစကားကို မငြင်းပယ်လိုပါ။ မှန်သည်။ သို့သော်... လမ်းမလွဲရန်လိုသည်။ မှန်ကန်သော နည်းဖြင့် ခေတ်ကိုအမှီလိုက်ရန် လိုအပ်လှပေစွ။ ယနေ့ကမ္ဘာခေတ်ရေစီကြောင်း၊ယဉ်ကျေးမှုဆင်းသက်ပုံ(၂၀)ရာစုနှောင်းပိုင်းကာလကဲ့သို့မဟုတ်တော့ပါ။ နိုင်ငံတိုင်းလူနေမှုစနစ် ပြောင်းလဲလာသည်နှင့်အမျှ ခေတ်ကာလပေါ် အခြေခံကာ ယခင်များနှင့် မတူတော့ပေ။ထို့အတူ နိုင်ငံချင်းနယ်နမိတ်ထိစပ်ပုံအရ ယဉ်ကျေးမှု စီးဆင်းသည့်ပုံစံမှာလည်း ထိစပ်လျပ်ရှိသောနယ်နမိတ်အရ ယဉ်ကျေးမှု စီးဆင်းပုံသည် ယှက်နွယ်သည့်ပုံသဏ္ဍန်ရှိပေသည်။ ကောင်းသော်... ကောင်း၏။ သို့သော်...မကောင်းဟုလည်း ပြန်သုံးသပ်နိုင်ပေသည်။ (စာကြွင်း)
ကျွန်တော်တို့ငယ်စဉ်က သင်ခဲ့ရသောစာတွင်....
မြန်မာပြည်သည် တို့ပြည်။
မြန်မာစာသည် တိုစာ။
မြန်မာစကားသည် တို့စကား....
ဟူသော စကားလုံးလေး ပြန်အမှတ်ရမိသည်။ ယနေ့မြန်မာပြည်တွင်း ယဉ်ကျေးမှု တချို့ကို မြင်ရသည်က နီးစပ်ရာနိုင်ငံတို့၏ ယဉ်ကျေးမှုစီးဆင်းပုံ လွှမ်းမိုခံရမှုက အတော်ပင်ဝမ်းနည်းစရာ။ တရုတ်ဇာတ်ကားတွေ လွှမ်းမိုးချိန်က (ပိုင်ဝေ့) အင်္ကျီအတော်ခေတ်စားဖူးသည်။ ဂျပန်ဇာတ်ကားများခေတ်စားချိန် (အိုးရှင်း) ဆံထုံးခေတ်စားဖူးသည်။ သိပ်ပြသနာမရှိသေး။ရာကူဇာဇာတ်ကားတွေ ခေတ်စားချိန် လူငယ်တွေ ကြောင်ကြောင်ကြားကြားထိုးလိုက်ကြတဲ့အရုပ်တွေ။ထားပါပြသနာမရှိသေး။ကိုရီးယားဇာတ်ကားတွေ ခေတ်စားချိန် မြန်မာမိန်းကလေးတွေ အရက်သမားတွေဖြစ်ကုန်တာတော့ ပြသနာရှိလာတယ်။ ဒီထက်ဆိုးတာကတော့ ...
သူတစ်ပါးမယားရှိလင်ပါ ကြောင်တောင် နှိုက်ရဲလာတာ ရှော့တော်တော်ဖြစ်ပါတယ်။
အဲ့ဒီနောက်မှာ ထပ်ပြီးပြသနာတက်တာက အတောင်နှစ်ဆယ်ဝတ် မင်းယောက်ျားတွေပါကိုရီးယားမင်းသားတွေသဘောကျပြီးမိန်းမဆန်လာတာ ခြောက်လာတာတော့ အတော်ကိုဆိုးပါတယ်။ သူကအားကျတာ
မင်းသားထင်လို့ အဲ့ဒီမင်းသားတွေ ခြောက်မခြောက် သေချာတော့မသိ။ မိန်းကလေးက ယောက်ျားလေးလိုပြင်ပြီး သရုပ်ဆောင်မှန်းမသိ။ ဘုမသိဘမသိ။ မိန်းကလေးတွေကလည်းမိန်းမချောဆို ကြွေကြတာပေါ့။ ယောက်ျားလေးတွေက နောက်ပိုင် နုတ်ခမ်းနီတွေတောင်ဆိုးလာ... မျက်နှာမိတ်ကပ်ဖို့ပြီး မိန်းကလေးအသုံးဆောင်တွေသုံးလာရင်းကျားစိတ်ပျောက်။မ...စိတ်တွေ တောင်ဝင်လာတဲ့ကလေးတချို့တွေ့ဖူးပါတယ်။ ဘယ့်နှယ့် ...လမ်းတော့လွဲနေပြီ။ လှချင်တာနဲ့ ဘုန်းကညာတစ်ပါးတွေ လုံးရာက ပြားလာတာ စိတ်တော့အတော်ပျက်မိတယ်။ (ကျားကိစ္စထားဦး)
ပြသနာရှိတာက မိန်းကလေးတွေကိစ္စ။ တုကြပါတယ် ဘယ်နိုင်ငံက ဘယ်လို ...။
ဘယ်မင်းသမီးက ဘာသုံးတယ်။ နိုင်ငံခြား မင်းသမီးတွေက သူတို့အတွက် စံပြနေရာရောက်လာပြီး မြန်မာဆိုတဲ့စိတ်ဘယ်နေရာမှာကျပျောက်သွားမှန်း မေးဖော်မရတော့ဘူး။ နိုင်ငံတကာကိုတုတာကအလှအပ၊ နိုင်ငံတကာကမိန်းကလေးတွေ ဘယ်လောက်တော်တယ်။ ထက်မြက်နေလဲ၊ ငါတို့ခေတ်မှီသင့်တာဘာလဲ အသေချာတွေးဖို့ကောင်းတယ်။ သူတစ်ပါးနိုင်ငံက မိန်းကလေးတွေ အလုပ်ကိုဘယ်လိုကြိုးစားတယ်။ပညာတွေတတ်အောင်ဘယ်လိုခက်ခက်ခဲခဲရုန်းကန်ရတယ်။ ဒါတွေအတုလိုက်မယူဘူး။ ဘယ်မင်းသမီးက ဘယ်ဇာတ်ကားထဲမှာ သူ့ချစ်သူကောင်လေးကို မူးပြီးရမ်းပြတာ.... ဒါတော့အတုယူတယ်။အရက်သောက်၊ ဘီယာသောက်မူးပြ...ဇာတ်ကားထဲကလို ကောင်လေးကချော့မချော့တော့မသိဘူး။ မြန်မာကဆေးရုံက (ဘောရှင်း)လူနာဆောင်ထဲတော့ရောက်ရောက်လာတာမနည်း။ ဆရာဝန်တွေပိုသိမှာပါ။
ဒီတော့ တခြားနိုင်ငံ လူနေမှုယဉ်ကျေးမှုနဲ့ ကိုယ့်နိုင်ငံ ကျင့်သုံးတဲ့ အလေ့ထ စရိုက်ပိုင်းတွေ ကိုက်ညီမှသုံးတာပိုအဆင်ပြေမယ်ထင်ပါတယ်။ သူ့အိုးနဲ့သူဆန်မတန်တဲ့အခါမျိုး ပြသနာအတော်ကိုရှိပါတယ်။ ခေတ်မှီတယ်ဆိုတာလည်း အထိုက်အလျှောက် လက်ခံပါတယ်။ မငြင်းပါဘူး။ ခေတ်မှီတာနဲ့ စုတ်ပဲ့တာကွာပါတယ်။ ၀တ်စားဆင်ယင်မှု ဆိုရင် ယနေ့မြင်ရတာ တချို့ အတော်ကိုဆိုးပါတယ်။ သူတစ်ပါးနိုင်ငံက ချမ်းအေးတဲ့ရာသီဥတုနဲ့ တစ်ကိုလုံးလုံအောင်ဖုံးတယ်။ ငယ်ရာက ကြီးသည်အထိ တော်ရုံနေလောင်တာ၊ ထိခိုက်ဒဏ်ရာမရှိဘူး။ ခြေသလုံးဖော်ရင် ဖြူဖွေးလို့ ... လှတယ်ပေါ့ဗျာ။ မြန်မာက
မိန်းကလေးတွေကလယ်တောက၊ကိုင်းတောကတက်သူတွေလည်းရှိမယ်။ နေလောင်လို့မွဲပြာနေတဲ့အသား၊ပြီးတော့ ခြေထောက်မှာဝဲ၊ နှင်းခူ၊ ပွေးစတာတွေ ပေါက်ထားတဲ့ အသားမားတွေကကျန်သေး။ သူများနိုင်ငံကဖော်တာအားကျပြီး လိုက်ဖော်တာ အမာရွတ်တွေ ပွေးကွက်တွေက အထင်းသား။ ခြေသလုံးအသာထား။ ၀တ်တာက
ဘောင်းဘီတိုပေါင်ရင်း နံငယ်ပိုင်းထိတိုတာဝတ်တယ်။ အကွက်အကွက်တွေက အထင်းသားကြွားသလိုဖြစ်နေကော။တချို့ကရှက်ဖွယ်ဆိုပြီး လှောင်တဲ့အကြည့်နဲ့ကြည့်လည်း ရှက်ရကောင်းမှန်းမသိဘူး။ အားပေးတယ်ထင်ပြီး စွတ်ပြီးထပ်ဖော်ကြပြန် လွဲတော့လွဲနေတယ်။
သင်္ကြန်မှ အပိုင်းဆက်(၂) ဆက်ရေးပါဦးမည်။
ဥယျာဉ်မှူး
၂၃.၃.၂၀၁၃
ကရိုင်းမီးယားသိမ်းယူရေး ဥပဒေ သမ္မတပူတင် လက်မှတ်ထိုး၊ ရင်းနှီးမြှုပ်နှံသူများ ရုရှားမှထွက်ခွာ
ယူကရိန်းနိုင်ငံ ကရိုင်းမီးယားဒေသကို ရုရှားနိုင်ငံတွင်းသို့ ထည့်သွင်း ဖွဲ့စည်းရေး ဥပဒေကို သမ္မတ ဗလာဒီမာပူတင်က လက်မှတ် ရေးထိုးလိုက်ပြီး အမေရိကန်က အရေးယူ ပိတ်ဆို့မှုများ လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်ပြီးနောက် ရင်းနှီးမြှုပ်နှံသူများ ရုရှားမှ ထွက်ခွာလျက် ရှိကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
ထိုသို့ ရုရှားသမ္မတပူတင်က လက်မှတ် ရေးထိုးလိုက်ပြီး ကရိုင်းမီးယားနှင့် စီဗတ်စတိုပို အုပ်ချုပ်ရေး ဒေသသစ်နှစ်ခု ဖွဲ့စည်းလိုက်ကြောင်းကို ရုရှားနိုင်ငံပိုင် သတင်းတွင် ထုတ်လွှင့် ဖော်ပြလိုက်သည်။
ယင်းကဲ့သို့ သိမ်းပိုက်ဖွဲ့စည်းမှုကို ကရိုင်းမီးယားဒေသခံ ရုရှားလူမျိုးများက လက်ခံကြိုဆိုလိုက်ပြီး ဆင်ဖာရိုပို မြို့တော်တွင် ရုရှားလူမျိုး ထောင်ပေါင်းများစွာ စုဝေးပြီး ပျော်ပွဲရွှင်ပွဲများ ကျင်းပလျက်ရှိသည်။
“လူအများစုက ဒီလိုဖြစ်လာဖို့ လိုလားနေပါတယ်။ ရုရှားဆီ ပြန်သွားဖို့ မဟုတ်ပါဘူး။ ကျွန်တော်တို့ နိုင်ငံတော်ကြီးဆီကို ပြန်သွားဖို့ပါ။ တိုးတက်မှုတွေ ရလာမယ်။ ရုရှားဆီ ရင်းနှီးမြှုပ်နှံမှုတွေ ရလာမယ်လို့ မျှော်လင့်တယ်” ဟု ဒေသခံအသက် ၃၂ နှစ်အရွယ် အန်နာဇီဗတ်စီဗာက ပြောကြားသည်။
ရုရှားလူမျိုးများမှာ ယင်းကဲ့သို့ အောင်ပွဲခံနေကြသော်လည်း ကရိုင်းမီးယားဒေသခံ ယူကရိန်း လူမျိုးများနှင့် တာတာ လူမျိုးများသည် အိမ်တွင်းအောင်းနေထိုင်နေကြပြီး ရုရှားတပ်ဖွဲ့ဝင်များမှာ ကျူးကျော်သူများဖြစ်ကြောင်း ဒေသခံ ယူကရိန်းလူမျိုးတစ်ဦးက ပြောကြားသည်။
ကရိုင်းမီးယား လူဦးရေ စုစုပေါင်း၏ ၅၈ ရာခိုင်နှုန်းမှာရုရှားလူမျိုးများ ဖြစ်ပြီး အခြားသော လူမျိုးများမှာ ယူကရိန်းနှင့် တာတာလူမျိုးများ ဖြစ်သည်။
ရုရှားသမ္မတ ပူတင်က ကရိုင်းမီးယားဒေသကို ယင်းကဲ့သို့ သိမ်းယူလိုက်ခြင်းကို အမေရိကန်နှင့် အနောက်နိုင်ငံများက ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်ပြီး ပူတင်၏ အနီးကပ် လူယုံများကို အရေးယူ ပိတ်ဆို့လိုက်သည်။
၁၉၉၀ ပြည့်လွန်နှစ် စိန့်ပီတာ စဘတ်မြို့တော်ဝန်ဘဝမှ ရုရှားသမ္မတ အဖြစ်သို့ ပူတင် ရာထူးတိုးမြှင့်ရောက်ရှိလာရာ လမ်းကြောင်း တစ်လျှောက်တွင် လက်တွဲခဲ့သူများကို အမေရိကန် ပြည်ထောင်စုက အရေးယူ ပိတ်ဆို့မှုများ လုပ်ဆောင်ခဲ့သဖြင့် သံတမန်ရေးရာ ထိပ်တိုက်ရင်ဆိုင်မှုမှာ ပိုမိုနက်ရှိုင်းလာခဲ့ရသည်။
အမေရိကန် အရေးယူပိတ်ဆို့သည့် စာရင်းတွင် ရေနံနှင့်ကုန်ပစ္စည်း ရောင်းဝယ်ရေး ကုန်သည်တစ်ဦး ဖြစ်သူ ဂနဒီ၊ အာကန်ဒီ ညီအစ်ကိုများ၊ ရေနံပိုက်လိုင်းဆောက်လုပ်ရေး ကန်ထရိုက်များနှင့် ပတ်သက်နေသည့် ဘောရစ်၊ ပူတင်၏ ဝန်ထမ်း အကြီးအကဲနှင့် လက်ထောက်၊ စစ်ထောက်လှမ်းရေး အကြီးအကဲ၊ ရထားလုပ်ငန်း အကြီးအကဲတို့ ပါဝင်သည်။
ပူတင်၏ အနီးကပ် လူယုံများက အမေရိကန် ပြည်ထောင်စု၏ အရေးယူမှုကို လှောင်ပြောင်ခဲ့ကြသော်လည်း မော်စကို စတော့ဈေးနှုန်းများမှာ အမေရိကန် ပြည်ထောင်စုက ရုရှားအဓိက စီးပွားရေး နယ်ပယ်များကို အရေးယူ ပိတ်ဆို့မည်ဟု ခြိမ်းခြောက်လိုက်ပြီးနောက် သိသိသာသာ လျော့ကျသွားသည်။
ထို့အပြင် ရုရှားနှင့် ဆက်ဆံရေးကို ကမ္ဘာ့နိုင်ငံများက ပြန်လည် ဆန်းစစ်နေပြီး ကရိုင်းမီးယားဒေသ ပြင်ပသို့ ရုရှားတပ်ဖွဲ့ဝင်များ မစေလွှတ်ရန် အမေရိကန်သမ္မတ အိုဘားမား၏ အမျိုးသားလုံခြုံရေး အကြံပေးက သတိပေးလိုက်သည်။
ရုရှားစွမ်းအင်အပေါ် အဓိကမှီခိုနေမှု (ဥရောပရေနံနှင့်သဘာဝဓာတ်ငွေ့ သုံးစွဲမှုစုစုပေါင်း သုံးပုံတစ်ပုံ ရုရှား ထောက်ပံ့ထားခြင်း) ကို လျှော့ချသွားမည်ဟု ဥရောပနိုင်ငံများက ပြောကြားလိုက်ပြီး ယူကရိန်းရှိ ကြားဖြတ် အစိုးရအဖွဲ့ကို ထောက်ခံကြောင်း ဥရောပသမဂ္ဂ အဖွဲ့ဝင် ၂၈ နိုင်ငံက ထုတ်ပြန်လိုက်သည်။
Coko Dmoe
စကားများ ကန်ကျောက် ရာမှ အချုပ်သား တစ်ဦး နှလုံးကွဲအက် သေဆုံး
ခရမ်းမြို့မ ရဲစခန်းတွင် ချုပ်နှောင် ထားသော အချုပ်သား နှစ်ဦး ဘုရား ရှိခိုးစဉ် အချင်း များ ကန်ကျောက် ရာမှ အချုပ်သား တစ်ဦး နှလုံးကွဲအက် သေဆုံးမှု တစ်ခု ဖြစ်ပွား ခဲ့ ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ သိရသည်။
မတ်လ (၉)ရက်နေ့၊ ညနေ (၆) နာရီ အချိန်ခန့်က အချုပ်သားများ ဘုရားရှိခိုးနေ ကြစဉ် ကို..... မှာ ဘုရားစာ များကို ကျော်၍ ရွတ်ဆို နေသောကြောင့် အတူ ချုပ်နှောင်ထား သော တရားရုံးမှ စစ်ဆေးဆဲ အချုပ်သား တစ်ဦးက ကို..... ၏ ယာဘက် နံဘေးအား ခြေထောက်ဖြင့် ကန်ကျောက် ခဲ့ကြောင်း ရဲမှတ်တမ်းတွင် တွေ့ရသည်။
ထိုသို့ အချင်း များကြသည်ကို ခရမ်း မြို့မရဲစခန်းမှတာဝန် ရှိသူတို့က တားဆီး ခဲ့၍ ပြေလည် သွားသော်လည်း ကို..... မှာ ည (၈) နာရီ အချိန်ခန့်တွင် အသက်ရှူသံ ပုံမှန်မဖြစ် တော့သောကြောင့် ဆေးရုံသို့ ပို့စဉ် သေဆုံးခဲ့ ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြ ထားသည်။
အဆိုပါ သေဆုံးမှုနှင့် ပတ်သက်၍ တုံးသော အရာ ၀တ္ထုဖြင့် ထိခိုက် မိခြင်းကြောင့် နှလုံး ကွဲအက်၍ ၀မ်းဗိုက် အတွင်း သွေးထွက် လွန်ကာ သွေးလန့် သေဆုံး ခြင်းဖြစ်ကြောင်း၊ ဖြစ်တတ်သော သဘောအရ သေစေနိုင်သော ဒဏ်ရာ ဖြစ်ကြောင်း ခရမ်းမြို့နယ် ပြည်သူ့ ဆေးရုံမှ မတ်လ (၂၁) ရက်တွင် ပြန်ခဲ့ကြောင်း သက် ဆိုင်ရာ ရဲစခန်းမှ သိရသည်။
ထိုသို့ အချုပ်သား အချင်းချင်း သေစေ သည်အထိ မဆင်မခြင် ကန်ကျောက် ခဲ့သူ တရားရုံးမှ စစ်ဆေးဆဲ အချုပ်သားကို အရေး ယူပေးရန် ဒုရဲမှူး သက်စိုးက တရားလို ပြုလုပ် တိုင်တန်းခဲ့ပြီး ခရမ်းမြို့မရဲစခန်း၌ (ပ) ၆၄/ ၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄ (က)ဖြင့် မတ်လ (၂၁)ရက်နေ့ ည (၁၀)နာရီ (၂၀) မိနစ် အချိန် အမှုဖွင့်ပြီး အမှုစစ်တရားလိုမှ စစ်ဆေး လျက်ရှိကြောင်း ပထမ သတင်း ပေးချက်အရ သိရသည်။
Messenger News Journal
ရဲတပ်ဖွဲ့၏ နာမည်ပျက်ကို အဖတ်ဆယ်ရန်ကြိုးစားခြင်း
ထားထားမြင့်
မကြာသေးမီရက်အတွင်း က ရန်ကုန်မြို့ဆင်ခြေဖုံးတွင် လာရောက်တပ်စွဲထားသည့် ရဲတပ်ဖွဲ့တစ်စုဆီသို့ ဒေါသထွက်ကာ စိတ်ဆိုးမာန် ဆိုးဖြစ်နေသော ယောက်ျားလေး လူငယ်အုပ်စုကြီးက ချဉ်းကပ်သွားကြသည်။ ရဲအရာရှိကတော့ လူများကို စိတ်ထိန်းထားရန် တောင်းပန်သည်။ လူအုပ်ကြီးက ရဲတွေကို ရေဘူးများဖြင့် ပစ်ပေါက်နေသည့်ကြားမှ ရဲမှူးသိန်းတိုးဇော်က အသံချဲ့စက်သုံးပြီး ညှိနှိုင်းဖြေရှင်းဖို့ ကြိုးစားနေသည်။ သူ့လူများက အေးဆေးစွာ လူစုကွဲသွားသည်အထိ လူအုပ်ကြီးကို နောက်ဆုတ်ခိုင်းစေပါသည်။ နံပါတ်တုတ်များ ဆွဲမထုတ်သလို ရိုက်ခြင်း၊ နှက်ခြင်းလည်း မရှိ။
ထိုမြင်ကွင်းက တကယ့်ဖြစ် ရပ်တော့မဟုတ်ပါ။ အီးယူခေါ် ဥရောပသမဂ္ဂ၏ ငွေကြေး ထောက်ပံ့မှုဖြင့် မြန်မာရဲအရာရှိ ကြီးများနှင့် ဥရောပက သင်တန်း ဆရာတွေ၏ စောင့်ကြပ်မှုအောက် က မြန်မာရဲတပ်ရင်း အမှတ် (၈) ၏သင်တန်းလေ့ကျင့်မှုတစ်ခု သာဖြစ်ပါသည်။ ထိုသင်တန်းမှာ မြန်မာစစ်အစိုးရအုပ်ချုပ်စဉ်က ပုန်ကန်ထကြွမှုများကို နှိမ် နင်းရန် အသုံးချခဲ့သည့် ရဲတပ်ဖွဲ့ကို ပြင် ဆင်ရန်ကြိုးစားသည့် အားထုတ် မှုတစ်စိတ်တစ်ပိုင်းဖြစ်သည်။
မြန်မာစစ်အစိုးရက အရပ် သားဦးဆောင်သည့် အစိုးရသို့ ပြောင်းလဲသည့် ၂၀၁၁ ခုနှစ်မှာ စစ်အစိုးရ၏ နေ့ရက်တွေ အဆုံးသတ်ခဲ့သည်။ သို့ရာတွင် တိုင်းပြည်က ဒီမိုကရေစီလမ်းကြောင်း သို့ ကူးပြောင်းနေသည့် အချိန်တွင် ရဲတပ်ဖွဲ့အတွက် အပြောင်းအလဲများက ကိုးရိုးကားရားနိုင်လှ သည်။ စစ်တပ် နောက်ဆုတ်သွား ချိန်တွင် လူတွေက လွတ်လပ်ခွင့်ကို ပိုသဘောကျလာပြီး ဆန္ဒပြဖို့ ဘာသာရေးအဓိကရုဏ်းတွေ ပိုလုပ်လာကြသည်။ အပြောင်းအလဲက ရဲတပ်ဖွဲ့ကို လက်နက်နှင့် ငွေကြေး မပြည့်မစုံဖြစ်လာစေပြီး အဓိကရုဏ်းများတွင် ဘာလုပ်ရမှန်းမသိဖြစ်လာသည်။ တစ်ခါတစ်ရံ အင်အားအလုံးအရင်း သုံးသလို တစ်ခါတစ်ရံတော့ လူနှင့်အင်အား မမျှမတဖြစ်နေ၏။
ရဲမှူးချုပ် သူရဘိုနီက အီးယူကပေးသည့် သင်တန်းသည် သူ့အ ရာရှိများကို ထိုပြဿနာများမှ ရှောင်လွှဲနိုင်အောင် ကူညီပေး သည်ဟု ဆိုသည်။
‘‘ကျွန်တော်တို့ ဒီလုပ်ဆောင် မှုကို သင့်လျော်သလို အသုံးချရင် အဲဒီလိုပြဿနာမျိုး တွေ့လာရ တော့မှာ မဟုတ်ဘူး။ တကယ့်ကို နည်းစနစ်ကျ ခေတ်မီတဲ့ ရဲတပ်ဖွဲ့ ကသာ လူ့အခွင့်အရေးကို ကာ ကွယ်နိုင်တာပါ’’
အဆိုပါ စကားတွေက အ နောက်တိုင်း အစိုးရတွေအကြား ချင်ဆုံးစကားများဖြစ်ပါသည်။ ထို့ ကြောင့် ၎င်းတို့က မြန်မာရဲတပ်ဖွဲ့ နှင့်ပူးပေါင်းပြီး မြန်မာရဲတွေကို ကာကွယ်ရေးနှင့် အမှုထမ်းဆောင် ရေးမှာ ပိုပြီးကျွမ်းကျင်လာအောင် တွန်းအားပေးဖို့ စိတ်ထက်သန်နေ ကြခြင်းဖြစ်သည်။
သို့ရာတွင် အမှန်တကယ်အ ကောင်အထည်ဖော်ရာတွင်တော့ ထင်သလောက် မလွယ်ကူဟု မြန် မာနှင့် နိုင်ငံခြားသား ကျွမ်းကျင်သူ များက ဆိုပါသည်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ရက်စက်ကြမ်းတမ်း မှု၊ အကျင့်ပျက်လာဘ်စားမှုတို့နှင့် နာမည်ကျော်စောနေပြီး အချက် အလက်သက်သေစုဆောင်းခြင်း စသော ခေတ်မီရဲတပ်ဖွဲ့များ၏ အ ခြေခံလုပ်ငန်းဆောင်တာများကို အနည်းအပါးလောက်သာ လေ့ ကျင့်သင်ကြားခဲ့ရသည်။
‘‘ကျွန်တော်တို့အနေနဲ့ အမှန် ကို သိဖို့လိုတယ်။ ရဲတပ်ဖွဲ့ကို သိ သိသာသာကြီး ပြောင်းလဲသွားဖို့ ၁၀ နှစ်ကနေ ၁၅ နှစ်လောက်လို တယ်။ ရည်ရွယ်ချက်ကတော့ ရဲ တပ်ဖွဲ့ကို နိုင်ငံတကာ ရဲအဖွဲ့ရဲ့ စည်းကမ်းတွေအတိုင်း တိုးတက် ဖို့ပဲ။ အခုအချိန်မှာတော့ အဲဒီက နေ ဝေးပါသေးတယ်’’ ဟု မြန်မာ ရဲတပ်ဖွဲ့နှင့်လက်တွဲကာ ရေရှည်ပြောင်းလဲပြုပြင်ရေးအတွက် ဆောင်ရွက်နေသော ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုရုံး အကြီးအကဲ ဂျေဆင်အလိုက်က ပြောကြားသည်။
အနောက်တိုင်းနိုင်ငံများ၏ အားထုတ်မှုက မြန်မာနှင့် အိမ်နီး ချင်း တရုတ်နိုင်ငံအနေဖြင့် ပြိုင်ဆိုင်မှုနှင့် ရင်ဆိုင်နေရပါသည်။ အ နောက်နိုင်ငံများနှင့် ကွဲပြားသော ပုံစံဖြင့် မြန်မာရဲတပ်ဖွဲ့နှင့် တရား ဥပဒေစိုးမိုးရေးအတွက် ပူးပေါင်း ဆောင်ရွက်ရန် တရုတ်နိုင်ငံက ပြီးခဲ့သည့်နှစ်က လက်မှတ်ရေးထိုး ထားပါသည်။
ဘိန်းဖြူနှင့် စိတ်ကြွဆေးကုန်သွယ်မှုတိုက်ဖျက်ရေး မြန်မာ နိုင်ငံရဲတပ်ဖွဲ့နှင့်အတူ ဆောင် ရွက်နေသည့် အမေရိကန်အစိုး ရကတော့ အီးယူဥရောပနိုင်ငံ များထက်ပိုပြီး စိတ်အားထက် သန်စွာ ဆောင်ရွက်နေပါသည်။ ပြစ်တင်ဝေဖန်သံတွေ ညံနေသော် လည်း မြန်မာအစိုးရနှင့် လုံခြုံရေး တပ်များ ပိုမိုပူးပေါင်းဆောင်ရွက် ဖို့ ပြင်ဆင်နေပါသည်။
အမေရိကန် နိုင်ငံခြားရေးဝန် ကြီးဌာန လက်ထောက်နိုင်ငံခြား ရေးဝန်ကြီး ၀ီလျံဘရောင်းဖီးလ် က မြန်မာနိုင်ငံသို့ ပြီးခဲ့သည့် စက် တင်ဘာလက သွားရောက်ခဲ့ပြီး မြန်မာအစိုးရနှင့် နောက်ထပ်ရှေ့ ဆက် ဆောင်ရွက်ရန်ဆွေးနွေး ခဲ့သည်။ မေးမြန်းတွေ့ဆုံခန်း တစ်ခုမှာ ၎င်းက မြန်မာအစိုးရနှင့် ပတ်သက်ပြီး သူ၏ ဆောင်ရွက် မှုကို ယခုလို ပုံဖော်ပြခဲ့သည်။
‘‘၀ပ်။ လျှောက်။ ပြေးပေါ့ ဗျာ’’
အမေရိကန်အနေဖြင့် နောက် ဆုံး၌ မြန်မာနိုင်ငံအစိုးရအား ရဲများခန့်အပ်ခြင်းနှင့် ရဲတပ်ဖွဲ့ကို လူမှုအဖွဲ့အစည်းရဲတပ်ဖွဲ့အဖြစ် မည်ကဲ့သို့ ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များ သင်ကြားကူညီ ပေးသွားနိုင်မည်ဟု ဘရောင်ဖီးလ် က မျှော်မှန်းထားပါသည်။
‘‘တချို့ မြန်မာရဲတွေက ထိုင်းနိုင်ငံက နိုင်ငံတကာရဲတပ်ဖွဲ့ သင်တန်းကျောင်းမှာ မူးယစ်ဆေး ၀ါးနှိမ်နင်းရေးအတွက် အမေရိ ကန်ကပေးတဲ့ သင်တန်းတွေ တက်နေကြတယ်။ အဲဒီသင်တန်း တက်ရောက်သူတွေထဲမှာ လူ့အ ခွင့်အရေးချိုးဖောက်ထားသူတွေ မပါဝင်ဘူးဆိုတာကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ အ စစ်ခံရတယ်’’
အဆိုပါရဲအကယ်ဒမီသင် တန်းကျောင်း တာဝန်ရှိသူတစ် ဦးက ပြောကြားရာတွင် ရာဇ၀တ် မှုထောက်လှမ်းခြင်းကဲ့သို့ နောက် ထပ်သင်တန်းများ ဖွင့်လှစ်နိုင် ရေးအတွက် ၎င်းတို့က မြန်မာစ ကားပြန်ကို လိုက်ရှာနေသည်ဟု ဆိုသည်။
‘‘တံခါးဖွင့်မှုတွေ မလုပ်တုန်း က သူတို့တွေ ဒါတွေကို အောင် မြင်အောင် လုပ်နိုင်ပါ့မလားဆို တာကို စိုးရမ်တာတွေ ရှိခဲ့တယ်။ အခုတော့ သူတို့တွေက ရေမြှုပ် တွေလိုပဲ ရလေပိုပိုပြီး ထပ်ထပ် သိချင်လာလေပဲ’’ ဟု အစိုးရ အ ရာရှိတစ်ဦးက ပြောကြားသည်။
လက်ရှိရဲတပ်ဖွဲ့ကို လာမည့် နှစ်များအတွင်း ပြုပြင်ပြောင်းလဲမှု များ လုပ်သွားမည့်အရေးက အ လျင်စလိုမှုတွေ ရှိနေသည်။
၂၀၁၂ ခုနှစ် နှောင်းပိုင်းတွင် မုံရွာလက်ပံတောင်းတောင် ကြေး နီစီမံကိန်း၌ သံဃာတော်များနှင့် အရပ်သားများ ဆန္ဒပြခဲ့ပြီး အ ကြမ်းဖက်စွာ ဖြိုခွဲခဲ့ပြီးနောက်ပိုင်း တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာ ၀န် ချတောင်းပန်ရန် ဖိအားပေးခံရ သည်။
နိုင်ငံတကာအဖွဲ့အစည်းအ ချို့က မြန်မာရဲတပ်ဖွဲ့သည် မကြာ သေးမီက ဖြစ်ပွားခဲ့သော မွတ်စ လင်ဆန့်ကျင်ရေး အကြမ်းဖက်မှု များတွင် ပြဿနာတစ်ခုအဖြစ် ထောက်ပြခဲ့သည်။ မြန်မာနိုင်ငံ အလယ်ပိုင်း မိတ္ထီလာမြို့တွင် လူအုပ်ကြီးက မွတ်စလင်အများ စုကို သတ်ဖြတ်နေသည့် အချိန် တွင် ရဲများက ဘာမျှမလုပ်ဘဲ ရပ် ကြည့်နေခဲ့သည်။ မြန်မာနိုင်ငံက အခြားဆန္ဒပြပွဲများမှာ ရဲများ၏ တုံ့ပြန်မှုနှင့် ယခုတုံ့ပြန်မှုက ကွဲ ပြားခြားနားလှသည်ဟု စောင့် ကြည့်သူများက ဆိုပါသည်။ သမ္မ တဦးသိန်းစိန်နှင့် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်တို့က မြန်မာရဲများကို လူ အုပ်စု ထိန်းချုပ်ရန်သင့်လျော် သော ထိန်းချုပ်မှုလုပ်ရေး သင် တန်းများပေးရန် တောင်းဆိုခဲ့ရာ မှ အီးယူသင်တန်းအစီအစဉ် ဖြစ် လာခဲ့ခြင်းဖြစ်သည်။
သမ္မတဦးသိန်းစိန်၏ ထိပ် တန်းအကြံပေးတစ်ဦးဖြစ်သူ ဒေါက်တာ အောင်ထွန်းသက်က ဗြိတိ သျှကို လိုနီခေတ်ကတည်းကရှိခဲ့ သည့် ရဲများ၏ အခန်းကဏ္ဍကို ယခုဒီမိုကရေစီနိုင်ငံဖြစ်ချိန်မှာ ပြောင်းလဲဖို့ လိုအပ်နေပြီဟုဆို သည်။
‘‘ရဲတွေရဲ့ ပုံစံက ခြားနား သွားပြီလေ’’
သို့ရာတွင် လူအုပ်စုနှင့် မငြိမ်သက်မှုများကို ရဲများကိုင် တွယ်ခြင်းက ပြဿနာပိုကြီးစေ သည်ဟု အချို့ပညာရှင်များက ဆိုသည်။ မြန်မာနိုင်ငံတွင် ရဲများ၏ လစာက နိမ့်ပါး၏။ ထို့ကြောင့် ရဲအရာရှိများကို အလုပ်လုပ်နိုင် စေရန် အဆင့်အလိုက် အကျင့် ပျက်ခြစားမှုများ လုပ်ကိုင်ခွင့်ပေး ထားရသည်။
အများစုကတော့ ရဲများကို ရေပိုက်တွေ၊ ဒိုင်းအကာတွေလို လက်နက်ဖြည့်တပ်ဆင်ပံ့ပိုးမှုနှင့် ပတ်သက်ပြီး အငြင်းပွားစရာတွေ ရှိလာသည်။ ထိုကဲ့သို့ ပေးအပ် ခြင်းက ဆန္ဒပြလူအုပ်တွေကို ဖြို ခွင်းနှိမ်နင်းမှုတွေ လုပ်ရာမှာ ပို အားကောင်းလာစေသည်ဟု ဆို သည်။
နှစ်ဖက်စလုံးမှ ပြောကြား ရာတွင် မကြာသေးမီက ပြုလုပ်ခဲ့ သော ရဲသင်တန်းများက အနာ ဂတ်အတွက် ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲ ပစ်ရန်ကတော့ အချိန်ယူရပါ မည်ဟု ဆိုသည်။
ရဲအရာရှိများကို လေ့ကျင့် ပေးနိုင်သလို ပြောင်းလဲမှုများအ တွက် ပြင်ဆင်ပေးနိုင်ခြင်း ရှိ၊ မရှိ သေချာရန်ကတော့ အရေးကြီးလှ ပါသည်ဟု သင်တန်းဆရာများက ဆိုပါသည်။
‘‘စိတ်အတွေးအခေါ်တွေ ပြောင်းလဲဖို့ဆိုတာကတော့ တ ကယ့် စိန်ခေါ်မှုပဲ’’ ဟု ရဲအရာရှိ ပက်ထရစ်ဂစ်စတဲနစ်က ပြော ကြားသည်။ သူက သတင်းစာ ဆရာများအား သင်တန်းလေ့ကျင့် ရာ နေရာများကို ဦးဆောင်ပြသ ခဲ့သည်။ ရဲများက သတင်းမီဒီယာ များအတွက် သူတို့၏ တံခါးများ ကို ဖွင့်ပေးခဲ့သည်မှာ ပြောစမှတ် ဖြစ်စရာတစ်ခုဖြစ်ခဲ့၏။
သို့ရာတွင် မြန်မာနိုင်ငံသား များ ရဲများအပေါ် အမြင်ပြောင်း လဲစေဖို့ ပြည်သူ့ဝန်ဆောင်မှုလုပ် ငန်းများ လုပ်ဆောင်ခြင်းက အ ခက်အခဲတစ်ခုဖြစ်ပါလိမ့်မည်။ မြန်မာပြည်သူအများစု၏ ရဲတွေ အပေါ် အမြင်က အတော်များ များ မပြောင်းလဲသေးပါ။
တပ်မတော်ဟု သိကြသည့် မြန်မာစစ်တပ်က ရဲတပ်ဖွဲ့အပေါ် သြဇာလွှမ်းမိုးထားဆဲဖြစ်၏။ ယခု အချိန်ထိ ထိပ်တန်းရဲအရာရှိကြီး အများစုက မြန်မာစစ်တပ်မှ အ ရာရှိဟောင်းကြီးများဖြစ်သည်။
စစ်အုပ်ချုပ်ရေး အဆုံးသတ် မှုနှင့်အတူ မြန်မာနိုင်ငံရဲတပ်ဖွဲ့ သည် ယခင်ကထက် အနည်းငယ် တော့ ပိုကောင်းမွန်လာသည်ဟု ၈၈ မျိုးဆက်ကျောင်းသားခေါင်း ဆောင် ဦးကိုကိုကြီးက ပြောကြား သည်။ သူက ရဲတပ်ဖွဲ့မှနေ လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များအ ထိ မြန်မာနိုင်ငံ၏ နိုင်ငံတော်လုံခြုံ ရေးကဏ္ဍများတွင် စစ်တပ်က နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေ တုန်းပဲဟုဆိုသည်။
‘‘အဲဒီလူဟောင်းတွေက တ ကယ့်ကို ပြောင်းလဲဖို့ သိပ်ခက်တဲ့ လူတွေ’’
(၀ါရှင်တန်ပို့စ်သတင်းစာပါ ဆောင်းပါးရှင် Joseph J.Schatz ၏ Burma tries to overhaul its iron-fisted police ဆောင်းပါးကို ထားထားမြင့် ဘာသာပြန်ဆို သည်)င်း ဆောင် ဦးကိုကိုကြီးက ပြောကြား သည်။ သူက ရဲတပ်ဖွဲ့မှနေ လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များအ ထိ မြန်မာနိုင်ငံ၏ နိုင်ငံတော်လုံခြုံ ရေးကဏ္ဍများတွင် စစ်တပ်က နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေ တုန်းပဲဟုဆိုသည်။
‘‘အဲဒီလူဟောင်းတွေက တ ကယ့်ကို ပြောင်းလဲဖို့ သိပ်ခက်တဲ့ လူတွေ’’
(၀ါရှင်တန်ပို့စ်သတင်းစာပါ ဆောင်းပါးရှင် Joseph J.Schatz ၏ Burma tries to overhaul its iron-fisted police ဆောင်းပါးကို ထားထားမြင့် ဘာသာပြန်ဆို သည်)
ဖေဖော်ဝါရီ၂၀ရက်တွင် ရန်ကုန်မြို့ အမှတ်(၈)ရဲတပ်ရင်း၌ လူစုလူဝေးထိန်းသိမ်းနည်း လေ့ကျင့်သင်ကြားနေစဉ်။ ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
7Day News
မနေ့က ဘီဘီစီမှာ ဆွေးနွေးသွားတာလည်း သဘောကျတယ်။ ၃ သိန်း ကိစ္စပါ။ အဲဒီအထဲက ကောက်နှုတ်ရရင် ...
၁။ ဥပဒေထဲမှာ "တံစိုးလက်ဆောင်ကို" လာဘ်ပေးလာဘ်ယူ ပုံစံ အကျိုးအမြတ် အတွက် လက်မခံရဘူးလို့ အတိအကျ ပြဌာန်းထားတာကို သမ္မတက အမိန့်နဲ့ လွှမ်းမိုးတာမျိုး ဖြစ်လို့ ... ဥပဒေကြောင်းအရ အဆင်မပြေလို့ ... လွှတ်တော်မှာ ဥပဒေကို ပြန်ဆွေးနွေးဖို့ လိုမယ်
၂။ လက်ခံနိုင်တယ် ဆိုရင်တောင် ပမာဏ တစ်ခုဟာ ဆုံးဖြတ်ချက်ကို ထိခိုက်စေတဲ့ ပမာဏ မဖြစ်စေသင့်ဘူး။ဥပမာ ယူကေမှာ လက်ဆောင် လက်ခံရင် ပေါင် ၃၀ ထက် မပိုတဲ့ ပမာဏလို့ သတ်မှတ်ပါတယ်။ ဒါဟာ အခြေခံ ဝင်ငွေရတဲ့ အနိမ့်ဆုံး အလုပ်သမားရဲ့ ၅ နာရီ (သို့) တရက်လုပ်စာတောင် မရှိပါဘူး။ လူနှစ်ယောက် အလတ်စား စားသောက်ဆိုင်တစ်ဆိုင်မှာ ဖောဖောသီသီ မစားဘဲ ပုံမှန်စားရင်တောင် ၃၀ ကျော် ကျပါတယ်။
မြန်မာပြည်မှာ ၃ သိန်းဆိုတဲ့ ပမာဏဟာ မြန်မာပြည်ရဲ့ ဝင်ငွေ သုံးငွေ တွေနဲ့ တိုင်းရင် ဆုံးဖြတ်ချက်ကို ပြင်အောင် (ဥပမာ ခွင့်မပြုနိုင်တာကို ခွင့်ပြုအောင်) လုပ်နိုင်တဲ့ ပမာဏ ဖြစ်လို့ လက်ခံသင့်တယ် ဆိုရင်တောင် ပမာဏကို လျော့သင့်တယ်လို့ ဆွေးနွေးတာတွေကို သဘောကျမိပါတယ်။
(ကိုထိုက်)
မြန်မာနိုင်ငံမှာ ပညာရေးကို ဗဟို ချုပ်ကိုင်မှုက လွတ်သင့်တယ် ဆိုတာကို ဆွေးနွေးဖြစ်တယ်။
ဆွေးနွေးရင်း စိတ်ထဲမှာ ကလိချင်စိတ် ပေါ်လာတယ်။ မကောင်းဘူး ဆိုတာ သိတယ်။ ဒါပေမယ့် ကလိချင်စိတ်နဲ့ စိတ်ထဲ ရှိတဲ့အတိုင်း ချရေးတာပါ။
အနောက်နိုင်ငံတွေမှာ ကတ်သလစ် ကျောင်း ဆိုတာမျိုးတွေရှိတယ်။ ကတ်သလစ် ဘုန်းတော်ကြီးတွေက ပညာ သင်ပေးကြတာမျိုးပေါ့။ အစိုးရက ဝင်မစွက်ဘူး။
အဲဒီလို ပုံစံမျိုး ဖြစ်လာရင် မြန်မာနိုင်ငံမှာလည်း တက္ကသိုလ်ကြီးတွေက မီဒီယာအတွက် ဘွဲ့လွန်၊ ဘွဲ့ကြို၊ ဒေါက်တာဘွဲ့တွေ ပေးတယ် ဆိုပေမယ့် ....
ဝီမီဒီယာကျောင်းတွေ (သို့) မွတ်စိုးရိမ်ဝီမီဒီယာ သင်တန်းကျောင်းတွေကို မယှဉ်သာတဲ့ အခါ ....
- မြန်မာ့ မီဒီယာလောကမှာ ရှိတဲ့ ဒိတ်ဒိတ်ကျဲ ဆိုသူတွေဟာ တက္ကသိုလ်တွေက ကျောင်းပြီးတဲ့ လူတွေ မဟုတ်တာမျိုး၊ ....
- ကျောင်းက မီဒီယာ သင်တဲ့ အတန်းတွေမှာ သင်တန်းသား အပ်သူတွေ မရှိကြလို့ ရန်ကုန် တက္ကသိုလ် အပါအဝင် တက္ကသိုလ်ကြီးတွေက မီဒီယာ အတန်းတွေကို ပိတ်ဖို့ စဉ်းစားရတာမျိုး၊ ....
- မီဒီယာ ဘာသာကို သင်ကြားပေးမယ့် ဆရာတွေ အလုပ်မဖြစ်တော့လို့ အခြားဘာသာတွေကို ပြောင်းရတာမျိုးတွေများ ဖြစ်လာလေမလား ...
မြန်မာ့ တက္ကသိုလ်ကြီးများ အနာဂါတ် အရေး စိုးရိမ်မိတော့တာပါပဲ။
(ကိုထိုက်)
ဒီနေ့ဆိုင်အတွက်လိုအပ်တာတွေဝယ်ဖို့မြို့ထဲသွားတယ်
အကုန်ကိစ္စ၀ိစ္စပြီးတော့မဂိုလမ်း(ရွှေဘုံသာလမ်း)က
သူငယ်ချင်းတွေကိုဝင်နှုတ်ဆက်ဖိတ်စရာရှိတာဖိတ်ပြီး
ပြန်ဖို့မဂိုလမ်း(အထက်ဘလောက်)ကဘိန်းစားတန်းလို့ခေါ်တဲ့လူအင်မတန်ရှုပ်တဲ့
နေရာမှာကားငှားဖို့ကားစောင့်နေတုန်း
ငတလေးကောင်ဘေးနားရောက်လာတယ်
နာရီတစ်လုံးကိုင်ပြီး
(တစ်ယောက်ကနာရီကိုင်ပြီးဈေးခေါ်လာတယ်
ကျန်သုံးယောက်ကဝယ်ချင်လို့ဈေးအတင်းလိုက်ညှိနေဟန်နဲ့)
နာရီကိုင်ထားသူကဈေးတစ်ခုပြောတယ်
နာရီမှာသြစတေးလျတစ်ဦးဆီမှရရှိကြောင်း
ကျန်၃ယောက်က၄၅၀၀၀ ကျပ်ယူပြီးရောင်းခိုင်းနေတယ်
ဟိုတစ်ယောက်ကကြိုက်ဈေးမရလို့မရောင်းချင်ဟန်နဲ့
ခပ်လှမ်းလှမ်းမှာသွားရပ်နေတော့
သိပ်ဝယ်ချင်နေတဲ့၃ယောက်ကကျနော့်ဘေးမှာရပ်လိုက်ပြီး
နာရီကRolexကြီး၊ချယ်ရီဦးနာရီဆိုင်ကိုသွားပြန်ရောင်းလျှင်
သေချာပေါက်အနည်းဆုံးကျပ်လေးသိန်းရနိုင်မည်ဖြစ်ကြောင်း
နာရီကဘယ်လိုကောင်း၍လိုချင်နေကြောင်းပြောပါတော့တယ်
ဟဲဟဲ ဒီကောင်တွေကျနော့်ကိုမဂိုလမ်းထွက်မှန်းမသိဘူးထင်ပါတယ်
ဒါမှမဟုတ်အိတ်တစ်လုံးလွယ်ထားတဲ့ကိုယ့်ပုံကပဲ
အချဉ်ရုပ်ပေါက်နေလို့လားတော့မသိပါဘူး
အေးလေ သူတို့ကကိုယ့်ကိုအချဉ်ထင်နေမှတော့
ကိုယ်ကလည်းသံပုရာသီးလုပ်ကြည့်ရသေးတာပေါ့လို့တွေးလိုက်ပြီး
ကားဆက်မငှားတော့ဘဲသူတို့အုပ်စုအရောင်းအဝယ်လုပ်ဖို့ကြိုးစားနေတာကို
စိတ်ဝင်စားဟန်ပြပြီးသံယောင်လိုက်လိုက်ပါတော့တယ်
ကျနော် - နာရီကဈေးတန်တယ်ဟလား!
ထိုသူများ - ဟုတ်တယ်အကို အရမ်းတန်တယ်
ချယ်ရီဦးမှာသွားရောင်းရင်ကျိန်းသေသိန်းချီမြတ်တယ်
ကျနော်တို့ကိုပွဲစားထင်ပြီးကောင်လေးကမရောင်းရဲဖြစ်နေတာ
သူတောင်းတဲ့ဈေးကလည်းငွေမလောက်လို့ဗျာ
နိုင်ရင်ကျနော်တို့ယူလိုက်ပြီ
ကျနော်- ဒါဆိုစိတ်ဝင်စားတယ်ဗျာ
ဟုပြောပြီးအတူပါလာတဲ့ကျနော့်ညီလေးကိုမျက်စိမှိတ်ပြကာ
ကျနော်တို့၂ယောက်လည်းဒီကောင်တွေအုပ်စုရှိုးနေမှန်းသိလို့
နာရီဘယ်လိုမိုက်ကြောင်း တန်ကြောင်း
ဝယ်ချင်နေကြောင်းပြောဆိုဟန်လုပ်နေပြတော့
ဟဲဟဲ ရောင်းချင်တဲ့ကောင်လေးချက်ခြင်းပြေးလာပြီး
ရောင်းလိုသူ- အကိုနာရီဝယ်မလို့လား
ကျနော်ဟိုအုပ်စုတွေကိုမရောင်းချင်ဘူး
သူတို့ကပွဲစားတွေ ကျနော့်ကိုဈေးနှိမ်နေကြတာ
ဒီနာရီကိုကျနော်သြစတေးလျတစ်ယောက်ဆီကရတာအကိုရ
ငွေအရမ်းလိုလို့သာရောင်းရမှာ
အကိုဘယ်လောက်နိုင်လဲဗျာ
ကျနော်- အကိုတို့ကဈေးဝယ်လိုက်လို့ညီလေးရာ
လက်ထဲမှာပိုက်ဆံသိပ်မကျန်တော့ဘူး
ရောင်းလိုသူ-အကိုတို့မှာဘယ်လောက်ကျန်လဲပြောကြည့်လေ
၃၊၄သောင်းလောက်မကျန်ဘူးလား
ကျနော် - အေးကွာ တကယ်မကျန်တော့လို့
လက်ထဲမှာအခုတက်စီခ ၅၀၀၀ ပဲကျန်တယ်
အကိုပြန်ပြီးပစ္စည်းတွေထားလိုက်မယ်
ပြီးမှပိုက်ဆံယူပြီးပြန်လာဝယ်မယ်ကွာ
အကို့ဆိုင်ကသိပ်မဝေးပါဘူးကွာ
ရောင်းလိုသူ- အကိုကဆိုင်ပြန်မှာလား
ဒါဆိုကျနော်တစ်ခါတည်းလိုက်ခဲ့လိုက်မယ်လေ
အကို့ဆီကပိုက်ဆံရရင်ကျနော်လည်းကားငှားပြီးပြန်လိုက်မယ်
ကျနော် - မဖြစ်ဘူးညီလေးရ အကိုတို့အလုပ်ကရှိသေးလို့
ညီလိုက်လို့မရဘူး
ရောင်းလိုသူ - အကိုတကယ်ပြန်လာဝယ်မယ်မှတ်လား
ကျနော် - အေး မင်းဒီမှာပဲရှိမယ်မလား
ရောင်းလိုသူ - ရှိမယ်အကို ၊ အကို့ဖုန်းနံပါတ်ပေးခဲ့ပါလား
ဖုန်းနံပါတ်တစ်ခုခုထုတ်ပြောဖို့လုပ်နေတုန်း
ကျနော်နဲ့အတူပါလာတဲ့ညီလေးကကားငှားလိုက်တော့
ကားပေါ်တက်လိုက်ရတော့တာပေါ့
ဒါတောင် သကောင့်သားကဇွဲမရှော့ရှာဘူး
သူ့ဖုန်းနံပါတ်ကိုအတင်းပေးပြီးမှတ်ခိုင်းနေသေးတယ်
ကားထွက်လာမှကားပေါ်မှာညီလေးနဲ့ကျနော်
ပြောပြောပြီးရယ်ပွဲဖွဲ့ဖြစ်ကြလေရဲ့
မနေ့တစ်နေ့ကဒီလမ်းထဲရောက်လာတဲ့ကောင်တွေ
ကိုယ်တွေကိုပါပြန်ပတ်ဖို့ကြိုးစားနေသေးတယ်
ဒါပါနဲ့ဆိုကျနော် ၃ ခေါက်လောက်ရှိပြီ
ဒီကောင်တွေကျနော့်ကိုအချဉ်ဖမ်းဖို့အနားမှာ
ရုပ်ရှင်လာလာရိုက်ကြတာ
ကြုံဖူးထိဖူးတဲ့သူတွေတော့သိကြမှာပါ
မကြုံဖူးတဲ့သူတွေသတိပြုရှောင်ကြဉ်နိုင်အောင်ပြောပြတာပါ
ဒီကောင်တွေလိုဇာတ်လမ်းလုပ်ပြီးလူတွေကိုလိမ်နေတာ
အဲ့ဒီနားမှာဟိုးအရင်ကတည်းကရှိပါတယ်
ရောင်းဖို့ကြိုးစားတဲ့သူနဲ့ဝယ်ဖို့ဈေးလိုက်ညှိနေတတ်တဲ့သူတွေကတစ်အုပ်စုထဲပါ
အဲဒီ့ဘိန်းစားတန်းမှာသူတို့ရုပ်ရှင်ရိုက်ပြီးနာရီတွေ၊မျက်မှန်တွေ
အရောင်းအဝယ်လုပ်တာကိုလမ်းထဲမှာတော့
ထောင်ရိုက်တယ်လို့ခေါ်ပါတယ်
သူတို့ပြောတာယုံပြီး လောဘတက်တဲ့သူ၊
အချောင်လိုချင်တဲ့သူတွေကတော့အချဉ်ဖြစ်သွားတတ်ပါတယ်
အသိနဲ့သတိပြုဆင်ခြင်နိုင်ကြပါစေဗျာ ။
ွ(မှတ်ချက် ။ ။ သူတို့ရောင်းတဲ့နာရီနဲ့မျက်မှန်တွေကအတုတွေပါ
နာရီတွေကိုတော့ပန်းဘဲတန်းနာရီဆိုင်တွေက ၅၀၀၀ကျပ်ထက်မပိုတဲ့
Brand အတုတွေနဲ့မျက်မှန်ကတော့မဂိုလမ်းထဲကဆိုင်တွေဆီကပြန်ဝယ်ပြီးလိမ်ရောင်းနေကြတာပါ)
လင်းခန့်ဇော်
သမိုင်း၏ လစ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရခြင်း နောက်ကွယ်မှာ ဦးနေ၀င်း ပါဝင်ပတ်သက်နေသလား
(၁)
တိုင်းပြည်ကို ချောက်ထဲဆွဲချပြီး စနစ်ဆိုးကို လက်ဆင့်ကမ်း အမွေပေးခဲ့သူတွေ၊ သူတို့နဲ့ ဆက်နွှယ်သူတွေက ဒီအချိန်မှာ တစ်ကျော့ပြန်ခေါင်းထောင်ဖို့ ကြိုးစားနေကြတာကို တွေ့နေရပါတယ်။
ပြည်သူလူထုက သူတို့ရဲ့ ဆိုးမွေးတွေကို အခုချိန်ထိ ခါးစည်းခံနေ ကြရတုန်းပါ။ ဆင်းရဲမွဲတေမှုနဲ့ ဒုက္ခတရားတွေက ပြည်သူလူထုကို ဖိစီးထားဆဲ ဖြစ်ပါတယ်။
သမိုင်းရဲ့ အလှည့်အပြောင်း တစ်ခုအဖြစ် အာဏာရှင်စနစ်ကို ဖက်တွယ်ပြီး အာဏာတည်မြဲရေးအတွက် စနစ်ဆိုးကို အသက်သွင်းခဲ့သူတွေ၊ သူတို့နဲ့ ဆက်နွှယ်သူအချို့ဟာ အဖမ်းခံရပြီး နှစ်ရှည်ထောင်ကျခဲ့ပါတယ်။
ထောင်ဒဏ်ရက်မစေ့ဘဲသူ တို့ပြန်လွတ်ချိန်မှာ စကားတစ်ခွန်းကို ကျွန်တော်တို့ ပြောခဲ့ပါတယ်။ ‘ခွင့်လွှတ်လို့ရတယ်။ ဒါပေမဲ့ မေ့ပစ်ဖို့တော့ မဟုတ်ဘူး’ ဆိုတာ ဖြစ်ပါတယ်။
အာဏာရှင်တွေနဲ့ ပတ်သက်လာရင် မေ့ပစ်လို့မရတာတွေ ရှိပါတယ်။ ခွင့်လွှတ်တယ်ဆိုတာက လူသားချင်းစာနာတဲ့အတွက် ပြောခဲ့တာ ဖြစ်ပါတယ်။ တစ်ကျော့ပြန်လာဖို့ အခွင့်အရေးပေးခဲ့တာ မဟုတ်ပါဘူး။
ဒါပေမဲ့ တစ်ချိန်တုန်းက အာဏာရှင်တွေ၊ သူတို့ဆက်နွှယ်နေသူတွေဟာ ပြည်သူလူထုရဲ့ ခွင့်လွှတ်မှုကို အခွင့်ကောင်းယူပြီး နိုင်ငံရေးလောကထဲ တစ်ကျော့ပြန်ဝင်ဖို့ ကြိုးစားနေတာကို တွေ့နေရပါတယ်။
သူတို့က ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မ၀င်ပါဘူး။ နိုင်ငံရေးပါတီထောင်ဖို့ စိတ်ကူးမရှိပါဘူးလို့ ပြောနေပေမဲ့ တိုင်းပြည်နဲ့ လူမျိုးအတွက်လို့ ခေါင်းစဉ်တပ်ပြီး ‘အမျိုးသားနိုင်ငံရေး’ လုပ်မယ်ဆိုတဲ့ ပြောဆိုမှုတွေ ကြားနေရပါတယ်။ သူတို့ရဲ့ ခြေလှမ်းတွေအရ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မ၀င်ဘူးဆိုသည့်တိုင် ၂၀၁၅ ခုနှစ်နောက်ပိုင်း ၀င်မလား၊ မ၀င်ဘူးလားဆိုတာကို တိတိပပ ပြောထားတာ မရှိပါဘူး။
(၂)
ဒီရက်ပိုင်း သတင်းဂျာနယ် စာမျက်နှာအချို့နဲ့ အင်တာနက် စာမျက်နှာတွေမှာ သက်တော်ရှည် အာဏာရှင်ဟောင်း ဦးနေ၀င်းရဲ့မြေး ဦးအေးနေ၀င်းရဲ့ ပြောကြားချက်တွေကို တွေ့နေရပါတယ်။ ဧရာဝတီ သတင်းဌာနရဲ့ ဖော်ပြချက်မှာ ‘၈၈ အာဏာသိမ်းလုပ်ရပ်ဟာ မှန်ကန်တဲ့လုပ်ရပ်’ လို့ သူကဆိုတယ်။ ‘စစ်တပ်ဆိုတာ မိုးပေါ်ထောင်မပစ်ဘူး။ တည့်တည့်ပစ်တယ်’ လို့ပြောခဲ့တဲ့ ဦးနေ၀င်းစကားကို သူက ကာကွယ်ပြောဆိုပါတယ်။ လူတွေ အသေအပျောက် မများအောင် နိုင်ငံရေးခေါင်းဆောင်တစ်ဦး အနေနဲ့ သတိပေးတဲ့ စကားလို့ သူကပြောပါတယ်။ သူ့ပြောကြားချက်အားလုံးရဲ့ အနှစ်ချုပ်က ဦးနေ၀င်း လုပ်ခဲ့သမျှ အကောင်းဘက်ကချည်းပဲဆိုတဲ့ ယူဆချက် ဖြစ်ပါတယ်။
မတ်လ ပထမပတ်ထုတ် The Messenger သတင်းဂျာနယ်မှာပါတဲ့ ဦးအေးနေ၀င်း အင်တာဗျူးမှာလည်း ဒီသဘောတရားတွေကို တွေ့ရပါတယ်။ ၁၉၆၂ ခုနှစ် မတိုင်မီ ပါလီမန်ဒီမိုကရေစီခေတ်ဟာ တပ်မတော်အစိုးရ လက်ထက်ရော၊ လမ်းစဉ်ပါတီထက်ပါ ပိုဆိုးခဲ့တယ်လို့ သူကဆိုပါတယ်။ ဆိုရှယ်လစ်စနစ်ကို ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် လိုလားခဲ့တယ်။ ဦးနေ၀င်းက ဗိုလ်ချုပ်အောင်ဆန်းကို လုပ်ဖော်ကိုင်ဖက်တစ်ယောက် အနေနဲ့ လေးစားတဲ့အတွက် ဗိုလ်ချုပ်အောင်ဆန်းဖြစ်ချင်တဲ့ ဆန္ဒကို အကောင်အထည်ဖော်ပြီး ဦးနေ၀င်းကိုယ်တိုင်လည်း သက်ဝင်ယုံကြည်လို့ လုပ်ခဲ့တယ်လို့ ဦးအေးနေ၀င်းက ပြောပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဦးနေ၀င်းဟာ ညီအစ်ကိုဆက်ဆံရေး ရှိခဲ့တယ်လို့ သူကဆိုပါတယ်။ ဒါတွေအပြင် ဦးနေ၀င်းရဲ့ အဆွယ်အပွားတွေ ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးစောမောင်၊ ဦးခင်ညွန့်တို့ကိုလည်း ကာကွယ်ပြောဆိုတာ တွေ့ရပါတယ်။
ဦးနေ၀င်းဟာ ဗိုလ်ချုပ်အောင်ဆန်းကို အမှန်တကယ်ပဲ လေးစားခဲ့သလား။ သူတို့ဆက်ဆံရေးဟာ ညီအစ်ကိုဆက်ဆံရေး ရှိခဲ့တာ အမှန်ပဲလား။ ဒီမေးခွန်းတွေရဲ့ အဖြေဟာ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရမှု နောက်ကွယ်မှာ ဦးနေ၀င်း ပါဝင်ပတ်သက်နေသလားဆိုတဲ့ အယူအဆနဲ့ သက်ဆိုင်နေပါတယ်။
(၃)
ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရမှု နောက်ကွယ်မှာ ဦးနေ၀င်း ပါဝင်ပတ်သက်နေသလားဆိုတာ သမိုင်းလစ်ကွက်တစ်ခုအဖြစ် ရှိနေတုန်းပါ။ ဖြစ်နိုင်ဖွယ် ယူဆချက်များစွာကို ဦးခင်အောင်ရေးသားခဲ့တဲ့ Who Killed Aung San? စာအုပ်မှာ ဖော်ပြထားပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်တွေကို လုပ်ကြံဖို့ ဂဠုန်ဦးစောက စေခိုင်းခဲ့တယ်။ ဒီအတွက် ဂဠုန်ဦးစောနဲ့ အပေါင်းအပါတွေကို ကြိုးပေးကွပ်မျက်ခဲ့တယ်ဆိုတာ လူသိများပြီး တရားဝင်သမိုင်း ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဦးစောဟာ ဗိုလ်ချုပ်ကို ဘာကြောင့်လုပ်ကြံခဲ့တာလဲ။ ဦးစောကို ဘယ်သူက စေခိုင်းခဲ့သလဲ ဒါမှမဟုတ် ဦးစောရဲ့ မကျေနပ်ချက်ကို မီးမြှင့်ပေးခဲ့သူက ဘယ်သူလဲဆိုတဲ့ မေးခွန်းတွေ ရှိနေပါတယ်။
မတ် ၁၆ ရက်ထုတ် လျှပ်တစ်ပြက်ဂျာနယ်မှာ ‘ဂဠုန်ဦးစောကို ဘယ်သူလုပ်ကြံခဲ့သလဲ’ ဆိုတဲ့ ရေးသားချက်အချို့ကို ပြန်ပြီးဖော်ထုတ် တင်ပြခဲ့ပါတယ်။
၁၉၈၇ ခုနှစ်မှာ ဒေါက်တာကျင်ဟိုးနဲ့ ဦးမြလှိုင်တို့ အမေရိကန်မှာတွေ့ဆုံပြီး မေးမြန်းချက်ကို ရေးသားထားပါ။ အဲဒီမှာပါတဲ့ အချက်အလက်တွေအရ ဂဠုန်ဦးစောကို လုပ်ကြံဖို့အတွက် ရန်ကုန်ဘဆွေနဲ့ ဦးမြလှိုင်တို့ကို ဦးနေ၀င်းက လျှို့ဝှက်ခိုင်းစေခဲ့ဖူးပါတယ်။ ဒီအကြောင်းကို သိတဲ့သူတွေက ဦးနေ၀င်း၊ ဗိုလ်မှူးချုပ်အောင်ကြီး၊ ရန်ကုန်ဘဆွေနဲ့ ဦးမြလှိုင်တို့ လေးဦးတည်း ဖြစ်ပါတယ်။
အာဏာရှင်တွေဟာ သူတို့အာဏာရရှိဖို့၊ တည်မြဲဖို့အတွက် နည်းပရိယာယ်နဲ့ ကောက်ကျစ်မှုကို ပေါင်းစပ်ပြီး ဘယ်သူသေသေ ငတေမာရင် ပြီးရောဆိုတဲ့ မက်ခီယာဗယ်လီနည်းကို အမြဲသုံးတတ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရမှုမှာ ဦးနေ၀င်း ပါဝင်ပတ်သက်နေသလားဆိုတဲ့ မေးခွန်းက ရှိနေဆဲဖြစ်ပါတယ်။ ဒီမေးခွန်းတွေကို ပြန်လည်ချေပနိုင်သူတွေလည်း မရှိသေးပါဘူး . . . . .
၁၉၄၆ ခုနှစ် စက်တင်ဘာ ၂၁ ရက်မှာ ဦးစောကို လုပ်ကြံဖို့ သူတို့ကြိုးစားခဲ့ပါတယ်။ ဦးမြလှိုင်က ကားမောင်းပြီး ရန်ကုန်ဘဆွေက ပစ်ပါတယ်။ ဒါပေမဲ့ ဦးစော အသက်မသေခဲ့ပါဘူး။ နဖူးရှပ်ထိဒဏ်ရာ ရခဲ့ပါတယ်။ ဦးမြလှိုင်ရဲ့ ပြောကြားချက်တွေအရ အသေမပစ်ဘဲ သေရာပါ ဒဏ်ရာရအောင် လုပ်ခဲ့တာပါ။
အဲဒီအချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အောင်မြင်မှုကို ဦးစောက မကျေမနပ်ဖြစ်နေတဲ့ အချိန်ပါ။ နိုင်ငံရေးပြိုင်ဘက်တွေ ဖြစ်နေပါတယ်။ ဗြိတိသျှတို့ပေးတဲ့ ဒိုမီနီယံကို ဗိုလ်ချုပ်က လုံးဝလက်မခံဘဲ လုံးဝလွတ်လပ်ရေးကို တောင်းပါတယ်။ ဦးစောက ဒိုမီနီယံကို လိုလားပါတယ်။ အောင်ဆန်း-အက်တလီ စာချုပ်မှာလည်း ဦးစောနဲ့ သခင်ဗစိန်တို့က လက်မှတ်မထိုးဘဲ ငြင်းဆန်ခဲ့သူတွေပါ။
နိုင်ငံရေးအရ ပုဂ္ဂိုလ်ရေး အာဃာတတွေ ရှိနေချိန်မှာ သူ့ကိုလုပ်ကြံသူဟာ ဗိုလ်ချုပ်အောင်ဆန်းပဲ ဖြစ်မယ်လို့ ဦးစောက တစ်ထစ်ချ ယုံကြည်ခဲ့ပါတယ်။ ဒါကြောင့် သူလုပ်ကြံခံရပြီး သိပ်မကြာခင်မှာပဲ ညပိုင်းဧည့်ခံပွဲတစ်ခုမှာ ဗိုလ်ချုပ်ကိုလုပ်ကြံဖို့ ကြံစည်ပါတယ်။ ဒါပေမဲ့ လုပ်ကြံဖို့သွားတဲ့သူက ဧည့်ခံပွဲကို ဗိုလ်ချုပ်အောင်ဆန်း မလာဘူးလို့ လိမ်လည်ခဲ့တာကြောင့် လုပ်ကြံမှု မဖြစ်ခဲ့ပါဘူး။ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ လုပ်ကြံမှုမှာ ဗိုလ်ချုပ်နဲ့ အာဇာနည်ကိုးဦး ကျဆုံးခဲ့ပါတယ်။
အခြားတစ်ဖက်မှာတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဦးနေ၀င်းဟာ ရဲဘော်သုံးကျိပ် အဖွဲ့မှာကတည်းက ဆန့်ကျင်ဘက်အုပ်စုတွေ ဖြစ်ပါတယ်။ တစ်ဦးနဲ့တစ်ဦး အစေးမကပ်ခဲ့ပါဘူး။ ဗိုလ်ချုပ်ရဲ့ အောင်မြင်မှုကို မရှုစိမ့်သူတွေထဲမှာ ဦးနေ၀င်းလည်း ပါဝင်ခဲ့ပါတယ်။ ဒီအချက်တွေကို နောက်ပိုင်း သူအာဏာရပြီးချိန်မှာ ထင်ထင်ရှားရှား တွေ့လာရပါတယ်။
ဦးစောကို ဦးနေ၀င်းက ဘာကြောင့်လုပ်ကြံဖို့ ကြိုးစားခဲ့သလဲဆိုတာ တိတိကျကျ ပြောနိုင်သူ မရှိသေးပါဘူး။ လုပ်ကြံမှုကို ကြံစည်ခဲ့သူ လေးဦးစလုံး ကွယ်လွန်သွားပါပြီ။ ဒါပေမဲ့ စေခိုင်းခံရတဲ့ ရန်ကုန်ဘဆွေနဲ့ ဦးမြလှိုင်တို့ နှစ်ဦးစလုံးက ဦးနေ၀င်းရဲ့ စေခိုင်းချက်အရ လုပ်တယ်လို့ အခိုင်အမာပြောတဲ့ အထောက်အထားတွေ ကျန်ခဲ့ပါတယ်။
(၄)
ဦးခင်အောင်ရေးခဲ့တဲ့ Who Killed Aung San? စာအုပ်မှာတော့ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရမှုရဲ့ နောက်ကွယ်မှာ ဦးနေ၀င်း ပါဝင်ပတ်သက်နေသလားဆိုတဲ့ ဖြစ်နိုင်ခြေ အချက်အလက်တွေကို ပိုပြီးဖော်ပြထားပါတယ်။
လုပ်ကြံမှုမှာ ဦးစောနဲ့ပတ်သက်ပြီး အမြင်သုံးမျိုး ရှိခဲ့တယ်လို့ ဦးခင်အောင်က ဆိုပါတယ်။ ပထမအချက်က လုပ်ကြံမှုနဲ့ပတ်သက်ပြီး ဦးစောကို အဓိကလက်သည်အဖြစ် ဖော်ထုတ်နိုင်ခဲ့တယ်။ ဒုတိယအချက်က ဦးစောဟာ ဆင်ကွက်ထဲ ၀င်သွားခဲ့တယ်။ တတိယအချက်က ဦးစောဟာ ဆင်ကွက်ထဲ ၀င်သွားသူလည်း ဖြစ်တယ်။ ကိုယ်တိုင်လည်း အပြစ်ရှိသူ ဖြစ်တယ်ဆိုတဲ့ အချက်တွေ ဖြစ်ပါတယ်။
ဦးခင်အောင်ပြောခဲ့တဲ့ အမြင်သုံးမျိုးထဲက ပထမအမြင်ကို လူအများစုက လက်ခံထားပြီး သမိုင်းအရ တရားဝင်ဖြစ်ပါတယ်။ ဒါပေမဲ့ ဦးစောဟာ ဆင်ကွက်ထဲ ၀င်သွားတယ်ဆိုတဲ့ အချက်အလက်တွေလည်း အခိုင်အမာ ရှိနေပါတယ်။ ဆင်ကွက်တွေထဲမှာ ဦးနေ၀င်း ပါဝင်ပတ်သက်နိုင်တယ်ဆိုတဲ့ အချက်တွေလည်း ရှိခဲ့ပါတယ်။
အမှတ် (၄) ဗမာ့လက်နက်ကိုင်တပ်မှ တပ်ဖွဲ့ဝင်တွေရဲ့ကိစ္စ ဖြစ်ပါတယ်။ အမှတ် (၄) လက်နက်ကိုင်တပ်ဖွဲ့ဟာ ဦးနေ၀င်းရဲ့တပ်ရင်း ဖြစ်ပါတယ်။ ဗိုလ်ချုပ်လုပ်ကြံခြင်း မခံရခင် သုံးပတ်ကတည်းက သူတို့ကို အရပ်ဝတ်တွေနဲ့ လက်နက်ကိုင်ဆောင်ခိုင်းပြီး ဗိုလ်ချုပ်ရုံးခန်းနဲ့ အတွင်းဝန်ရုံးမှာ တာဝန်ချထားပါတယ်။ ဒါပေမဲ့ လုပ်ကြံခံရချိန်မှာ အဲဒီတပ်ဖွဲ့ဝင်တွေ ရှိမနေပါဘူး။
နောက်တစ်ချက်က ဗိုလ်ချုပ်အောင်ဆန်းရဲ့ လုံခြုံရေးအတွက် သက်တော်စောင့် တာဝန်ယူခဲ့သူ နှစ်ဦးဖြစ်ပါတယ်။ ဒီလူနှစ်ဦးဟာလည်း ဦးနေ၀င်းက တာဝန်ပေးထားတဲ့သူနှစ်ဦး ဖြစ်ပါတယ်။ ရဲဘော်ဘတုပ်နဲ့ ရဲဘော်ရဲမြင့်တို့ ဖြစ်ပါတယ်။ သူတို့နှစ်ဦးက ဦးနေ၀င်းရဲ့ လူယုံတွေ ဖြစ်ပါတယ်။ သူတို့နှစ်ဦးလည်း လုပ်ကြံခံရတဲ့နေ့မှာ ပျောက်နေပါတယ်။ လုပ်ကြံမှုဖြစ်ပြီး ရက်အတန်ကြာမှာ သူတို့ရဲ့ အလောင်းတွေကို ပြန်တွေ့ခဲ့ပါတယ်။ သူတို့ကို အလံနီသူပုန်တွေက သတ်ခဲ့တယ်ဆိုပြီး အမှုပိတ်ခဲ့ပါတယ်။ လုပ်ကြံမှုမှာ ဦးစောအပြင် ဘယ်သူတွေပါသလဲဆို အမှုဟောင်းကို ပြန်ဖော်ထုတ်ဖို့ကြိုးစားတဲ့ နယူးတိုင်းမ်သတင်းစာ အယ်ဒီတာချုပ် ဦးတင်ထွဋ်လည်း လုပ်ကြံခံခဲ့ရပါပြီး အမှုကိုဖော်ထုတ်သူ မရှိခဲ့ပါဘူး။
တခြားဖြစ်နိုင်စရာ အချက်အလက် များစွာကိုလည်း ဦးခင်အောင်က သူ့စာအုပ်မှာ ရေးသားထားပါသေးတယ်။
(၅)
ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရမှုရဲ့ နောက်ကွယ်မှာ မေးခွန်းတွေများစွာ ကျန်ရှိနေပါတယ်။ ဦးစောကို အဓိကလက်သည်အဖြစ် ကွပ်မျက်လိုက်ပေမဲ့ မေးခွန်းတွေက ပျောက်မသွားပါဘူး။
ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပြီး မြန်မာနိုင်ငံ လွတ်လပ်ရေး ရခဲ့ပါတယ်။ ပါလီမန် ဒီမိုကရေစီခေတ်ကို ခေတ္တဖြတ်သန်းခဲ့ပြီး ၁၉၆၂ ခုနှစ်မှာ ဦးနေ၀င်းက အာဏာသိမ်းလိုက်ပါတယ်။ ဒီအချိန် နောက်ပိုင်းစစ်အာဏာရှင်တွေ လက်အောက်ကို မြန်မာနိုင်ငံ ကျရောက်ခဲ့ပါတယ်။
ဦးနေ၀င်းရဲ့ ဗိုလ်ချုပ်အောင်ဆန်းအပေါ် အခဲမကျေမှုတွေက သူအာဏာရပြီးချိန်တွေမှာ ပိုပြီးပေါ်လွင်လာပါတယ်။
၁၉၆၂ ခုနှစ် အာဏာသိမ်းပြီးချိန်မှာ ဇူလိုင် ၁၉ ရက်နေ့ အာဇာနည်နေ့ အခမ်းအနားကို စစ်ဝတ်စုံအပြည့်နဲ့ ချီတက်ဖို့ တပ်မတော်က ပြင်ဆင်ခဲ့ပါတယ်။ ဒီအတွက် အစည်းအဝေး လုပ်ခဲ့ပါတယ်။ အစည်းအဝေးမှာ ဗိုလ်မှူးချုပ်တင်ဖေက ဗိုလ်ချုပ်အောင်ဆန်း သေဆုံးမှုကို ၀မ်းနည်းကြောင်း ပြောပါတယ်။ ဒါပေမဲ့ ဦးနေ၀င်းက ထရပ်ခဲ့ပြီး “ဘာလို့ဝမ်းနည်းနေရမှာလဲ။ ဗိုလ်ချုပ်အောင်ဆန်းဟာ လူပျော့တစ်ယောက်ပဲ။ ဒါ့အပြင် တိုင်းပြည်ရဲ့ ပြဿနာတွေအပေါ် သူ့ထက်စာရင် ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ ငါအများကြီး ပိုသိတယ်” လို့ ပြောခဲ့ကြောင်း ဦးခင်အောင်ရဲ့ စာအုပ်မှာ ဖော်ပြထားပါတယ်။ စစ်ဝတ်စုံအပြည့်နဲ့ ချီတက်မယ့် အစီအစဉ်လည်း ပျက်သွားပါတယ်။
အာဏာရှင်တွေဟာ သူတို့အာဏာရရှိဖို့၊ တည်မြဲဖို့အတွက် နည်းပရိယာယ်နဲ့ ကောက်ကျစ်မှုကို ပေါင်းစပ်ပြီး ဘယ်သူသေသေ ငတေမာရင် ပြီးရောဆိုတဲ့ မက်ခီယာဗယ်လီနည်းကို အမြဲသုံးတတ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရမှုမှာ ဦးနေ၀င်း ပါဝင်ပတ်သက်နေသလားဆိုတဲ့ မေးခွန်းက ရှိနေဆဲဖြစ်ပါတယ်။ ဒီမေးခွန်းတွေကို ပြန်လည်ချေပနိုင်သူတွေလည်း မရှိသေးပါဘူး။ ဒီလိုအချိန်မှာ ဦးနေ၀င်းလုပ်သမျှ ကောင်းကြောင်းအမွှမ်းတင်ပြီး အာဏာရှင်မျိုးဆက် နောက်တစ်ကျော့ထပ်လာမှာကိုတော့ ပြည်သူလူထုက လိုလားမှာ မဟုတ်ပါဘူး။
EMG
ဓါတ်ပုံ (က) ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်များ လုပ်ကြံခံရမှု အပါအ၀င် လွတ်လပ်ရေးမရသေးမီကာလ မြင်ကွင်းအချို့အား တွေ့ရစဉ် (ဓာတ်ပုံ-စာရေးဆရာ ကိုအောင်ဆန်းစာအုပ်နှင့် ဦးခင်အောင်၏ Who killed Aung San မှ) -
(ခ) Source: ဦးခင်အောင်၏ Who Killed Aung San? စာအုပ်မှ
Subscribe to:
Posts (Atom)