Sunday, February 23, 2014

ရွာလုံးကျွတ် ဖျက်ဆီးခံရတဲ့ သမီးကလေးကျေးရွာက ရွာသူ ရွာသား ၅၀၀ ကျော်ကို သူတို့ မြေမှာ လိုက်နေဖို့  လာခေါ်တဲ့ DKBA ( ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော်) က ဖထီးတို့ ပြောသွားတဲ့ စကားလေးပါ...(ဆိုတဲ့ Post ရဲ့ အောက်က ပြည်သူအသံ ကွန်မန့် ၂ခုအား ပြန်လည်ဖေါ်ပြပေးလိုက်ပါတယ် ) Min Thu Kha ဒိကိစ္စမှာ ဘယ်ပါတ်ီ၊ ဘယ်အဖွဲ့အစည်းကိုမှ အပြစ်ပြောဖို့မလုပ်ပါနဲ့၊ တကယ်တာဝန်အရှိဆုံးက နိုင်ငံတော် အစိုးရပဲ။ ပြည်သူလူထုတရပ်လုံးရဲ့ စားဝတ်နေရေးကို ဖြေရှင်းပေးရမှာက လက်ရှိအစိုးရပဲ၊ ကျူးကျော်တယ်ပဲထားအုံး၊ ဘာကြောင့်ကျူးကျော်တာလဲစဉ်းစားပါ၊ နေစရာမြေမရှိလို့ပဲ၊ နေစရာမြေဘာလို့မရှိရသလဲ၊ ဆင်းရဲမွဲတေလို့ပဲ၊ ဒီရွာသားတွေက တခြားနိုင်ငံက ရောက်လာတာမဟုတ်ဘူး၊ မြန်မာပြည်မှာမွေး မြန်မာ့မြေမှာကြီးပြင်းလာတဲ့ မြန်မာနိုင်ငံသားတွေပါ။ နေစရာမြေမရှိတဲ့ မြန်မာနိုင်ငံသားတွေကို မြန်မာ့မြေပေါ်မှာ ကျူးကျော်သူလို့သတ်မှတ် မောင်းထုတ်နေတာက မောင်းထုတ်သူဟာ မြန်မာနိုင်ငံသားမှ ဟုတ်ရဲ့လားဗျာ၊ အစိုးရကရော မြန်မာနိုင်ငံသား ဟုတ်ရဲ့လား၊ အိမ်တစ်အိမ်မှာ သားသမီးတွေရဲ့ ပညာရေး၊ကျန်းမာရေး၊ လူမှုရေး နေရေးထိုင်ရေး မပြေလည်မှုတွေကို မိဘလုပ်သူက တာဝန်ယူဖြေရှင်းပေးရတာပဲမဟုတ်လား၊ အခုလဲ ပြည်သူရဲ့ အခက်အခဲကို လက်ရှိအစိုးရက ဖြေရှင်းရမှာပါ၊ ဟိုနေရာ လက်မခံ ၊ ဒီနေရာ လက်မခံပြည်နှင်ဒဏ်ပေးခံရသလိုဖြစ်နေတာ ဒီရွာသားတွေမှာ နိုင်ငံကို ပုန်ကန်တဲ့ အပြစ်ရှိနေလို့လား၊ အခု ကူညီမယ့်သူက ကူညီတာကို အပြစ်ပြောချင် မကောင်ကြောင်းပြောတာ၊ ဟိုပါတီ ဘာလုပ်နေလဲ၊ ဟိုအဖွဲ့အစည်းဘာလုပ်နေလဲ မေးငေါ့ထိုးတဲ့သူတွေဟာ တကယ်ပဲ အသိပညာအတတ်ပညာမရှိတာလား၊ ဆင်ခြင်တုံတရားမရှိတာလား၊ အမှန်တကယ်က မင်းတို့ လက်ရှိ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ အစိုးရအဖွဲ့နဲ့ သမ္မတ ဘာလုပ်နေလဲလို့သာမေးလိုက်ပါ Soesoe Thansoepaing DKBA ကသူ့တို့ဆီခေါ်တယ်ဆိုတာ တစ်ချိန်က အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်းဆန်းပြောခဲ့တဲ့ ပြည်ထောင်စုစိတ်ဓါတ်ပေါ့နော် နေပြည်တော် သန်းရွှေအစိုးရကတော့ ဖွတ်စိတ် တစ်ကိုယ်ကောင်းစိတ် တိုင်းသူပြည်သားကို စစ်သုံးပန်လိုသဘောထားသော အာဏာရှင်စိတ် ရှက်တက်မယ်ဆိုရင် သမ္မတကြီးလဲသေသင့်တယ်။ Admin @Maung Gyi
ဦးသန်းရွှေရဲ့အာဏာယစ်မူးမှုတွေကြောင့် တပ်မတော်သားတွေကိုလူမုန်းများစေခဲ့တယ် ဥူးဝီရသူရဲ့အကြမ်းဖက်တရားတွေကြောင့် ဗုဒ္ဓသာသနာရဲ့ပုံရိပ်တွေကိုညှိုးနွမ်းစေခဲ့တယ် နေမျိုးဝေရဲ့ အသိဥာဏ်မဲ့နာမည်ကျော်ကြားလိုမှုကြောင့် နိုင်ငံရေးသမားတွေရဲ့သိက္ခာကိုကျဆင်းစေခဲ့တယ် မျိုးညစ်တွေရဲ့ဆင်ခြင်တုံတရားမဲ့မိုက်ရူးရဲဆန်မှုတွေကြောင့် ဖွတ်တွေကိုနှစ်ထောင်းအားရကျေနပ်စေခဲ့တယိ်
သာဓုပါခင်ဗျား ... သာဓုပါ သာဓုပါ ... သမီးကလေးဒုက္ခသည်တွေကို မြေဝယ်ပြီး ပြည်ခိုင်ဖြိုးက အစား ပြန်ပေးမယ်ဆိုပဲ ... တစ်လက်စတည်း မေးပါရစေ ... တရားဝင် စာချုပ်စာတမ်းနဲ့ အမည်ပေါက်ပေးမှာလား ... မြေရဲ့ အာမခံချက်က ၂၀၁၅ အနိုင်အရှုံးနဲ့ သက်ဆိုင်နိုင်လား ... လူပေါင်း ထောင်ကျော် အိုးမဲ့ အိမ်မဲ့ ဒုက္ခသည်တွေကို အိမ်ထောင်စုပေါင်း ရာကျော်ကို မြေပြန်ပေးဖို့ မြေဝယ်မယ်ဆိုရင် ပြည်ခိုင်ဖြိုးရဲ့ သုံးမယ့် Budget က ဘယ်ကရသလဲ ... အရင်အချိန် ကြံ့ခိုင်ရေးအသင်းထောင်ခဲ့တုန်းက ပိုင်ဆိုင်မှုတွေကို ပါတီနာမည်ပြောင်းပြီး မလှိမ့်တပတ်လုပ်သွားတာ မှတ်မိနေသေးတယ် ... ဆိုတော့ ပြည်ခိုင်ဖြိုးရဲ့ ဘဏ္ဍာရေးရှင်းတမ်းလေး အရင်ထုတ်ပြရင်ကောင်းမယ် ... ပြည်သူ့ဘဏ္ဍာနဲ့ ငါးကြင်းဆီ ငါးကြင်း ပြန်အကြော်ခံရမှာစိုးလို့ ... တစ်ခြား Civil Society တွေက ဒီလိုမျိုး မြေအစားပြန်ဝယ်ပေးရင် အစိုးရက ခွင့်ပြုမှာလားလဲ သိချင်တယ် ... ဟဲဟဲ ပြည်သူတွေ တုံးပါတယ်ဗျာ ... သိပ်မမြင်ပါဘူး ... လင်းဝေဦး
" တစ်ခြမ်းပဲ့ အမှန်တရားနဲ့  ကျူးအစစ် " သမ္မတနိုင်ငံတစ်ရပ်ရဲ့  လုပ်ပိုင်ခွင့် တွေဟာယင်းနိုင်ငံရဲ့ ပြဌာန်းထားတဲ့  ဥပဒေတွေအပေါ်မှာတည်မှီ လုပ်ဆောင်ကြတာပါ။ ဥပဒေအရ ကျူးကျော်တဲတွေအ ဆောက်အဦတွေ ဖျက်ဆီးဖယ်ရှား နေတာတွေ ဖယ်ရှားကြဘို့  သတိပေးနေတာတွေ လိုက်နာဘို့ ပျက်ကွက်သူတွေအပေါ် အရေးယူရန် ဗျူဟာခင်းနေမှုတွေ ကိုကြားသိနေ ရတာ စိတ်နှလုံးမချမ်းမြေ့ ပေမဲ့ တည်ဆဲဥပဒေအရမို့  ထွေထွေထူးထူးးမပြောပြလိုပါ ဘူး။တည်ဆဲဥပဒေတွေကိုနိုင်ငံသားတိုင်းလိုက်နာရန် တာဝန်ရှိတာမှန်ပါတယ်။ အမှန်တရားတွေတရား ဥပဒေတွေကိုစောင့် ထိမ်းလိုက်နာဖေါ်ဆောင် လုပ်ကိုင်ရန်အစိုးရမှာတာဝန်ရှိနေသလို ပြည်သူတွေမှာလဲတာဝန်ရှိပါတယ်ဗျာ၊ဒါတွေ ကိုတော့ မြန်မာပြည်သူတွေဟာ ဗုဒ္ဒယဉ်ကျေးမှု နဲ့ ကြီးပြင်း လာကြတာဟာနှစ်ပေါင်း ထောင်ချီနေတဲ့ လူ့ အဖွဲ့ အစည်းဖြစ်တာကြောင့် ဥပဒေသတွေကိုလိုက်နာတဲ့ နေရာမှာ ပြဿနာမရှိတဲ့ လူမျိုးပါဘဲ။တင့် တယ်ယဉ်ကျေးတဲ့ လူမျိုးလို့ ဘဲပြောပါရစေလား၊ တနည်းအားဖြင့် လူမြင့် မြတ်တို့ ရဲ့ ဓလေ့ အရဥပဒေကိုဆန့် ကျင်လေ့ မရှိဘူးလို့ ဘဲ ပြောရင်ရာဇ၀င်သမိုင်းနဲ ညီတဲ့ စကားရပ်လို့ သာဆိုပါရစေတော့ ။ အောက်ပြည်အောက်ရွာက ကျူးကျော်တဲတွေ ဖျက်သိမ်းကုန်ပါပြီ။အညာ အကျေကတဲတွေစီလဲလာနေပါပြီ၊ဥပဒေအရရွှေ့ ပေးရမယ်၊ဥပဒေအရဖျက်သိမ်းကြမယ် ပေါ့ ၊ရွေ့ပါဗျာ။ဖျက်ပါဗျာ၊ရွှေ့ ရမှာပေါ့ ဖျက်ရမှာပေါ့ ။ ကျူးကျော် တာတော့ မဟုတ်နိုင် ပါဘူး။သူတို့ တိုင်းပြည်သူတို့ နေကြတာပါ။ ကိုယ်ပိုင်နေစရာဝိုင်းမရှိရှာတဲ့ သူတွေပါ။ေ၇ှးယ္ခင်ကတော့ မသာတစ်လောင်းဟာ မြေ၅တောင်တစ်မိုက်ဧရိယာမှာ သင်္ဂြိုလ်ဘို့  ပိုင်သတဲ့ ။ယ္ခုတော့ရှေးက မသာတစ်လောင်း လောက်မှမပိုင်ရှာလို့ ကိုယ့် တိုင်းပြည် ကိုယ်နေပြီးကျူးဘ၀ကိုဆုမပန်ဘဲရခဲ့ ကြတာပါဘဲ၊ ကျူးဘဝရဲ့ ဖြစ်ရပ်စုံစုံ တွေထဲမှာတလောကမှ ပြည်ကြီးတံခွန်မြို့ နယ် ရပ်ကွက်တွေထဲမှာ စည်ပင်ကဓါတ်ပုံရိုက်အမည်စာရင်းကောက်တာတွေ ပိုင်ဆိုင်မှုအ ထောက်အထားတောင်းတာတွေ လုပ်လို့ ဘာကြောင့် လဲ မေးကြတော့ တာဝန်ရှိသူ တွေကပွင့် လင်းမှုမရှိတဲ့ လုပ်ရပ်တွေကြောင့် ပြည်သူကိုသွေးတတ်စေတဲ့ ထိတ်လန့် မှု အဖြစ်တွေနဲ့ ပါ။ ဒီလို ဖြတ်သန်း နေရတဲ့  ပြည်သူတွေဟာ နယ်ချဲ့ ဖက်ဆစ်တွေ ကို တော်လှန်ခဲ့ စဉ်ကထက် ကိုးဆယ်ဆသာနေခဲ့ ပါပြီ ။ တကယ်တမ်းကျူး ကျော်သူအစစ်က သူတို့ မဟုတ်ဘူး။ နိုင်ငံတော်စီမံကိန်းအသီးသီးက မြေဧရိယာတွေကို အကြောင်းအမျိုးမျိုး ပြပြီး ကိုယ်ကျိုးရှာရယူထားတဲ့ မြေကွက်ပိုင်ရှင် အာဏာပိုင်အကြီး+အသေး၊ဌာနဆိုင် ရာအရာရှိအကြီး+အသေး၊အစိုးရကပ်ဖားစီးပွာရေးအချောင်သ္မား အကြီး+အသေး၊ အာဏာပိုင်ဆွေမျိုးသားချင်းအရင်း+အဖျား၊ စစ်နဲ့ စစ်အသိုင်းအ၀ိုင်းအရင်း+အဖျား ရဲ.စစစ.ထောက်လှမ်းရေးစတဲ့ လုပ်ပိုင်ခွင့် ရတွေ အကြီး+အသေး၊ စတဲ့ခပ်တည်တည် နဲ့ လူကြီးလူကောင်း တာဝန်ထမ်းဆောင်နေကြတဲ့ မျက်နှာကြီး မသူတော်များဘဲဖြစ် ပါတယ်ဗျား ။ မြေနေရာ ချထားပေးတဲ့ အာဏာပိုင်တွေနဲ့  ပနာရတဲ့ သူတွေဟာ မြိ့ မြေကွက်တွေဒလဟော ရယူထားတာပြည်သူတွေ သိကြပြီးပါ၊ တာဝန်ရှိဲ့ သူတွေမမြင် ပေမဲ့  တာဝန်သိတဲ့ ပြည် သူတွေကမြင်နေရပါပြီ၊ တာဝန်ရှိတဲ့  သူတွေဘာမှမပြောပေမဲ တာဝန်သိတဲ့ ပြည်သူတွေ ကပြောနေ ကြပါပြီ၊ တာဝန်ရှိတဲ့ သူတွေကအရးမယူခြင်ပေမဲ့ တာဝန်သိတဲ့ ပြည်သူ တွေ ကအရးယူ ခြင်နေပါပြီ ။ ထိုထိုအဓမ္မ ကိုယ်ကျိုးရှာ မြေကွက်တွေည ရယူထားတဲ့ သူတွေဟာ နိုင်ငံတော် ဖွံ့ ဖြိုးရေးစီမံကိန်း တွေအရရွှေ့ ပြောင်းရတဲ့ နေရာတွေမှာ ဘာမြေ ဧရိယာကိုမှဆုံးရှုံး နစ်နာခြင်းမရျိ၊ ဘယ်တုံးကမှ နေထိုင်ခဲ့ ဘူးခြင်း မရှိပါဘဲ လူတွေ တင်မက စာရင်းဇယား တွေပါကျူးကျော်ပြီး မြေကွက်တွေရယူထားကြတဲ့ အဖြစ်က ဒီနေ့ ဖျက်သိမ်းဖယ်ရှားနေတဲ့  အဖြစ်နဲ့ ဆိုရင်ဥပဒေအရ လုပ်ဆောင် ရပါတယ်လို့ ပြော ဘို့ မပြည့် စုံနိုင်ပါဘူး။ တစ်ခြမ်းပဲ့ အမှန်တရား သာဖြစ်နေပါလိမ့် မယ်။သို့ မဟုတ် အမျိုးအမည်မသိဥပဒေတစ်ခုကြောင့် အမှန်တရားနဲ့ကျူးအစစ်ကို မခွဲခြားနိုင်ပါ သလား.?အရးမယူနိုင်ကြ ပါသလား.?သို့ မဟုတ်ဆင်းရဲသား ပြည်သူတွေနဲ့ အာဏာ ပိုင်အသိုင်း အ၀ိုင်းရဲ့ အင် ပါယာဝင်တွေကြား မတူညီ တဲ့ ခွဲခြားထားမှုရှိနေပြီလား.? (၅)ကြိမ်တိုင်အောင်တင်ပြတိုင်ကြားခဲ့  ပေမဲ့  ဒီနေ့ အထိ ဘာမှအရေးယူမပေးတဲ့ အ ဖြစ်အပျက်တစ်တစ်ခုကမန္တလေးပြည်ကြီး တံခွန်မြို့ နယ်သင်ပန်းကုန်း ရွာကိုမြို့ကွက် ရိုက်က်စဉ်က လူကြီးပေါင်းစုံခွဲဝေပြီးမြို့ မြေကွက်တွေကိုယ်ကျိုးရှာ ရယူထားတဲ့ လူကြီး ပေါင်းစုံဂိုဏ်း ဖွဲ့ကျူးကျော်ရယူထားတဲ့ (စာရင်းကျူး+အရာရှိကျူး) မြေကွက် တွေ၊ လွတ်နေတဲ့ မြေဧရိယာတွေကိုမန်းစည်ပင်နဲ့ ပေါင်းပြီးမြေဂရမ်ထုတ်ယူထားတဲ့ မြေ ကွက်တွေ၊လူကြီးအမျိုးဆိုပြီး ဂရမ်ထုတ်ယူထားကြတဲ့ လူကြီးယူမြေကွက် တွေကိုတော့ ယနေ့  တိုင်အရးယူခြင်းမရှိခဲ့ ပါဘူး။လူထုခုံရုံးမျိုး လွတ်လပ်တဲ့ ခုံအဖွဲ့ နဲ့ အမြန်စစ်ဆေး ဖေါ်ထုတ်ဖို့ လိုအပ်နေပါပြီ ။အစိုးရနဲ့ ပါတ်သပ်တဲ့ ခုံအဖွဲ့ မျိုးက ခုံအဖွဲ့ ဝင်တွေကိုယ် တိုင်ဟာမြေကွက်ရယူထားတဲ့  မသူတော်တွေထဲ ပါဝင်နေနိုင်လို့ ပါဘဲ ။ ဒီဖြစ်ရပ်မှန်တွေကို နိုင်ငံတော်နှင့် ပြည်သူတွေအတွက် သိလိုတာ တွေကို လာမေး လိုလဲရပါတယ်။ ယနေ့ တိုင်လဲံရှိနေဆဲပါဘဲ၊ မြို့မြေကွက်ပေါင်း၆၀၀ကျော် လောက်ကိုကျေးရွာပိုင်မြေဧရိယာတွေ ထဲမှ (အာဏာကျူး+စာရင်းကျူး+လူကျူး) တွေအဖြစ်နဲ့ ယနေ့ တိုင်ပန်းပန်လျှက်ကျူးနေဆဲပါ၊ ယနေ့တိုင်အောင် သင်ပန်းကုန်း ရွာမမြို့ ကွက်သစ်ကွင်းမှာ မြေကွက်ချထားရေး လက္ခံစာရင်းမရှိတာကိုပင် ဂရမ်မြေ အဖြစ် အဓမ္မပြောင်းလဲထုတ် ယူနေကြတာဟာ မင်းမနိုင်လုပ်ငန်းတစ်ရပ်ပမာတွေ့  နေ ရပါတယ်။ အစိုးရမဲ့လုပ်ရပ် မင်းမဲ့ စရိုက် ဥပဒေမဲ့  လုပ်ရပ် တွေပါဘဲ။ ဒါကြောင့် ကျူးကျော်တွေကိုရှင်းလင်းဖယ်ရှား တာဟာ တရားဥပဒေနဲ့  အညီလုပ်ဆောင်တာဆိုပေမဲ့ မန္တလေးပြည်ကြီးတံခွန်မြို့ နယ်သင်ပန်းကုန်းရွာရဲ့ မြို့ မြေ ကွက်တွေကို(အာဏာကျူး+စာရင်းကျူး+အရာရှိကျူး)ကျူးထားတာတွေကိုတမင်တိုင် ကြားတင်ပြပြေမဲ့ ဘာမှစစ်ဆေးအရေးယူမှု လုပ်ဆောင်မပေးခြင်းကိုကြည်ခြင်းအားဖြင့် အမှန်တရား အတိုင်းဥပဒေနဲ့  အညီဆောင်ရွက်နေပါတယ်ဆိုပေမဲ့  တစ်ခြမ်းပဲ့ အ မှန်တရားသာဖြစ် နေပြီး ကျူးအစစ်တွေကိုတော့ မျက်နှာကြီးလို့ အစိုးရရဲ့ လူတွေမို့  ယနေ့ တိုင်ချန်လှပ် နေဆိမ့် နေကြ တာဘဲလား မျက်နှာကြီးလို့ ဟင်းဖက်တင်မကရှိ တဲ့ ဥပဒေတွေပါ ဘက်လိုက်သွား တာလားလို့ ပြည်သူတို့ အားလုံးစဉ်းစားရတော့မဲ့ အဖြစ် ရောက်နေပါ ပြီခင်ဗျာ…..။ ဒီဖြစ်ရပ်တွေဒီတိုင်းပြေမှာ ဒီလိုမျိုးတွေ အမှန်ဖြစ်တည်နေတာကြောင့်  ဒီလိုသာဥပဒေနဲ့ အညီဆောင်ရွက်နေကြတာပါဆိုကြရင် ပြည်ကြီးတံခွန်မြိနယ် သင်ပန်းကုန်း ရွာမရပ်က(အာဏာကျူး+စာရင်းကျူး+အရာရှိကျူး )စတဲ့ကျူးအစစ်တွေ ပြည်သူတွေတင်ပြတိုင်ကြားကြပေမဲ့  ဥပဒေအထက်ပါကျူးနေကြတဲ့ နဘယံကျူးတွေ သို့ မဟုတ်ကျူးဘုရင်တွေ တည်မြဲလျှက်ပန်းပန်နေကြခြင်းက တစ်ခြမ်းပဲ့ အမှန်တရား သာလျှင်ဖြစ်နေကြောင်းသက်သေခံဖြစ်နေပြီး ကျူးအစစ်တွေကို လက်သိပ်ထိုး မွေးမြူ ထားတာလား?ခပ်ဝါးဝါးဖြစ်နေလို့ မမြင်နိုင်လို့ အရေးမယူကြတာလား? လို့ တွေးရင်း ကျူးကျော်တဲတွေအရေးယူဖယ်ရှာတာဟာ တစ်ခြမ်းပဲ့ အမှန်တရားသာဖြစ်နေပြီး ကျူးအစစ်ကို မမြင်ကြတာဘဲလား?မွေးမြူထားတာဘဲလား? ….အော်…..တစ်ခြမ်းပဲ့ အမှန်တရားပါဘဲလားဗျာ…..။တိုင်းပြည်ကိုမအုပ်ချုပ်တတ်လို့ ဘဲလား ?..စဉ်းစားကြပါ။ ဆက်၍ ဆက်၍…….. ပြည်သူပိုင်၊ စီမံကိန်းမြေကွက်တွေ ကို ကိုယ်ကျိုးရှာ အဓမ္မရယူထားတဲ့ မန္တလေးက မြေကွက်စာရင်းတွေနဲ့  မျက်နှာကြီးအဓမ္မ ကိုယ်ကျိုးရှာသ္မာမားများရဲ့ စာရင်းကို မကြာမှီ ပြည်သူ့ ထံ အသိပေး ဖွင့်ချတင်ပြပေးသွားပါမည်။ အမှန်တရားတွေကိုဖေါ်ထုတ်ဖို့ပြည်သူအားလုံးနိုးကြားစို့  ဆက်၍ ဆက်၍တင်ပြပါဦးမည်။ ငါသည်ဤပြည်ထောင်စုမြန်မာနိုင်ငံတော်အားဘယ်တော့မှသစ္စာမဖေါက် (နန္ဒာမိုးမြေ)
ဟိုတလောကလည်း နိုင်ငံပိုင်သတင်းစာက လူသတ်မှုကျူးလွန်သူကို ဖမ်းမိတဲ့အကြောင်းရေးတာ ကောင်းကောင်းမရေးဘဲ အသတ်ခံထားရတဲ့သူကို လူမှုရေးဖောက်ပြန်သူအဖြစ် နှစ်ခါပြန်သေအောင် ရေးသားဖော်ပြခဲ့တယ်။ အခုလည်းကြည့်....။ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သူ့ဘာသာသူ လာအဖမ်းခံတဲ့ ပစ်မှုကျူးလွန်သူတွေကို သိက္ခာမဲ့အောင် ရေးသားဖ်ာပြပြန်တယ်..။ လာအဖမ်းခံတဲ့သူတွေက "ကျွန်တော်တို့ ပြေးမလွတ်တော့လို့ လာပြီးအဖမ်းခံတာပါ"လို့ ပြောသလားဗျာ။ ခင်ဗျားတို့ဆိုရင်ကော ပြောမလား။ ဘယ်လိုပဲဖြစ်ဖြစ်၊ ဘယ်သူမဆို ပစ်ဒဏ်လျှော့ပေါ့ဖို့အတွက်တော့ ကိုယ့်ဘာသာ လာအဖမ်းခံတယ်တော့ ပြောကြမှာပဲ။ ခင်ဗျားတို့ပဲ ပြောပြောနေတယ်။ မီဒီယာတွေရေးသားဖော်ပြတာ စည်းကမ်းရှိစေချင်တယ်..ဘာညာနဲ့...။ ပြီးတော့ တလွဲလုပ်လိုက်ရင် ခင်ဗျားတို့ဘဲ..။ ကြည့်လုပ်ကြပါဦး ကိုယ့်လူတို့....။ ပစ်မှုကျူးလွန်သူပဲဖြစ်ဖြစ် သေသူပဲဖြစ်ဖြစ်၊ သူတို့ဟာလူတွေ။ သူတို့ကိုယ်ပိုင် လူ့သိက္ခာ ဆိုတာ၇ှိပါသေးတယ်။ ရဲတပ်ဖွဲ့ဝင်တွေ၊ Online စာမျက်နှာကိုင်တဲ့သူတွေ လူ့အခွင့်အရေးသင်တန်း၊ မီဒီယာသင်တန်း တက်သင့်တယ်။ လူတစ်ဦးချင်းရဲ့ ဂုဏ်သိက္ခာကို လေးစားတန်ဖိုးထားပါ။ ရဲတပ်ဖွဲ့ဆိုတာ နိုင်ငံတော်အဆင့် အုပ်ချုပ်ရေးအာဏာပိုင် အဖွဲ့အစည်းပါ။ ပြည်သူ့အခွန်ဘဏ္ဍာကိုသုံးစွဲနေရတဲ့ အဖွဲ့အစည်းက ပြည်သူကို လေးစားတန်ဖိုးထားရမယ်..။ အရေးအသားဆင်ခြင်သင့်တယ်။ ကိုရဲ ============================= အငှားယာဉ်မောင်းကိုရိုက်နှက်ပြီး မကွေးဘက်ကိုထွက်ပြေးတိမ်းရှောင်သွားတဲ့ ပြိုင်ကားမောင်းတဲ့တရားခံအုပ်စုကိုကျတော့ ဓါတ်ပုံမတင်ပေးပါလား ။ ဘာလို့လဲ လူကြီးသားသမီးတွေကို အရပ်ကလူတွေဆွမ်းကြီးဝိုင်းလောင်းပေးလိုက်မှာစိုးရိမ်လို့လား မြန်မာနိုင်ငံရဲတပ်ဖွဲ့ရယ် . . . . . . . . . .ဲ
"ဘာသာရေးက ဘာသာရေး သီးသန့် ဖြစ်သင့်ပါတယ်။ နိုင်ငံရေး မစွက်ဖက် သင့်ပါဘူး။ ဘာသာရေးကို နိုင်ငံရေး အကျိုးအမြတ် အလို့ငှာ ဆွဲသွင်း အသုံးချတာကို လက်မခံပါဘူး" "နိုင်ငံတစ်ကာမှာ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်နေတာသည် နိုင်ငံရေးနဲ့ ဘာသာရေး မရောယှက်လို့ ဖြစ်ပါတယ်" (ပြည်သူ့လွှတ်တော် တရားစီရင်ရေး ဥပဒေရေးရာနှင့် တိုင်ကြားစာများ အသနားခံစာများ စီစစ်ရေး ကော်မတီ ဥက္ကဋ္ဌနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ကော်မတီဝင် သူရဦးအောင်ကို) Ref: The Messenger
ဖြစ်ရပ်မှန်လေးပါ ဗီယက်နမ်နိုင်ငံမှာ စစ်ပွဲတွေဖြစ်တဲ့အခါမှာ ညားခါစ လင်မယားရဲ့ အမျိုးသားဟာ စစ်ပွဲထဲကို လိုက်သွားရပါတယ်။ မကြာပါဘူး ကောင်မလေးဟာ သူ့ယောက်ျားသေဆုံးသွားပြီဆိုတဲ့ စာကိုလက်ခံရရှိပါတယ်။ ပြီးတော့ စစ်ပွဲအတွင်းမှာပဲ ကလေးတစ်ယောက်ကို မွေးဖွားခဲ့ပါတယ်။ ကောင်မလေးဟာ အရွယ်ငယ်တဲ့အတွက် သူ့ကို နောက်အိမ်ထောင်ပြုဖို့တိုက်တွန်းကြသလို နောက်အိမ်ထောင်ပြုမယ့် သူတွေရှိတာတောင်မှ မယူဘဲ ကလေးကို လုပ်ကျွေးပါတယ်။ စစ်ပွဲကာလအတွင်းမှာဆိုတော့ အစားအစာကလဲ ရှားပါးပြီးတော့ တစ်ခါတလေ သုံးရက်လောက် ထမင်းမစားရတာတွေလဲရှိပါတယ်။ ဒီကြားထဲကပဲ သူ့သားကို သူကိုယ်တိုင်စာသင်ပေးခဲ့ပြီးတော့ အင်္ဂလိပ်စာ ကိုလဲ အမေရိကန်စစ်သားတွေနဲ့အတူပါလာတဲ့ ဖာသာတွေဆီကနေ သူကိုယ်တိုင် သင်ကြားပြီးတော့ ကလေးငယ်ကို ပြန်သင်ကြားပေးခဲ့ပါတယ်။ အဲဒီလိုကနေ အချိန်တွေကြာလာပြီးတော့ သူ့သားလေးဟာလဲ အရွယ်ရောက်ခဲ့ပြီး အင်္ဂလိပ်စာလဲ အလွန်ထူးချွန်ပါတယ်။ နောက်တော့ အမေရိက ကနေ ပညာတော်သင်ခေါ်တဲ့အထဲမှာ သူ့သားပါသွားပြီးတော့ အမေရိက ကို ကျောင်းသွားတက်ပါတယ်။ ကျောင်းတက်နေတုန်းမှာကော ကျောင်းပြီးလို့ အလုပ်ရတဲ့အထိ သူ့သားငယ်ဟာ အလုပ်တွေများလို့ နိုင်ငံကို မပြန်နိုင်ပဲ ခရစ္စမတ်နဲ့ အခြားအချိန်တွေမှာ ပိုက်ဆံတွေပို့ပေးလေ့ရှိပါတယ်။ဒီလိုနဲ့ ခရစ္စမတ်တွေ အများကြီးကို ကျော်ဖြတ်ပြီးတော့ ဆယ်စုနှစ်တခုလောက်အကြာမှာ သူ့အမေ ဗီယက်နမ်မှာ သေဆုံးသွားပြီဆိုတဲ့ သတင်းကို ကြားတော့မှ ဗီယက်နမ်ကို ပြန်လာဖြစ်ပါတော့တယ်။ သူ့အိမ်ကို ပြန်ရောက်ပြီး သူ့အမေအလောင်းကိုတွေ့တော့ သူဟာ လုံးဝမငိုပါဘူး။ သူ့အမေ ကောင်းရာသုဂတိရောက်သွားဖို့ ဆုတောင်းပါတယ်။. ပြီးတော့ သူတို့အိမ်ကို ရှင်းတဲ့အခါမှာ သူ့အမေအိပ်ရာအောက်က သေတ္တာလေးတစ်ခုကို တွေ့ပါတယ်။ သေတ္တာကို ဖွင့်ကြည့်ပြီးတော့ သားခမျာ ယူကြုံးမရ ငိုပါတော့တယ်။ ရွာသားတွေလဲ စိတ်ဝင်စားသွားပြီး သေတ္တာထဲမှာ ဘာတွေရှိလဲလို့ သွားကြည့်ပါတယ်။ သေတ္တာထဲမှာ ဒေါ်လာ ၁၀၀ တန်တွေ အပြည့်ဖြစ်နေပြီးတော့ စာလေးတစ်စောင်လဲ ရှိပါတယ်။ အဲဒီစာလေးထဲမှာရေးထားတာကတော့ " " ငါ့သားရယ် အမေ ပိုက်ဆံတွေအများကြီး သုံးဖို့မလိုအပ်ပါဘူး မင်းပေးတဲ့ပိုက်ဆံတွေကို မင်းမကျန်းမမာဖြစ်တဲ့အခါသုံးဖို့ အမေသိမ်းထားပေးပါတယ် " လို့ရေးထားပါလေရဲ။ မောင်စိုင်း
အာဏာရှင်ဟောင်း ဦးနေ၀င်း၏မြေးများနှင့် ဦးအောင်မင်း ခေါင်းဆောင်သော ငြိမ်းချမ်းရေးစင်တာ အဖွဲ့ဝင်များ လျှို့ဝှက်စွာ ၂ ကြိမ်တွေ့ဆုံ *************************** အာဏာရှင်ဟောင်း ဦးနေ၀င်း၏ မြေးများဖြစ်သော ဦးအေးနေ၀င်း၊ ဦးကျော်နေ၀င်းတို့နှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင် မင်း ခေါင်းဆောင်ေ သာ မြန်မာငြိမ်းချမ်းရေးစင်တာ အဖွဲ့ဝင်များသည် ယခုနှစ် ဇန်န၀ါရီ၊ ဖေဖော်ဝါရီ လများအတွင်း မြန်မာငြိမ်းချမ်းရေး စင်တာ၌ လျှို့ဝှက် စွာ တွေ့ဆုံဆွေးနွေးမှု နှစ်ကြိမ် ပြုလုပ်ခဲ့သည်။ အဆိုပါ တွေ့ဆုံမှုများကို မြန်မာသံတော်ဆင့်မှ ဦးအေးနေ၀င်းအား ဆက်သွယ်မေးမြန်းရာတွင် ၎င်းက ““ကျွန်တော်တို့ မြန်မာ ငြိမ်းချမ်းရေး စင်တာနဲ့ ပူးပေါင်းပြီး လုပ်ငန်းတွေ လုပ်ကိုင်တာတော့ မရှိပါဘူး။ မြန်မာငြိမ်းချမ်းရေး စင်တာမှာ လုပ်ကိုင်နေတဲ့ သူတွေနဲ့ ပုဂ္ဂိုလ်ရေးရာတော့ ရင်းနှီးမှုရှိပါတယ်။ အဲဒါကြောင့် ပုဂ္ဂိုလ်ရေးရာအရ ရင်းနှီးလို့ ဆက်ဆံတာပဲရှိတယ်။ သူတို့ရဲ့ လုပ်ငန်းတွေမှာတော့ လုံးဝပါဝင်ပတ်သက်မှု မရှိဘူး။ အလွတ် သဘော အရ တွေ့ဆုံဆွေးနွေးတာပါ””ဟုပြောသည်။ မြန်မာငြိမ်းချမ်းရေးစင်တာနှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် အကြောင်းအရာများကို မြန်မာသံတော်ဆင့်မှ ထပ်မံမေးမြန်းရာ ““ကျွန်တော်တို့ ဘယ်အဖွဲ့အစည်းတွေနဲ့မဆို တိုင်းပြည်ကောင်းစားရေး လုပ်တဲ့ကိစ္စဆိုရင် ပြောနိုင်ဆိုနိုင် လုပ်ကိုင်နိုင်တဲ့ ကိစ္စဆိုရင် ကူညီပေးစေချင်တယ်။ ကျွန်တော်တို့ရဲ့မူအရ နေရာတစ်ခုယူပြီးတော့ လုပ်ဖို့မရှိဘူး။ ကျွန်တော်တို့နဲ့ တွေ့ဆုံစဉ်က လူကြီးတွေက မပြောပါနဲ့လို့ ပြောထားတော့ ပြောရတာ အခက်အခဲဖြစ်နေတယ်။ နိုင်ငံတော် တာဝန်ရှိတဲ့ လူတွေနဲ့တွေ့ဆုံခဲ့တယ်လို့ ပြောချင်တယ်”” ဟု ၎င်းကပြောကြားခဲ့သည်။ ယင်းတွေ့ဆုံဆွေးနွေးမှုများကို မြန်မာငြိမ်းချမ်းရေးစင်တာမှ တာဝန်ရှိသူများက တွေ့ဆုံခြင်း မရှိကြောင်း ငြင်းဆိုထား ခဲ့သည်။ မြန်မာ သံတော်ဆင့်မှ မြန်မာ ငြိမ်းချမ်းရေးစင်တာ အဖွဲ့ဝင် ဦးအောင်နိုင်ဦးအား ဆက်သွယ်မေးမြန်းရာတွင် ၎င်းက ““တွေ့ဆုံမှုတွေ ကျွန်တော်မသိဘူး။ ဘာမှ ဆက်သွယ်မှုတွေလည်း မရှိဘူး။ ဒီမှာတော့ ဧည့်သည်တွေက မျိုးစုံ လာနေတာလေ။ တရားဝင် ဆက်သွယ်မှုတွေလည်း မရှိပါဘူး။ တခြား သူတွေ မေးကြည့်ပါ””ဟု ပြန်လည် ဖြေကြားခဲ့သည်။ ဦးအေးနေ၀င်း၊ ဦးကျော်နေ၀င်း၊ ဦးဇွဲနေ၀င်းတို့သည် ဖခင်ဖြစ်သူ ဦးအေးဇော်ဝင်း နှင့်အတူ ၂၀၀၂ခုနှစ် စက်တင်ဘာလတွင် နိုင်ငံတော် ပုန်ကန်မှု ပုဒ်မ ၁၂၂(၁)ဖြင့် ထောင်ဒဏ်တစ်သက် သေဒဏ်ချမှတ်ခဲ့ရာ ၂၀၁၁ ခုနှစ်တွင် တစ်သက်တစ်ကျွန်းသို့ ပြောင်းလဲချမှတ်ခဲ့ပြီး ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၁၃ ရက်နေ့တွင် ဖခင် ဦးအေးဇော်ဝင်းနှင့် ဦးဇွဲနေ၀င်းတို့ လွတ်ငြိမ်း ချမ်းသာခွင့် ရရှိခဲ့သည်။ ထပ်မံ၍ ၂၀၁၃ခုနှစ် နိုဝင်ဘာ ၁၅ရက်နေ့ တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဦးအေးနေ၀င်းနှင့် ဦးကျော်နေ၀င်းတို့ လွတ်မြောက်လာခဲ့သည်။ ကျော်စိုးဦး(မြန်မာသံတော်ဆင့်)
ကြံ့ဖွတ် ရေ ……… သားလူလေး ………ကြံ့ဖွတ် ငါ့သားကြံ့ဖွတ် တစ်ကောင် လည်းပျောက် ချက်သားကောင်းလိုက်တာနော် ကြံ့ဖွတ် ရေ ငါ့သား အဘ ခေါ်တာကြားရင် ထူးပါအုန်းကွယ် ……… ထိုစဉ်…… -အမျိုးသား တိုးတက် မြင့်မားရေးကွ -အမျိုးသားရေးအတွက်ဆို ပါတီစွဲမရှိဘူးကွ -အမျိုးသားရေး အတွက် နံရိုးတွေစွပ်ပြုတ် လုပ်သောက်ပျိုက်မယ် ဘာမှတ် နေလဲ<<> ''ဟိုနှမ ဇောင်း တိတ်တိတ် နေစမ်း မင့် ခေါ်တာ မဟုတ်ဘူး ဖ နောင့် နဲ့ပိတ် ပေါက် လိုက်မယ် ''် ''အော် ……… ဟီး ဟီး ဟုတ်ကဲ့ပါ အဘ ငယ် နာမည်ကို စိတ်စွဲနေလို့ပါ နောက်မဖြစ် စေရပါဘူး '' ''တိန် '' Shwe Oupe
Google မြေပုံမှာ ကြည့်ရင် ရန်ကုန်ရဲ့တောင်ဘက် ခပ်စောင်းစောင်းအရပ်မှာ တွံတေးက စပြီး ကွမ်းခြံကုန်းတဝှိုက်အထိ စိမ်းစိမ်းစိုစိုရှိနေတာတွေ့ရပါမယ်။ ဒါက ရေချို သတ္တိအားကောင်းနေတာကို ပြနေတဲ့သဘောပါ။ အဲဒီစိမ်းလန်းစိုပြေနေသော ဒေသလေးမှာ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ တည်ဘို့ ကောင်းမြတ်သောမြေကုမ္ပဏီ က စိုင်းပြင်းနေပါတယ် ။ စက်ရုံ တည်ဖြစ်ခဲ့ရင် အဲဒီ စိမ်းစိမ်းဆိုဆိုလေးဟာ တနှစ် နှစ်နှစ်အတွင်းပြောက်သွားမှာသေချာပါတယ်။ ကျောက်မီးသွေးသိပ်ရောင်းချင်တဲ့ အင်ဒိုနီးရှားနိုင်ငံ နဲ့ တရုတ် ကို အားကျနေတဲ့ အိန္ဒိယ တို့ပေါင်းပြီး ပြည်တွင်းက လောဘဇော တက်နေတဲ့ ကုမ္ပဏီ တွေကိုအခြေခံကာ ပတ်ဝန်းကျင် ဥပဒေ မယ်မယ်ရရ မရှိသေးတဲ့ မြန်မာနိုင်ငံမှာ ကမ္ဘာတဝှမ်းက အလွန်ညစ်ပတ်ပါတယ်လို့ ပြောနေတဲ့ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ တည်ဘို့ လုံးပမ်းနေကြပါပြီ။ ဒေသခံကို ဗလုံးဗထွေး ပြီးကဗျစ် ဝတ္တရားကြေ ရှင်းလင်းပြနေ အကြီးအကျယ် လှည့်နေ ညာနေတာ ကိုတွေ့နေရပါတယ်။ " ကျောက်မီးသွေးစက်ရုံက သုံးမယ့်ရေကို ပင်လယ်ကယူမှာ ဖြစ်တယ်" လို့ စီမံကိန်းမှ ပတ်ဝန်းကျင် အကျိုးသက်ရောက်မှု လေ့လာဆန်းစစ်ခြင်းအဖွဲ့မှ ဦးညီညီအောင်က ခပ်လွယ်လွယ် ပြောပါတယ်။ ပင်လယ်ရေတခုထည်းမရနိုင်ပါဘူး။ ပင်လယ်ရေကို cooling system မှာ သုံးသည့်တိုင်အောင် တာဘိုင်ကို လည်ဘို့ ရေနွေးငွေ့ အတွက် ရေချိုကို သုံးကိုသုံးရပါမယ်။ --မဂ္ဂါဝပ် ၃၀၀၀ စက်ရုံ အတွက် ရေချိုအနည်းဆုံး တနာရီမှာဂါလံ ၃သိန်းကျော်လိုပါမယ်။ အဲဒီလိုအပ်တဲ့ရေချိုကို ကွမ်းခြံကုန်းဘေးနံဘက်မှာခွပြီးစီးနေတဲ့ မြစ်ငယ်လေးနှစ်စင်း က ရေကို မျက်စေ့ကျလို့၊ သုံးချင်လို့၊ ကွမ်းခြံကုန်းကို သူတို့ရွေးတာသေချာပါတယ်။ ပင်လယ်ရေသက်သက်သာသုံးမှာဆိုလျင် ကွမ်းခြံကုန်းထိလာစရာမလိုပါ။ လက်ခုပ်ကုန်းနားမှာတည်လို့ရပါတယ်။ လက်ခုပ်ကုန်းအနီးမှာ တနာရီဂါလံ ၃သိန်းရနိုင်တဲ့ ရေချို source မရှိတော့ ကွမ်းခြံကုန်း ကိုရွေးထားတာ ရှင်းနေပါတယ်။ သူ့စက်ရဲ့ cooling system ဟာ wet cooling ဖြစ်တဲ့အတွက်စွန့်ပစ်ရေပူကို အနီးက သန်ဒီမြစ်ထဲကို ပြန်စွန့်မှာပါ။ သန်ဒီမြစ်က ရေအေး (ရေငံ)ကို သုံးပြီး မူလ ရေရဲ့ အပူချိန်ထက် ၁၀ဒီဂရီ ပိုပူနေတဲ့ ရေနွေးတွေကိုမြစ်ထဲပြန်စွန့်ချမှာပါ။ Thermal Pollution ဖြစ်ပါပြီ။ သန်ဒီမြစ်ကို ရေဆိုးလွှတ်မြောင်းအဖြစ်သုံးချင်တာလည်း မလွဲဧကန်ပါ။ --တခါ ဦးညီညီအောင်က မီးခိုးကို ၉၀%ထိလျော့မယ်ဆိုတာလဲ ကြွားလွန်းနေပါတယ်။ မီးခိုးခေါင်းတိုင်မြင့်တာက မီးခိုးမဲမဲသာလျော့ပါမယ်။ CO2 ကလျော့မသွားပါဘူး။ မီးခိုးဖြူဖြူ သို့မဟုတ် အခိုးအငွေ့ သက်သက်နဲ့ လွှတ်နေမှာပါ။ဂျပန်တောင် ဒီ CO2 တွေ လေထဲမလွှတ်ဘဲ သမုဒ္ဒရာ ကြမ်းပြင်အောက်ကို ဖိအားပေးညှစ်သွင်းတဲ့ အလုပ်ကို ခပ်ကျဲကျဲဘဲလုပ်နိုင်သေးတာပါ။ အကယ်၍ ဂျပန်တည်ပေးမဲ့စက်ဖြစ်ရင်တောင်မှ အဲဒီလောက်ထိလုပ်ပေးမယ်မထင်ပါ။ ကုန်ကျစားရိတ်အင်မတန်ကြီးလွန်းပါတယ်။ တကယ်တမ်းလုပ်ပေးနိုင်မဲ့ စွမ်းဆောင်နိုင်မှုများကိုဘဲ ပြောသင့်ပါတယ်။ Clean Coal ကို တဆင့်ခြင်းတက်လာတဲ့ ဂျပန်သုံတဲ့နောက်ဆုံးနည်းကို လုပ်နိုင်သယောင် ကြွားပြောတာ မလုပ်သင့်ပါဘူး။ --Clean Coal သန့်စင်ကျောက်မီးသွေး ဆိုတာ ဤမြေကမ္ဘာတွင်မရှိပါ။ --ကျောက်မီးသွေးကို မီးတိုက်၍ ထွက်လာသော အဆိပ်များကို များစွာလျော့နည်းသွာစေနိုင်ခြင်းမျှသာဖြစ်ပါတယ်။ --ဒီလိုလုပ်နိုင်သူက ဂျပန် သာလျင် အကောင်းဆုံးပါ။ ကျန်သူများလုပ်နိုင်သည်ဆိုလျင်မယုံပါနှင့်။ဆရာကြီး အမေရိကန်ပင်မလုပ်ပါ။ သမရိုးကျ စက်ကို အက်စစ်ငွေ့ ဖမ်းတဲ့ Smoke Scrubber တတ်ခိုင်းလို့ မကိုက်ဘူးဆိုပြီး အမေရိကန်လုပ်ငန်းရှင်တွေ စက်ရုံတောင်ပိတ်ပစ်ကြပါတယ်။ ဂျပန်၏နည်းပညာနှင့် ဂျပန် စက်သာလျင် အကောင်းဆုံးဖြစ်ပါတယ်။ ဆက်ရေးပါဦးမယ်။ လှိုင်ဦး