မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Saturday, October 26, 2013
သေချာဖတ်ကြည့်ပါ
ကုလားဖြူမယားစစ်စစ်
သေချာပြီးလား ဂျီးတော်
မိတ်ဆွေများ
Friday, October 25, 2013
မင်္ဂလာတောင်ညွန့်NLD ၂ခြမ်းခွဲ
Thursday, October 24, 2013
ဟာသလေးပါ
“ဟယ်လို…မိန်းမလား”…… “ရှင်……….” “မိန်းမလား………လို့…..” “မဟုတ်ပါဘူးရှင်…ကျွန်မကဒီအိမ်ကအိမ်ဖော်ပါ” … “သြော်…အေးအေး…မင်းမမလေးကော….ရှိလား” “ဟုတ်…” “ခေါ်ပေးကွာအရေးကြီးလို့” “..ရှင်…မမလေးကသူ့အမျိုးသားနဲ့အိပ်နေတယ်..မခေါ်ပေးရဲဘူး” “ဘာ…..သူ.ယောင်္ကျားနဲ့ဟုတ်လား…” “အင်းလေ..ဟုတ်ဘူးလား” “ဒီမှာငါကမှ..သူ.ယောင်္ကျား…မှတ်ထား. ကောင်မကတော်တော်လင်ပေါနေတယ်မှတ်တယ်… ခုလင်ငယ်နဲ့အိပ်နေတယ်ပေါ့……… တောက်…သေမယ့်သာမှတ်… ဟေ့…ဟေ့..ဒီမှာ…မင်းအခုချက်ချင်း အခန်းထဲဝင်ပြီး..ကောင်မကိုကော အကောင်ကိုကော..သတ်ပစ်စမ်းကွာ..” အိမ်ဖော်မလေး..ဆတ်ခနဲတုန်သွားပြီးမှ….. “ရှင်..!!!! …မ…မ..လုပ်ပါရစေနဲ့ရှင်” “တောက်…နင်ပါသေချင်လို့လား…ငါအခုပြန်လာလိုက်ရ.. ၃ လောင်းပြိုင်ဖြစ်သွားမယ်…နားလည်လား..သွားစမ်း သွားစမ်း အံဆွဲထဲမှာသေနတ်ရှိတယ်…နှစ်ယောက်စလုံးကိုပစ်သတ်.. ကြားလား…ဖြစ်သမျှငါရှင်းမယ်..သွားပစ်လိုက်စမ်း” “ဟို… ဟိုလေ…….” “ဟိုလေ ဒီလေလုပ်မနေနဲ့..ဘာလဲ..နင်ပါသေသွားချင်လို့လား ” “မဟုတ်ပါဘူးရှင်….သ.သ..သွားပါ့မယ်……….” ခဏအကြာ….ဒိုင်းခနဲသေနတ်သံနှစ်ချက်ကြားလိုက်ရသည်။ “ပြီး..ပြီးပြီ..ဘာ..ဘာဆက်လုပ်ရမှာလဲဟင်…..” “အေး…ပြီးရင်..ဂုန်နီအိတ်နဲ့ထုပ်ပြီး…အိမ်ရှေ့ယူလာခဲ့ ပြီးရင်ပြော..” အနည်းငယ်ကြာပြီးနောက်….. “ပြီးပြီ…ဆက်ပြော…” “ပြီးရင်….အိမ်ရှေ့ကရေကန်ထဲခဏချထား…ငါပြန်လာမယ်…ကြားလား” “ရှင်…ဘာကြီး……….” “ရေကန်ဟေ့…ရေကန်…နားလေးနေလား..ငါဒေါသထွက်နေရတဲ့အထဲ” “ဟို..ဟိုလေ…အိမ်ရှေ့မှာရေကန်မရှိဘူးရှင့်” “ဘာ…ဟုတ်လို့လား” “ဟုတ်….ဟုတ်…” “ဒါ..ဒါဖြင့်.phone နံပါတ်ကကော..ဟင်…” “09402575***** လေ….” “ဗျာ……အဟင်း..ဘယ်လိုပြောရမလဲ…..sorry့ နော်……. ဟို..ဟိုလေ…ဟို..ဗျာ…ဟို… phone မှားသွားလို့…..ဗျ….ဟုတ်……ဒါပဲနော်”…. ~~~~~~~~
ဒေါ်အောင်ဆန်းစုကြည်
ကျန်မာရေးအသိလွဲနေသူများ
ကျန်းမာရေး အသိ လွဲနေမှု များ ကျန်းမာရေး နဲ့  ပက်သက် လို့ အများ လက်ခံ သိရှိ ထားတဲ့ အချက် နဲ့ တကယ့် အဖြစ်မှန် တို့ဟာ ကွဲလွဲ နေတတ် ပါတယ်။ အောက် ဖော်ပြပါ အမေး၊ အဖြေ များ ကို ကြည့်လိုက် ရင် အထင် နဲ့ အမြင် ကွဲပြား ခြားနား နေတာ ကို သိရှိ နားလည် သွား နိုင် ပါတယ်။ ( ၁ ) လက်ဆစ် တွေ ကို ချိုးဖန်များရင် အဆစ် အမြစ် ရောင် ရောဂါ ဖြစ်တတ် တယ် မဟုတ်ပါ ဘူး။ လက်ဆစ်တွေ ကို ချိုးလိုက် တဲ့ အခါ ဂျွတ်ခနဲ၊ ဗျစ်ကနဲ မြည် သွား တာက အရိုးများ အကြား မှာ ပိတ်မိ နေတဲ့ ဓာတ်ငွေ့တွေ ထွက်သွား လို့ အသံမြည် ရခြင်း သာ ဖြစ်ပါ တယ်။ အရိုး ကြား က အခိုးအငွေ့ တွေ ထွက်သွား လို့ ပေါ့ပါး တောင် သွားပါသေး တယ်။ ( ၂ ) ဆံပင်၊ အမွှေး အမှင်တွေ ကို မကြာခဏ ရိတ်ပေး ရင် ဆံပင်၊ အမွှေး အမှင် တွေ သန်လာ တတ် ပါတယ် မဟုတ်ပါဘူး။ ကတ်ကျေး နဲ့ ဆံပင်တွေ ကို ဖြတ်ချ လိုက်သလို ပါပဲ။ ဆံပင်နဲ့ အမွှေး အမှင်တွေ ကို ရိတ်ပေး နေတာဟာ ငုတ်စ ကလေးတွေ တိုသွားရုံ သက်သက် ပဲ ဖြစ်စေ ပါတယ်။ ( ၃ ) အိပ်လွန်းအားကြီးရင် ပင်ပန်းနွမ်းနယ်သွားတတ်တယ် မှားပါတယ်။ ကျန်းမာ ပျော်ရွှင်နေ သူတွေ ဟာ အလွန်အမင်း အိပ်နေလေ့ မရှိ ပါဘူး။ အိပ်ရာ ထဲမှာ အစွဲ အမြဲ အိပ်နေလေ့ ရှိသူတွေဟာ သူတို့မှာ ရောဂါ တစ်ခုခု စွဲကပ် ၀င်ရောက် နေတဲ့ လက္ခဏာ ကို ပြနေ ပါတယ်။ ဖျားနာ လို့ သော်လည်း ကောင်း၊ စိတ်ကျ ဝေဒနာ ခံစား ရလို့ သော် လည်းကောင်း အိပ်ရာ ထဲမှာ မထ တမ်း အိပ်နေ ကြခြင်း သာ ဖြစ်ပါတယ်။ ( ၄ ) နှာချေချင် လျက်သား နဲ့ နှာမချေ ဘဲ အောင့်ထားရင် အန္တရာယ် ဖြစ်တတ် ပါတယ် မှန်ပါတယ်။ နှာချေ ခါနီး မှ နှာမချေ ဘဲ အောင့်ထား လိုက်ရင် တိုးထွက် သွားမယ့် လေတွေ၊ နှပ်တွေ၊ သလိပ် တွေ ဟာ အလွန် နူးညံ့ သိမ်မွေ့တဲ့ နား အစိတ် အပိုင်းတွေ ဆီကို ရောက်သွား ပါတယ်။ နားနဲ့ ပက်သက် တဲ့ ကူးစက် ရောဂါတွေ ဖြစ်တတ် ပါတယ်။ ဖြစ်တောင့် ဖြစ်ခဲ တစ်ခါ တစ်ရံ မှာ နားပင်း သွားတဲ့ အထိ ဖြစ်သွား နိုင် ပါတယ်။ ( ၅ ) ချက်ပြုတ်ပြီး မုန်လာ ဥနီ က ဘယ်လို လုပ်ပြီး ဆေးဖက်ဝင် အာနိသင် တွေ ဖြစ်လာ ရသလဲ လူ အများစု က ဟင်းသီး ဟင်းရွက် တွေ ကို အစိမ်း လိုက်စား မှ ပိုကောင်း တယ် လို့ ပြောတတ် ကြပါ တယ်။ ဒါ ပေမယ့် အာရ်ကင် ဆေး တက္ကသိုလ် မှ လေ့လာ တွေ့ရှိချက် တွေ အရ ကတော့ မုန်လာဥနီ တွေ ကို ချက်ပြုတ် စားသောက် ရင် အာဟာရ ဓာတ် ပိုပြီး ထက်မြက် တယ် လို့ သိရ ပါတယ်။ မုန်လာဥနီ တွေ ကို ချက်ပြုတ် လိုက်တဲ့ အခါ အပူဓာတ် ရသွား လို့ မုန်လာဥနီ တွေ ရဲ့ အမျှင် တွေ ဟာ နူးညံ့ ပျော့ပြောင်း သွား ပါ တယ်။ အမျှင် တွေပျော့ပြီး လျော့ရဲ သွားတော့ ဖီနောလစ် ဓာတ်တွေ ဟာ ဥနီ ရဲ့ ကလာပ် စည်း တွေမှ ပိုမို ထွက်ခွင့် ရသွား ပါတယ်။ ဖီနောလစ် ဓာတ်တွေ ပိုထွက် လာလို့ သွေးသန့် စေတဲ့ အာနိသင် တွေ ပိုမို ရရှိ လာတာ ဖြစ်ပါတယ်။ ဒါကြောင့် မုန်လာ ဥနီ ကို အစိမ်း လိုက် စားတာ ထက် ချက်ပြုတ် စားတာ က ပိုပြီး အကျိုး များ ပါတယ်။ မောင်မောင်လှိုင် ( အပ်စိုက်ကု )