အေဗာဆမ်ဗိုရာဟာ တစ်ချိန်က နာမည်ကြီးခဲ့တဲ့ မင်းသမီးတစ်လက်ရဲ့ သမီးဖြစ်ပါတယ်။
အသက် ၁၈ နှစ်အရွယ် မိန်းမငယ်လေးရဲ့ မိခင်ဟာ Melrose Place ရုပ်သံဇာတ်လမ်းတွဲနဲ့ နာမည်ကျော်ခဲ့ပြီး ရွှေကမ္ဘာလုံးဆု စကားတင်စာရင်းမှာ ၄ နှစ်ဆက်တိုက်ပါဝင်ခဲ့ဖူးတဲ့ ဟေသာလာ့ခ်လီရာ ဖြစ်ပါတယ်။
အေဗာဆမ်ဘိုရာဟာ မော်ဒယ်လောကထဲကို စတင်ဝင်ရောက်လာသူဖြစ်ပြီး ပွဲဦးထွက် ဓာတ်ပုံတွေကို မာလီဘူးက ကမ်းခြေတစ်ခုမှာ ရိုက်ကူးခဲ့တာပါ။
သူမရဲ့ ငယ်ရွယ်ပျိုမြစ်တဲ့အလှနဲ့ ရှိရင်းစွဲ မိန်းကလေးတစ်ယောက်ရဲ့ အလှတို့ကို ပေါင်းစပ်ပြီး အစွမ်းကုန် လှနိုင်သူလေးပါပဲ။
138 Water ရေသန့်ကြော်ငြာအတွက် ရိုက်ကူးနေတဲ့ အေဗာဟာ ဓာတ်ပုံတိုင်းမှာ လွတ်လပ်ပေါ့ပါးစွာ ရယ်မောလို့ လန်းဆန်းတက်ကြွနေခဲ့ပါတယ်။
Bon Jovi ရော့ခ်ဂီတအဖွဲ့ရဲ့ စတန့်ဂီတာသမား ရစ်ချီဆန်ဘိုရာရဲ့သမီးဖြစ်တဲ့ အေဗာဟာ ကမ်းခြေမှာ နေရောင်ခံရင်း ဓာတ်ပုံရိုက်ရတာကို ပျော်ရွှင်နေပုံပါပဲ။
သူမဟာ ခေတ်သစ်တစ်ခုကို စတင်နိုင်မယ့် မော်ဒယ်မလေးဖြစ်လာလေမလားဆိုတဲ့ အတွေးတွေ ဝင်ရောက်လာစေတဲ့အထိ ပထမဆုံးကြော်ငြာမှာတင်ပဲ ဆွဲဆောင်မှု ကောင်းနိုင်လွန်းလှပါတယ်။
Source & Photos : Daily Mail
No comments:
Post a Comment