Saturday, November 18, 2017

V7 အား Crown Gold color ဖြင့် ဝယ်ယူရရှိနိုင်မည် ..

#Advertorial

.........................

V7+ ထွက်ရှိပြီး နောက်ဆက်တွဲအဖြစ် ထပ်မံတင်သွင်းရောင်းချမည့် V7 သည် FullViewTM Display နှင့် 24MP အရှေ့ကင်မရာကို ထောက်ပံ့ပေးထားသည့်အပြင် Crown Gold color ဖြင့်လည်း ထုတ်လုပ်ထားကြောင်း သိရသည်။

၂၀၁၇ စက်တင်ဘာလဆန်းပိုင်းက V7+ တင်သွင်းရောင်းချပြီး ယခုကဲ့သို့ တစ်လကျော် ကွာခြားသည့် အချိန်မှ V7 ကို ပြည်တွင်းဈေးကွက်သို့ တင်သွင်းရောင်းချခြင်း ဖြစ်သည်။

V7+ ကို အနက်ရောင် တစ်မျိုးတည်းသာ ထုတ်လုပ် ရောင်းချခဲ့သော်လည်း ယခု တင်သွင်းရောင်းချမည့် V7 မှာမူ Crown Gold color ကိုပါ တွဲဖက် ထုတ်လုပ်ပြီး ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

V7 သည် အထက်တွင်ဖော်ပြထားသည့်အတိုင်း မျက်နှာပြင် လက်မ အကျယ် 5.7 လက်မရှိသော FullViewTM Display, 24MP အရှေ့ကင်မရာ တို့သာမက 16MP အနောက်ကင်မရာနှင့် 4GB RAM, 32GB ROM တို့ကို ထောက်ပံ့ပေးထားကြောင်းလည်း သိရသည်။

ထို့အပြင် V7 သည် V7+ ကဲ့သို့ပင် fingerprint scanner ကို နောက်ကျောဘက်တွင် ထားရှိထားပြီး Face Access ဖြင့် lock ဖွင့်နိုင်သည့် စနစ်လည်း ပါဝင်မည်ဖြစ်သည်။

V7 နှင့် ပတ်သက်သည့် specification အပြည့်အစုံ၊ အတိအကျကို လက်ရှိအချိန်အထိ တရားဝင် ထုတ်ပြန်ထားခြင်း မရှိသေးသကဲ့သို့ ရောင်းချမည့် ဈေးနှုန်းကိုလည်း တရားဝင် ထုတ်ပြန်ထားခြင်း မရှိသေးပေ။

အလားတူပင် V7 ကို မည်သည့်အချိန်တွင် ပြည်တွင်းဈေးကွက်၌ စတင် ရောင်းချမည်ဟုလည်း တိကျသည့် သတင်း ထုတ်ပြန်ချက် မရှိသေးပေ။ သို့ရာတွင် ယခု နိုဝင်ဘာလ မကုန်မီ V7 အား ပြည်တွင်းဈေးကွက်တွင် ဝယ်ယူရရှိနိုင်မည်ဟု သိရသည်။

No comments: