Friday, November 3, 2017

ရပ်စောက်မြို့ ကထိန်ပွဲတွင် PNA ပြည်သူ့စစ်နှင့် ရွာသားများ ရန်ဖြစ်ကြရာ ရွာသား နှစ်ဦး ဒဏ်ရာ ရရှိ


------ နိုင်မင်းလွင် ------

ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နယ်တွင် ကျင်းပသော ဆတ်​​သေကထိန်​ပွဲတွင် PNA ပြည်သူ့စစ်အဖွဲ့နှင့် ရွာသားများစကားများရန်ဖြစ်၍ PNA ဘက်မှ သေနတ်ဖြင့်ပစ်ခတ်ရာရွာသားနှစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရပ်​​စောက်​မြို့နယ၊်​ယမ်းတွင်​ငါး​ကြောင်​​ကျေးရွာအုပ်​စု၊ဆတ်​​သေရွာကထိန်​ပွဲရှိဈေးဆိုင်တွင် နိုဝင်​ဘာလ ၂ရက်​၊ နံနက်​ ၂ နာရီ​ခန့်​က PNA ပြည်​သူ့စစ်​အဖွဲ့နှင့် ရွာသားများစကားများရန်ဖြစ်၍ PNA ဘက်မှ သေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ရပ်စောက်မြို့မရဲစခန်းမှ သိရသည်။

“PNA အဖွဲ့ကပွဲလာလည်ရင်းဖြစ်ကြတာ။ အခုထိတော့အမှုဖွင့်ထားတာမရှိသေးဘူး။ နစ်နာတဲ့သူက အမှုဖွင့်မယ်လို့တော့ လာပြောထားတာတော့ရှိတယ်။ ဖြစ်တာလောက်ပဲသိရသေးတယ်၊ ဘယ်သူ ဘယ်ဝါ ဆိုတာကို သိတဲ့သူတွေကဆေးရုံလိုက်သွားတာအခုထိတော့ပြန်မရောက်သေးဘူး။ အကြမ်းဖျင်း သိရသလောက်ကတော့ အရက်မူပြီး ဖြစ်ကြတာပါ” ဟုရပ်စောက်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက အကုန်သိသတင်းဌာနသို့ ပြောသည်။

No comments: