Thursday, November 16, 2017

အဆိုတော် Cobera ရဲ့ဇနီး ဒုတိယသမီးရတနာ မွေးဖွား --

---- နွယ်ဏီ ------

အဆိုတော် Cobera နဲ့ ဇနီးသည် ခင်မဉ္ဇူခိုင်တို့ရဲ့ ဒုတိယ သမီးရတနာလေးကို ယနေ့ ( နိုဝင်ဘာ ၁၆ ရက်) နံနက် ၆ နာရီက ပန်းလှိုင်ဆေးရုံမှာ မွေးဖွားခဲ့တယ်လို့ သိရပါတယ်။

“ မြ​လေးနဲ့ ​မွေး​နေ့​ ​မွေးရက်​ ရာဇဖွား အားလုံးထပ်​တူကျတဲ့ သမီး​လေးကို ဒီ​နေ့​မွေးခဲ့ပြီ. Happy birthday to me and warmly welcome my lil girl..” လို့ ခင်မဉ္ဇူခိုင်က သူ့ရဲ့ ဖေစ့်ဘုတ်စာမျက်နှာမှာ ရေးသားထားပါတယ်။

ရင်သွေးလေးမှာ ၇ ပေါင် ၂ အောင်စရှိပြီး မိခင်ရော ကလေးပါ ကျန်းမာတယ်လို့ သိရပါတယ်။

No comments: