Thursday, November 2, 2017

ဦးဆောင်နိုင်သည့် ကစားသမားမရှိသည့်အတွက်စိုးရိမ်စရာဖြစ်လာကြောင်း ချယ်ဆီးနည်းပြကွန်တီ ဝန်ခံ .....................................................

.

ချယ်ဆီးနည်းပြကွန်တီသည် လက်ရှိအသင်းအခြေအနေများနှင့်ပတ်သက်၍ ထုတ်ဖော်ပြောကြားမှုများပြုလုပ်ခဲ့ပြီး အသင်းအ နေဖြင့် ရလဒ်ကောင်းများရရှိရန် ဦးဆောင်ကစားနိုင်သည့် ကစားသမားကောင်းမရှိတော့ကြောင်း၊ အသင်းကြီးအချင်းချင်းထိ ပ်တိုက်တွေ့ဆုံသည့်ပွဲများအတွက် စိုးရိမ်စရာအခြေအနေဖြစ်လာကြောင်း ၀န်ခံပြောကြားသွားခဲ့သည်။

နည်းပြကွန်တီသည် ယခုနှစ်ရာသီတွင် အဓိက၀ါရင့်ကစားသမားဖြစ်သူ အသင်းခေါင်းဆောင်ဂျွန်တယ်ရီအား လက်လွှတ်ရမ ည်ဖြစ်သည့်အတွက် ပြီးခဲ့သည့်နွေရာသီကစားသမားအပြောင်းအရွှေ့ဈေးကွက်တွင် ဂျူဗင်တပ်အသင်း၏ ၀ါရင့်နောက်ခံလူ ဘိုနျူချီအားခေါ်ယူရန် တောင်းဆိုခဲ့သော်လည်း အသက်ကြီးလွန်းသည်ဟူသောအကြောင်းပြချက်ဖြင့် အသင်းတာဝန်ရှိသူမျာ မှ ပယ်ချခဲ့ခြင်းကြောင့် အသင်းကို ဦးဆောင်ကစားနိုင်သည့် ကစားသမားမရှိခြင်းဖြစ်ကြောင်း ၀န်ခံခဲ့ခြင်းလည်းဖြစ်သည်။

“ စပါးအသင်းအနေနဲ့ တကယ်ကိုအကောင်းဆုံးတည်ဆောက်ထားနိုင်ခဲ့ပါတယ်။ နည်းပြပိုချက်တီနိုအနေနဲ့လည်း အသင်းကို အခြေခိုင်အောင် လုပ်ထားနိုင်ခဲ့ပြီးပါပြီ။ ချယ်ဆီးအတွက်ကတော့ အဲ့ဒီလိုအခြေခံမျိုးလိုအပ်နေခဲ့တာပါ။ စပါးရဲ့ဖွဲ့စည်းတည် ဆောက်ပုံက တကယ်ကိုလေးစားစရာအခြေအနေတစ်ခုလို့ပြောလို့ရပါတယ်။ ၀ါရင့်ကစားသမားတွေဆုံးရှုံးခဲ့ပြီးနောက် ရှိတဲ့ ကစားသမားတွေနဲ့အကောင်းဆုံးလုပ်ဆောင်ရမှာပါ။ အသင်းကို ဦးဆောင်မောင်းနှင်ကစားနိုင်မယ့်သူမရှိတဲ့အတွက် အသင်း ကြီးတွေနဲ့တွေ့တဲ့အချိန်အခက်အခဲတွေနဲ့အတူ စိုးရိမ်စရာတွေဖြစ်လာတော့တာပါပဲ ” ဟု နည်းပြကွန်တီက ဆိုခဲ့သည်။ဦးဆောင်နိုင်သည့် ကစားသမားမရှိသည့်အတွက်စိုးရိမ်စရာဖြစ်လာကြောင်း ချယ်ဆီးနည်းပြကွန်တီ ၀န်ခံ
=================================================
ချယ်ဆီးနည်းပြကွန်တီသည် လက်ရှိအသင်းအခြေအနေများနှင့်ပတ်သက်၍ ထုတ်ဖော်ပြောကြားမှုများပြုလုပ်ခဲ့ပြီး အသင်းအ နေဖြင့် ရလဒ်ကောင်းများရရှိရန် ဦးဆောင်ကစားနိုင်သည့် ကစားသမားကောင်းမရှိတော့ကြောင်း၊ အသင်းကြီးအချင်းချင်းထိ ပ်တိုက်တွေ့ဆုံသည့်ပွဲများအတွက် စိုးရိမ်စရာအခြေအနေဖြစ်လာကြောင်း ၀န်ခံပြောကြားသွားခဲ့သည်။

နည်းပြကွန်တီသည် ယခုနှစ်ရာသီတွင် အဓိက၀ါရင့်ကစားသမားဖြစ်သူ အသင်းခေါင်းဆောင်ဂျွန်တယ်ရီအား လက်လွှတ်ရမ ည်ဖြစ်သည့်အတွက်  ပြီးခဲ့သည့်နွေရာသီကစားသမားအပြောင်းအရွှေ့ဈေးကွက်တွင် ဂျူဗင်တပ်အသင်း၏ ၀ါရင့်နောက်ခံလူ ဘိုနျူချီအားခေါ်ယူရန် တောင်းဆိုခဲ့သော်လည်း အသက်ကြီးလွန်းသည်ဟူသောအကြောင်းပြချက်ဖြင့် အသင်းတာဝန်ရှိသူမျာ မှ ပယ်ချခဲ့ခြင်းကြောင့် အသင်းကို ဦးဆောင်ကစားနိုင်သည့် ကစားသမားမရှိခြင်းဖြစ်ကြောင်း ၀န်ခံခဲ့ခြင်းလည်းဖြစ်သည်။

“ စပါးအသင်းအနေနဲ့ တကယ်ကိုအကောင်းဆုံးတည်ဆောက်ထားနိုင်ခဲ့ပါတယ်။ နည်းပြပိုချက်တီနိုအနေနဲ့လည်း အသင်းကို အခြေခိုင်အောင် လုပ်ထားနိုင်ခဲ့ပြီးပါပြီ။ ချယ်ဆီးအတွက်ကတော့ အဲ့ဒီလိုအခြေခံမျိုးလိုအပ်နေခဲ့တာပါ။ စပါးရဲ့ဖွဲ့စည်းတည် ဆောက်ပုံက တကယ်ကိုလေးစားစရာအခြေအနေတစ်ခုလို့ပြောလို့ရပါတယ်။ ၀ါရင့်ကစားသမားတွေဆုံးရှုံးခဲ့ပြီးနောက် ရှိတဲ့ ကစားသမားတွေနဲ့အကောင်းဆုံးလုပ်ဆောင်ရမှာပါ။ အသင်းကို ဦးဆောင်မောင်းနှင်ကစားနိုင်မယ့်သူမရှိတဲ့အတွက် အသင်း ကြီးတွေနဲ့တွေ့တဲ့အချိန်အခက်အခဲတွေနဲ့အတူ စိုးရိမ်စရာတွေဖြစ်လာတော့တာပါပဲ ” ဟု နည်းပြကွန်တီက ဆိုခဲ့သည်။
with The Voice Soccer Special

No comments: