Saturday, November 18, 2017

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် စိန်ကုန်လန်ဘန် သာသနာပြု ကတ်သလစ်ဂိုဏ်း နှစ် ၁၀၀ ပြည့် ဂျူဗလီပွဲတွင် ယနေ့ (နိုဝင်ဘာလ ၁၈ ရက်) ညနေပိုင်းက မနောပိတ်ပွဲကို ကျင်းပခဲ့သည်။


အဆိုပါ မနောပွဲကို ဆွတ်မနောဟုခေါ်ဆိုပြီး ဆွတ်မနော၏ အဓိပ္ပာယ်မှာ ချစ်ကြည်ရေး၊ ငြိမ်းချမ်းရေး၊ တိုးတက်ကြီးပွားရေးကို ဖော်ဆောင်ခြင်းဖြစ်ကြောင်း၊ မနောကမည်ဆိုပါက မနောအိမ်တော်ဆောက်လုပ်ရပြီး အိမ်ဆောက်ပြီးပါက မနောအိမ်တွင် ထင်းမီး မွှေးရသည်။ မနော မပြီးမခြင်း မီးမသေစေရန် ထားရှိရသည်။

ယနေ့ မနောပိတ်ပွဲကို မနောအိမ်မှပင် ထွက်ခွာရပြီး ပါဝင်ကပြမည့်သူများက ဝတ်စားဆင်ယင်မှုအတွက် မနောအိမ်တော်တွင် ဆုတောင်းကြသည်။ ယင်းနောက် မနောကွင်းသို့ ဝင်ရောက်ကာ လက်ဝါးကပ်တိုင်ပုံစံဖော်ကာ ကပြခြင်း၊ သခင်ယေရှု အသည်းနှလုံးကို ပုံစံဖော် ကပြခြင်းများ ပြုလုပ်ခဲ့ကြသည်။

ဓာတ်ပုံ - ဆလိုင်းယောဇဉ်

No comments: