Wednesday, November 1, 2017

တစ်ဘက်နိုင်ငံသို့ ရောက်ရှိနေသော ဘင်္ဂါလီများအား ပြန်လည် လက်ခံမည့် ကိစ္စနှင့် ပတ်သက်ပြီး သူရ ဦးအောင်ကို ရခိုင်ဆရာတော်ကြီးများထံ လာရောက် ရှင်းပြ ------------------------------------


တစ်ဘက်နိုင်ငံသို့ ရောက်ရှိသော ဘင်္ဂါလီများကို ပြန်လည် လက်ခံမည့် ကိစ္စနှင့် ပတ်သတ်ပြီး စိုးရိမ်မှုမဖြစ်ပွားကြရန် ယာဉ်ကျေးမှုနှင့် သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကို က ရခိုင်သို့လာရောက်ပြီး  ဆောင်ရွက်လုပ်ကိုင်သွားသည့် အခြေအနေများကို ဆရာတော်ကြီးများထံ ရှင်းပြ လျှေက်ထားခဲ့သည်။

ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုသည် အောက်တိုဘာလ ၃၁ ရက်နေ့ ညနေပိုင်းက လေကြောင်းလိုင်းဖြင့် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိလာပြီး စစ်တွေမြို့ရှိ ပုသိမ်ကျောင်းတိုက်နှင့် ဓမ္မသုခကျောင်းတိုက်တို့ သွားရောက်ခဲ့ကာ  ပြည်နယ်သံဃနာယက ဆရာတော်ကြီးများထံ သြဝါဒခံယူကာ ယင်းသို့ ရှင်းပြ လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

“   ၉၃ ခုနှစ် သတ်မှတ်ချက်တွေနဲ့ကိုက်ညီမယ်။ အထောက်အထားတွေ ခိုင်လုံတယ်ပြီးမှ လက်ခံမယ်ဆိုတော့တွေ တပည့်တော်တို့ နိုင်ငံအတွက် စိုးရိမ်စရာ မရှိဘူးလို့ လျောက်တင်ပါရေစေ ဘုရား ။ လက်ခံရင်လည်း ဧမတန် နည်းပါးတဲ့ အရေအတွက်ဖြစ်ပါတယ်။ တစ်ဘက်နိုင်ငံပြောသလိုပဲ  ၅ သိန်းလောက်ပြေးတယ် ဆိုတာကလည်း သူတို့ ဘယ်လိုရေအတွက်သလဲ ။ စောင့်ပြီး ရေအတွက်သလား ထောက်ပြစရာတွေက အများကြီးပါ ဘုရား။ သမိုင်းကြောင်းအရ ကြည့်မယ် ဆိုရင်လည်း  ၁ သိန်းပြေးရင် ၃ သိန် ၊ ၄ သိန်း ပြေးတယ် ဆိုပြီး ဖော်ပြပါတယ်။ တည့်တော်တို့ နိုင်ငံအနေနဲ့ အများကြီးခံခဲ့ရပါပြီ။   နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က စီမံကွက်ကဲပြီး အမျိုးသား အကျိုးစီးပွား ၊ ရခိုင်တိုင်းရင်းသားများ အကျိုးစီးပွားအတွက် စီမံပြီးမှ သေချာကြပ်မတ် ဆောင်ရွက်ဖို့ အသေးစိတ် အစီအမံများ ရေးဆွဲလျက် ရှိပါတယ်ဘုရား   ” ဟု ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကို က ဆရာတော်ကြီးများထံ လျှောက်ထားခဲ့သည်။

ယင်းအပြင်နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည့်၏ နိုင်ငံတော်နှင့်တိုင်းရင်းသားပြည်သူတို့၏ အကျိုးစီးပွားအတွက် ပြည်တွင်းငြိမ်းချမ်းရေး ရရှိအောင်ဆောင်ရွက်လုပ်ကိုင်နေသည့် အကြောင်းနှင့် တိုင်းပြည် စီးပွား ဖွံဖြိုးတိုးတက်အောင် ဆောင်ရွက် လုပ်ကိုင်နေသည့် အကြောင်းရင်း များကိုလည်း ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ဆက်လက် လျှေက်ထားခဲ့သည်။

ယင်းသို့ ဘင်္ဂါလီများအား ပြန်လည်လက်ခံမည့် ကိစ္စရပ်များနှင့် ပြည်ထောင်စုဝန်ကြီး၏ လျှောက်ထားချက် အပေါ် ဆရာတော်ကြီးများက ၁၉၉၃ ခုနှစ်သဘောတူစာချုပ်ပါအတိုင်း အထောက်အထားမှန်ကန်သူများကိုသာ လက်ခံမည်ဆိုပါက သဘောတူလက်ခံနိုင်ပြီး လူမျိုး အမည်တွင် ရိုဟင်ဂျာဆိုသည့် စကားလုံး ပါလာပါက လုံးဝ လက်ခံမည် မဟုတ်ကြောင်း ၊ ၁၉၈၂  ခုနှစ်နိုင်ငံသား ဥပဒေအတိုင်းလည်း စစ်ဆေးရန် လိုအပ်ကြောင်း ၊ ကျိုးပေါက်နေသော နယ်စပ်ခြံစည်းရိုးအား သေချာကာရန်မှုများလိုအပ်သလို နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အခြေအမှန်များကို မြင်တွေ့ သိရှိအောင် ရခိုင်ပြည်နယ်သို့ လာရောက်ကြည့်ရှုစေချင်ကြောင့် ဆရာတော်ကြီးများက မိန့်ကြားခဲ့သည်။

မြတ်ထွန်းဇံ
News Watch

No comments: