Thursday, November 2, 2017

“ဒေါ်အောင်ဆန်းစုကြည် မောင်တောတွင် ဘင်္ဂါလီများနှင့်တွေ့ဆုံ”


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မောင်တောမြို့တွင် ဘင်္ဂါလီများနှင့်တွေ့ဆုံခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့(နိုဝင်ဘာ ၂ ရက်)နံနက်ပိုင်းက ရခိုင်ပြည်နယ် စစ်တွေမြို့မှတဆင့် မောင်တောမြို့သို့ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

မောင်တောမြို့ ပန်းတောပြင်ကျေးရွာတွင် ဘဂါင်္လီတစ်ချို့နှင့် တွေ့ဆုံခဲ့ပြီး မောင်တော မြို့နယ်မြောက်ပိုင်းသို့ ဆက်သွားရန်စီစဉ်ထားသည်ဟု လုံခြုံရေးတာဝန်ယူထားရသူ ရဲအရာရှိများက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေး ရေး၊ပြန်လည်နေရာချထားရေးဖွံ့ဖြိုး ရေးစီမံကိန်း (UEHRD) ကော်မတီ ဥက္ကဌတာဝန်ကို ယူထားသည်။

ဓာတ်ပုံ - အိဖြူ
Crd ထိန်​လင်းfb

No comments: