Sunday, November 19, 2017

မြန်မာ့ အကြီးဆုံး ကျောက်စိမ်းတုံး အရောင်မတင်နိုင် သောကြောင့် လေလံမတင်နိုင် သေးဟုဆို


================================
၁၉..၁၁..၁၇
-
ဖားကန့်ရတနာနယ်မြေမှ တူးဖော် ရရှိသည့် အလေးချိန် တန် ၃၀၀ ကျော်ရှိ သော ကျောက်စိမ်းတုံးကို ခွဲခြမ်းစိတ်ဖြာထားသော်လည်း အရောင်မတင်နိုင်သေး၍ လာမည့်နှစ်လယ် မြန်မာ့ကျောက်မျက် ရတနာပြပွဲတွင် လေလံမတင်နိုင်သေးကြောင်း ကျောက်စိမ်းလုပ်ငန်း
ကော်မတီ အတွင်းရေးမှူးဦးမင်းသူက ပြောကြား သည်။
-
ကျောက်လှပစေရန် အရောင်တင် ခြင်း၊ ဖြတ်ထားသည့်ကျောက်စိမ်းတွဲ များကို အတွဲတွဲခြင်းမပြုလုပ်ရသေး၍ နေပြည်တော် မဏိရတနာ ကျောက်စိမ်းခန်းမ၌ လာမည့်ဒီဇင်ဘာလတွင် ကျင်းပ မည့် ကျောက်
မျက်ရတနာပြပွဲတွင် လေလံတင်နိုင်မည်မဟုတ်ကြောင်း မြန်မာ့ ကျောက်မျက်ရတနာလုပ်ငန်း ဒုတိယ အထွေထွေမန်နေဂျာလည်း ဖြစ်သူ ၎င်းက ဆိုသည်။
-
မြန်မာ့အကြီးဆုံးကျောက်စိမ်းတုံး ကို ပိုင်းဖြတ်ရာတွင် ၂၈ ပိုင်းနှင့် အပိုင်း အစသေး ၁၈၃ စ ရရှိပြီး အလေးချိန် ၃၀၈ ဒသမ ၃၉၈ တန်ရှိကာ ယင်းကျောက်စိမ်းတုံးများကို ကျောက်မျက်ပြပွဲတွင် ပြသ သွားမည်ဖြစ်သည်။
-
အဆိုပါ ကျောက်စိမ်းတုံးကို အစိုးရနှင့် ရတနာတောင်တန်းကုမ္ပဏီက အကျိုးတူပိုင်ဆိုင်ခြင်းဖြစ်ပြီး လုပ်ထုံးလုပ်နည်းအရ လေလံပွဲတင်ရမည် ဖြစ်သော်လည်း ကျောက်စိမ်းတွဲခြင်း၊ အရောင်တင်ခြင်း တို့ပြီးမှသာ လေလံပွဲတင်နိုင်မည် ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယ အမြဲတမ်းအတွင်းဝန် (သတ္တု
ကဏ္ဍ) ဒေါက်တာသိန်းစိုးက ဆိုသည်။
-
"ပြမယ့် ပြပွဲအတွက် အဲဒီကျောက်စိမ်းအတွဲတွေ တက်မလာသေးဘူး။ ပွဲက လည်း နည်းနည်းလိုသေးတယ်" ဟု ၎င်းကဆိုသည်။
-
ရတနာပြပွဲတွင်ရောင်းချမည့် ကျောက်စိမ်းနှင့် ကျောက်မျက်အတွဲ
များကို နိုဝင်ဘာ ၁ ရက်မှ ၂၄ ရက်နေ့အထိ စစ်ဆေးလက်ခံခြင်း၊ အခြေခံရောင်းဈေး ညှိနှိုင်းသတ်မှတ်ခြင်းတို့ ပြုလုပ်နိုင်ကြောင်း မြန်မာ့ကျောက်မျက်ရတနာ ပြပွဲဗဟိုကော်မတီက သတင်းထုတ်ပြန် ထားသည်။
=======
The Voice

No comments: