Thursday, November 2, 2017

တောင်ကြီးတန်ဆောင်တိုင်တွင် ပျက်ကျခဲ့သည့် မီးပုံးပျံ လေဆာပွိုင့်ဖြင့် အထိုးခံရ၍ ပျက်ကျခြင်းမဟုတ်ကြောင်း ဒိုင်အဖွဲ့ပြော


====================
====================

တောင်ကြီးတန် ဆောင်တိုင်တွင် ပျက်ကျခဲ့သည့် မီးပုံးပျံသည် လေဆာပွိုင့်ဖြင့် အထိုး ခံရ၍ ပျက်ကျခြင်းမဟုတ်ကြောင်း မီးပုံးပျံပြိုင်ပွဲ ကျင်းပရေး ဒိုင်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာသန်းဝင်းက ပြောသည်။

တန်ဆောင်တိုင်ပြိုင်ပွဲဝင် မီးပုံးပျံတိုင်း   အတက်   စံချိန်ကောင်း၊ မကောင်းသိရှိရန် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ ဒိုင်အဖွဲ့က လေဆာပွိုင့်တာဖြင့် ထိုး၍ ကြည့်ရှုခြင်းဖြစ်ကြောင်း ဒေါက်တာသန်းဝင်းက ပြော သည်။

‘‘လေဆာပွိုင့်တာနဲ့ ထိုးလို့ ပျက်တယ်ဆိုတာ မဟုတ်ပါဘူး။ ကောလာဟလတွေ တင်ပြီးတော့ တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲ ပုံရိပ်ထိခိုက်အောင် လုပ်နေတာပါ။ လေဆာပွိုင့်တာ အသုံး ပြုပြီးတော့ အတက်စံချိန်ကြည့်တာ လေးနှစ်ရှိပြီ၊ တစ်လုံးမှ မပျက်စီးဘူး’’ဟု မီးပုံးပျံပြိုင်ပွဲ ကျင်းပ ရေးတွဲဖက်အတွင်းရေးမှူးလည်း ဖြစ်သူ ဒေါက်တာသန်းဝင်းက ဆိုသည်။

အောက်တိုဘာ ၃၀ ရက် ည က တွံကီး ညမီးကြီးမီးပုံးပျံပျက် ကျခြင်းသည် မီးစာတိုင် မီး လောင်အားကောင်းနေခြင်း၊ မီးစာတိုင် လုံးပတ်ကြီးနေခြင်းတို့ ကြောင့် ပျက်ကျခဲ့သည်ဟု ဒေါက်တာသန်းဝင်းက ပြောသည်။

‘‘လေဆာပွိုင့်တာထိုးတာ က မီးပုံးပျံကိုယ်ထည်မှာပါ။ အခု သူတို့စလောင်တာက အောက် ခြေ ခွေနားကနေ   စလောင်တာ၊ အများကြီးကွဲလွဲနေပါတယ်’’ဟု မီးပုံးပျံပြိုင်ပွဲကျင်းပရေးကော်မ တီဝင်တစ်ဦးက ပြောသည်။

တွံကီးမီးပုံးပျံ ပျက်ကျမှု နှင့်ပတ်သက်ပြီး တောင်ကြီးဒေသ ခံအများစုက လူမှုကွန်ရက်စာ မျက်နှာတွင် လေဆာပွိုင့်ထိုးခြင်း ကြောင့် ပျက်ကျခဲ့ကြောင်း ဝေဖန် ရေးသားမှုများ ရှိနေသည်။

လေဆာပွိုင့်ဖြင့် ထိုးသဖြင့် မီးပုံးပျံ ပျက်ကျသည်ဟုဆိုကာ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတစ်ဦးက အောက်တိုဘာ ၃၁ ရက်တွင် ဗီဒီ ယိုဖိုင်တင်ခဲ့ပြီး မှတ်ချက်ပေးသူ ၃၀၀ ကျော်၊   ဝေမျှသူ တစ် ထောင်ကျော်နှင့် Like  တစ်ထောင်ကျော်ရှိခဲ့ပြီး ပိုမိုပျံ့နှံ့ခဲ့သည်။

တွံကီးမီးပုံးပျံပျက်ကျမှုနှင့် ပတ်သက်ပြီး ပျက်ရသည့်အ ကြောင်းရင်းကို တွံကီးမီးပုံးပျံ အဖွဲ့ထံ ဆက်သွယ်သော်လည်း  မရရှိခဲ့ပေ။

တွံကီးမီးပုံးပျံပျက်ကျမှု ဖြစ် စဉ်ကြောင့် အဝေရာမီးပုံးပျံကွင်းရှိ အမျိုးသားလေးဦးနှင့် အမျိုးသမီး သုံးဦး၊ စုစုပေါင်း ခုနစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။

တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲကို အောက်တို ဘာ ၂၆ ရက်မှ နိုဝင်ဘာ ၄ ရက် အထိ ၁၀ ရက်တိုင် ကျင်းပနေပြီး မီးပုံးပျံအလုံးရေ ၃၉၀ ကျော် ၀င်ရောက်ယှဉ်ပြိုင်နေသည်။

==========

7Day News Journal

http://7daydaily.com/story/111922

No comments: