Wednesday, November 1, 2017

စလစ်အမျိုးအစားများ *********************


နှစ်၂၀ကားဟောင်းစလစ်
^^^^^^^^^^^^^^^^^^^^^^^
AV@CIF (Unlimit)
ကြိုက်နှစ်သက်ရာလူစီး(Saloon)ကားများသွင်းနိုင်သည်။
AV တန်ဖိုးကန့်သတ်မထား
ယနေ့တန်ဖိုး
၁၃၅-၁၄၀ သိန်းကြား တန်ကြေးရှိ
ကားရှားပါသည်။
2011-2014Model ညာမောင်းတင်သွင်းနိုင်ပါသည်။

စက်မူဇုံလူစီးစလစ်
^^^^^^^^^^^^^^^^
AV@CIF-(5000USD--15000USD)
AV-5000 မှ AV-15000ကြား တန်ကြေးရှိနှစ်သက်ရာလူစီး(Saloon)ကားများတင်သွင်းနိုင်ပါသည်။
ယနေ့တန်ဖိုး
၁၂၅-၁၃၀သိန်းကြား တန်ဖိုးရှိ
ကားရှားပါသည်။
2011-2014Model ညာမောင်းတင်သွင်းနိုင်ပါသည်။

တိုက်ကြေလူစီးစလစ်
^^^^^^^^^^^^^^^^^^
AV-5000 သတ်မှတ်သည်။
AV-5000 တန်ဖိုးရှိသောကြိုက်နှစ်သက်သောလူစီး(Saloon)ကားများတင်သွင်းနိုင်သည်။အင်ဂျင်ပါဝါ၁၃၀၀စီစီ နှင့်အောက်ကားများတင်သွင်းပါသည်။Taxiများလည်း အကြုံးဝင်ပါသည်။
ကာလတန်ဖိုး
၁၂၀-၁၂၅သိန်းကြားတန်ဖိုးရှိ
ပေါက်ဈေးသည် လူ၊အချိန်၊နေရာအလိုက်အပြောင်းအလဲရှိ😜
မိတ်ပျက်တတ်သောစလစ်အမျိုးအစားဖြစ်😂
လောလောဇယ်လတ်တလောရွှေထက်ရှားပါး😛
2011-2014Model ညာမောင်းတင်သွင်းနိုင်ပါသည်။

BUSလူစီးစလစ်
^^^^^^^^^^^^^^^

AV@CIF (Unlimit)
ကြိုက်နှစ်သက်ရာလူစီး(Saloon)ကားများသွင်းနိုင်သည်။
AV တန်ဖိုးကန့်သတ်မထား
ယနေ့တန်ဖိုး
၁၂၅-၁၃၀သိန်းကြား တန်ကြေးရှိ
လောလောဆယ်လတ်တလောအမည်ပေါက်မရနိုင် စလစ်ရှားပါသည်။
2011-2014Model ညာမောင်းတင်သွင်းနိုင်ပါသည်။

Taxi စလစ်
^^^^^^^^^^^
လုပ်ငန်း၂နှစ်သက်တမ်းရှိတဲ့မည်သည်လူစီးကားမဆိုအပ်နှံပြီးစလစ်ထုတ်ယူနိုင်ပါသည်။
AVတော့ ကန့်သတ်မထားပါဘူး။
AV-5000နှင့်အထက်ကို အဆင်ပြေပြီးခိုင်းလို့ကောင်းမဲ့မည်သည်လူစီးကားမဆိုသွင်းလို့ရပါတယ်။
Taxi တိုက်ကြေစလစ်ဆိုရင် AV-5000 တန်ကြေးရှိကားပဲသွင်းလို့ရပါတယ်။
ယနေ့တန်ဖိုး
၁၂၀-၁၂၅သိန်းကြားတန်ဖိုးရှိ
2011-2014Model ညာမောင်းတင်သွင်းနိုင်ပါသည်။

BUS to BUS စလစ်
****************
လုပ်ငန်းသုံးBusကားများနှင့်၁၀စီး၁၅စီး Minibus ကားများတင်သွင်းနိုင်သည်။
AV-5000 နှင့်အထက်ကို တင်သွင်းနိုင်ပြီး ကန်သတ်မထားပါ။
2007 - 2014 Model ညာမောင်းသွင်းခွင်ရှိသည်။
ကာလတန်ဖိုး
၆၅-၇၀သိန်းကြားတန်ဖိုးရှိပါသည်။
စကပ်ကပ်ပြီးတင်သွင်းသောကားအားလုံးသည် ညာမောင်းရမည်ဖြစ်ပါသည်။

ယာဉ်ဟောင်းပိုင်ရှင်တို့နစ်နာတဲ့ဘယ်မောင်းမူဝါဒ
***************************
အထက်ပါစလစ်အမျိုးအစားများ သည် မြန်မာပြည် ကားတင်သွင်းမူ မူဝါဒအောက်တွင် အသုံးတော်ခံ ကပြနေရသော ရုပ်သေးရုပ်များဖြစ်ကြသည်။
ကျနော့ပုဂ္ဂိုလ်ရေးအမြင်အရ ကားဟောင်းတစီးအပ်ကားသစ်တစီးမူဝါဒကို ထောက်ခံပါတယ်။ဒါပေမဲ့ ကားဟောင်းတစီးအပ်ပြီး ကားပြန်သွင်းတဲ့ ကားဟောင်းပိုင်ရှင်တို့အနေဖြင့် မိမိစိတ်ကြိုက် ရွေးချယ်ခွင့်ရှိသင့်တယ် ထင်ပါတယ်။
ဘယ်မောင်းကြိုက်တဲ့သူက ဘယ်မောင်း
ညာကြိုက်တဲ့သူက ညာမောင်း လေး ကို လူကြီးမင်းတို့အနေနဲ့ ခွင့်ပြုပေးခဲ့မယ်ဆိုရင်ဖြင့်
ပြည်သူအသံကိုနားထောင်ရာလည်းရောက် ယာဉ်ကျောကျပ်တည်းရာကို တဘက်တလမ်းက ဖြေရှင်းပြီးသားလည်းဖြစ် ကားဟောင်းပိုင်ရှင်တို့လည်း နစ်နာမူမရှိ သားရွှေအိုးထမ်းလာခြင်းကဲ့သို့ အကျိုးရှိမဲ့ကိစ္စမျိုးအဖြစ်တင်ပြရင်း လာမဲ့နှစ်မှာ ကားဟောင်းအပ်ပြီးကားသစ်ကို ညာမောင်းခွင့်ပြုပေးဖို့ တင်ပြလိုက်ရပါတယ်။
မှတ်ချက်။
********
တယောက်အားဖြင့်မနိုင်စုပေါင်းအားဖြင့် အောင်နိုင်ရာ၏။💪🏻💪🏻💪🏻
Tag for Sorry 😐
ဖိုးသား
၀၉၄၃၀၂၁၃၂၉

No comments: