Wednesday, November 1, 2017

ဒုက္ခသည် တစ်သန်းနီးပါးဆိုတာ မဖြစ်နိုင်ဘူးလို့ ဦးဇော်ဌေး ပြော


ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းဘက် ရောက်နေတဲ့ ဒုက္ခသည်ဦးရေ တစ်သန်းနီးပါးဆိုတာ လက်တွေ့မှာ လုံးဝ မဖြစ်ဘူးလို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။

မြန်မာနိုင်ငံရဲချုပ်က ဘင်္ဂလားဒေ့ရှ်ဘက်ကို ရောက်နေတဲ့ လူစာရင်း ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေး ဝန်ကြီးဆီ တောင်းထားရာမှာ အီးမေးလ်နဲ့ ပို့မယ်လို့ ပြောပေမယ့် မရရှိသေးကြောင်း၊ လူစာရင်းရပြီဆိုရင် စိစစ်ရမယ့် လုပ်ငန်းစဉ် အဆင်ပြေမှာ ဖြစ်ကြောင်း ဦးဇော်ဌေးက ဆိုပါတယ်။

ဒီဒုက္ခသည်တွေ မြန်မာနိုင်ငံမှာ အမှန်တကယ် နေထိုင်ခဲ့ခြင်း ဟုတ်၊ မဟုတ် လူဝင်မှုကြီးကြပ်ရေးမှာ အထောက်အထားတွေ ရှိကြောင်း၊ ဘင်္ဂလားဒေ့ရှ်ဘက်က စာရင်းရလို့ ပြန်တိုက်ဆိုင်လိုက်ရင် မြန်နိုင်ကြောင်းလည်း ဦးဇော်ဌေးက ပြောပါတယ်။

MCN

No comments: