Thursday, November 16, 2017

ကျနော့်ကိုဖမ်းပါဗျာ ဖမ်းပါ😖😖😖


“ကျွန်​​တော့်​ကိုဖမ်းကြပါ…
ကျွန်​​တော့်​ကို မြန်​မြန်​ဖမ်း​ပေးကြပါ အီး အဟီးဟီး😭…”

လူပျိုကြီးဦးတိုး
ရဲစခန်းထဲကို ငိုကြီးချက်​မနဲ့ ပြေးဝင်​သွားတယ်​။
တာဝန်​ကျရဲအရာရှိက- “ကဲ ထိုင်​ပါ…
တစ်​ကိုယ်​လုံးလည်း ဒဏ်​ရာ​တွေနဲ့
မြင်​မ​ကောင်းပါလား?… ဘယ်​လိုဖြစ် လာတာလဲ?…
ဘာကိစ္စ​ကြောင့်​ဖမ်းရမှာလဲဆိုတာ​ပြောပါဦး

”“ဒီလိုပါ ဦးရဲကြီးရယ်​…
ကျွန်​​တော်​နဲ့ အွန်​လိုင်းမှာချစ်​ကြိုက်​​နေတဲ့ကောင်​မ​လေးကို
အခုတည်းခိုခန်းမှာချိန်း​တွေ့ပြီးမှ
ဒီအတိုင်းထားပစ်​ခဲ့ပါတယ်​…
ကျွန်​​တော့်​မှာအပြစ်​ရှိပါတယ်​…
ကျွန်​​တော့်​ကိုဖမ်းပါဗျာ

”“ဟာကွာ ခင်ဗျားမို့လို့
နှမချင်းမစာမနာလုပ်​ရက်​တယ်​…
ကောင်းပြီ​လေ ဒါဆိုရင်​​တော့ပြစ်​မှု​မြောက်​သွားပြီ…
ဖမ်းရမှာပေါ့။ ကဲ… ဖြစ်​စဉ်​ကို
အစက​နေသေချာ​ပြောပြစမ်းပါအုန်း

” ရဲအရာရှိက
စာအုပ်​နဲ့​ဘောလ်ပင်​ယူပြီး လိုက်​မှတ်​ဖို့ပြင်​တယ်
။“ဒီလိုပါဦးရဲကြီးရယ်​…
အဲဒီအွန်​လိုင်းကချစ်​သူကို ခိုး​ပြေးဖို့
ကျွန်​​တော်​ တည်းခိုးခန်းတစ်​ခုကို ချိန်းလိုက်​ပါတယ်​…

ကျွန်​​တော်​​ တည်းခိုခန်းကို ရောက်​သွား​တော့
သူကအရင်​​ရောက်​နှင့်​​နေပါပြီ
”“ဟုတ်​ပြီ ဆက်​​ပြော”
“ကျွန်​​တော်​ အခန်းထဲ​ဝင်​သွား​တော့
သူဘာလုပ်​​နေတယ်​ထင်​လဲ” “ဘာလုပ်​​နေလဲ…?”

“ကုတင်​​ပေါ်ထိုင်​ပြီး
နှပ်ချေးထိုင်​က​လော်​​နေတယ်​​ဗျာ…😣”
“အဲ… ဟုတ်​ပါပြီ​လေ… ​နောက်​​တော့​ရော?
”“ကျွန်​​တော်​လည်း ရင်​တဒိတ်​ဒိတ်​နဲ့
သူ့ဘေးမှာဝင်​ထိုင်​လိုက်​​ပြီး
သူ့လက်​က​လေးကို ဖွဖွလေး ငုံ့နမ်း​လိုက်​တော့…
ဖွီ… အားလာလား သူ့လက်​သည်းကြားမှာ
နည်းနည်း​နော​နော ဂျီး(​ချေး)​တွေလားဗျာ😥

”“ဪ sexy ကျချက်​​နော်​…
အင်း ဆက်​​ပြောပါဦး”
“ဒါနဲ့ ကျွန်​​တော်​က လက်​သည်း​တွေကို
သန့်​သန့်​ရှင်းရှင်း ထားပါလားဆို​တော့
သူက ဘာလုပ်​တယ်​ထင်​လဲ?
”“အင်းးး… ဘာလုပ်​လဲ?”
“သူ့လက်​သည်း​တွေကို
လျှာနဲ့ထိုးက​လော်​​နေတယ်​​လေ😣”

“ထွီ… အဲ​လေ ​ယောင်​ ​ယောင်​သွားလို့
ဆက်​​ပြော”“ကျွန်​​တော်​လည်း ညားပြီးရင်​​တော့
ပြုပြင်​လို့ရ​ကောင်းပါရဲ့ဆိုပြီး
ပါး​လေးကို ရွှတ်​ခနဲ ငုံ့နမ်းလိုက်​တာပေါ့….
”“ဘာဆက်​ဖြစ်​လဲ?”

“ကျွန်​​တော်​နမ်းတဲ့​နေရာတစ်​ခုတည်း
ကွက်​ပြီးမည်းသွားတယ်​😥”
“ဟင်​?… ခင်ဗျားနှာ​ခေါင်းမှာ
အိုးမည်း​တွေ​ပေ​နေလို့များလား?

”“ဘယ်​ကလာ…
ဖို့ထားတဲ့ သူ့မိတ်​ကပ်​​တွေပျက်​သွားပြီး
သူ့နဂိုအသား​ရေပေါ်လာတာ😓”

“​ဗျာ??….”
“အဲဒါနဲ့ သူ့ပါးကို
ကမန်းကတန်း လက်​နဲ့ပွတ်​ကြည့်​လိုက်​​တော့မှ
အာပါ့ပါး ​ဖေ့စ်​ဘုတ်​​ပေါ်ကရုပ်​နဲ့ တခြားစီ…
မည်းလိုက် တဲ့အသားဗျာ…
ယင်​​ကောင်​နားရင်​​တောင်​ ရှာ​တွေ့မယ်​မထင်​ဘူး

”“အဲ​လောက်​​တောင်​ မည်း​သလားဗျ?
” “ဒါနဲ့ ကျွန်​​တော်​​ပြောလိုက်​တယ်​…
အချစ်​မှာ အသားအ​ရည် မလိုဘူး…
ပိုလျှံ​နေတာ​တွေမလိုဘူး…
အခုသွားဖျက်​လို့ ​ပြောလိုက်​​တော့
ကပျာကယာ ​ရေချိုးခန်းထဲဝင်​သွားတယ်

”“စိတ်​ဝင်​စားလာပြီ… ဆက်​စမ်းပါဦး”
“​ခဏအကြာ​ ရေချိုးခန်းထဲက​နေ
သူပြန်​ထွက်​လာ​တော့ သူ့လက်​ထဲမှာ
ဘယ်​ညာတစ်​ခုစီ အပိုပြန်​ပါလာတယ်

”“​ဟင်!!!… ဘာ​တွေတုံးဗျ?”
“ဖင်​တုနဲ့ ရင်​တု” “​ဂျာ…”

“တကယ်​ပါဗျာ ဂစ်​တာရှိတ်​လို့
ကျွန်​​တော်​ထင်​ထားတဲ့ သူ့ပုံစံက
ပိန်​​ခြောက်​မည်း​မှောင်​​နေလိုက်​တာများ
ကြေးနန်းကြိုးကို တိပ်​အမည်းပတ်​ထားသလိုမျိုး😭”

“ခွီးခွီး😅… အဲ​လေ… အဟမ်း အဟမ်း…
ခင်ဗျားကလည်း
ဒီ​လောက်​နဲ့​တော့ အပြစ်​​ဆိုစရာလားဗျာ?”

“ဒီ​လောက်​အထိ​တော့
ကျွန်​​တော်​ စိတ်​ခိုင်​ပါ​သေးတယ်​…
ပြောရရင်​ တဏှာစိတ်​မကုန်​​သေးဘူးဆိုပါ​တော့

”“ပုထုဇဉ်​သဘာဝ​ပေါ့”
“ကုတင်​​ပေါ် သူပြန်​​ရောက်​လာ​တော့
ကျွန်​​တော့်​ပုခုံးကို
သူ့​ခေါင်း​လေးနဲ့ ​ပေးမှီထားလိုက်​တယ်

”“ဟဲဟဲ😁… ​ကောင်းခန်း​ရောက်​ပြီမလား?”
“အဲဒီအချိန်​ ကျွန်​​တော်​လည်း
ဘာရယ်​ညာရယ်​မသိ​တော့ဘူး
‘မ’ စိတ်​စမွှန်​တဲ့အချိန်​​ပေါ့”
“အင်း….☻”

“သူ့ဆံပင်​​လေးကို အသာ​အယာပွတ်​ပြီး
နှစ်​ကိုယ်​ကြား​လေး ​ပြောလိုက်​တယ်​…
ဆံပင်လေးကို
တစ်​သက်​လုံးပိုင်​ဆိုင်​ချင်​လိုက်​တာဆို​တော့”
“အဲဒီတော့… သူက ဘာ​ပြောလဲ?”

“​ရော့… ယူချင်​ယူ​လေဆိုပြီး
သူ့ဆံပင်အတုကြီးချွတ်​​ပေးတယ်​”

“ဟိုက်​?😲… ​စောင်ကတုံးမကြီးပေါ့…
အဲ​လေ ​ယောင်​လို့ အင်း အဟဲ…
ဒီ​လောက်​နဲ့ စိတ်​ပျက်​စရာလားဗျာ…
အချိန်​တန်​ရင်​ ပြန်​​ပေါက်​မှာ​ပေါ့”

“​မွေးရာပါ ဆံပင်​မ​ပေါက်​တဲ့​ရောဂါတဲ့ဗျာ😭”
“တိန်​… မှတ်​က​ရော”

“ဒီအထိ သည်းခံနိုင်​ပါ​သေးတယ်​ဗျာ”
“အင်း?…”
“သူက လူချင်းခဏခွာလိုက်​ပြီး
သူ့ချိုင်း​မွှေး​တွေကို တဗျင်းဗျင်းဆွဲနုတ်​​နေ​​သေးတယ်​”
“ဟိုက်​… အဲ​လေ… ချိုင်း​မွှေး​ပေါက်​တာ သဘာဝပါ”

“ဒီ​လောက်​နဲ့မပြီး​သေးဘူး” “​ဟင်?!”
“နုတ်​ပြီးသား သူ့ချိုင်း​မွှေး​တွေကို
လက်​နဲ့ကိုင်​ပြပြီး​ပြောတယ်​…
ကျွန်​​တော့်​မှာ နှုတ်​ခမ်း​မွှေးမရှိလို့
ဆင်​​ကော်​နဲ့ကပ်​​ပေးရမလားတဲ့”
“ထွီ…😲”

ရဲအရာရှိက သူ့နှုတ်​ခမ်းကို
လက်​နဲ့ ကမန်းကတန်းလှမ်းပိတ်​တယ်​။
“ကျွန်​​တော်​လည်း ကျန်​တဲ့​နေရာ မကြည့်​ရဲ့​တော့ဘဲ
သူ့နှုတ်​ခမ်း​လေးကိုပဲ စိုက်​ကြည့်​​နေလိုက်​တယ်​…

အမယ်​… ရုပ်​သာဆိုးတာဗျ…
ပြုံးလိုက်​​ရင်​တော့ လွှတ်​လှ😊”

“​တော်​ပါ​သေးရဲ့…
ကောင်းတဲ့​နေရာလည်းရှိ​သေးလို့”
“သွား​လေး​တွေက ပုလဲလုံး​လေး​တွေလိုပဲ​နော်​လို့
ကျွန်​​တော်​​ပြောလိုက်​​တော့”
“အင်း….” “ဒါ​တောင်​ ​ရေမ​ဆေးရ​သေးဘူးဆိုပြီး
သူ့အံပုံကြီး ချွတ်​ပြတယ်​😓”
“ဟိုက်​!!! သွားကျိုးမကြီး… ထွီ ​အေ့ ​ဝေါ့

” ရဲအရာရှိက ရင်​ဘတ်​က​လေးဖိပြီး
ကပျာကယာ ​ရေထ​သောက်​တယ်​။
ပြီးမှ ပြန်​လာထိုင်​တယ်​။
“ကျွန်​​တော်​လည်း ဖြစ်​ချင်​ရာဖြစ်
မျက်​စိစုံမှိတ်​ ချစ်​​တော့မယ်​ဆိုပြီး
သူ့ခါးကို အတင်းဆွဲဖက်​လိုက်​တယ်​”

“အဲဒီ​တော့???” “သူက​ပြောတယ်​… 
ဖြေး​ဖြေးဖက်​ က​လေးပျက်​ကျမယ်​တဲ့”
“​ဟေ!! အဟားဟား နွား နွား”😂😂

👉👦👈

“ဟင်​?
လက်​ညှိုးက ဘာလို့ကျွန်​​တော့်​ကိုထိုးတာလဲ။
😢😢 ​လှောင်​တယ်​​ပေါ့?”

“အဟီး… ခွိခွိ… ​ယောင်​ ​ယောင်​သွားလို့ပါ
မရီတော့ပါဘူး… အဟမ်း… အဟမ်း…
ဆက်​​ပြောပါဦး”

“ဒါနဲ့ ကျွန်​​တော်​လည်း
မျက်​ရည်​​တွေ ဝဲတက်​လာပြီး
တစ်​ချိုးတည်း ထွက်​​ပြေးလာ​တော့တာပဲ
အဟင့်​ ဟင့်…😢”

“ဪ အဲလိုလား?
အဟင်း ခစ်​ခစ်​ 😂 ဒါနဲ့ ​နေစမ်းပါဦး…
ခင်ဗျားဒဏ်​ရာ​တွေက​ရော ဘယ်​လိုရလာခဲ့တာလဲ?”

“ထွက်​မ​ပြေးခင်​က သူ့ကိုမယူနိုင်​ဘူး​ပြောလို့
သူ့​ခြေတုကြီးချွတ်​ပြီး
တဖုန်းဖုန်းနဲ့ ရိုက်​နှက်​တော့တာပါပဲဗျာ…
အီး အဟီး အဟင့်​😭”

တိန်...!😂😂

အန့်အောဘ...! 😂😅😁

#Anonymous

Crd

No comments: