Friday, November 17, 2017

စင်ကာပူ တို့ မြောက်ကိုရီးယား နဲ့ ကုန်သွယ်စီးပွား လုပ်ငန်းတွေကို ရပ်လိုက်ပြီ။


==========
စင်ကာပူ    နိုဝင်ဘာလ  ၁၆

စင်ကာပူနိုင်ငံဟာ မြောက်ကိုရီးယားနိုင်ငံ နဲ့ စီးပွားရေး အရ ဆက်ဆံနေမှုကို နိုဝင်ဘာလ ၈ ရက်နေ့မှ စ၍ ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ယနေ့ (၁၆/၁၁/၂၀၁၇) မှာပဲ စင်ကာပူအခြေစိုက်သတင်းဌာနများကတဆင့်ကြေညာလိုက်ပါပြီ။

စင်ကာပူနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှလည်း သူ့နိုင်ငံသားတွေကို အရေးကြီးအကြောင်းအရာမရှိဘဲ မြောက်ကိုရီးယားနိုင်ငံကိုမသွားကြဖို့ ယခုနှစ် စက်တင်ဘာလ ၆ ရက်နေ့ကတည်းက သတိပေးတားမြစ်ထားတာလည်းဖြစ်ပါတယ်။

စင်ကာပူနဲ့မြောက်ကိုရီးယား နှစ်နိုင်ငံဟာ သံ အဆက်အသွယ် ပြုထားတာ ၁၉၇၅ ခုနှစ်ကတည်းကဖြစ်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ စင်ကာပူမှာ သံရုံးဖွင့်လှစ်ထားပြီး စီးပွား ကူးသန်း သံမှုးတစ်ဦးကိုလည်း သီးသန့်ခန့်အပ်တာဝန်ပေးထားခဲ့တာလည်းဖြစ်ပါတယ်။

စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက သတင်းမီဒီယာတွေရဲ့မေးမြန်းမှုကြောင့်ပြန်လည်ဖြေကြားရာမှာ မြောက်ကိုရီးယားနဲ့ သံတမန်အဆက်အသွယ်ဖြတ်ဖို့လောက်အထိတော့စင်ကာပူ ဘက်က အဆင်သင့်မဖြစ်သေးဘူးလို့ဆိုပါတယ်။

စင်ကာပူဟာ ကုလသမဂ္ဂရဲ့ မြောက်ကိုရီးယားအပေါ်ဒဏ်ခတ်ပိတ်ဆို့မှုကို အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအနေနဲ့လိုက်နာလိုက်တဲ့သဘောသာဖြစ်ပါတယ်။

မြောက်ကိုရီးယားရဲ့ အဓိက ကုန်သွယ်ဖက်နိုင်ငံများစာရင်းမှာ စင်ကာပူဟာ အဆင့် ၇ မှာရှိနေခဲ့ပါတယ်။
Mingalar Par
(ဖတ်စရာ၊ မှတ်စရာဗဟုသုတများနှင့် Up-To-Date သတင်းများ စုစည်းတင်ပြမှု)
www.facebook.com/mingalarpar.com.sg

No comments: