Friday, November 17, 2017

တပ်မတော်ကိုယ်စားလှယ်တွေ ကန့်ကွက်ခဲ့ကြပေမယ့် ဗိုလ်ချုပ်ပုံနဲ့ ငွေစက္ကူထုတ်ဖို့ အဆို အတည်ပြု


အသစ်ရိုက်ထုတ်မယ့် ငွေစက္ကူတွေပေါ်မှာ ဗိုလ်ချုပ်အောင်ဆန်းပုံ နဲ့ ရိုက်နှိပ်ထုတ်ဝေဖို့ အဆိုကို ထောက်ခံမဲ အများစုနဲ့ ပြည်သူ့လွှတ်တော်က ဒီကနေ့မှာ အတည်ပြုလိုက်ပါတယ်။

ဒီအဆိုကို မြိုင်မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ခင်ဝင်းက တင်သွင်းတာ ဖြစ်ပြီး မဲခွဲဆုံးဖြတ်တဲ့အခါမှာတော့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေက မတ်တတ်ရပ် ကန့်ကွက်ခဲ့ကြပေမယ့် အဆုံးမှာတော့ အဆိုကို ထောက်ခံမဲ (၂၈၆) မဲ၊ ကန့်ကွက်မဲ (၁၀၉)မဲ နဲ့ လွှတ်တော်က အတည်ပြုခဲ့တယ်လို့ စေတုတ္တရာမဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ် ဦးကျော်အောင်လွင်က ပြောပါတယ်။

# ဘီဘီစီမြန်မာပိုင်း

No comments: