Tuesday, January 3, 2017

MPT-KSGM Joint Operations ၏ အမှုဆောင်အရာရှိချုပ် ပြောင်းလဲ

MPT-KSGM Joint Operations ၏ အမှုဆောင်အရာရှိချုပ်အသစ်အဖြစ် Mr.Toshitake Amamiya စတင်တာဝန်ထမ်းဆောင်ကြောင်း သိရသည်။

ဇန်နဝါရီလ ၁ ရက်မှစတင်ကာ တာဝန်ထမ်းဆောင်ခြင်းဖြစ်ပြီး ဂျပန်နိုင်ငံရှိ KDDI ကော်ပိုရေးရှင်း၏ Global Consumer Business ဌာနတွင် အမှုဆောင်အရာရှိချုပ်၊ အထွေထွေမန်နေဂျာတို့အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၂၀၁၄ ခုနှစ် ဇူလိုင်လက စတင်ဖွဲ့စည်းခဲ့သော MPT-KSGM Joint Operations လုပ်ငန်းတွင် ဦးဆောင်ခဲ့သူ Mr.Takashi Nagashima ၏ နေရာကို တာဝန်ယူဆက်ခံခြင်း ဖြစ်ကြောင်း သိရသည်။ ယခင် CEO ဖြစ်သည့် Mr.Takashi Nagashima သည် ဂျပန်နိုင်ငံသို့ပြန်လည် ထွက်ခွာသွားပြီး KDDI ၏ စီးပွားရေးကဏ္ဍကိုကြီးကြပ်ရာတွင် အထောက်အပံ့ပြုသွားမည်ဟု ဆိုသည်။

No comments: