Tuesday, January 3, 2017

တက္ကဆက် ပြည်နယ်တွင် လေယာဉ်နှစ်စင်း ဝေဟင်ပေါ်၌ တိုက်မိ၊ သုံးဦးသေဆုံး


မက္ကင်နီ ဇန်နဝါရီ ၂

အမေရိကန် ပြည်ထောင်စု တက္ကဆက် ပြည်နယ်တွင် လေယာဉ်ငယ် နှစ်စင်းသည် ဝေဟင်ပေါ်၌ တိုက်မိရာ လူသုံးဦး သေဆုံးကြောင်း သတင်းဌာနကြီး တစ်ခုက ဇန်နဝါရီ ၂ ရက်တွင် ဖော်ပြသည်။

အဆိုပါ လေကြောင်း မတော်တဆမှုသည် မက္ကင်နီမြို့ရှိ Aero County ပုဂ္ဂလိက လေယာဉ်ကွင်း အနီး၌ ဒီဇင်ဘာ ၃၁ ရက် ဒေသစံတော်ချိန် ညနေ ၅ နာရီခွဲတွင် ဖြစ်ပွားခြင်း ဖြစ်ကြောင်း ပြည်ထောင်စု လေကြောင်း ပျံသန်းရေး စီမံခန့်ခွဲမှု အဖွဲ့ (FAA)က ထုတ်ပြန် ထားသည်။

မျက်မြင်သက်သေ များ၏ ပြောဆိုချက်အရ လေယာဉ်တိုက်မှုတွင် ပါဝင်သည့် လေယာဉ်ငယ် တစ်စင်းသည် Cessna အမျိုးအစား အခြား လေယာဉ်ငယ်၏ ကိုယ်ထည် နောက်ပိုင်းကို ဝင်တိုက်မိခြင်း ဖြစ်ပြီး ယင်းသို့ တိုက်မိခြင်းကြောင့် Cessna လေယာဉ်၏ အမြီးပိုင်းမှာ ပျက်စီးကာ မြေပြင်သို့ ပျက်ကျခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဝင်တိုက်မိသည့် လေယာဉ်မှ လေယာဉ်မှူးသည် လေယာဉ်ကို ပြန်လည် ထိန်းချုပ်နိုင်ရန် ကြိုးပမ်းသော်လည်း နောက်ပိုင်းတွင် မြေပြင်ရှိ အဆောက်အအုံ တစ်ခု အပေါ်သို့ ပျက်ကျသွားကြောင်း သတင်းဌာနက ဖော်ပြထားသည်။

ယင်းမတော်တဆမှုနှင့် စပ်လျဉ်း၍ FAA က စုံစမ်း စစ်ဆေးနေပြီး လေယာဉ်တိုက်မှုတွင် သေဆုံးသွားသူ များ၏ အမည်များကိုမူ အာဏာပိုင်များက ဖော်ပြထားခြင်း မရှိကြောင်း သိရသည်။

မြ၀တီ
v

No comments: