Tuesday, January 3, 2017

ဒေသခုနစ်ခုတွင် အချိန်အခါမဟုတ် မိုးရွာနိုင်ကြောင်း မိုး/ဇလသတိပေး


 ဘင်္ဂလားပင်လယ်အော် အတွင်း လေထုမငြိမ်မသက်ဖြစ် နေကာ ဒေသခုနစ်ခုတွင် အချိန် အခါမဟုတ် မိုးရွာနိုင်ကြောင်း မိုး လေ၀သနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတိပေးထားသည်။

ဇန်န၀ါရီလဆန်းအတွင်း ဘင်္ဂလားပင်လယ်အော် တောင် ပိုင်းတွင် လေထုမငြိမ်မသက်ဖြစ် နေကာ ဇန်န၀ါရီ ၃ ရက်နှင့် ၄ ရက်တို့၌ နေပြည်တော်၊ မန္တလေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီတိုင်း ဒေသကြီး၊ ရှမ်းနှင့်ရခိုင်ပြည်နယ် တို့၌ နေရာကွက်၍ အချိန်အခါ မဟုတ် မိုးရွာနိုင်ကြောင်း မိုးလေ ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦး စီးဌာန ဒုတိယညွှန်ကြားမှူးချုပ် ဦးကျော်မိုးဦးကပြောသည်။

‘‘အချိန်အခါမဟုတ် မိုးကို ဒီ ရက်သတိထားဖို့ လိုမယ်ပေါ့။ ဘင်္ဂလားပင်လယ်အော် တောင် ပိုင်းမှာက လေထုမငြိမ်မသက် ဖြစ်နေတာရယ်၊ အရှေ့ဘက်က လေပြင်းတွေ ၀င်လာတာရယ် ကြောင့် ကျွန်တော်တို့ဆီ မိုးရွာဖို့ ရှိနေတယ်။ လေထုမငြိမ်မသက် ဖြစ်စဉ်ကိုတော့ စောင့်ကြည့်နေ တုန်းပဲ’’ဟု ဦးကျော်မိုးဦးက ပြောသည်။

အချိန်အခါမဟုတ် မိုးရွာနိုင် မည့်အခြေအနေကြောင့် လတ်တ လောတွင် မြန်မာနိုင်ငံဒေသအနှံ့ ပုံမှန်ထက် အအေးလျော့နည်း လာနိုင်ကြောင်း ၎င်းကပြော သည်။

7day

No comments: